သီးနှံများကို နိုင်ငံတကာ ဈေးကွက်ဝင်စေရန် မိရိုးဖလာသီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်သည် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေဟုဆို
165
ယွန်း (NP News) - ဒီဇင်ဘာ ၂၃
သီးနှံများကို နိုင်ငံတကာ ဈေးကွက်ဝင်စေရန် မိရိုးဖလာသီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်သည် လိုအပ်ချက်များ အားနည်ချက်များရှိသည်ကို တွေ့ရှိရကြောင်း နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ(၂၂)ရက်တွင် ကျင်းပခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်ပွဲ နှင့် ရာပြည့်သဘင်အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားထားခြင်းဖြစ်သည်။
မိမိတို့နိုင်ငံ၏ သီးနှံများကို နိုင်ငံတကာဈေးကွက်ဝင်စေရန် မိရိုးဖလာသီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်သည် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေသည်ကို လေ့လာသိရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။ ထို့ကြောင့် အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာသည့် သီးနှံထုတ်လုပ်မှုဖြစ်လာနိုင်ရန် တိုးတက်ဖွံ့ဖြိုးလာသည့် စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များနှင့်အညီ လိုက်ပါတွေးခေါ်ဆောင်ရွက်နိုင်စွမ်းရှိသည့် ပြည်တွင်းစိုက်ပျိုးရေးပညာရှင်များ ရှိမှဖြစ်မည်ဆိုသည်ကို သတိပြုမိလာခဲ့ကြကြောင်း ထည့်သွင်းပြောကြားထား သည်။
သို့ဖြစ်၍ လိုအပ်သည့်စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနဗိမာန်ကို ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်တွင်မန္တလေးမြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်ဟုသိရကြောင်း သိရသည်။
အဆိုပါ ကာလကတည်းက စိုက်ပျိုးရေးပညာရှင်များအနေဖြင့် နိုင်ငံ၏ရေခံမြေခံကောင်းကိုအသုံးချပြီး လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးပမ်းခဲ့ရာ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်တွင် စိုက်ပျိုးရေးကောလိပ်ကို စိုက်ပျိုးရေးတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၁၉၇၃ ခုနှစ်တွင် စိုက်ပျိုးရေးတက္ကသိုလ်ကို စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်များ ပြည့်စုံနေသည့် ပျဉ်းမနားမြို့နယ်၊ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နှစ် (၁၀၀) ကာလအတွင်း တက္ကသိုလ်အနေဖြင့် နိုင်ငံတော်ကအားထားရမည့် အသိပညာရှင် အတတ်ပညာရှင်များအဖြစ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ (၁၃,၁၉၇) ဦး၊ မဟာသိပ္ပံဘွဲ့ရ(၆၇၃)ဦး၊ ပါရဂူဘွဲ့ရ (၈၅) ဦး၊ ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ရ (၇၀) ဦးနှင့် မဟာဒဿနဘွဲ့ရ (၁၁) ဦးတို့ကို မွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧကစုစုပေါင်း (၃၃)သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိစေရေး၊ ပြည်ပကို တိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုး ပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက အသိပေးထားသည်။
zawgyi version
သီးႏွံမ်ားကို ႏိုင္ငံတကာ ေဈးကြက္ဝင္ေစရန္ မိ႐ိုးဖလာသီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈစနစ္သည္ လိုအပ္ခ်က္မ်ား၊ အားနည္းခ်က္မ်ားရွိေနဟုဆို
ယြန္း (NP News) - ဒီဇင္ဘာ ၂၃
သီးႏွံမ်ားကို ႏိုင္ငံတကာ ေဈးကြက္ဝင္ေစရန္ မိ႐ိုးဖလာသီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈစနစ္သည္ လိုအပ္ခ်က္မ်ား အားနည္ခ်က္မ်ားရွိသည္ကို ေတြ႕ရွိရေၾကာင္း နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားထားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဒီဇင္ဘာ(၂၂)ရက္တြင္ က်င္းပခဲ့သည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ေရဆင္းစိုက္ပ်ိဳးေရး တကၠသိုလ္ႏွစ္(၁၀၀)ျပည့္ ရာျပည့္ခန္းမဖြင့္ပြဲ ႏွင့္ ရာျပည့္သဘင္အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာၾကားထားျခင္းျဖစ္သည္။
မိမိတို႔ႏိုင္ငံ၏ သီးႏွံမ်ားကို ႏိုင္ငံတကာေဈးကြက္ဝင္ေစရန္ မိ႐ိုးဖလာသီးႏွံစိုက္ပ်ိဳးထုတ္လုပ္မႈစနစ္သည္ လိုအပ္ခ်က္မ်ား၊ အားနည္းခ်က္မ်ားရွိေနသည္ကို ေလ့လာသိရွိခဲ့ေၾကာင္း နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။ ထို႔ေၾကာင့္ အက်ိဳးအျမတ္ရွိၿပီး ခိုင္မာေသခ်ာသည့္ သီးႏွံထုတ္လုပ္မႈျဖစ္လာႏိုင္ရန္ တိုးတက္ဖြံ႕ၿဖိဳးလာသည့္ စိုက္ပ်ိဳးထုတ္လုပ္မႈနည္းစနစ္မ်ားႏွင့္အညီ လိုက္ပါေတြးေခၚေဆာင္႐ြက္ႏိုင္စြမ္းရွိသည့္ ျပည္တြင္းစိုက္ပ်ိဳးေရးပညာရွင္မ်ား ရွိမွျဖစ္မည္ဆိုသည္ကို သတိျပဳမိလာခဲ့ၾကေၾကာင္း ထည့္သြင္းေျပာၾကားထား သည္။
သို႔ျဖစ္၍ လိုအပ္သည့္စိုက္ပ်ိဳးေရးပညာရွင္မ်ားကို ေမြးထုတ္ေပးႏိုင္ရန္ စိုက္ပ်ိဳးေရးေကာလိပ္ႏွင့္ သုေတသနဗိမာန္ကို ၁၉၂၄ ခုႏွစ္၊ ဒီဇင္ဘာလ (၂၂) ရက္တြင္မႏၲေလးၿမိဳ႕၌ စတင္တည္ေထာင္ဖြင့္လွစ္ခဲ့သည္ဟုသိရေၾကာင္း သိရသည္။
အဆိုပါ ကာလကတည္းက စိုက္ပ်ိဳးေရးပညာရွင္မ်ားအေနျဖင့္ ႏိုင္ငံ၏ေရခံေျမခံေကာင္းကိုအသုံးခ်ၿပီး လယ္ယာစိုက္ပ်ိဳးေရးကို အေျခခံသည့္ႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္ရန္ ကိုယ့္အားကိုယ္ကိုးၿပီး ႀကိဳးပမ္းခဲ့ရာ ၁၉၆၄ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္တြင္ စိုက္ပ်ိဳးေရးေကာလိပ္ကို စိုက္ပ်ိဳးေရးတကၠသိုလ္အျဖစ္ တိုးျမႇင့္ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ၁၉၇၃ ခုႏွစ္တြင္ စိုက္ပ်ိဳးေရးတကၠသိုလ္ကို စိုက္ပ်ိဳးေရးအတြက္ အေျခခံလိုအပ္ခ်က္မ်ား ျပည့္စုံေနသည့္ ပ်ဥ္းမနားၿမိဳ႕နယ္၊ ေရဆင္းေဒသသို႔ ေျပာင္းေ႐ႊ႕ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။
ႏွစ္ (၁၀၀) ကာလအတြင္း တကၠသိုလ္အေနျဖင့္ ႏိုင္ငံေတာ္ကအားထားရမည့္ အသိပညာရွင္ အတတ္ပညာရွင္မ်ားအျဖစ္ စိုက္ပ်ိဳးေရးသိပၸံဘြဲ႕ရ (၁၃,၁၉၇) ဦး၊ မဟာသိပၸံဘြဲ႕ရ(၆၇၃)ဦး၊ ပါရဂူဘြဲ႕ရ (၈၅) ဦး၊ ဘြဲ႕လြန္ဒီပလိုမာ လက္မွတ္ရ (၇၀) ဦးႏွင့္ မဟာဒႆနဘြဲ႕ရ (၁၁) ဦးတို႔ကို ေမြးထုတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ႏိုင္ငံေတာ္တြင္ရွိသည့္ သီးႏွံစိုက္ဧကစုစုေပါင္း (၃၃)သန္းမွ အေရးႀကီးသီးႏွံမ်ားကို ဦးစားေပးၿပီး ျပည္တြင္းစားေရရိကၡာ ဖူလုံမႈရွိေစေရး၊ ျပည္ပကို တိုးခ်ဲ႕တင္ပို႔ေရာင္းခ်ႏိုင္ေရးႏွင့္ သြင္းကုန္အစားထိုး ပမာဏတိုးတက္ထုတ္လုပ္ႏိုင္ေရးအတြက္ ပန္းတိုင္အထြက္ႏႈန္းျပည့္မီေရး ႀကိဳးစားလုပ္ေဆာင္လ်က္ရွိေၾကာင္း နစကဥကၠ႒က အသိေပးထားသည္။