လူမှုကွန်ရက်စာမျက်နှာများတွင် ချီးကျူးခံရသည့် YBS ယာဉ်မောင်းများအား ဆုချီးမြှင့်မည်

 536

စော (NP News) - ဒီဇင်ဘာ ၂၅

(၂၀၂၄)ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်‌မောင်းဆုအပြင် လူမှုကွန်ရက်စာမျက်နှာများတွင် ချီးကျူးခံရသည့် ယာဉ်မောင်းများကိုပါ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို‌့ဆောင် ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။

၎င်းက ယခုရက်ပိုင်းအတွင်း တာမွေမြို့နယ်ရှိ YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်း လင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ YRTC အနေဖြင့် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိ ယာဉ်မောင်းဆုချီးမြှင့်ခြင်းအခမ်းအနားကို (၂၀၂၂)ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စံပြယာဉ်မောင်း ဆုပေးအပ်ရာတွင် YBS ကုမ္ပဏီများမှ ရွေးချယ်ပေးသူများကို ဆုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အဓိက ကတော့ စံပြယာဉ်မောင်းဆုကို ပေးတဲ့အခါမှာ (YBS ကုမ္ပဏီများမှ) ရွေးချယ်ပေးတဲ့အပေါ်မှာပဲမဟုတ်ဘဲနဲ့ ကျွန်တော်တို့ YRTC ရဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းမှုမှတ်တမ်းအရစစ်ဆေးပြီးမှ ပေးသွားမှာဖြစ်ပါတယ်။ တာဝန်သိယာဉ်‌မောင်းဆုကတော့ ဒီခရီးသည်တွေကနေ ကျန်ခဲ့တဲ့ပစ္စည်းတွေကို ပြန်လည်ပေးအပ်တဲ့ ယာဉ်မောင်းတွေကိုပေးတာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ဒီအတိုင်းပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ Social Media တွေပေါ်မှာ ယာဉ်မောင်းတွေကို ဝန်ဆောင်မှု ကောင်းတယ်လို့ ချီးကျူးတာရှိပါတယ်။ အဲဒါကိုလည်း ဒီနှစ်ထဲမှာ ပေးသွားမှာဖြစ်ပါတယ်"ဟု ဦးလျန်ကျင့်မာန်က ပြောသည်။

အဆိုပါ YBS စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်မောင်းဆု ချီးမြှင့်ခြင်းအခမ်းအနားကို လာမည့် (၂၀၂၅)ခုနှစ် ဇန်နဝါရီလတွင် ကျင်းပားရန် စီစဉ်ထားကြောင်း သိရသည်။ YBS ယာဉ် စုစုပေါင်း (၅၅၀ဝ) ကျော်အနက် ယာဉ်စီးရေ (၃၅၀ဝ)ကျော် နေ့စဉ်ပြေးဆွဲလျက်ရှိပြီး ယာဉ်မောင်းဦးရေမှာ (၇၀ဝဝ)ကျော်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၀၂၃)ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိယာဉ်မောင်းဆုရရှိသည့် YBS ယာဉ်မောင်းစုစုပေါင်း (၉၈)ဦးထိရှိခဲ့ပြီး စံပြယာဉ်မောင်းဆု ရရှိသူဦးရေ (၄၄)ဦးနှင့် တာဝန်သိယာဉ်မောင်းဆုရရှိသူဦးရေ (၅၄)ဦး ရရှိခဲ့ကြောင်း သိရသည်။ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို မှတ်သားဖမ်းဆီးသည့်အမှုပေါင်း (၅၁၄၈၆)မှုအပြင် Yangon Bus Operator (YBO) က ဖမ်းဆီးသည့်အမှုပေါင်း (၅၃၁၈)မှုရှိကြောင်း သိရသည်။

zawgyi version
လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ခ်ီးက်ဴးခံရသည့္ YBS ယာဥ္ေမာင္းမ်ားအား ဆုခ်ီးျမႇင့္မည္
ေစာ (NP News) - ဒီဇင္ဘာ ၂၅

(၂၀၂၄)ခုႏွစ္အတြက္ YBS စံျပယာဥ္ေမာင္းဆုႏွင့္ တာဝန္သိယာဥ္‌ေမာင္းဆုအျပင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ခ်ီးက်ဴးခံရသည့္ ယာဥ္ေမာင္းမ်ားကိုပါ ဆုခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိက သယ္ယူပို‌့ေဆာင္ ေရးႀကီးၾကပ္မႈေကာ္မတီ (YRTC)မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာၾကားသည္။

၎က ယခုရက္ပိုင္းအတြင္း တာေမြၿမိဳ႕နယ္ရွိ YRTC ႐ုံးခ်ဳပ္၌ က်င္းပေသာ သတင္းစာရွင္း လင္းပြဲတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ YRTC အေနျဖင့္ စံျပယာဥ္ေမာင္းဆုႏွင့္ တာဝန္သိ ယာဥ္ေမာင္းဆုခ်ီးျမႇင့္ျခင္းအခမ္းအနားကို (၂၀၂၂)ခုႏွစ္တြင္ စတင္ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး စံျပယာဥ္ေမာင္း ဆုေပးအပ္ရာတြင္ YBS ကုမၸဏီမ်ားမွ ေ႐ြးခ်ယ္ေပးသူမ်ားကို ဆုေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိက ကေတာ့ စံျပယာဥ္ေမာင္းဆုကို ေပးတဲ့အခါမွာ (YBS ကုမၸဏီမ်ားမွ) ေ႐ြးခ်ယ္ေပးတဲ့အေပၚမွာပဲမဟုတ္ဘဲနဲ႔ ကြၽန္ေတာ္တို႔ YRTC ရဲ႕ ယာဥ္စည္းကမ္းထိန္းသိမ္းမႈမွတ္တမ္းအရစစ္ေဆးၿပီးမွ ေပးသြားမွာျဖစ္ပါတယ္။ တာဝန္သိယာဥ္‌ေမာင္းဆုကေတာ့ ဒီခရီးသည္ေတြကေန က်န္ခဲ့တဲ့ပစၥည္းေတြကို ျပန္လည္ေပးအပ္တဲ့ ယာဥ္ေမာင္းေတြကိုေပးတာ ျဖစ္ပါတယ္။ အဲဒါကေတာ့ ကြၽန္ေတာ္တို႔ ဒီအတိုင္းေပးသြားမွာျဖစ္ပါတယ္။ ၿပီးေတာ့ Social Media ေတြေပၚမွာ ယာဥ္ေမာင္းေတြကို ဝန္ေဆာင္မႈ ေကာင္းတယ္လို႔ ခ်ီးက်ဴးတာရွိပါတယ္။ အဲဒါကိုလည္း ဒီႏွစ္ထဲမွာ ေပးသြားမွာျဖစ္ပါတယ္"ဟု ဦးလ်န္က်င့္မာန္က ေျပာသည္။

အဆိုပါ YBS စံျပယာဥ္ေမာင္းဆုႏွင့္ တာဝန္သိယာဥ္ေမာင္းဆု ခ်ီးျမႇင့္ျခင္းအခမ္းအနားကို လာမည့္ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလတြင္ က်င္းပားရန္ စီစဥ္ထားေၾကာင္း သိရသည္။ YBS ယာဥ္ စုစုေပါင္း (၅၅၀ဝ) ေက်ာ္အနက္ ယာဥ္စီးေရ (၃၅၀ဝ)ေက်ာ္ ေန႔စဥ္ေျပးဆြဲလ်က္ရွိၿပီး ယာဥ္ေမာင္းဦးေရမွာ (၇၀ဝဝ)ေက်ာ္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္အတြက္ စံျပယာဥ္ေမာင္းဆုႏွင့္ တာဝန္သိယာဥ္ေမာင္းဆုရရွိသည့္ YBS ယာဥ္ေမာင္းစုစုေပါင္း (၉၈)ဦးထိရွိခဲ့ၿပီး စံျပယာဥ္ေမာင္းဆု ရရွိသူဦးေရ (၄၄)ဦးႏွင့္ တာဝန္သိယာဥ္ေမာင္းဆုရရွိသူဦးေရ (၅၄)ဦး ရရွိခဲ့ေၾကာင္း သိရသည္။ (၂၀၂၃) ခုႏွစ္၊ ဇန္နဝါရီလမွ ႏိုဝင္ဘာလအထိ စည္းကမ္းေဖာက္ဖ်က္သည့္ YBS ယာဥ္ေမာင္းမ်ားကို မွတ္သားဖမ္းဆီးသည့္အမႈေပါင္း (၅၁၄၈၆)မႈအျပင္ Yangon Bus Operator (YBO) က ဖမ္းဆီးသည့္အမႈေပါင္း (၅၃၁၈)မႈရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.