လက်ခစားကုန်အပ်စနစ်ဖြင့် ပြည်ပမှ တင်သွင်းသော ကုန်ကြမ်းများနှင့် ထုတ်ပိုးပစ္စည်းများ အပေါ် အကောက်ခွန်အားလုံး ကင်းလွတ်ခွင့်ပြု

 428

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၂၂

လက်ခစားကုန်အပ်စနစ်ဖြင့် ပြည်ပမှတင်သွင်းသော ကုန်ကြမ်းပစ္စည်းများနှင့် ထုတ်ပိုးပစ္စည်းများ အပေါ် အကောက်ခွန်အားလုံး ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအရ သိရသည်။

လက်ခစားကုန်အပ်စနစ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းရာ၌ သွင်းကုန်ကြေညာလွှာနှင့်အတူ သွင်းကုန်လိုင်စင်၊ ကုန်တင်တန်ဆာ၊ ကုန်တန်ဖိုးစာရင်း၊ ကုန်ထုတ်ပိုးမှုစာရင်း၊ လုပ်ငန်းအပ်နှံမှုစာချုပ်၊ ကုန်အမှာစာ၊ ကုန်အမျိုးအစားအလိုက် ခွင့်ပြုထောက်ခံချက်၊ ကတိခံဝန်ချက်၊ ကုန်ကြမ်း/ထုပ်ပိုးပစ္စည်း တင်သွင်းမှုစာရင်းဇယား များကိုတင်ပြရမည်ဖြစ်သည်။

တင်သွင်းသော ကုန်ကြမ်းပစ္စည်းများနှင့် ထုတ်ပိုးပစ္စည်းများကို ကုန်ချောထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရာ၌ သွင်းကုန်ကြေညာလွှာ တင်သွင်းသည့်ရက်မှ တစ်နှစ်အတွင်း တင်ပို့ရမည်ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများကို ကုန်ချောထုတ်လုပ်ပြီး ပြည်ပကို တင်ပို့ခြင်း သို့မဟုတ် ခွင့်ပြုချက်ရယူပြီး တန်ဖိုးမဲ့သည်အထိ ဖျက်ဆီးခြင်း သို့မဟုတ် ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်း အသုံးပြုခြင်းအတွက် အထောက်အထားတင်ပြနိုင်မှုမရှိကြောင်း စစ်ဆေးတွေ့ပါက တင်သွင်းကုန်ကြမ်းများအပေါ် ကျသင့်အခွန်နှင့် အခြားအခွန်အခတွေ ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

လက်ခစားကုန်အပ်စနစ်ဆိုင်ရာ အကောက်ခွန်လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
လက္ခစားကုန္အပ္စနစ္ျဖင့္ ျပည္ပမွ တင္သြင္းေသာ ကုန္ၾကမ္းမ်ားႏွင့္ ထုတ္ပိုးပစၥည္းမ်ား အေပၚ အေကာက္ခြန္အားလုံး ကင္းလြတ္ခြင့္ျပဳ
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၂၂

လက္ခစားကုန္အပ္စနစ္ျဖင့္ ျပည္ပမွတင္သြင္းေသာ ကုန္ၾကမ္းပစၥည္းမ်ားႏွင့္ ထုတ္ပိုးပစၥည္းမ်ား အေပၚ အေကာက္ခြန္အားလုံး ကင္းလြတ္ခြင့္ျပဳလိုက္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၏ အမိန႔္ေၾကာ္ျငာစာအရ သိရသည္။

လက္ခစားကုန္အပ္စနစ္ႏွင့္ ဆက္စပ္ပစၥည္းမ်ား တင္သြင္းရာ၌ သြင္းကုန္ေၾကညာလႊာႏွင့္အတူ သြင္းကုန္လိုင္စင္၊ ကုန္တင္တန္ဆာ၊ ကုန္တန္ဖိုးစာရင္း၊ ကုန္ထုတ္ပိုးမႈစာရင္း၊ လုပ္ငန္းအပ္ႏွံမႈစာခ်ဳပ္၊ ကုန္အမွာစာ၊ ကုန္အမ်ိဳးအစားအလိုက္ ခြင့္ျပဳေထာက္ခံခ်က္၊ ကတိခံဝန္ခ်က္၊ ကုန္ၾကမ္း/ထုပ္ပိုးပစၥည္း တင္သြင္းမႈစာရင္းဇယား မ်ားကိုတင္ျပရမည္ျဖစ္သည္။

တင္သြင္းေသာ ကုန္ၾကမ္းပစၥည္းမ်ားႏွင့္ ထုတ္ပိုးပစၥည္းမ်ားကို ကုန္ေခ်ာထုတ္လုပ္ၿပီး ျပည္ပသို႔တင္ပို႔ရာ၌ သြင္းကုန္ေၾကညာလႊာ တင္သြင္းသည့္ရက္မွ တစ္ႏွစ္အတြင္း တင္ပို႔ရမည္ျဖစ္သည္။ ကုန္ၾကမ္းပစၥည္းမ်ားကို ကုန္ေခ်ာထုတ္လုပ္ၿပီး ျပည္ပကို တင္ပို႔ျခင္း သို႔မဟုတ္ ခြင့္ျပဳခ်က္ရယူၿပီး တန္ဖိုးမဲ့သည္အထိ ဖ်က္ဆီးျခင္း သို႔မဟုတ္ ထုတ္လုပ္မႈလုပ္ငန္းစဥ္အတြင္း အသုံးျပဳျခင္းအတြက္ အေထာက္အထားတင္ျပႏိုင္မႈမရွိေၾကာင္း စစ္ေဆးေတြ႕ပါက တင္သြင္းကုန္ၾကမ္းမ်ားအေပၚ က်သင့္အခြန္ႏွင့္ အျခားအခြန္အခေတြ ေပးေဆာင္ရမည္ဟု ျပ႒ာန္းထားသည္။

လက္ခစားကုန္အပ္စနစ္ဆိုင္ရာ အေကာက္ခြန္လုပ္ထုံးလုပ္နည္းေတြနဲ႔အညီ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက ပင္လယ္ေရေၾကာင္း အေကာက္ခြန္အက္ဥပေဒႏွင့္ တည္ဆဲဥပေဒမ်ားအရ အေရးယူျခင္းခံရမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.