မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင်
505
စော (NP News) - ဒီဇင်ဘာ ၂၁
မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဒီဇင်ဘာ ၂၁ ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ ယနေ့ (ဒီဇင်ဘာ ၂၁ရက်)၊ မွန်းလွဲ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း(အင်ဒရာပရာဒေ့ရှ်ကမ်းလွန်)တွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်သည် အရှေ့-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၅၂၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပတ္တနမ်မြို့၏ တောင်-အရှေ့တောင် ဘက် ရေမိုင် ၂၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျား မည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးဇလက အသိပေးထားသည်။ အဆိုပါမုန်တိုင်းငယ်သည် လာမည့် (၁၂)နာရီအတွင်း အရှေ့-အရှေ့မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တဖြည်းဖြည်းအားလျော့သွားမည်ဖြစ်ကြောင်း မိုးဇလက ခန့်မှန်းထားသည်၊၊
မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့ (ဒီဇင်ဘာလ ၂၁ ရက်) မွန်းလွဲမှ (ဒီဇင်ဘာ ၂၃ ရက်)အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်းသိရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ အလားတူ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းသိရသည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်အသိပေးထားသည်။ ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထုတ်ပြန်ထားသည်။
zawgyi version
မုန္တိုင္းငယ္အရွိန္ေၾကာင့္ ရန္ကုန္တိုင္း အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ မိုး႐ြာသြန္းႏိုင္
ေစာ (NP News) - ဒီဇင္ဘာ ၂၁
မုန္တိုင္းငယ္အရွိန္ေၾကာင့္ ရန္ကုန္တိုင္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဒီဇင္ဘာ ၂၁ ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးဇလ၏ ယေန႔ (ဒီဇင္ဘာ ၂၁ရက္)၊ မြန္းလြဲ (၁၂)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္း(အင္ဒရာပရာေဒ့ရွ္ကမ္းလြန္)တြင္ ျဖစ္ေပၚ ေနေသာ မုန္တိုင္းငယ္သည္ အေရွ႕-အေရွ႕ ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းသို႔ ေရာက္ရွိခဲ့ကာ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕၏ အေနာက္ဘက္ ေရမိုင္ ၅၂၀ မိုင္ခန႔္၊ အိႏၵိယႏိုင္ငံ၊ ဗီဆာကာပတၱနမ္ၿမိဳ႕၏ ေတာင္-အေရွ႕ေတာင္ ဘက္ ေရမိုင္ ၂၃၅ မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။
မုန္တိုင္းငယ္၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ား မည့္ အေျခအေနမရွိပါသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ထားေၾကာင္း မိုးဇလက အသိေပးထားသည္။ အဆိုပါမုန္တိုင္းငယ္သည္ လာမည့္ (၁၂)နာရီအတြင္း အေရွ႕-အေရွ႕ေျမာက္ဘက္သို႔ ျဖည္းညႇင္းစြာေ႐ြ႕လ်ားႏိုင္ၿပီး ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းတြင္ တျဖည္းျဖည္းအားေလ်ာ့သြားမည္ျဖစ္ေၾကာင္း မိုးဇလက ခန႔္မွန္းထားသည္၊၊
မုန္တိုင္းငယ္၏အရွိန္ေၾကာင့္ ယေန႔ (ဒီဇင္ဘာလ ၂၁ ရက္) မြန္းလြဲမွ (ဒီဇင္ဘာ ၂၃ ရက္)အထိ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္းသိရသည္။ ထို႔ျပင္ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္း႐ြာၿပီး အခ်ိဳ႕ေဒသမ်ားတြင္ ေနရာကြက္၍ မိုးႀကီးျခင္းမ်ားျဖစ္ေပၚႏိုင္ေၾကာင္း သိရသည္။ အလားတူ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ေၾကာင္းသိရသည္။
ထို႔ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈ မ်ားကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ပါရန္အသိေပးထားသည္။ ျပည္တြင္းေရေၾကာင္းသြားလာေရးႏွင့္ ေလေၾကာင္း ပ်ံသန္းေရးအေနျဖင့္လည္း ႀကိဳတင္သတိျပဳရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အႀကံျပဳထုတ္ျပန္ထားသည္။