မန္တလေးရှိ ဆင်ဖြူတော်ငွေလွှဲဆိုင် ဓားပြတိုက်ခံရကာ ငွေကျပ်သိန်း(၇၀၀)ကျော်နှင့် ကားတစ်စီးပါသွား

 1185

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဆင်ဖြူတော်ငွေလွှဲဆိုင် ဓားပြတိုက်လုယက်ခံရကာ ငွေကျပ်သိန်း(၇၀၀)ကျော် နှင့် ကားတစ်စီးပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ရက်၊ ညနေပိုင်းက မဟာအောင်မြေမြို့နယ်၊ ၄၃လမ်း၊ ၆၄×၆၅ လမ်းကြားရှိ ဆင်ဖြူတော်ငွေလွှဲဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆိုင်ရှေ့ကို Box ကားနဲ့လာပြီးဓားပြတိုက်သွားတာ။ လူ(၂)ယောက်လာတိုက်သွားတာလို့ သိရတယ်။သေနတ်တွေပါတယ်လို့လည်း သိရတယ်။ ဆိုင်ရှင်ကို ပိုက်ဆံတွေထည့်ခိုင်းပြီး ကားတစ်စီးပါယူသွားတာ" ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်အတွင်းရှိ ငွေကျပ်သိန်း(၇၀၀)အပြင် အိမ်စီးကားတစ်စီးသည်လည်း လုယက်ယူဆောင်ခံခဲ့ရကြောင်း သိရသည်။

"ဒီကငွေလွှဲဆိုင်တွေကလည်း တချို့က လုံခြုံရေးရှိပေမယ့် တချို့ဆိုင်တွေက မရှိဘူး။ CCTV မှတ်တမ်းတွေတော့ ယူသွားပြီလို့ သိရတယ်။ မန္တလေးမှာက ဒီလိုမျိုးတွေဖြစ်တာ တော်တော်ဆိုးနေပြီ။ ရှေ့ရက်ကပဲ ရွှေဆိုင်ဓားပြတိုက်ခံခဲ့ရသေးတယ်။ မန္တလေးကလူတွေကိုပဲ စိန်ခေါ်နေတာလား။ မန္တလေးကရဲတွေကိုပဲ စိန်ခေါ်နေတာလား မပြောတက်တော့ဘူး။ အခုဖြစ်သွားတဲ့နေရာဆိုတာလည်း Main လမ်းနဲ့မဝေးဘူး။ တကယ့် ရပ်ကွက်ထဲမှာဖြစ်သွားတာ"ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံးစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိပြီး ပိတ်ဆို့စစ်ဆေးမှုများလည်း ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရ သည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်ကလည်း မဟာအောင်မြေမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ရွှေထည်(၃)ပိဿာကျော် လုယက်ယူဆောင်ခံခဲ့ရဖူးသည်။ မန္တလေးမြို့တွင် ယခုနှစ်အတွင်း ရွှေဆိုင်၊ ရွှေပန်းထိမ်ဆိုင်၊ ရွှေဆိုင်ပိုင်ရှင်အိမ် နှင့် အခြားသောဓားပြတိုက်ခံရမှုမှာ (၈) ကြိမ်ထက် မနည်းရှိနေပြီဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။

"အခုလိုဖြစ်နေတာက (၈)ကြိမ်ထက်မကတော့ဘူး။ သတင်းမထွက်တဲ့ အိမ်ကို သံတုတ်ကိုင်ပြီး ဝင်လုတာတွေလည်း ဖြစ်တယ်။ ဆိုင်ကယ်လုတာတွေလည်း ဖြစ်နေတာပဲ"ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၉ ရက်က အောင်မြေသာစံမြို့နယ်က "လင်းလက်ဝါ"ရွှေပန်းထိမ်ဆိုင်နှင့် မေလ ၃၁ ရက်က မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း”ရွှေဆိုင်နှင့် စက်တင်ဘာလ ၁၀ရက်က ချမ်းမြသာစည်မြို့နယ်ရှိ "ချောင်ချောင် "ရွှေဆိုင်ပိုင်ရှင်နေအိမ်တို့ ဓားပြတိုက်ခံခဲ့ရဖူးသည်။

zawgyi version
မႏၲေလးရွိ ဆင္ျဖဴေတာ္ေငြလႊဲဆိုင္ ဓားျပတိုက္ခံရကာ ေငြက်ပ္သိန္း(၇၀၀)ေက်ာ္ႏွင့္ ကားတစ္စီးပါသြား
သန္႔ဇင္ (NP News) - ဒီဇင္ဘာ ၂၄

မႏၲေလးတိုင္းေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ဆင္ျဖဴေတာ္ေငြလႊဲဆိုင္ ဓားျပတိုက္လုယက္ခံရကာ ေငြက်ပ္သိန္း(၇၀၀)ေက်ာ္ ႏွင့္ ကားတစ္စီးပါသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ဒီဇင္ဘာ ၂၄ရက္၊ ညေနပိုင္းက မဟာေအာင္ေျမၿမိဳ႕နယ္၊ ၄၃လမ္း၊ ၆၄×၆၅ လမ္းၾကားရွိ ဆင္ျဖဴေတာ္ေငြလႊဲဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆိုင္ေရွ႕ကို Box ကားနဲ႔လာၿပီးဓားျပတိုက္သြားတာ။ လူ(၂)ေယာက္လာတိုက္သြားတာလို႔ သိရတယ္။ေသနတ္ေတြပါတယ္လို႔လည္း သိရတယ္။ ဆိုင္ရွင္ကို ပိုက္ဆံေတြထည့္ခိုင္းၿပီး ကားတစ္စီးပါယူသြားတာ" ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ဆိုင္အတြင္းရွိ ေငြက်ပ္သိန္း(၇၀၀)အျပင္ အိမ္စီးကားတစ္စီးသည္လည္း လုယက္ယူေဆာင္ခံခဲ့ရေၾကာင္း သိရသည္။

"ဒီကေငြလႊဲဆိုင္ေတြကလည္း တခ်ိဳ႕က လုံၿခဳံေရးရွိေပမယ့္ တခ်ိဳ႕ဆိုင္ေတြက မရွိဘူး။ CCTV မွတ္တမ္းေတြေတာ့ ယူသြားၿပီလို႔ သိရတယ္။ မႏၲေလးမွာက ဒီလိုမ်ိဳးေတြျဖစ္တာ ေတာ္ေတာ္ဆိုးေနၿပီ။ ေရွ႕ရက္ကပဲ ေ႐ႊဆိုင္ဓားျပတိုက္ခံခဲ့ရေသးတယ္။ မႏၲေလးကလူေတြကိုပဲ စိန္ေခၚေနတာလား။ မႏၲေလးကရဲေတြကိုပဲ စိန္ေခၚေနတာလား မေျပာတက္ေတာ့ဘူး။ အခုျဖစ္သြားတဲ့ေနရာဆိုတာလည္း Main လမ္းနဲ႔မေဝးဘူး။ တကယ့္ ရပ္ကြက္ထဲမွာျဖစ္သြားတာ"ဟု ၎ကဆက္ေျပာသည္။

လက္ရွိတြင္ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံးစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္လ်က္ရွိၿပီး ပိတ္ဆို႔စစ္ေဆးမႈမ်ားလည္း ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရ သည္။

အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၈ ရက္ကလည္း မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ေ႐ႊစင္အကယ္ဒမီေ႐ႊဆိုင္ ဓားျပတိုက္လုယက္ခံရၿပီး ေ႐ႊထည္(၃)ပိႆာေက်ာ္ လုယက္ယူေဆာင္ခံခဲ့ရဖူးသည္။ မႏၲေလးၿမိဳ႕တြင္ ယခုႏွစ္အတြင္း ေ႐ႊဆိုင္၊ ေ႐ႊပန္းထိမ္ဆိုင္၊ ေ႐ႊဆိုင္ပိုင္ရွင္အိမ္ ႏွင့္ အျခားေသာဓားျပတိုက္ခံရမႈမွာ (၈) ႀကိမ္ထက္ မနည္းရွိေနၿပီျဖစ္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။

"အခုလိုျဖစ္ေနတာက (၈)ႀကိမ္ထက္မကေတာ့ဘူး။ သတင္းမထြက္တဲ့ အိမ္ကို သံတုတ္ကိုင္ၿပီး ဝင္လုတာေတြလည္း ျဖစ္တယ္။ ဆိုင္ကယ္လုတာေတြလည္း ျဖစ္ေနတာပဲ"ဟု ၎ကဆိုသည္။

မႏၲေလးၿမိဳ႕တြင္ ၿပီးခဲ့သည့္ မတ္လ ၂၉ ရက္က ေအာင္ေျမသာစံၿမိဳ႕နယ္က "လင္းလက္ဝါ"ေ႐ႊပန္းထိမ္ဆိုင္ႏွင့္ ေမလ ၃၁ ရက္က မဟာေအာင္ေျမၿမိဳ႕နယ္၊ မန္းၿမိဳ႕ေဈးအတြင္းရွိ “ဆယ္သန္း”ေ႐ႊဆိုင္ႏွင့္ စက္တင္ဘာလ ၁၀ရက္က ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ "ေခ်ာင္ေခ်ာင္ "ေ႐ႊဆိုင္ပိုင္ရွင္ေနအိမ္တို႔ ဓားျပတိုက္ခံခဲ့ရဖူးသည္။

Related news

© 2021. All rights reserved.