တေလာဆွစ်ဖ်ရဲ့ Eras Tour ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံထိရရှိပြီး ကိုယ်ပိုင်စံချိန်ကို ချိုးဖျက်နိုင်ခဲ့

 260

ရောင်နီ(NP News) - ဒီဇင်ဘာ ၁၁

အမေရိကန် ပေါ့စ်အဆိုတော် တေလာဆွဖ်ဟာ သူမရဲ့ Eras Tour ကာလ (၂)နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံရရှိခဲ့ပြီး နှစ်နှစ်ဆက်တိုက် ဝင်ငွေအများဆုံး ဖျော်ဖြေရေးခရီးစဉ် ဖြစ်လာခဲ့တယ်လို့ ဖျော်ဖြေပွဲနဲ့ Live ဂီတလုပ်ငန်းထုတ်ဝေတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pollstar မှ ကောက်ယူထားတဲ့ အချက်အလက်များအရ သိရပါတယ်။

တေလာဆွဖ်ဟာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမှာ သူမရဲ့ Eras tour နောက်ဆုံးရှိုးပွဲကို တနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်)က အဆုံးသတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တေလာဆွဖ်ရဲ့ ဖျော်ဖြေရေး Eras tour ဟာ ဒေါ်လာဘီလျံချီဝင်ငွေရရှိတဲ့ ပထမဆုံးခရီးစဉ်ဖြစ်ခဲ့ပါတယ်။ မြောက်အမေရိက တစ်ခုတည်းမှာ တေလာရဲ့ဖျော်ဖြေရေးခရီးစဉ်ဟာ အမေရိကန်ဒေါ်လာ ၁.၀၄ ဘီလျံခန့်ရရှိခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအရ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံထိ ခုန်တက်သွားခဲ့တယ်လို့ သိရပါတယ်။

"တေလာဆွဖ်ရဲ့ The Eras Tour ဟာ ၂၁ လအတွင်း တိုက်ကြီးငါးခုစလုံးမှာ ပြီးမြောက်အောင်မြင်ခဲ့တာ ဖြစ်ပြီး ဒါဟာ မကြုံစဖူးပါပဲ"လို့ Pollstar & VenuesNow ရဲ့အယ်ဒီတာချုပ် အန်ဒီဂန်စ်လာက ဆိုပါတယ်။

zawgyi version
ေတလာဆြစ္ဖ္ရဲ႕ Eras Tour ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ၂.၂ ဘီလ်ံထိရရွိၿပီး ကိုယ္ပိုင္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့
ေရာင္နီ(NP News) - ဒီဇင္ဘာ ၁၁

အေမရိကန္ ေပါ့စ္အဆိုေတာ္ ေတလာဆြဖ္ဟာ သူမရဲ႕ Eras Tour ကာလ (၂)ႏွစ္အတြင္း အေမရိကန္ေဒၚလာ ၂.၂ ဘီလ်ံရရွိခဲ့ၿပီး ႏွစ္ႏွစ္ဆက္တိုက္ ဝင္ေငြအမ်ားဆုံး ေဖ်ာ္ေျဖေရးခရီးစဥ္ ျဖစ္လာခဲ့တယ္လို႔ ေဖ်ာ္ေျဖပြဲနဲ႔ Live ဂီတလုပ္ငန္းထုတ္ေဝတဲ့ကုမၸဏီတစ္ခုျဖစ္တဲ့ Pollstar မွ ေကာက္ယူထားတဲ့ အခ်က္အလက္မ်ားအရ သိရပါတယ္။

ေတလာဆြဖ္ဟာ ကေနဒါႏိုင္ငံ၊ ဗန္ကူးဗားမွာ သူမရဲ႕ Eras tour ေနာက္ဆုံးရႈိးပြဲကို တနလၤာေန႔ (ဒီဇင္ဘာ ၉ ရက္)က အဆုံးသတ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကလည္း ေတလာဆြဖ္ရဲ႕ ေဖ်ာ္ေျဖေရး Eras tour ဟာ ေဒၚလာဘီလ်ံခ်ီဝင္ေငြရရွိတဲ့ ပထမဆုံးခရီးစဥ္ျဖစ္ခဲ့ပါတယ္။ ေျမာက္အေမရိက တစ္ခုတည္းမွာ ေတလာရဲ႕ေဖ်ာ္ေျဖေရးခရီးစဥ္ဟာ အေမရိကန္ေဒၚလာ ၁.၀၄ ဘီလ်ံခန႔္ရရွိခဲ့ၿပီး တစ္ကမာၻလုံး အတိုင္းအတာအရ ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ၂.၂ ဘီလ်ံထိ ခုန္တက္သြားခဲ့တယ္လို႔ သိရပါတယ္။

"ေတလာဆြဖ္ရဲ႕ The Eras Tour ဟာ ၂၁ လအတြင္း တိုက္ႀကီးငါးခုစလုံးမွာ ၿပီးေျမာက္ေအာင္ျမင္ခဲ့တာ ျဖစ္ၿပီး ဒါဟာ မႀကဳံစဖူးပါပဲ"လို႔ Pollstar & VenuesNow ရဲ႕အယ္ဒီတာခ်ဳပ္ အန္ဒီဂန္စ္လာက ဆိုပါတယ္။

Related news

© 2021. All rights reserved.