ရွှေ့ပြောင်းနိုင်သောပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ အတည်ပြုနိုင်ရေး ဗဟိုဘဏ်က စီစဉ်နေ

 339

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၂၁

ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာဥပဒေ (Secured Transaction Law) ကို ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများ အာမခံထားပြီး ငွေချေးနိုင်သည့် ဥပဒေအခြေခံတစ်ရပ်ရှိစေရန်အတွက် ငွေချေးခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ပြင်ဆင်ခဲ့ကြောင်းသိရသည်။ ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အာမခံထား၍ ငွေချေးခြင်းဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာ ၁၈ ရက်က ကျင်းပခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် စီမံ/ဘဏ္ဍာ၊ ဥပဒေရေးရာ၊ တရားလွှတ်တော်ချုပ်ရုံး၊ စက်မှုဝန်ကြီးဌာန၊ DICA ၊ ဗဟိုဘဏ်၊မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ အဖွဲ့ဝင်များပါဝင်သည့် လုပ်ငန်းအဖွဲ့နှင့် ဥပဒေအဖွဲ့တို့ကို ဖွဲ့စည်းဆောင်ရွက်နေ‌ကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို အပေါင်ထားပြီး ချေးငွေထုတ်ချေးနိုင်မည့် ဈေးကွက်တစ်ရပ်ပေါ်ပေါက်လာပြီး စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် MSME လုပ်ငန်းများ၏ ချေးငွေရရှိနိုင်မှု တိုးတက်ရေးကို အထောက် အကူပြုရန် ရည်ရွယ်ထား‌ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် အပေါင်ပစ္စည်းများကို မှတ်ပုံတင်ထားခြင်းကြောင့် အာမခံအကျိုးခံစားခွင့်ကို ဥပဒေအရ ခိုင်မာမှုရှိစေရန်၊ အာမခံအကျိုးခံစားခွင့်နှင့်စပ်လျဉ်းသည့် အငြင်းပွားမှုများအား ဥပဒေအရ ဖြေရှင်းနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။ လက်ရှိတွင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် ရွှေငွေရတနာပစ္စည်းများ၊ မော်တော်ယာဉ်များ၊ ကုန်လှောင်ရုံပစ္စည်းများဖြစ်သော ဆန်၊ စပါး၊ ပဲ နှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ လက်ခံနိုင်သော ငွေစာရင်းများကို အပေါင်ထားမှုအချို့ ဈေးကွက်အတွင်း ရှိနေကြောင်း သိရသည်။

zawgyi version
ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းကို အာမခံထား၍ ေငြေခ်းျခင္းဆိုင္ရာဥပေဒ အတည္ျပဳႏိုင္ေရး ဗဟိုဘဏ္က စီစဥ္ေန
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၂၁

ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းကို အာမခံထား၍ ေငြေခ်းျခင္းဆိုင္ရာဥပေဒ (Secured Transaction Law) ကို ျပ႒ာန္းႏိုင္ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ထံမွ သိရသည္။

ျမန္မာႏိုင္ငံတြင္ ေ႐ႊ႕ေျပာင္းႏိုင္သည့္ ပစၥည္းမ်ား အာမခံထားၿပီး ေငြေခ်းႏိုင္သည့္ ဥပေဒအေျခခံတစ္ရပ္ရွိေစရန္အတြက္ ေငြေခ်းျခင္းဆိုင္ရာ ဥပေဒမူၾကမ္းကို ၂၀၁၈ ခုႏွစ္ကတည္းက စတင္ျပင္ဆင္ခဲ့ေၾကာင္းသိရသည္။ ေ႐ႊ႕ေျပာင္းႏိုင္ေသာပစၥည္းမ်ားကို အာမခံထား၍ ေငြေခ်းျခင္းဆိုင္ရာ ဥပေဒ(မူၾကမ္း)ႏွင့္စပ္လ်ဥ္းသည့္ အစည္းအေဝးတစ္ရပ္ကို ဒီဇင္ဘာ ၁၈ ရက္က က်င္းပခဲ့ျခင္းျဖစ္သည္။

ယင္းဥပေဒျပ႒ာန္းႏိုင္ေရးအတြက္ စီမံ/ဘ႑ာ၊ ဥပေဒေရးရာ၊ တရားလႊတ္ေတာ္ခ်ဳပ္႐ုံး၊ စက္မႈဝန္ႀကီးဌာန၊ DICA ၊ ဗဟိုဘဏ္၊ျမန္မာႏိုင္ငံဘဏ္မ်ားအသင္းတို႔မွ အဖြဲ႕ဝင္မ်ားပါဝင္သည့္ လုပ္ငန္းအဖြဲ႕ႏွင့္ ဥပေဒအဖြဲ႕တို႔ကို ဖြဲ႕စည္းေဆာင္႐ြက္ေန‌ေၾကာင္းသိရသည္။

ျမန္မာႏိုင္ငံ၌ ေ႐ႊ႕ေျပာင္းႏိုင္သည့္ပစၥည္းကို အေပါင္ထားၿပီး ေခ်းေငြထုတ္ေခ်းႏိုင္မည့္ ေဈးကြက္တစ္ရပ္ေပၚေပါက္လာၿပီး စီးပြားေရးလုပ္ငန္းမ်ား အထူးသျဖင့္ MSME လုပ္ငန္းမ်ား၏ ေခ်းေငြရရွိႏိုင္မႈ တိုးတက္ေရးကို အေထာက္ အကူျပဳရန္ ရည္႐ြယ္ထား‌ေၾကာင္း ဗဟိုဘဏ္ဥကၠ႒က ဆိုသည္။

ထို႔ျပင္ အေပါင္ပစၥည္းမ်ားကို မွတ္ပုံတင္ထားျခင္းေၾကာင့္ အာမခံအက်ိဳးခံစားခြင့္ကို ဥပေဒအရ ခိုင္မာမႈရွိေစရန္၊ အာမခံအက်ိဳးခံစားခြင့္ႏွင့္စပ္လ်ဥ္းသည့္ အျငင္းပြားမႈမ်ားအား ဥပေဒအရ ေျဖရွင္းႏိုင္ရန္ ရည္႐ြယ္ထားေၾကာင္းသိရသည္။ လက္ရွိတြင္ ေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းမ်ားျဖစ္သည့္ ေ႐ႊေငြရတနာပစၥည္းမ်ား၊ ေမာ္ေတာ္ယာဥ္မ်ား၊ ကုန္ေလွာင္႐ုံပစၥည္းမ်ားျဖစ္ေသာ ဆန္၊ စပါး၊ ပဲ ႏွင့္ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ား၊ လက္ခံႏိုင္ေသာ ေငြစာရင္းမ်ားကို အေပါင္ထားမႈအခ်ိဳ႕ ေဈးကြက္အတြင္း ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.