ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပါကစ္စတန်ကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေချမှတ်
203
Pika (NP News) - ဒီဇင်ဘာ ၂၂
ပါကစ္စတန်နိုင်ငံရဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်ရေးမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ နိုင်ငံပိုင် National Development Complex (NDC)ကုမ္ပဏီအပါအဝင် ပါကစ္စတန်အဖွဲ့အစည်းအများအပြားကို အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ယခုသီတင်းပတ်အစောပိုင်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ Shaheen ပဲ့ထိန်းဒုံးကျည်တွေ တီထွင်ထုတ်လုပ်မှုမှာ အရေးပါတယ်လို့ စွပ်စွဲခံထားရတဲ့ NDC ကုမ္ပဏီကို ပစ်မှတ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ ပိတ်ဆို့အရေးယူမှုတွေထဲမှာ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေအပါအဝင် အမေရိကန်အဖွဲ့အစည်းတွေနဲ့ အရောင်းအဝယ်လုပ်တာကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။ဒါ့ပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေးလက်ထောက်အကြံပေး ဂျွန်ဖင်နာဟာ ပါကစ္စတန်ရဲ့ တိုးတက်နေတဲ့ ဒုံးကျည်နည်းပညာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ဒီဇင်ဘာလ(၁၉)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်စနစ်တွေ ဖွံ့ဖြိုးတိုးတက်မှုဟာ အမေရိကန်နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ ဂျွန်ဖင်နာက ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့လုပ်ရပ်တွေနဲ့အတူ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့တယ်လို့လည်း ဂျွန်ဖင်နာက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်နိုင်ငံဟာ အဲဒီကိစ္စတွေမှာ ပါကစ္စတန်နိုင်ငံနဲ့အတူ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာက ပြောကြားခဲ့ပါတယ်။ NDC ကုမ္ပဏီအပြင် ကရာချီမြို့အခြေစိုက်တဲ့ Akhtar and Sons Private Limited၊ Affiliates International နဲ့ Rockside Enterprise ကုမ္ပဏီတို့ဟာလည်း ပါကစ္စတန်ရဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပံ့ပိုးကူညီရာမှာ ၎င်းတို့ရဲ့ပါဝင်ပတ်သက်နေတဲ့အခန်းကဏ္ဍတွေအတွက် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ခံခဲ့ရတယ်လို့လည်း သိရပါတယ်။
zawgyi version
ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ပါကစၥတန္ကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈေတြခ်မွတ္
Pika (NP News) - ဒီဇင္ဘာ ၂၂
ပါကစၥတန္ႏိုင္ငံရဲ႕ တာေဝးပစ္ပဲ့ထိန္းဒုံးက်ည္ထုတ္လုပ္ေရးမွာ ပါဝင္ပတ္သက္ေနတယ္လို႔ စြပ္စြဲခံထားရတဲ့ ႏိုင္ငံပိုင္ National Development Complex (NDC)ကုမၸဏီအပါအဝင္ ပါကစၥတန္အဖြဲ႕အစည္းအမ်ားအျပားကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈေတြ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
ယခုသီတင္းပတ္အေစာပိုင္းမွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈေတြဟာ Shaheen ပဲ့ထိန္းဒုံးက်ည္ေတြ တီထြင္ထုတ္လုပ္မႈမွာ အေရးပါတယ္လို႔ စြပ္စြဲခံထားရတဲ့ NDC ကုမၸဏီကို ပစ္မွတ္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ပိတ္ဆို႔အေရးယူမႈေတြထဲမွာ ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းတာေတြအပါအဝင္ အေမရိကန္အဖြဲ႕အစည္းေတြနဲ႔ အေရာင္းအဝယ္လုပ္တာကို တားျမစ္ထားတယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးလက္ေထာက္အႀကံေပး ဂြၽန္ဖင္နာဟာ ပါကစၥတန္ရဲ႕ တိုးတက္ေနတဲ့ ဒုံးက်ည္နည္းပညာေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို ဒီဇင္ဘာလ(၁၉)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ပါကစၥတန္ႏိုင္ငံရဲ႕ တာေဝးပစ္ပဲ့ထိန္းဒုံးက်ည္စနစ္ေတြ ဖြံ႕ၿဖိဳးတိုးတက္မႈဟာ အေမရိကန္ႏိုင္ငံအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္လာႏိုင္တယ္လို႔ ဂြၽန္ဖင္နာက ေျပာၾကားခဲ့ပါတယ္။
ပါကစၥတန္ႏိုင္ငံရဲ႕လုပ္ရပ္ေတြနဲ႔အတူ ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ရဲ႕ ရည္႐ြယ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး ေမးခြန္းေပါင္းမ်ားစြာ ထြက္ေပၚလာခဲ့တယ္လို႔လည္း ဂြၽန္ဖင္နာက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္ႏိုင္ငံဟာ အဲဒီကိစၥေတြမွာ ပါကစၥတန္ႏိုင္ငံနဲ႔အတူ အျပဳသေဘာေဆာင္တဲ့ ဆက္ဆံမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မက္သ႐ူးမီလာက ေျပာၾကားခဲ့ပါတယ္။ NDC ကုမၸဏီအျပင္ ကရာခ်ီၿမိဳ႕အေျခစိုက္တဲ့ Akhtar and Sons Private Limited၊ Affiliates International နဲ႔ Rockside Enterprise ကုမၸဏီတို႔ဟာလည္း ပါကစၥတန္ရဲ႕ ပဲ့ထိန္းဒုံးက်ည္အစီအစဥ္ကို ပံ့ပိုးကူညီရာမွာ ၎တို႔ရဲ႕ပါဝင္ပတ္သက္ေနတဲ့အခန္းက႑ေတြအတြက္ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈေတြကို ခံခဲ့ရတယ္လို႔လည္း သိရပါတယ္။