ပစိဖိတ်ကျွန်းနိုင်ငံများ နှင့် ဆက်ရှိနေဦးမည့် အင်အားကြီးနိုင်ငံများကြား ပါဝါယှဉ်ပြိုင်မှု

 447

သန်းထိုက်စိုး (NP News) - ဒီဇင်ဘာ ၁၂

သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ တစ်ကျော့ပြန် သမ္မတရွေးကောက်ပွဲ အောင်မြင်မှုသည် ပစိဖိတ်ကျွန်းနိုင်ငံများအတွက် ရာသီဥတုပြောင်းလဲမှု မှသည် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအထိ အရေး ကြီးသည့်အကျိုးဆက်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။

ပစိဖိတ်ကျွန်းနိုင်ငံများနှင့် “အမေရိကန် နိုင်ငံတို့၏ ဆက်ဆံရေးအတွက် ကြေကွဲစရာတစ်ခုဟု ဆိုရမည့်အရာမှာ တက်လာမည့်အမေရိကန်အစိုးရသည် ၎င်း၏ရာသီဥတုဆိုင်ရာ မူဝါဒကို ပြောင်းလဲမှု ပြုလုပ်မည်မှာ သေချာနေသည့်အချက်ပင် ဖြစ်သည်။ သမ္မတအဖြစ် တစ်ကျော့ပြန် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့်သည် ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ ပုံကြီးချဲ့ထားသည့်အရာများထဲမှတစ်ခု၊ လူ အများစုကို လှည့်စားထားသည့်အရာတစ်ခုအဖြစ် လက်ခံ ထားသူဖြစ်သည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန် နိုင်ငံအား ပဲရစ်သဘောတူညီချက်မှ ထပ်မံနုတ်ထွက်မည် ဖြစ်သကဲ့သို့ ကာဗွန်လျှော့ချရန် အတွက် ရည်ရွယ်ရေးဆွဲထားသည့် လုပ်ထုံးလုပ်နည်းများကိုလည်း ပြန်လည် ပြင်ဆင်မည်သာဖြစ်သည်။ ဒေါ်နယ်ထရမ့် ဦးဆောင်သည့် အမေရိကန်အစိုးရသည် ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်သက်သာ စေရေးကို ရှေးရှုပြီး စွမ်းအင်ထုတ်လုပ်ရေးအတွက် နျူကလီး ယားစွမ်းအင်အပါအဝင် စွမ်းအင်အရင်း အမြစ်အားလုံးမှ ထုတ်လုပ်ရန် ဦးစားပေးဆောင်ရွက်သွားဖွယ်ရှိသည်။

ဒေါ်နယ်ထရမ့်အစိုးရသစ်အနေဖြင့် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တည် ဆောက်ရာတွင် ရာသီဥတုပြောင်းလဲမှုမှာ အဖုအထစ် ဖြစ်နိုင်သည့် တစ်ခုတည်းသောကိစ္စ ဖြစ်သည်။ ပစိဖိတ်ကျွန်း နိုင်ငံခေါင်းဆောင်များသည် ရာသီဥတု ပြောင်းလဲမှုအရေးကို ၎င်းတို့၏ အမျိုးသား လုံခြုံရေးသဖွယ် သဘောထားကြသည်။ ပစိစိတ်ကျွန်းဖိုရမ် (၂၀၁၈) ၏ ဒေသဆိုင်ရာ လုံခြုံရေးကြေညာ ချက်တွင် လုံခြုံရေး သဘောတရားနှင့် ရာသီဥတုပြောင်းလဲမှု သဘော တရားကို ထပ်တူဖော်ပြထား သည်။ ရာသီဥ တုပြောင်းလဲမှု သဘောတရားဆိုသည်မှာ ပစိဖိတ် ပြည်သူများ၏ လူနေမှုဘဝ၊ လုံခြုံရေး နှင့် စားဝတ်နေရေးအတွက် တစ်ခုတည်းသော အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်ဟုဖော်ပြ ထားသည်။ ဒေါ်နယ်ထရမ့်အစိုးရသစ်အနေဖြင့် နျူကလီးယားမှ စွမ်းအင်ရရှိရေးကို ပိုမိုအားထည့် ဆောင် ရွက်ရန် စီမံနေရခြင်းဖြစ်ရာ ပစိဖိတ်ကျွန်းနိုင်ငံများအတွက် များစွာအနှောင့်အယှက် ဖြစ်စေမည်ဖြစ် သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ပစိဖိတ်ကျွန်းနိုင်ငံအများစုသည် ဒုတိယကမ္ဘာစစ်အပြီး ပစိဖိတ်ဒေသ၌ အမေရိကန်တို့၏ နျူကလီးယား စမ်းသပ်မှု အကျိုးဆက်များကို ဆက်လက်ခံစားနေရဆဲ ဖြစ်သည့် အတွက် စိုးရိမ်နေကြခြင်းဖြစ်သည်။

ပစိဖိတ်ကျွန်းနိုင်ငံများသည် (၂၀၂၀) ပြည့်နှစ်နောက်ပိုင်းမှစ၍ တရုတ်နိုင်ငံ၏ ဩဇာလွှမ်း မိုးလာမှုကို တုံ့ပြန်နေသည့်အမေရိကန်နိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံမှုများရှိလာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသည် တွန်ဂါ၊ ဗာနူအာတူ စသည့် ဆိုလိုမွန်ကျွန်းနိုင်ငံများတွင် သံရုံးသစ်များ တည် ဆောက်ခဲ့ပြီး ဖြစ်သကဲ့သို့ ကီရီဘာတစ်နိုင်ငံတွင် သံရုံးတစ်ရုံးဖွင့်လှစ်ရန်နှင့် ဆာမိုဟာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန်လည်း ရည်ရွယ်ထားသည်။ လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင် ဒန်သည် (၂၀၂၂) ခုနှစ်၊ (၂၀၂၃) ခုနှစ်တို့တွင် US-Pacific Islands Forum Leader’s Summit ဆိုင်ရာ ပစိဖိတ်ခေါင်းဆောင်များအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ အမေရိကန်နိုင်ငံသည် ငါး လုပ်ငန်း စီမံခန့်ခွဲရေးနှင့် ဥပဒေနှင့်မညီသော တရား မဝင်ငါးဖမ်းလုပ်ငန်း တိုက်ဖျက်ရေးကိုလည်း တိုးချဲ့ပြီး ထောက်ပံ့ကူညီခဲ့သည်။ ထို့ပြင် ပါပူဝါနယူးဂီနီ နိုင်ငံနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်သစ်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ဘိုင်ဒန်အစိုးရသည် ပစိဖိတ်ဗဟိုပြု ဦးတည်ချက်မှာ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်သော ကိစ္စရပ်များ ဖြစ်သည်။ ဘိုင်ဒန်အစိုးရသည် (၂၀၂၂) ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ပထမဆုံးသော အမြဲ တစေ ပစိဖိတ်မိတ်ဖက်ဖြစ်မှု မဟာဗျူဟာ တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။ ယင်းမဟာဗျူဟာတွင် ရာသီ ဥတု ပြောင်းလဲမှု အကျပ်အတည်းကို တိုက်ဖျက် ရန် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် လက်တွဲ ဆောင်ရွက် သွားမည်ဟုဖော်ပြထားသည်။ ထို့ပြင် ရာသီဥတု ပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို စီမံခန့် ခွဲ ရန်နှင့် ကျွန်းနိုင်ငံများကို ရာသီဥတုပြောင်းလဲမှုနှင့် လိုက် လျောညီထွေနေနိုင်စေရေး ထောက်ပံ့ပေးခြင်း အပါအဝင် အမေရိကန်ဒေါ်လာ သန်း (၈၁၀) ပေးအပ်သွားမည်ဟုလည်း ယင်းမဟာဗျူဟာတွင် ဖော်ပြ ထားသည်။ အမေရိကန်အစိုးရသည် (၂၀၂၃) ခုနှစ်တွင် ပါလောင် ပြည်သူ့ သမ္မတနိုင်ငံ၊ မာရှယ် ကျွန်းများ ပြည်သူ့သမ္မတ နိုင်ငံ၊ မိုက်ခရိုနီးရှား ဖယ်ဒရယ်နိုင်ငံတို့နှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ သကဲ့သို့ နောင်နှစ်ပေါင်း (၂၀) အထိ စီးပွားရေး အထောက်အပံ့များ ပေးအပ်သွားမည် ဟုလည်း ကတိပြု ခဲ့သည်။ အဆိုပါ အထောက်အပံ့များထဲတွင် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာ လိုက်လျောညီထွေရှိမှုအတွက် ပေးအပ် မည့်အထောက်အပံ့မှာ အများဆုံးဖြစ်သည်။

သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရသစ်အနေဖြင့်လည်း ဒေသတွင်း နှင့် ထိတွေ့ဆက်ဆံရာတွင် တက်တက်ြွကြွကရှိနေနိုင်သည်။ သို့သော် ထိတွေ့ချဉ်းကပ်သည့်နယ်ပယ်မှာမူ ကွဲပြားပါလိမ့်မည်။ ဒေါ်နယ်ထရမ့်သည့် သမ္မတ သက်တမ်း ပထမကာလတွင် ပစိဖိတ်ဒေသ လုံခြုံရေး ကို အဓိကထားဆောင်ရွက်ခဲ့သည်။ ထို့ပြင် ပစိဖိတ် ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များကို အိမ်ဖြူတော် တွင် လက်ခံတွေ့ဆုံခဲ့သည်။ တစ်ချိန်တည်း၌ပင် ၎င်း၏ အစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် ဒုသမ္မတ Mike Pence နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည့် Mike Pompeo တို့သည် အမျိုးသားလုံခြုံရေးကိစ္စရပ် ဆောင်ရွက်ရန်အတွက် ပါပူဝါနယူးဂီနီနှင့် မိုက်ခရိုနီး ရှားအပါအဝင် ပစိဖိတ်ကျွန်းနိုင်ငံများကို အကြိမ် ကြိမ် သွားရောက်ခဲ့ကြသည်။

ရီပတ်ဘလစ်ကန်များသည် ပစိဖိတ်ဒေသ၌ အင်အားပြိုင်ဆိုင်မှုပြင်းထန်သည်ကို ကောင်း ကောင်း သတိပြုမိကြသည်။ ယခုအခါ ဒေါ်နယ်ထရမ့်သည် Mike Waltz အား အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ခန့်အပ်လိုက်ခြင်းသည် ပစိဖိတ်ကျွန်းနိုင်ငံများတွင် ပိုမိုခိုင်မာသည့် လုံခြုံရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများရှိလာနိုင်သည်။ ပစိဖိတ်ကျွန်း နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု မြင့် မားလာရာ အမေရိကန်နိုင်ငံ၏ စိုးရိမ်မှုမှာ ပိုမိုမြင့် မားလာခဲ့သည်။ အမျိုးသားလုံခြုံရေးအကြံပေးဖြစ် လာမည့် Mike Waltz သည် ယူကရိန်းနှင့် အရှေ့အလယ်ပိုင်းကိစ္စထက် တရုတ်နိုင်ငံကို ပို၍ စိတ်ဝင် စားသူဖြစ်သည်။ အမေရိကန်တို့အနေဖြင့် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပိုမိုထိတွေ့ဆက်ဆံမှုများပြုလုပ် ရန်၊ အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားကိုကာကွယ် နိုင်ရေးအတွက် အရင်းအမြစ်ကို ခွဲဝေအသုံးပြုရန် နှင့် အဆိုပါ ဒေသတွင် တရုတ်တို့အခိုင်အမာ ခြေချ ခြင်းမပြုနိုင်စေရေး တားဆီးရန်လိုအပ်ကြောင်း ရီပါ ဘလစ်ကန်တို့ တည်ထောင်ထားသည့် သုတေသနအဖွဲ့တစ်ခုဖြစ်သော The Heritage Foundation က ထောက်ပြထားသည်။

တက်လာမည့်အမေရိကန်အစိုးရသစ်အနေဖြင့် ၎င်း၏ အဓိကထိတွေ့ဆက်ဆံမည့် နယ်ပယ် အပေါ်မူတည်ပြီး ပစိဖိတ်ကျွန်းနိုင်ငံများကို တိုက်ရိုက်ထောက်ပံ့ပေးမည့်အစီအစဉ်မှာ အပြောင်းအလဲ ရှိနိုင်သည်။ အဆိုပါ ဒေသကို အမေရိကန်တို့၏ ဖွံ့ဖြိုးရေးအကူအညီမှာ (၂၀၂၀) ပြည့်နှစ်တွင် အမေရိ ကန်ဒေါ်လာ (၂၆.၄) သန်းရှိရာမှ (၂၀၂၃) ခုနှစ်တွင် (၅၆.၇) သန်းအထိ တိုးတက်လာခဲ့ကြောင်း အမေရိ ကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေးအကူ အညီပေးရေးအေဂျင်စီ(USAID)က ထုတ်ပြန်သည့် အချက် အလက်များတွင် ဖော်ပြထားသည်။ USAID ၏ အကူအညီမှာ ဘိုင်ဒန်အစိုးရလက်ထက်တွင် တိုးတက် လာခဲ့သော်လည်း ဒေါ်နယ်ထရမ့်လက်ထက်တွင် မသေချာပါ။ ယင်းအချက်မှာ Blue Pacific Act အပါအဝင် ကွန်ဂရက်၏ ဥပဒေပြုရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည်။ Blue Pacific Act ကို (၂၀၂၃) ခုနှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ရာ အမေရိကန်နိုင်ငံအား သမုဒ္ဒရာ များ စီမံခန့်ခွဲမှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု၊ ရာသီဥတုဒဏ်ခံ အခြေခံအဆောက်အအုံတည်ဆောက်မှု နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတို့ကိုတုံ့ပြန်ရာတွင် အမေရိကန်နိုင်ငံအား ဦး ဆောင်ခွင့်ပေးထားသည်။

မည်သို့ပင်ဖြစ်စေ ပစိဖိတ်ကျွန်းနိုင်ငံများ၏ စွမ်းအားကို လျှော့မတွက်သင့်ပါ။ အဆိုပါ နိုင်ငံလေး များသည် ၎င်းတို့၏ ပြည်တွင်းမူဝါဒ ရည်မှန်းချက်များအောင်မြင်ရန်အတွက် အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံများအား တွန်းအားပေးနိုင်စွမ်းရှိ ကြသည်။ ပစိဖိတ်ကျွန်းနိုင်ငံများသည် ကမ္ဘာ့မြေ မျက်နှာပြင်၏ (၁၅) ရာခိုင်နှုန်းရှိပြီး အမေရိကန်၊ တရုတ်၊ ဩစတြေးလျနိုင်ငံတို့ကြား မဟာဗျူဟာကျ သည့်နေရာတွင် တည်ရှိနေကြသည်။ ပစိဖိတ်ကျွန်း နိုင်ငံများတွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှု မြင့်မား လာခြင်းကို ကန့်သတ်လိုပါက ပစိဖိတ်ကျွန်း နိုင်ငံများနှင့် ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ ပစိဖိတ်ကျွန်းနိုင်ငံများကလည်း ယင်းအချက်ကို သိထားကြသည်။ သို့ဖြစ်ရာ တက်လာမည့်ဒေါ်နယ် ထရမ့် အစိုးရသစ်သည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် တက်တက်ကြွကြွ ထိတွေ့ဆက်ဆံမည် ဖြစ်သကဲ့သို့ ပစိဖိတ်ကျွန်းနိုင်ငံများ၏ ဆန္ဒအတိုင်း ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်ကိစ္စများအထိပါ လိုက်လျော ဆက်ဆံကောင်းဆက်ဆံလာနိုင်သည်။ သို့သော် တက်လာမည့် အမေရိကန်အစိုးရသစ်နှင့် ပစိဖိတ် ကျွန်း နိုင်ငံများအနေဖြင့် လာမည့်လေးနှစ်တာ ကာလအတွင်း အပြန်အလှန်အကျိုးရှိသည့်ကိစ္စရပ်များတွင် မည်သို့ထိတွေ့ဆက်ဆံမှုပြုလုပ်မည်ဆိုသည်မှာ နှစ်ဖက်လုံး၏ ပြောင်းလွယ်ပြင်လွယ်ရှိမှု အပေါ်တွင် မူတည်နေမည်ဖြစ်သည်။

zawgyi version
ပစိဖိတ္ကြၽန္းႏိုင္ငံမ်ား ႏွင့္ ဆက္ရွိေနဦးမည့္ အင္အားႀကီးႏိုင္ငံမ်ားၾကား ပါဝါယွဥ္ၿပိဳင္မႈ
သန္းထိုက္စိုး (NP News) - ဒီဇင္ဘာ ၁၂

သမၼတေဟာင္း ေဒၚနယ္ထရမ့္၏ တစ္ေက်ာ့ျပန္ သမၼတေ႐ြးေကာက္ပြဲ ေအာင္ျမင္မႈသည္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားအတြက္ ရာသီဥတုေျပာင္းလဲမႈ မွသည္ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈအထိ အေရး ႀကီးသည့္အက်ိဳးဆက္မ်ား ျဖစ္ေပၚလာမည္ျဖစ္သည္။

ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားႏွင့္ “အေမရိကန္ ႏိုင္ငံတို႔၏ ဆက္ဆံေရးအတြက္ ေၾကကြဲစရာတစ္ခုဟု ဆိုရမည့္အရာမွာ တက္လာမည့္အေမရိကန္အစိုးရသည္ ၎၏ရာသီဥတုဆိုင္ရာ မူဝါဒကို ေျပာင္းလဲမႈ ျပဳလုပ္မည္မွာ ေသခ်ာေနသည့္အခ်က္ပင္ ျဖစ္သည္။ သမၼတအျဖစ္ တစ္ေက်ာ့ျပန္ ေ႐ြးေကာက္ခံရသည့္ ေဒၚနယ္ထရမ့္သည္ ရာသီဥတုေျပာင္းလဲမႈဆိုသည္မွာ ပုံႀကီးခ်ဲ႕ထားသည့္အရာမ်ားထဲမွတစ္ခု၊ လူ အမ်ားစုကို လွည့္စားထားသည့္အရာတစ္ခုအျဖစ္ လက္ခံ ထားသူျဖစ္သည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္ ႏိုင္ငံအား ပဲရစ္သေဘာတူညီခ်က္မွ ထပ္မံႏုတ္ထြက္မည္ ျဖစ္သကဲ့သို႔ ကာဗြန္ေလွ်ာ့ခ်ရန္ အတြက္ ရည္႐ြယ္ေရးဆြဲထားသည့္ လုပ္ထုံးလုပ္နည္းမ်ားကိုလည္း ျပန္လည္ ျပင္ဆင္မည္သာျဖစ္သည္။ ေဒၚနယ္ထရမ့္ ဦးေဆာင္သည့္ အေမရိကန္အစိုးရသည္ ေငြေၾကးေဖာင္းပြမႈႏွင့္ လူေနမႈစရိတ္သက္သာ ေစေရးကို ေရွးရႈၿပီး စြမ္းအင္ထုတ္လုပ္ေရးအတြက္ န်ဴကလီး ယားစြမ္းအင္အပါအဝင္ စြမ္းအင္အရင္း အျမစ္အားလုံးမွ ထုတ္လုပ္ရန္ ဦးစားေပးေဆာင္႐ြက္သြားဖြယ္ရွိသည္။

ေဒၚနယ္ထရမ့္အစိုးရသစ္အေနျဖင့္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရး ျပန္လည္တည္ ေဆာက္ရာတြင္ ရာသီဥတုေျပာင္းလဲမႈမွာ အဖုအထစ္ ျဖစ္ႏိုင္သည့္ တစ္ခုတည္းေသာကိစၥ ျဖစ္သည္။ ပစိဖိတ္ကြၽန္း ႏိုင္ငံေခါင္းေဆာင္မ်ားသည္ ရာသီဥတု ေျပာင္းလဲမႈအေရးကို ၎တို႔၏ အမ်ိဳးသား လုံၿခဳံေရးသဖြယ္ သေဘာထားၾကသည္။ ပစိစိတ္ကြၽန္းဖိုရမ္ (၂၀၁၈) ၏ ေဒသဆိုင္ရာ လုံၿခဳံေရးေၾကညာ ခ်က္တြင္ လုံၿခဳံေရး သေဘာတရားႏွင့္ ရာသီဥတုေျပာင္းလဲမႈ သေဘာ တရားကို ထပ္တူေဖာ္ျပထား သည္။ ရာသီဥ တုေျပာင္းလဲမႈ သေဘာတရားဆိုသည္မွာ ပစိဖိတ္ ျပည္သူမ်ား၏ လူေနမႈဘဝ၊ လုံၿခဳံေရး ႏွင့္ စားဝတ္ေနေရးအတြက္ တစ္ခုတည္းေသာ အႀကီးမားဆုံး ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္သည္ဟုေဖာ္ျပ ထားသည္။ ေဒၚနယ္ထရမ့္အစိုးရသစ္အေနျဖင့္ န်ဴကလီးယားမွ စြမ္းအင္ရရွိေရးကို ပိုမိုအားထည့္ ေဆာင္ ႐ြက္ရန္ စီမံေနရျခင္းျဖစ္ရာ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားအတြက္ မ်ားစြာအေႏွာင့္အယွက္ ျဖစ္ေစမည္ျဖစ္ သည္။ ထိုသို႔ ျဖစ္ရျခင္းမွာ ပစိဖိတ္ကြၽန္းႏိုင္ငံအမ်ားစုသည္ ဒုတိယကမာၻစစ္အၿပီး ပစိဖိတ္ေဒသ၌ အေမရိကန္တို႔၏ န်ဴကလီးယား စမ္းသပ္မႈ အက်ိဳးဆက္မ်ားကို ဆက္လက္ခံစားေနရဆဲ ျဖစ္သည့္ အတြက္ စိုးရိမ္ေနၾကျခင္းျဖစ္သည္။

ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားသည္ (၂၀၂၀) ျပည့္ႏွစ္ေနာက္ပိုင္းမွစ၍ တ႐ုတ္ႏိုင္ငံ၏ ဩဇာလႊမ္း မိုးလာမႈကို တုံ႔ျပန္ေနသည့္အေမရိကန္ႏိုင္ငံႏွင့္ ပိုမိုထိေတြ႕ဆက္ဆံမႈမ်ားရွိလာျခင္းျဖစ္သည္။ အေမရိကန္ႏိုင္ငံသည္ တြန္ဂါ၊ ဗာႏူအာတူ စသည့္ ဆိုလိုမြန္ကြၽန္းႏိုင္ငံမ်ားတြင္ သံ႐ုံးသစ္မ်ား တည္ ေဆာက္ခဲ့ၿပီး ျဖစ္သကဲ့သို႔ ကီရီဘာတစ္ႏိုင္ငံတြင္ သံ႐ုံးတစ္႐ုံးဖြင့္လွစ္ရန္ႏွင့္ ဆာမိုဟာႏိုင္ငံဆိုင္ရာ ဌာေန ကိုယ္စားလွယ္တစ္ဦး ခန႔္အပ္ရန္လည္း ရည္႐ြယ္ထားသည္။ လက္ရွိအေမရိကန္သမၼတ ဂ်ိဳးဘိုင္ ဒန္သည္ (၂၀၂၂) ခုႏွစ္၊ (၂၀၂၃) ခုႏွစ္တို႔တြင္ US-Pacific Islands Forum Leader’s Summit ဆိုင္ရာ ပစိဖိတ္ေခါင္းေဆာင္မ်ားအား အိမ္ရွင္အျဖစ္ လက္ခံက်င္းပခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ ငါး လုပ္ငန္း စီမံခန႔္ခြဲေရးႏွင့္ ဥပေဒႏွင့္မညီေသာ တရား မဝင္ငါးဖမ္းလုပ္ငန္း တိုက္ဖ်က္ေရးကိုလည္း တိုးခ်ဲ႕ၿပီး ေထာက္ပံ့ကူညီခဲ့သည္။ ထို႔ျပင္ ပါပူဝါနယူးဂီနီ ႏိုင္ငံႏွင့္ ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္သစ္တစ္ရပ္ကိုလည္း လက္မွတ္ေရးထိုးခဲ့သည္။

ဘိုင္ဒန္အစိုးရသည္ ပစိဖိတ္ဗဟိုျပဳ ဦးတည္ခ်က္မွာ ရာသီဥတုေျပာင္းလဲမႈႏွင့္ ဆက္စပ္ေသာ ကိစၥရပ္မ်ား ျဖစ္သည္။ ဘိုင္ဒန္အစိုးရသည္ (၂၀၂၂) ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ၏ ပထမဆုံးေသာ အၿမဲ တေစ ပစိဖိတ္မိတ္ဖက္ျဖစ္မႈ မဟာဗ်ဴဟာ တစ္ရပ္ကိုထုတ္ျပန္ခဲ့သည္။ ယင္းမဟာဗ်ဴဟာတြင္ ရာသီ ဥတု ေျပာင္းလဲမႈ အက်ပ္အတည္းကို တိုက္ဖ်က္ ရန္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားႏွင့္ လက္တြဲ ေဆာင္႐ြက္ သြားမည္ဟုေဖာ္ျပထားသည္။ ထို႔ျပင္ ရာသီဥတု ေျပာင္းလဲမႈ၏ အက်ိဳးသက္ေရာက္မႈမ်ားကို စီမံခန႔္ ခြဲ ရန္ႏွင့္ ကြၽန္းႏိုင္ငံမ်ားကို ရာသီဥတုေျပာင္းလဲမႈႏွင့္ လိုက္ ေလ်ာညီေထြေနႏိုင္ေစေရး ေထာက္ပံ့ေပးျခင္း အပါအဝင္ အေမရိကန္ေဒၚလာ သန္း (၈၁၀) ေပးအပ္သြားမည္ဟုလည္း ယင္းမဟာဗ်ဴဟာတြင္ ေဖာ္ျပ ထားသည္။ အေမရိကန္အစိုးရသည္ (၂၀၂၃) ခုႏွစ္တြင္ ပါေလာင္ ျပည္သူ႔ သမၼတႏိုင္ငံ၊ မာရွယ္ ကြၽန္းမ်ား ျပည္သူ႔သမၼတ ႏိုင္ငံ၊ မိုက္ခ႐ိုနီးရွား ဖယ္ဒရယ္ႏိုင္ငံတို႔ႏွင့္ သေဘာတူညီခ်က္မ်ား လက္မွတ္ေရးထိုးခဲ့ သကဲ့သို႔ ေနာင္ႏွစ္ေပါင္း (၂၀) အထိ စီးပြားေရး အေထာက္အပံ့မ်ား ေပးအပ္သြားမည္ ဟုလည္း ကတိျပဳ ခဲ့သည္။ အဆိုပါ အေထာက္အပံ့မ်ားထဲတြင္ သဘာဝပတ္ဝန္းက်င္ႏွင့္ ရာသီဥတုေျပာင္း လဲမႈဆိုင္ရာ လိုက္ေလ်ာညီေထြရွိမႈအတြက္ ေပးအပ္ မည့္အေထာက္အပံ့မွာ အမ်ားဆုံးျဖစ္သည္။

သမၼတေဒၚနယ္ထရမ့္ဦးေဆာင္သည့္ အေမရိကန္အစိုးရသစ္အေနျဖင့္လည္း ေဒသတြင္း ႏွင့္ ထိေတြ႕ဆက္ဆံရာတြင္ တက္တက္ျြႂကြကရွိေနႏိုင္သည္။ သို႔ေသာ္ ထိေတြ႕ခ်ဥ္းကပ္သည့္နယ္ပယ္မွာမူ ကြဲျပားပါလိမ့္မည္။ ေဒၚနယ္ထရမ့္သည့္ သမၼတ သက္တမ္း ပထမကာလတြင္ ပစိဖိတ္ေဒသ လုံၿခဳံေရး ကို အဓိကထားေဆာင္႐ြက္ခဲ့သည္။ ထို႔ျပင္ ပစိဖိတ္ ကြၽန္းႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ားကို အိမ္ျဖဴေတာ္ တြင္ လက္ခံေတြ႕ဆုံခဲ့သည္။ တစ္ခ်ိန္တည္း၌ပင္ ၎၏ အစိုးရအဖြဲ႕ဝင္မ်ားျဖစ္ၾကသည့္ ဒုသမၼတ Mike Pence ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္ခဲ့သည့္ Mike Pompeo တို႔သည္ အမ်ိဳးသားလုံၿခဳံေရးကိစၥရပ္ ေဆာင္႐ြက္ရန္အတြက္ ပါပူဝါနယူးဂီနီႏွင့္ မိုက္ခ႐ိုနီး ရွားအပါအဝင္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားကို အႀကိမ္ ႀကိမ္ သြားေရာက္ခဲ့ၾကသည္။

ရီပတ္ဘလစ္ကန္မ်ားသည္ ပစိဖိတ္ေဒသ၌ အင္အားၿပိဳင္ဆိုင္မႈျပင္းထန္သည္ကို ေကာင္း ေကာင္း သတိျပဳမိၾကသည္။ ယခုအခါ ေဒၚနယ္ထရမ့္သည္ Mike Waltz အား အမ်ိဳးသားလုံၿခဳံေရး အႀကံေပးအျဖစ္ ခန႔္အပ္လိုက္ျခင္းသည္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားတြင္ ပိုမိုခိုင္မာသည့္ လုံၿခဳံေရးဆိုင္ရာ ထိေတြ႕ဆက္ဆံမႈမ်ားရွိလာႏိုင္သည္။ ပစိဖိတ္ကြၽန္း ႏိုင္ငံမ်ားတြင္ တ႐ုတ္ႏိုင္ငံ၏ ဩဇာလႊမ္းမိုးမႈ ျမင့္ မားလာရာ အေမရိကန္ႏိုင္ငံ၏ စိုးရိမ္မႈမွာ ပိုမိုျမင့္ မားလာခဲ့သည္။ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးျဖစ္ လာမည့္ Mike Waltz သည္ ယူကရိန္းႏွင့္ အေရွ႕အလယ္ပိုင္းကိစၥထက္ တ႐ုတ္ႏိုင္ငံကို ပို၍ စိတ္ဝင္ စားသူျဖစ္သည္။ အေမရိကန္တို႔အေနျဖင့္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားႏွင့္ ပိုမိုထိေတြ႕ဆက္ဆံမႈမ်ားျပဳလုပ္ ရန္၊ အေမရိကန္ႏိုင္ငံ၏ အက်ိဳးစီးပြားကိုကာကြယ္ ႏိုင္ေရးအတြက္ အရင္းအျမစ္ကို ခြဲေဝအသုံးျပဳရန္ ႏွင့္ အဆိုပါ ေဒသတြင္ တ႐ုတ္တို႔အခိုင္အမာ ေျခခ် ျခင္းမျပဳႏိုင္ေစေရး တားဆီးရန္လိုအပ္ေၾကာင္း ရီပါ ဘလစ္ကန္တို႔ တည္ေထာင္ထားသည့္ သုေတသနအဖြဲ႕တစ္ခုျဖစ္ေသာ The Heritage Foundation က ေထာက္ျပထားသည္။

တက္လာမည့္အေမရိကန္အစိုးရသစ္အေနျဖင့္ ၎၏ အဓိကထိေတြ႕ဆက္ဆံမည့္ နယ္ပယ္ အေပၚမူတည္ၿပီး ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားကို တိုက္႐ိုက္ေထာက္ပံ့ေပးမည့္အစီအစဥ္မွာ အေျပာင္းအလဲ ရွိႏိုင္သည္။ အဆိုပါ ေဒသကို အေမရိကန္တို႔၏ ဖြံ႕ၿဖိဳးေရးအကူအညီမွာ (၂၀၂၀) ျပည့္ႏွစ္တြင္ အေမရိ ကန္ေဒၚလာ (၂၆.၄) သန္းရွိရာမွ (၂၀၂၃) ခုႏွစ္တြင္ (၅၆.၇) သန္းအထိ တိုးတက္လာခဲ့ေၾကာင္း အေမရိ ကန္ႏိုင္ငံ၏ ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးအကူ အညီေပးေရးေအဂ်င္စီ(USAID)က ထုတ္ျပန္သည့္ အခ်က္ အလက္မ်ားတြင္ ေဖာ္ျပထားသည္။ USAID ၏ အကူအညီမွာ ဘိုင္ဒန္အစိုးရလက္ထက္တြင္ တိုးတက္ လာခဲ့ေသာ္လည္း ေဒၚနယ္ထရမ့္လက္ထက္တြင္ မေသခ်ာပါ။ ယင္းအခ်က္မွာ Blue Pacific Act အပါအဝင္ ကြန္ဂရက္၏ ဥပေဒျပဳေရးလုပ္ငန္းမ်ားအေပၚ အက်ိဳးသက္ေရာက္မႈရွိႏိုင္သည္။ Blue Pacific Act ကို (၂၀၂၃) ခုႏွစ္ ႏိုဝင္ဘာလတြင္ ျပ႒ာန္းခဲ့ျခင္းျဖစ္ရာ အေမရိကန္ႏိုင္ငံအား သမုဒၵရာ မ်ား စီမံခန႔္ခြဲမႈ၊ ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္မႈ၊ ရာသီဥတုဒဏ္ခံ အေျခခံအေဆာက္အအုံတည္ေဆာက္မႈ ႏွင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ႀကိဳတင္ျပင္ဆင္မႈတို႔ကိုတုံ႔ျပန္ရာတြင္ အေမရိကန္ႏိုင္ငံအား ဦး ေဆာင္ခြင့္ေပးထားသည္။

မည္သို႔ပင္ျဖစ္ေစ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ား၏ စြမ္းအားကို ေလွ်ာ့မတြက္သင့္ပါ။ အဆိုပါ ႏိုင္ငံေလး မ်ားသည္ ၎တို႔၏ ျပည္တြင္းမူဝါဒ ရည္မွန္းခ်က္မ်ားေအာင္ျမင္ရန္အတြက္ အေမရိကန္အပါအဝင္ အင္အားႀကီးႏိုင္ငံမ်ားအား တြန္းအားေပးႏိုင္စြမ္းရွိ ၾကသည္။ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားသည္ ကမာၻ႔ေျမ မ်က္ႏွာျပင္၏ (၁၅) ရာခိုင္ႏႈန္းရွိၿပီး အေမရိကန္၊ တ႐ုတ္၊ ဩစေၾတးလ်ႏိုင္ငံတို႔ၾကား မဟာဗ်ဴဟာက် သည့္ေနရာတြင္ တည္ရွိေနၾကသည္။ ပစိဖိတ္ကြၽန္း ႏိုင္ငံမ်ားတြင္ တ႐ုတ္ႏိုင္ငံ၏ ဩဇာလႊမ္းမိုးမႈ ျမင့္မား လာျခင္းကို ကန႔္သတ္လိုပါက ပစိဖိတ္ကြၽန္း ႏိုင္ငံမ်ားႏွင့္ ထဲထဲဝင္ဝင္ ထိေတြ႕ဆက္ဆံရမည္ျဖစ္သည္။ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားကလည္း ယင္းအခ်က္ကို သိထားၾကသည္။ သို႔ျဖစ္ရာ တက္လာမည့္ေဒၚနယ္ ထရမ့္ အစိုးရသစ္သည္ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားႏွင့္ တက္တက္ႂကြႂကြ ထိေတြ႕ဆက္ဆံမည္ ျဖစ္သကဲ့သို႔ ပစိဖိတ္ကြၽန္းႏိုင္ငံမ်ား၏ ဆႏၵအတိုင္း ရာသီဥတု ေျပာင္းလဲမႈႏွင့္ ဆက္စပ္ကိစၥမ်ားအထိပါ လိုက္ေလ်ာ ဆက္ဆံေကာင္းဆက္ဆံလာႏိုင္သည္။ သို႔ေသာ္ တက္လာမည့္ အေမရိကန္အစိုးရသစ္ႏွင့္ ပစိဖိတ္ ကြၽန္း ႏိုင္ငံမ်ားအေနျဖင့္ လာမည့္ေလးႏွစ္တာ ကာလအတြင္း အျပန္အလွန္အက်ိဳးရွိသည့္ကိစၥရပ္မ်ားတြင္ မည္သို႔ထိေတြ႕ဆက္ဆံမႈျပဳလုပ္မည္ဆိုသည္မွာ ႏွစ္ဖက္လုံး၏ ေျပာင္းလြယ္ျပင္လြယ္ရွိမႈ အေပၚတြင္ မူတည္ေနမည္ျဖစ္သည္။

Related news

© 2021. All rights reserved.