အကျင့်ပျက် လုပ်စား INGO များ

 1360

ကျွန်းသားငမန်း (NP News) - ဒီဇင်ဘာ ၂၆

နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းများ(International non Governmental Org­anizations) ၏ လုပ်ဆောင်မှုအချို့ကို မပြောချင်သော်လည်းပြောရပေဦးမည်။ မြန်မာနိုင်ငံတွင်ဖြစ် ပျက်နေသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများနှင့်ပတ်သက်၍ INGOs အဖွဲ့များနှင့် ကုလသမဂ္ဂ လက်အောက်ရှိအဖွဲ့အစည်းများသည် လူသားချင်းစာ နာမှုအကြောင်းပြပေးအပ်သော ထောက်ပံ့ငွေများဖြင့် ဖွဲ့စည်းထားသည့် INGOs များကိုအသုံးချ၍ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လျက်ရှိနေကြသည်ကို သတိထားကြရန်လိုသည်။

မြန်မာနိုင်ငံအရေးကို ဝင်ရောက်စွက်ဖက် လိုသောနိုင်ငံကြီးများကလည်း ထောက်ပံ့ကြေးပေးရန် လိုလိုလား လားရှိနေကြမည်။ INGOs များကိုအသုံးချ၍ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှာ သိုသိုသိပ်သိပ်လုပ်နိုင် ကိုင်နိုင်လျှင် ဝင်ရောက်စွက် ဖက်ခြင်းကိုမသိနိုင်သော လုပ်ရပ်လည်းဖြစ်သည်။

NGO များနှင့်ပတ်သက်၍ စီးပွားရေးလုပ် ငန်းများဆိုင်ရာ နိုင်ငံတကာ NGOs များ (BINGO, Business- oriented International)၊ လူထုအခြေပြု လူ့အဖွဲ့အစည်းဆိုင်ရာ NGO များ (CSO, Civil Society Organization)၊ အလှူရှင်များကို စည်းရုံးဖွဲ့စည်းထားသော NGO များ (DONGO, Donor Organization)၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ NGO များ (ENGO, Environmental Organization) နည်းပညာအထောက်အကူပြု NGO များ (TANGO ,Technical Assistance Organization) စသည်ဖြင့် အမျိုးမျိုးဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြခြင်းဖြစ်သည်။

ယခုအခါ ကုလသမဂ္ဂမှ အသိအမှတ်ပြု ထားသော နိုင်ငံတကာနှင့် နိုင်ငံချင်းအလိုက်ဖွဲ့စည်း ဆောင်ရွက်နေ သော NGO အဖွဲ့ပေါင်း (၂၀ဝဝ) ကျော်ရှိကြောင်းသိရသည်။ နိုင်ငံတကာအဆင့် သီးခြားလှုပ်ရှားဆောင်ရွက်နေသော NGO များမှာ လေးသောင်းခန့်နှင့် နိုင်ငံအလိုက် ဖွဲ့စည်းဆောင်ရွက်နေသော NGO များမှာ မရေမတွက်နိုင်အောင်ပင်ရှိ ကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံတွင်လည်း လူသားချင်းဆိုင်ရာလူမှုရေးအကူအညီများပေးနေပါ သည်ဆိုသောအဖွဲ့ အစည်းများမှာ INGO FORUM MYANMAR ၏အဖွဲ့ဝင်စာရင်းအရ (၈၉)ဖွဲ့ရှိခဲ့ကြောင်းသိရသည်။

ယင်းအဖွဲ့များအနက် ထင်ရှားသောအဖွဲ့ အစည်းအချို့မှာ CARE, Malteser International, ECHO, Danish Refugee Concil, Solidarities National, CDN, Action Contrela Faim, MSF, USAID, MSF (Medicins Sans Frontieres), Insan Hakve Hurriyetleri, IRW (Islamic Relief Worldwide), AMI, AZG, MRCS, CSSEF စသည်များ ဖြစ်ကြသည်။ အဆိုပါအဖွဲ့အစည်းများသည် လူသားချင်းဆိုင်ရာ ကိုယ်ချင်းစာနာမှု အကူအညီပေးရေးခေါင်းစဉ်များ ပြကာ မြန်မာနိုင်ငံသို့ ဝင်ရောက်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ INGO FORUM MYANMAR အဖွဲ့ဝင်ထားသောအဖွဲ့ မှာ (၈၉)ဖွဲ့သာဆိုသော်လည်း အဖွဲ့ဝင်မဟုတ်သော အဖွဲ့များလည်းရှိနိုင်သေးကြောင်းဖြင့်ဆိုသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ငန်းခွင့်ရရှိထားသော နိုင်ငံ တကာ လူမှုကူညီရေးအဖွဲ့အစည်းများ (Internati­onal non Governmental Organizations)များ ဖြစ်သည့် UN နှင့်လက်အောက်အဖွဲ့အစည်းများဖြစ် သော UNDP, UNHCR, UNICEF, WFP, FAO စသည့် အဖွဲ့ကြီးများအပါအဝင် အခြားအဖွဲ့အစည်း များသည် မူလရည်ရွယ်ချက်ဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံ များ သို့မဟုတ် စစ်ဘေးသင့်ဒေသများ သို့မဟုတ် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသောဒေသများ အနက် အစိုးရအကူအညီ လက်လှမ်းမမီသောကဏ္ဍများတွင် ဒေသခံပြည်သူလူထုကို တတ်နိုင်သမျှ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အကူအညီများ ပေးရန်ဆိုသည့် မူလရည်ရွယ်ချက်လုပ်ငန်းရပ်များကို စေတနာမှန်မှန်ဖြင့် ဆောင်ရွက်ရန်လိုအပ်သည်။ သို့ရာတွင် အချို့သော လူမှုကယ်ဆယ်ရေးအဖွဲ့များသည် မူလရည်ရွယ်ချက်မှ သွေဖည်ဆောင်ရွက်ခဲ့ကြ သည်ကိုတွေ့ခဲ့ရ သည်။ ယင်းအဖွဲ့အစည်းများသည်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးသော အဖွဲ့အစည်းများဖြစ်သည်ဟုဆို သော်လည်း အချို့သောအဖွဲ့အစည်းများမှာ နိုင်ငံရေး၊ လူမှုရေးနယ်ပယ် များအထိပါဝင်ပြီး ဝင်ရောက်ဆောင်ရွက်လျက်ရှိခဲ့ကြသည်။

ဤအဖွဲ့အစည်းများသည် မည်သည့်နိုင်ငံ အစိုးရများကမှ ဖွဲ့စည်းထားခြင်းမဟုတ်သဖြင့် NGO အဖွဲ့တစ်ဖွဲ့၏ ဆောင်ရွက်ချက်အပေါ် နိုင်ငံတစ်နိုင်ငံကို အပြစ်တင်၍မရသော်လည်း အဆိုပါအဖွဲ့အစည်း များ၏နောက်တွင် CIA, OIC ကဲ့သို့ လက်မည်းကြီးများ ပါဝင်ပတ်သက်နေသည်ကို တွေ့ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း NGO အမည်ခံ အဖွဲ့အစည်းအသီးသီးသည် မြန်မာနိုင်ငံ၏ လူမှုရေး(အလုပ်သမား၊ လယ်သမား၊ အမျိုးသမီးရေးရာ)နယ်ပယ်များ၊ ပညာရေးနယ်ပယ်များ၊ မီဒီယာနယ်ပယ်များ၊ ယုတ်စွအဆုံး လွှတ်တော်ကိုယ်စားလှယ်များ ပညာပေးရေးအဆုံး နယ်ပယ် အသီးသီးတွင် ဝင်ရောက် လျက်ရှိနေခဲ့သည်ကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။

အနောက်နိုင်ငံအများစုတို့သည် မြန်မာနိုင်ငံကို စေတနာထားသယောင်ယောင်လေသံပစ်ပြီး ပြည်ဖျက်လုပ်ငန်း လုပ်ကိုင်နေသူများကို နည်းမျိုးစုံဖြင့် ထောက်ပံ့မှုပြုနေသည်။ လူမှုကူညီရေးအဖွဲ့အစည်းများ (INGOs)များကိုအသုံး ချကာ ဝိနည်းရှောင်၍ အထောက်အပံ့အကူအညီများ ပေးအပ်နေခြင်းဖြစ်ရာ သတိထားအပ်သော အကူအညီများ ဖြစ်ကြသည်။ လက်မည်းကြီးများပါလာသော ပြည်ပအထောက်အပံ့ များကား တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မ ဟုတ်။ တိုင်းပြည်ကို မတည်မငြိမ်ဖြစ်စေကာ မြန်မာ နိုင်ငံကို ကျဆုံးနိုင်ငံဖြစ်စေရန် လုပ်ဆောင်နေခြင်း သာဖြစ်သည်။ မြန်မာနိုင်ငံအနောက်ဘက်ဒေသ ရခိုင် ပြည်နယ်တွင်ဖြစ်ပျက်ခဲ့သည့် (၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်)အရေးအခင်းများတွင် ပြည်ပအထောက်အပံ့ခံ INGOs များ ပါဝင်ပတ်သက်ခဲ့မှုကို အထောက်အထားများနှင့်ဖော်ထုတ်တင်ပြခဲ့ကြပြီး လည်းဖြစ် သည်။ ယင်းအထဲတွင် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ အစည်းများကလည်း အဓိကအခန်းမှပါဝင်ခဲ့ကြသည် ကိုတွေ့ခဲ့ရ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယခင် ရှိတ်ဟာစီနာအစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့ သူ Mr.A.K Abdul Moman က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရောက်ဘင်္ဂါလီများ ပြန်လည်လက်ခံရေးဆောင်ရွက်ရာတွင် ကြန့်ကြာနေရခြင်း အကြောင်းရင်းများကိုပြောကြားရာတွင် ယခုကဲ့သို့ကြန့်ကြာနေရခြင်းအကြောင်း ရင်းသည် UNHCR ကဲ့သို့ နိုင်ငံတကာ အဖွဲ့များ၏လက်ချက်ဖြစ်ကြောင်း၊ စီးပွားရေးအရ အသုံးချနေကြခြင်းဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်း သာမက ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည်စခန်းအားလုံးတွင်လည်း စီးပွားရေးအရလုပ်ဆောင်နေကြသည်မှာ အစဉ် အလာ တစ်ခုဖြစ်ကြောင်း၊ ဒုက္ခသည်များမရှိလျှင် အဆိုပါအဖွဲ့များအနေဖြင့် အလုပ်လက်မဲ့ဖြစ်သွား မည်ဖြစ်ကြောင်း (၂၀၂၄) ခုနှစ် မေလအတွင်းက ထုတ်ဖော်ပြောကြားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

ယခုတလော မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ပြည်တွင်းမတည်မငြိမ်မှုများကိုအကြောင်းပြုကာ လူသားချင်း စာနာထောက်ထားမှုလိုအပ်နေသော လူဦးရေမှာ တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားလာ နေကြောင်း ကုလသမဂ္ဂတွင် ပြောဆိုတင်ပြနေမှုများရှိနေသည်။ ထို့အတွက် အကူအညီအထောက်အပံ့များ လိုအပ်နေကြောင်းဖြင့်လည်း ပြောဆို တောင်းခံလျက် ရှိနေကြသည်။ ကမ္ဘာ့ကုလသမဂ္ဂ (UN)အဖွဲ့အစည်း ကြီး၏ လက်အောက်အဖွဲ့အစည်း များဖြစ်သည့် UNDP, UNHCR, UNICEF, WFP, FAO စသောအဖွဲ့အစည်းကြီးများ၏မူလရည်ရွယ်ချက်မှာ ကောင်းမွန်သည့် ရည်ရွယ်ချက်များရှိပြီးဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ သို့မဟုတ် စစ်ဘေးသင့်ဒေသများ သို့မဟုတ် သဘာဝဘေး အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရ သောဒေသများ၌ အစိုးရအကူအညီလက်လှမ်းမမီ သောကဏ္ဍများတွင် ဒေသခံပြည်သူလူထုကို တတ် နိုင်သမျှ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အကူအညီများပေးရန်ဆိုသည့် ရည်ရွယ်ချက်များရှိပြီး ဖြစ်သည်။ အဆိုပါ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အကူအညီပံ့ပိုးငွေများကို နိုင်ငံတကာအလှူရှင်နိုင်ငံများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက ထည့်ဝင်ပေးကြရန် တောင်းခံဆောင်ရွက်နေရသည်။

ကုလသမဂ္ဂအဖွဲ့အစည်းကြီးသည်ပင်လျှင် အဖွဲ့ဝင်နိုင်ငံများ၏ထည့်ဝင်ငွေများနှင့် ရပ်တည်နေရ သည့်အဖွဲ့ကြီး ဖြစ်သည်။ ထည့်ဝင်ငွေအများဆုံး ထည့်ဝင်ပေးသည့်နိုင်ငံများ၏ ဩဇာခံအဖွဲ့အစည်း ကြီးတစ်ခုအဖြစ်လည်း တစ်နေ့ထက်တစ်နေ့ ရောက် ရှိနေပြီလောဟုလည်း သံသယဖြစ်ဖွယ်များကို တစ် နေ့တခြားတွေ့မြင်လာနေရသည်။

ကမ္ဘာ့ကုလသမဂ္ဂ(UN)အဖွဲ့အစည်းကြီး၏ လက်အောက်အဖွဲ့အစည်းများဖြစ်သည့် UNDP, UNHCR, UNICEF, WFP, FAO စသော အဖွဲ့ အစည်းကြီးများအနေဖြင့် ၎င်းတို့အဖွဲ့ကြီး အမြဲရပ် တည်နိုင်ရန် ထောက်ပံ့ကူညီမှုကိုရနေရန် လိုအပ်သည်။ ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအန္တရာယ် များဖြစ်ပွားနေမှ၊ စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေမှ၊ အဆိုပါ အဖြစ်များကိုအကြောင်းပြုကာ လူသားချင်း စာနာမှုအကူအညီပေးရေးခေါင်းစဉ်ဖြင့် အလှူငွေများ တောင်းဆိုနိုင်သည်။ အကူအညီအထောက်အပံ့အမြောက်အမြားရရှိနိုင်ရန်လည်း ပြဿနာများကို ပုံကြီးချဲ့ပြောဆိုလေ့ရှိတတ်ကြသည်။

ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းများသည်ဘေးဒုက္ခဖြစ်ပွားရာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရနှင့် နားလည်မှုစာခွန်လွှာ(MOU)ရေးထိုးထား ကြရသည်။ နားလည်မှုစာချွန် လွှာရေးထိုးပြီးမှသာ ၎င်းတို့လုပ်ဆောင်မည့်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြု ပေးထားခြင်းဖြစ်သည်။ နားလည်မှုစာချွန် လွှာတွင် ဆောင်ရွက်မည့်ဒေသ၊ ဆောင်ရွက်မည့်အချိန်ကာ လ၊ ဆောင်ရွက်ပေးမည့်လုပ်ငန်း စသည်တို့ပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့(UN)အဖွဲ့အစည်းကြီး၏ လက်အောက်ခံအဖွဲ့အစည်းများဖြစ်သည့် UNHCR, UNDP စသည့်အဖွဲ့ များသည် ၎င်းတို့၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၎င်းတို့ကိုယ်တိုင်ဆောင်ရွက်ခြင်း ဆိုသည်ထက် လက်ခွဲအဖွဲ့ အစည်းငယ်များကို လက်အောက်ခံထားပြီး ဆောင်ရွက်လေ့ရှိနေကြသည်။ အဆိုပါအဖွဲ့များအနေဖြင့် ကုလသမဂ္ဂ ခေါင်းစဉ် အောက်မှ လှုပ်ရှားခွင့်ရနေကြသည်။

UNHCR, UNDP များ၏ လုပ်ငန်းနယ်ပယ်များ
နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းများ (International non Governmental Organiza­tions))အနေဖြင့် ၎င်းတို့၏ လုပ်ငန်းအသီးသီးကို ဆောင်ရွက်နိုင်ရန် နိုင်ငံတကာရှိအလှူရှင်များထံမှ အထောက်အပံ့အလှူငွေများ တောင်းခံဆောင်ရွက် နေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံကား နိုင်ငံတကာ လူမှုကူညီရေးအဖွဲ့အစည်းများ (INGOs)များ အတွက် စားကျက်ကောင်းရှိသောနေရာတစ်ခုဖြစ်နေသည်။ နိုင်ငံရေးမတည်မငြိမ်မှုနှင့် လက်နက်ကိုင်ပဋိ ပက္ခများရှိ နေမှုက ၎င်းတို့၏ အကူအညီအထောက် အပံ့များတောင်းခံနိုင်သည့် အကြောင်းပြချက်ကောင်း များရှိနေသည့်နေရာ တစ်ခု ဖြစ်နေခြင်းကြောင့်လည်း ဖြစ်သည်။ INGOs အဖွဲ့အစည်းများသည် မိမိတို့ အဖွဲ့အစည်းကိုအထောက် အပံ့ပေး နေသော အဖွဲ့အစည်းများ၊ နိုင်ငံများ၏ နှောင်ကြိုးမှမလွတ်သောအဖွဲ့ များဖြစ်ကြသည်။ အထောက်အပံ့ပေးနေသော နိုင်ငံများ၊ အဖွဲ့အစည်းများ၏အလိုကျ လုပ်ကိုင်ဆောင်ရွက် ပေးနေရသည့်အဖွဲ့အစည်းများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လိုသောနိုင်ငံများအဖို့ NGO အဖွဲ့များကို ထောက်ပံ့ပေးပြီး မိမိတို့ ပိုင်ရာ၊ ဆိုင်ရာဝန်ထမ်းများကို ထည့်သွင်းပေးလိုက်ကြသည်။ မြန်မာနိုင်ငံသို့ လာရောက်တာဝန်ယူထမ်း ဆောင်ကြသည့် NGOs များ၏ အဖွဲ့အစည်းအကြီးအကဲများမှာ နိုင်ငံခြားသား များသာဖြစ်ပြီး ၎င်းတို့သည် မူလတာဝန် များအပြင်အခြားတာဝန်များပါ ပူးတွဲပါဝင်လာကြသည်ကိုတွေ့ရသည်။ အထူးသဖြင့် ဒေသခံဝန်ထမ်းအချင်းချင်း ကိုသွေးခွဲစည်းရုံးမှုများရှိတတ်သလို၊ NGO တာဝန်များ ကိုအကြောင်းပြပြီး သွားရောက်ရာနေရာဒေသအသီးသီးမှ သတင်းများကိုရယူစုဆောင်းကာ မိမိကိုတာဝန်ပေးလိုက်သည့်နိုင်ငံများသို့ သတင်းပေးပို့မှု စသည့် သူလျှို လုပ်ငန်းများ ကိုပင်ပြုလုပ်နေကြသည်ကိုတွေ့ရသည်။

INGO အဖွဲ့များ၏လုပ်ငန်းတာဝန်ထမ်းဆောင်မှုကာလမှာလည်း အချိန်အမျိုးမျိုးရှိသည်။အချို့လုပ်ငန်းများမှာ (၃ လ မှ ၆ လ)စသည်ဖြင့်ရှိ တတ်ပြီး သတ်မှတ်ကာလကုန်ဆုံးတိုင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန် တင်ပြ တောင်းဆိုကြရသည်။ ထို့ကြောင့် ၎င်းတို့လုပ်ငန်းရပ်များ ဆက်လက်လည်ပတ်ခွင့်ရရန်၊ ၎င်းတို့လုပ်ငန်း ခွင်တည်မြဲ ရေးအတွက် ၎င်းတို့အနေဖြင့် ပဋိပက္ခပြဿနာများ သက်ဆိုးရှည်စေလိုကြသည်။ မတည်မငြိမ်မှုများ ဖြစ်ပွားနေမှ INGOs များ ပြည်တွင်း၌ ဆက်လက်ရပ်တည် လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့၊ အထောက်အပံ့ပေးသော အဖွဲ့အစည်း များ၊ နိုင်ငံများကလည်း အကြောင်းပြချက်ခိုင်ခိုင်လုံလုံဖြင့် မိမိတို့၏သူလျှိုဒလန်များကို ပြည်တွင်း၌ ကာလရှည်ကြာ ထားရှိနိုင်မည်ဖြစ် ခြင်းကြောင့်ဖြစ်သည်။

လက်တွေ့အတွေ့အကြုံ
မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်နေသော NGO အနက် အချို့အဖွဲ့အစည်းများသည် (၂၀၁၅)ခုနှစ် နောက် ပိုင်းတွင် လွှတ်တော်ဆိုင်ရာ ပညာပေးလုပ်ငန်းများ(ဆွေးနွေးပွဲများဟုသုံးသည်)၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ မီဒီယာ နယ်ပယ်များတွင်ပါ ပါဝင်လာခဲ့ကြသည်။ သတင်းနှင့်ပတ်သက်သော ကျောင်းများ ထူထောင်ပေးခြင်း၊ ဆွေးနွေးပွဲများ လုပ်ပေးခြင်း(အမှန်မှာ အချိန်ပိုင်းသင်တန်းပို့ချပေးခြင်း) စသည်များဖြစ်ကာ ၎င်းတို့လိုလားသောအတွေးအခေါ်များကို မသိမသာရိုက်သွင်းပေခဲ့ကြသည်။

(၂၀၂၀)ပြည့်နှစ်ရွေးကောက်ပွဲကာလတွင် လည်း ရွေးကောက်ပွဲအထောက်အကူပြုသင်တန်းများပေးခြင်း၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့အားတွေ့ဆုံကာ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် စပွန်ဆာပေးဆောင် ရွက်ခြင်း၊ ကွန်ပျူတာကဲ့သို့ ရွေးကောက်ပွဲအထောက် အကူပြုပစ္စည်းများပေးအပ်ခြင်း၊ ယုတ်စွ အဆုံး ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဆိုသည်များကို စပွန်ဆာ ပေးဆောင်ရွက်စေပြီး ၎င်းတို့လို လားသောရွေး ကောက် ပွဲဆိုင်ရာအသံကိုထွက်စေခြင်းဖြင့် ၎င်းတို့လိုလား သည့်ပါတီအနိုင်ရသည့်အခါ ရွေးကောက်ပွဲတရားသည်ဟု ထောက်ခံ ပြောကြားစေသည်များကို လုပ် ဆောင်ခြင်းပင်ဖြစ်သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် အချို့သော နိုင်ငံရေး၊ ဘာသာရေးအဖွဲ့အစည်းများသည် INGO အရေခြုံပြီး ၎င်းတို့ရောက်ရှိအခြေစိုက်ခွင့်ရရှိသည့် ဒေသများတွင် နိုင်ငံရေး၊ ဘာသာရေး စသည်များကို ဘက်လိုက်ကူညီခြင်းဖြင့် ဝင်ရောက်စွက်ဖက်မှု၊ လှုံ့ဆော်မှုများရှိနေခဲ့ကြသည်။ ဤဖြစ်ရပ်ကို ရခိုင်ပြည် နယ်မြောက်ပိုင်းဖြစ်စဉ်တွင် အထင်အရှားတွေ့မြင်ခဲ့ရပြီးဖြစ်သည်။

ဤကြောင်းအရာနှင့်ပတ်သက်၍ (၂၀၁၂)ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းရေးကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်ပါ ဝင်ခဲ့ပြီး ရခိုင်ပြည်နယ်သို့ လာရောက်စုံစမ်းရာ၌ပါခဲ့သူ ဒေါက်တာ ရင်ရင်နွယ်က ရခိုင်ပြည်နယ်တွင် တာဝန်ယူ နေကြသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများအနက် UNHCR နှင့် WFP စသည့် အဖွဲ့အစည်းများသည် လူသားချင်း စာနာထောက် ထားခြင်းအကူအညီများပေးနေသော်လည်း အဆိုပါ အဖွဲ့အစည်းများအနေဖြင့် မမျှတသည့်အကူအညီ များကိုသာပေးနေပြီး ဘင်္ဂါလီအဖွဲ့အစည်းများကို ပြည်ပအခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးလေ့ ရှိကြောင်း (၂၀၁၇)ခုနှစ် စက်တင်ဘာလ (၁၀) ရက် ကထုတ်ပြောခဲ့သည်။

အမှန်ပြောနိုင်သည်မှာ ရခိုင်ပြည်နယ်သို့ ရောက်ရှိလုပ်ငန်းဆောင်ရွက်နေကြသော၊ လုပ်ကိုင်ခဲ့ကြသော NGOs အဖွဲ့အစည်းတော်တော်များများမှာ ရခိုင်ပြည်နယ်တစ်ခုလုံးအတွက်မဟုတ်သည့်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်အနောက်ခြမ်း ဒေသတွင်ရှိနေ သည့် ဘင်္ဂါလီကျေး ရွာများ(ရခိုင်ကျေးရွာ များမပါ) ကိုသာ ဦးစားပေးကူညီထောက်ပံ့ပေးခဲ့ခြင်းကို တွေ့ခဲ့ရသည်။ ပစ္စည်းပစ္စယဝေငှထောက်ပံ့ခြင်းမှအစ ရုံးတွင်းအလုပ်အကိုင်များခန့်ထားရာ၌ပါ ဘင်္ဂါလီများကိုသာ ဦးစားပေးခန့်အပ်ခြင်း၊ ရာထူးကြီးနေရာများ၌ ဘင်္ဂါလီများ ကိုခန့်ထားပေးပြီး ရာထူးငယ်နေရာများတွင် တိုင်းရင်းသားရခိုင်လူမျိုးများကိုခန့်ထားကာ ရခိုင်တိုင်းရင်းသားများ သိမ်ငယ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြသည်။

ထို့ပြင် ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါ လီများအကြား ယုံကြည်မှုပျက်ပြားစေရန်ဆောင်ရွက် မှုများ၊ INGOs အဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့်ဘင်္ဂါလီဝန်ထမ်းများမှတစ်ဆင့် တစ်ဖက်သတ်အမြင်ရှိသည့် အကြောင်း အချက်များကိုရယူ၍ မမှန်သတင်းများကို နိုင်ငံတကာသို့ဖြန့်ဝေပေးပို့ခဲ့ပြီး ရခိုင်ပြည်နယ်ပဋိပက္ခကိုချဲ့ကားကာ မီးလောင်ရာလေပင့် လုပ်ဆောင်ခဲ့သည်များကိုတွေ့ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကာလများ (၂၀၁၂-၂၀၁၇)အတွင်း ဘင်္ဂါလီ အကြမ်းဖက် သောင်းကျန်းသူများထံမှ INGOs အဖွဲ့ အစည်းများသာ အသုံးပြုခွင့်ရထားသော ကြားခံစက် များထားရှိဆက်သွယ်ရသည့် စကားပြောဆက်သွယ် ရေးစက်များ ဖမ်းဆီးရမိခြင်းများရှိခဲ့သကဲ့သို့ အကြမ်းဖက်ဘင်္ဂါလီသောင်း ကျန်းသူစခန်းများမှ လည်း UN­H­CR နှင့် အမှတ်တံဆိပ်ပါ ထောက်ပံ့ပစ္စည်းများတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ INGO အဖွဲ့ အစည်း အချို့ဆိုလျှင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်နေသည့်အကြောင်းအရာများကို မမှန်သတင်းအဖြစ်ပုံဖော်ပြီး နိုင်ငံ တကာသို့ဖြန့်ဝေသတင်းပေးပို့ကာ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင်လုပ် ဆောင်ခဲ့သည်ကိုတွေ့ရှိခဲ့ရသဖြင့် ယင်းအဖွဲ့၏လှုပ် ရှားမှုများကို အစိုးရအဖွဲ့က ကိုင်တွယ်ထိန်းချုပ်ရပ်နား စေခဲ့ရသည်။ INGO အဖွဲ့အချို့၏ ဆောင်ရွက် မှုများသည် ဒေသတွင်းပဋိပက္ခကိုဆိုးရွားစေခဲ့ကြောင်း ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးအခင်းက ပြသနေခြင်းပင်ဖြစ်သည်။

ရခိုင်ပြည်နယ်သို့ INGOs အဖွဲ့အစည်းများ အုံနှင့်ကျင်းနှင့်ဝင်လာခဲ့သည်မှာ (၂၀၁၂) ခုနှစ်မှ စတင်ခဲ့သည်။ INGO များဝင်ရောက်လာပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေသည် ပိုမိုဆိုးရွားလာခဲ့ပြီး (၂၀၁၇)ခုနှစ်အရေး အခင်းသည် ICC ရောက်သည်အထိဖြစ်ပျက်ခဲ့ရသည်။ ဤသည်မှာ INGOs များ၏ ကြားဝင်လှုပ်ရှားခဲ့မှု၊ လှုံ့ဆော်ခဲ့မှုများ ကြောင့်ဖြစ်သည်။ နိုင်ငံတကာတွင် ယခုကဲ့သို့ ပဋိပက္ခများ မငြိမ်မသက်မှုများဖြစ်နေပြီး ဒုက္ခသည်များတိုးမြင့်လာနေမှ လည်း ၎င်းတို့၏ လူသား ချင်းကူညီထောက်ပံ့မှုခေါင်းစဉ်အောက်မှ INGO အရေခြုံဝင်ရောက်စွက်ဖက်မှုလုပ်ငန်းများကို ဆက်လုပ် နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံအနောက်ခြမ်းဒေသကို ကောင်းစွာ အသုံးချလုပ်စားသွားခဲ့သည်ကိုတွေ့မြင်နိုင်သည်။

ကမ္ဘာ့ကုလသမဂ္ဂ(UN)အဖွဲ့အစည်းကြီး၏ လက်အောက်အဖွဲ့အစည်းများဖြစ်သည့် UNDP, UNHCR, UNICEF, WFP, FAO စသော အဖွဲ့အစည်းကြီးများ၊ ယင်းအဖွဲ့အစည်းကြီးများ၏ခေါင်းစဉ်အောက်မှပါဝင် လှုပ်ရှားနေကြသော နိုင်ငံတကာလူမှုကူညီရေးအဖွဲ့အစည်းများ(Internati­onal non Governmental Organizations) အချို့အနေဖြင့် ၎င်းတို့၏လုပ်ငန်းအသီးသီးကို မှန် မှန်ကန်ကန်ဆောင်ရွက်နေကြသည်များရှိနေကြ သည်။ ဆင်းရဲဒုက္ခများ တွေ့ကြုံ၊ ဆင်းရဲဒုက္ခရောက် နေသူများ၏ မျက်ရည်စများကိုသုတ်ပေးပြီး ယင်းတို့ ၏ဘဝလုံခြုံမှုကို အထောက်အကူပြုနေသည့် အဖွဲ့အစည်းများဖြစ်၍ ယင်းအဖွဲ့အစည်းများ၏ဆောင် ရွက်ချက်များမှာ မဖြူစင်သောဆောင်ရွက်ချက်များ လည်းဖြစ် သည်။

သို့ရာတွင် အချို့နိုင်ငံများသည် ဒေသတွင်းမတည်မငြိမ်ဖြစ်စေရေး၊ တိုင်းရင်းသားပြည်သူများ စည်းလုံး ညီညွတ်မှုပျက်ပြားကာ အင်အားချည့် နဲ့စေရေး စသည်များကိုဆောင်ရွက်လျက်ရှိပြီး နိုင်ငံအပေါ် အကြောင်း အရာတစ်မျိုးမျိုးဖြင့် ဩဇာလွှမ်းမိုး ချုပ်ကိုင်နိုင်ရေးကိုဆောင်ရွက်နေကြသည့်နိုင်ငံများ ရှိနေကြသည်။ ဤသို့ လွှမ်းမိုး ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါနိုင်ငံများ၏ နောက်ဆုံးပေါ်နည်းလမ်းမှာ လူသားချင်းစာနာမှုအကြောင်းပြချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် INGOs များကိုအသုံးချလာ ခြင်းပင်ဖြစ်သည်။

အဆိုပါလုပ်ရပ်များဖြင့် နိုင်ငံတကာ လူမှု ကူညီရေးအဖွဲ့အစည်းများ(International non Governmental Organizations) ၏ ဖြူစင်မွန်မြတ်သော စိတ်စေတနာကိုအိုးမဲသုတ်နေကြသည်။ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် INGO အရေခြုံလှုပ်ရှား ဆောင်ရွက်နေကြသည်။ မိမိတို့အဖွဲ့ ထာဝစဉ်ရပ် တည်နိုင်ရေးအတွက် ကမ္ဘာသူကမ္ဘာသားတို့၏မျက် ရည်များ၊ သွေးများ၊ အသက်များကိုအသုံးချကာ လှုပ်ရှားမှုတိုင်းတွင် မရိုးသားဘဲ သပ်ဝင်၊ သွေးခွဲ၊ ရန်တိုက်ပေးနေကြသည်။

တည်ငြိမ်မှု ပျက်ပြားနေသော၊ လက်နက် ကိုင်ပဋိပက္ခများဖြစ်ပွားနေသော ကမ္ဘာ့နိုင်ငံအသီး သီးတွင် NGO အမည်ခံ အရေခြုံအဖွဲ့အစည်းများ ရှိနေတတ်ကြသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက် မှုနိမ့်ပါးကာ အချင်းချင်းမညီ မညွတ်ဖြစ်နေကြသည့် အပြင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အကြောင်း ပြချက်များဖြင့် ပြည့်နှက်နေသောနိုင်ငံ အဖို့ကား ယင်းအဖွဲ့အစည်းများ ရေရှည်ရှင်သန်စေနိုင်သည့်နေရာတစ်ခုပင်ဖြစ်နေလေရာ သတိထားရမည်ပင်ဖြစ် ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။

zawgyi version
အက်င့္ပ်က္ လုပ္စား INGO မ်ား
ကြၽန္းသားငမန္း (NP News) - ဒီဇင္ဘာ ၂၆

ႏိုင္ငံတကာလူမႈကူညီေရးအဖြဲ႕အစည္းမ်ား(International non Governmental Org­anizations) ၏ လုပ္ေဆာင္မႈအခ်ိဳ႕ကို မေျပာခ်င္ေသာ္လည္းေျပာရေပဦးမည္။ ျမန္မာႏိုင္ငံတြင္ျဖစ္ ပ်က္ေနေသာ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡမ်ားႏွင့္ပတ္သက္၍ INGOs အဖြဲ႕မ်ားႏွင့္ ကုလသမဂၢ လက္ေအာက္ရွိအဖြဲ႕အစည္းမ်ားသည္ လူသားခ်င္းစာ နာမႈအေၾကာင္းျပေပးအပ္ေသာ ေထာက္ပံ့ေငြမ်ားျဖင့္ ဖြဲ႕စည္းထားသည့္ INGOs မ်ားကိုအသုံးခ်၍ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္လ်က္ရွိေနၾကသည္ကို သတိထားၾကရန္လိုသည္။

ျမန္မာႏိုင္ငံအေရးကို ဝင္ေရာက္စြက္ဖက္ လိုေသာႏိုင္ငံႀကီးမ်ားကလည္း ေထာက္ပံ့ေၾကးေပးရန္ လိုလိုလား လားရွိေနၾကမည္။ INGOs မ်ားကိုအသုံးခ်၍ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္းမွာ သိုသိုသိပ္သိပ္လုပ္ႏိုင္ ကိုင္ႏိုင္လွ်င္ ဝင္ေရာက္စြက္ ဖက္ျခင္းကိုမသိႏိုင္ေသာ လုပ္ရပ္လည္းျဖစ္သည္။

NGO မ်ားႏွင့္ပတ္သက္၍ စီးပြားေရးလုပ္ ငန္းမ်ားဆိုင္ရာ ႏိုင္ငံတကာ NGOs မ်ား (BINGO, Business- oriented International)၊ လူထုအေျချပဳ လူ႔အဖြဲ႕အစည္းဆိုင္ရာ NGO မ်ား (CSO, Civil Society Organization)၊ အလႉရွင္မ်ားကို စည္း႐ုံးဖြဲ႕စည္းထားေသာ NGO မ်ား (DONGO, Donor Organization)၊ ပတ္ဝန္းက်င္ထိန္းသိမ္း ေရးဆိုင္ရာ NGO မ်ား (ENGO, Environmental Organization) နည္းပညာအေထာက္အကူျပဳ NGO မ်ား (TANGO ,Technical Assistance Organization) စသည္ျဖင့္ အမ်ိဳးမ်ိဳးျဖင့္ လုပ္ကိုင္ ေဆာင္႐ြက္ေနၾကျခင္းျဖစ္သည္။

ယခုအခါ ကုလသမဂၢမွ အသိအမွတ္ျပဳ ထားေသာ ႏိုင္ငံတကာႏွင့္ ႏိုင္ငံခ်င္းအလိုက္ဖြဲ႕စည္း ေဆာင္႐ြက္ေန ေသာ NGO အဖြဲ႕ေပါင္း (၂၀ဝဝ) ေက်ာ္ရွိေၾကာင္းသိရသည္။ ႏိုင္ငံတကာအဆင့္ သီးျခားလႈပ္ရွားေဆာင္႐ြက္ေနေသာ NGO မ်ားမွာ ေလးေသာင္းခန႔္ႏွင့္ ႏိုင္ငံအလိုက္ ဖြဲ႕စည္းေဆာင္႐ြက္ေနေသာ NGO မ်ားမွာ မေရမတြက္ႏိုင္ေအာင္ပင္ရွိ ေၾကာင္းလည္းသိရသည္။ ျမန္မာႏိုင္ငံတြင္လည္း လူသားခ်င္းဆိုင္ရာလူမႈေရးအကူအညီမ်ားေပးေနပါ သည္ဆိုေသာအဖြဲ႕ အစည္းမ်ားမွာ INGO FORUM MYANMAR ၏အဖြဲ႕ဝင္စာရင္းအရ (၈၉)ဖြဲ႕ရွိခဲ့ေၾကာင္းသိရသည္။

ယင္းအဖြဲ႕မ်ားအနက္ ထင္ရွားေသာအဖြဲ႕ အစည္းအခ်ိဳ႕မွာ CARE, Malteser International, ECHO, Danish Refugee Concil, Solidarities National, CDN, Action Contrela Faim, MSF, USAID, MSF (Medicins Sans Frontieres), Insan Hakve Hurriyetleri, IRW (Islamic Relief Worldwide), AMI, AZG, MRCS, CSSEF စသည္မ်ား ျဖစ္ၾကသည္။ အဆိုပါအဖြဲ႕အစည္းမ်ားသည္ လူသားခ်င္းဆိုင္ရာ ကိုယ္ခ်င္းစာနာမႈ အကူအညီေပးေရးေခါင္းစဥ္မ်ား ျပကာ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္ေဆာင္႐ြက္ခဲ့ၾကျခင္းျဖစ္သည္။ INGO FORUM MYANMAR အဖြဲ႕ဝင္ထားေသာအဖြဲ႕ မွာ (၈၉)ဖြဲ႕သာဆိုေသာ္လည္း အဖြဲ႕ဝင္မဟုတ္ေသာ အဖြဲ႕မ်ားလည္းရွိႏိုင္ေသးေၾကာင္းျဖင့္ဆိုသည္။ ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္လုပ္ငန္းခြင့္ရရွိထားေသာ ႏိုင္ငံ တကာ လူမႈကူညီေရးအဖြဲ႕အစည္းမ်ား (Internati­onal non Governmental Organizations)မ်ား ျဖစ္သည့္ UN ႏွင့္လက္ေအာက္အဖြဲ႕အစည္းမ်ားျဖစ္ ေသာ UNDP, UNHCR, UNICEF, WFP, FAO စသည့္ အဖြဲ႕ႀကီးမ်ားအပါအဝင္ အျခားအဖြဲ႕အစည္း မ်ားသည္ မူလရည္႐ြယ္ခ်က္ျဖစ္ေသာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံ မ်ား သို႔မဟုတ္ စစ္ေဘးသင့္ေဒသမ်ား သို႔မဟုတ္ သဘာဝေဘးအႏၲရာယ္ႏွင့္ ရင္ဆိုင္ခဲ့ရေသာေဒသမ်ား အနက္ အစိုးရအကူအညီ လက္လွမ္းမမီေသာက႑မ်ားတြင္ ေဒသခံျပည္သူလူထုကို တတ္ႏိုင္သမွ် လူမႈေရး၊ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး အကူအညီမ်ား ေပးရန္ဆိုသည့္ မူလရည္႐ြယ္ခ်က္လုပ္ငန္းရပ္မ်ားကို ေစတနာမွန္မွန္ျဖင့္ ေဆာင္႐ြက္ရန္လိုအပ္သည္။ သို႔ရာတြင္ အခ်ိဳ႕ေသာ လူမႈကယ္ဆယ္ေရးအဖြဲ႕မ်ားသည္ မူလရည္႐ြယ္ခ်က္မွ ေသြဖည္ေဆာင္႐ြက္ခဲ့ၾက သည္ကိုေတြ႕ခဲ့ရ သည္။ ယင္းအဖြဲ႕အစည္းမ်ားသည္လူသားခ်င္းစာနာမႈဆိုင္ရာအကူအညီမ်ားေပးေသာ အဖြဲ႕အစည္းမ်ားျဖစ္သည္ဟုဆို ေသာ္လည္း အခ်ိဳ႕ေသာအဖြဲ႕အစည္းမ်ားမွာ ႏိုင္ငံေရး၊ လူမႈေရးနယ္ပယ္ မ်ားအထိပါဝင္ၿပီး ဝင္ေရာက္ေဆာင္႐ြက္လ်က္ရွိခဲ့ၾကသည္။

ဤအဖြဲ႕အစည္းမ်ားသည္ မည္သည့္ႏိုင္ငံ အစိုးရမ်ားကမွ ဖြဲ႕စည္းထားျခင္းမဟုတ္သျဖင့္ NGO အဖြဲ႕တစ္ဖြဲ႕၏ ေဆာင္႐ြက္ခ်က္အေပၚ ႏိုင္ငံတစ္ႏိုင္ငံကို အျပစ္တင္၍မရေသာ္လည္း အဆိုပါအဖြဲ႕အစည္း မ်ား၏ေနာက္တြင္ CIA, OIC ကဲ့သို႔ လက္မည္းႀကီးမ်ား ပါဝင္ပတ္သက္ေနသည္ကို ေတြ႕ၾကရမည္ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္လည္း NGO အမည္ခံ အဖြဲ႕အစည္းအသီးသီးသည္ ျမန္မာႏိုင္ငံ၏ လူမႈေရး(အလုပ္သမား၊ လယ္သမား၊ အမ်ိဳးသမီးေရးရာ)နယ္ပယ္မ်ား၊ ပညာေရးနယ္ပယ္မ်ား၊ မီဒီယာနယ္ပယ္မ်ား၊ ယုတ္စြအဆုံး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပညာေပးေရးအဆုံး နယ္ပယ္ အသီးသီးတြင္ ဝင္ေရာက္ လ်က္ရွိေနခဲ့သည္ကို ေတြ႕ျမင္ခဲ့ရၿပီးျဖစ္သည္။

အေနာက္ႏိုင္ငံအမ်ားစုတို႔သည္ ျမန္မာႏိုင္ငံကို ေစတနာထားသေယာင္ေယာင္ေလသံပစ္ၿပီး ျပည္ဖ်က္လုပ္ငန္း လုပ္ကိုင္ေနသူမ်ားကို နည္းမ်ိဳးစုံျဖင့္ ေထာက္ပံ့မႈျပဳေနသည္။ လူမႈကူညီေရးအဖြဲ႕အစည္းမ်ား (INGOs)မ်ားကိုအသုံး ခ်ကာ ဝိနည္းေရွာင္၍ အေထာက္အပံ့အကူအညီမ်ား ေပးအပ္ေနျခင္းျဖစ္ရာ သတိထားအပ္ေသာ အကူအညီမ်ား ျဖစ္ၾကသည္။ လက္မည္းႀကီးမ်ားပါလာေသာ ျပည္ပအေထာက္အပံ့ မ်ားကား တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္မ ဟုတ္။ တိုင္းျပည္ကို မတည္မၿငိမ္ျဖစ္ေစကာ ျမန္မာ ႏိုင္ငံကို က်ဆုံးႏိုင္ငံျဖစ္ေစရန္ လုပ္ေဆာင္ေနျခင္း သာျဖစ္သည္။ ျမန္မာႏိုင္ငံအေနာက္ဘက္ေဒသ ရခိုင္ ျပည္နယ္တြင္ျဖစ္ပ်က္ခဲ့သည့္ (၂၀၁၂ ခုႏွစ္မွ ၂၀၁၇ ခုႏွစ္)အေရးအခင္းမ်ားတြင္ ျပည္ပအေထာက္အပံ့ခံ INGOs မ်ား ပါဝင္ပတ္သက္ခဲ့မႈကို အေထာက္အထားမ်ားႏွင့္ေဖာ္ထုတ္တင္ျပခဲ့ၾကၿပီး လည္းျဖစ္ သည္။ ယင္းအထဲတြင္ ကုလသမဂၢလက္ေအာက္ခံအဖြဲ႕ အစည္းမ်ားကလည္း အဓိကအခန္းမွပါဝင္ခဲ့ၾကသည္ ကိုေတြ႕ခဲ့ရ သည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ယခင္ ရွိတ္ဟာစီနာအစိုးရလက္ထက္ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္ခဲ့ သူ Mr.A.K Abdul Moman က ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေရာက္ဘဂၤါလီမ်ား ျပန္လည္လက္ခံေရးေဆာင္႐ြက္ရာတြင္ ၾကန႔္ၾကာေနရျခင္း အေၾကာင္းရင္းမ်ားကိုေျပာၾကားရာတြင္ ယခုကဲ့သို႔ၾကန႔္ၾကာေနရျခင္းအေၾကာင္း ရင္းသည္ UNHCR ကဲ့သို႔ ႏိုင္ငံတကာ အဖြဲ႕မ်ား၏လက္ခ်က္ျဖစ္ေၾကာင္း၊ စီးပြားေရးအရ အသုံးခ်ေနၾကျခင္းျဖစ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္း သာမက ကမာၻတစ္ဝန္းရွိ ဒုကၡသည္စခန္းအားလုံးတြင္လည္း စီးပြားေရးအရလုပ္ေဆာင္ေနၾကသည္မွာ အစဥ္ အလာ တစ္ခုျဖစ္ေၾကာင္း၊ ဒုကၡသည္မ်ားမရွိလွ်င္ အဆိုပါအဖြဲ႕မ်ားအေနျဖင့္ အလုပ္လက္မဲ့ျဖစ္သြား မည္ျဖစ္ေၾကာင္း (၂၀၂၄) ခုႏွစ္ ေမလအတြင္းက ထုတ္ေဖာ္ေျပာၾကားခဲ့သည္ကိုလည္း ေတြ႕ခဲ့ရသည္။

ယခုတေလာ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္ ျပည္တြင္းမတည္မၿငိမ္မႈမ်ားကိုအေၾကာင္းျပဳကာ လူသားခ်င္း စာနာေထာက္ထားမႈလိုအပ္ေနေသာ လူဦးေရမွာ တစ္ေန႔ထက္တစ္ေန႔ တိုးပြားမ်ားျပားလာ ေနေၾကာင္း ကုလသမဂၢတြင္ ေျပာဆိုတင္ျပေနမႈမ်ားရွိေနသည္။ ထို႔အတြက္ အကူအညီအေထာက္အပံ့မ်ား လိုအပ္ေနေၾကာင္းျဖင့္လည္း ေျပာဆို ေတာင္းခံလ်က္ ရွိေနၾကသည္။ ကမာၻ႔ကုလသမဂၢ (UN)အဖြဲ႕အစည္း ႀကီး၏ လက္ေအာက္အဖြဲ႕အစည္း မ်ားျဖစ္သည့္ UNDP, UNHCR, UNICEF, WFP, FAO စေသာအဖြဲ႕အစည္းႀကီးမ်ား၏မူလရည္႐ြယ္ခ်က္မွာ ေကာင္းမြန္သည့္ ရည္႐ြယ္ခ်က္မ်ားရွိၿပီးျဖစ္သည္။ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား သို႔မဟုတ္ စစ္ေဘးသင့္ေဒသမ်ား သို႔မဟုတ္ သဘာဝေဘး အႏၲရာယ္ႏွင့္ရင္ဆိုင္ခဲ့ရ ေသာေဒသမ်ား၌ အစိုးရအကူအညီလက္လွမ္းမမီ ေသာက႑မ်ားတြင္ ေဒသခံျပည္သူလူထုကို တတ္ ႏိုင္သမွ် လူမႈေရး၊ က်န္းမာေရး၊ ပညာေရး၊ စီးပြားေရး အကူအညီမ်ားေပးရန္ဆိုသည့္ ရည္႐ြယ္ခ်က္မ်ားရွိၿပီး ျဖစ္သည္။ အဆိုပါ လုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ရန္အတြက္ အကူအညီပံ့ပိုးေငြမ်ားကို ႏိုင္ငံတကာအလႉရွင္ႏိုင္ငံမ်ား၊ အဖြဲ႕အစည္းမ်ား၊ လူပုဂၢိဳလ္မ်ားက ထည့္ဝင္ေပးၾကရန္ ေတာင္းခံေဆာင္႐ြက္ေနရသည္။

ကုလသမဂၢအဖြဲ႕အစည္းႀကီးသည္ပင္လွ်င္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ထည့္ဝင္ေငြမ်ားႏွင့္ ရပ္တည္ေနရ သည့္အဖြဲ႕ႀကီး ျဖစ္သည္။ ထည့္ဝင္ေငြအမ်ားဆုံး ထည့္ဝင္ေပးသည့္ႏိုင္ငံမ်ား၏ ဩဇာခံအဖြဲ႕အစည္း ႀကီးတစ္ခုအျဖစ္လည္း တစ္ေန႔ထက္တစ္ေန႔ ေရာက္ ရွိေနၿပီေလာဟုလည္း သံသယျဖစ္ဖြယ္မ်ားကို တစ္ ေန႔တျခားေတြ႕ျမင္လာေနရသည္။

ကမာၻ႔ကုလသမဂၢ(UN)အဖြဲ႕အစည္းႀကီး၏ လက္ေအာက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ UNDP, UNHCR, UNICEF, WFP, FAO စေသာ အဖြဲ႕ အစည္းႀကီးမ်ားအေနျဖင့္ ၎တို႔အဖြဲ႕ႀကီး အၿမဲရပ္ တည္ႏိုင္ရန္ ေထာက္ပံ့ကူညီမႈကိုရေနရန္ လိုအပ္သည္။ ကမာၻတစ္ဝန္းတြင္ သဘာဝေဘးအႏၲရာယ္ မ်ားျဖစ္ပြားေနမွ၊ စစ္ေရးပဋိပကၡေတြျဖစ္ပြားေနမွ၊ အဆိုပါ အျဖစ္မ်ားကိုအေၾကာင္းျပဳကာ လူသားခ်င္း စာနာမႈအကူအညီေပးေရးေခါင္းစဥ္ျဖင့္ အလႉေငြမ်ား ေတာင္းဆိုႏိုင္သည္။ အကူအညီအေထာက္အပံ့အေျမာက္အျမားရရွိႏိုင္ရန္လည္း ျပႆနာမ်ားကို ပုံႀကီးခ်ဲ႕ေျပာဆိုေလ့ရွိတတ္ၾကသည္။

ကုလသမဂၢအပါအဝင္ အဖြဲ႕အစည္းမ်ားသည္ေဘးဒုကၡျဖစ္ပြားရာႏိုင္ငံတြင္ လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ အတြက္ သက္ဆိုင္ရာႏိုင္ငံမ်ား၏ အစိုးရႏွင့္ နားလည္မႈစာခြန္လႊာ(MOU)ေရးထိုးထား ၾကရသည္။ နားလည္မႈစာခြၽန္ လႊာေရးထိုးၿပီးမွသာ ၎တို႔လုပ္ေဆာင္မည့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ခြင့္ျပဳ ေပးထားျခင္းျဖစ္သည္။ နားလည္မႈစာခြၽန္ လႊာတြင္ ေဆာင္႐ြက္မည့္ေဒသ၊ ေဆာင္႐ြက္မည့္အခ်ိန္ကာ လ၊ ေဆာင္႐ြက္ေပးမည့္လုပ္ငန္း စသည္တို႔ပါသည္။ ကမာၻ႔ ကုလသမဂၢအဖြဲ႕(UN)အဖြဲ႕အစည္းႀကီး၏ လက္ေအာက္ခံအဖြဲ႕အစည္းမ်ားျဖစ္သည့္ UNHCR, UNDP စသည့္အဖြဲ႕ မ်ားသည္ ၎တို႔၏လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ၎တို႔ကိုယ္တိုင္ေဆာင္႐ြက္ျခင္း ဆိုသည္ထက္ လက္ခြဲအဖြဲ႕ အစည္းငယ္မ်ားကို လက္ေအာက္ခံထားၿပီး ေဆာင္႐ြက္ေလ့ရွိေနၾကသည္။ အဆိုပါအဖြဲ႕မ်ားအေနျဖင့္ ကုလသမဂၢ ေခါင္းစဥ္ ေအာက္မွ လႈပ္ရွားခြင့္ရေနၾကသည္။

UNHCR, UNDP မ်ား၏ လုပ္ငန္းနယ္ပယ္မ်ား
ႏိုင္ငံတကာလူမႈကူညီေရးအဖြဲ႕အစည္းမ်ား (International non Governmental Organiza­tions))အေနျဖင့္ ၎တို႔၏ လုပ္ငန္းအသီးသီးကို ေဆာင္႐ြက္ႏိုင္ရန္ ႏိုင္ငံတကာရွိအလႉရွင္မ်ားထံမွ အေထာက္အပံ့အလႉေငြမ်ား ေတာင္းခံေဆာင္႐ြက္ ေနၾကျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံကား ႏိုင္ငံတကာ လူမႈကူညီေရးအဖြဲ႕အစည္းမ်ား (INGOs)မ်ား အတြက္ စားက်က္ေကာင္းရွိေသာေနရာတစ္ခုျဖစ္ေနသည္။ ႏိုင္ငံေရးမတည္မၿငိမ္မႈႏွင့္ လက္နက္ကိုင္ပဋိ ပကၡမ်ားရွိ ေနမႈက ၎တို႔၏ အကူအညီအေထာက္ အပံ့မ်ားေတာင္းခံႏိုင္သည့္ အေၾကာင္းျပခ်က္ေကာင္း မ်ားရွိေနသည့္ေနရာ တစ္ခု ျဖစ္ေနျခင္းေၾကာင့္လည္း ျဖစ္သည္။ INGOs အဖြဲ႕အစည္းမ်ားသည္ မိမိတို႔ အဖြဲ႕အစည္းကိုအေထာက္ အပံ့ေပး ေနေသာ အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံမ်ား၏ ေႏွာင္ႀကိဳးမွမလြတ္ေသာအဖြဲ႕ မ်ားျဖစ္ၾကသည္။ အေထာက္အပံ့ေပးေနေသာ ႏိုင္ငံမ်ား၊ အဖြဲ႕အစည္းမ်ား၏အလိုက် လုပ္ကိုင္ေဆာင္႐ြက္ ေပးေနရသည့္အဖြဲ႕အစည္းမ်ား ျဖစ္ၾကသည္။ ျမန္မာႏိုင္ငံ၏ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္လိုေသာႏိုင္ငံမ်ားအဖို႔ NGO အဖြဲ႕မ်ားကို ေထာက္ပံ့ေပးၿပီး မိမိတို႔ ပိုင္ရာ၊ ဆိုင္ရာဝန္ထမ္းမ်ားကို ထည့္သြင္းေပးလိုက္ၾကသည္။ ျမန္မာႏိုင္ငံသို႔ လာေရာက္တာဝန္ယူထမ္း ေဆာင္ၾကသည့္ NGOs မ်ား၏ အဖြဲ႕အစည္းအႀကီးအကဲမ်ားမွာ ႏိုင္ငံျခားသား မ်ားသာျဖစ္ၿပီး ၎တို႔သည္ မူလတာဝန္ မ်ားအျပင္အျခားတာဝန္မ်ားပါ ပူးတြဲပါဝင္လာၾကသည္ကိုေတြ႕ရသည္။ အထူးသျဖင့္ ေဒသခံဝန္ထမ္းအခ်င္းခ်င္း ကိုေသြးခြဲစည္း႐ုံးမႈမ်ားရွိတတ္သလို၊ NGO တာဝန္မ်ား ကိုအေၾကာင္းျပၿပီး သြားေရာက္ရာေနရာေဒသအသီးသီးမွ သတင္းမ်ားကိုရယူစုေဆာင္းကာ မိမိကိုတာဝန္ေပးလိုက္သည့္ႏိုင္ငံမ်ားသို႔ သတင္းေပးပို႔မႈ စသည့္ သူလွ်ိဳ လုပ္ငန္းမ်ား ကိုပင္ျပဳလုပ္ေနၾကသည္ကိုေတြ႕ရသည္။

INGO အဖြဲ႕မ်ား၏လုပ္ငန္းတာဝန္ထမ္းေဆာင္မႈကာလမွာလည္း အခ်ိန္အမ်ိဳးမ်ိဳးရွိသည္။အခ်ိဳ႕လုပ္ငန္းမ်ားမွာ (၃ လ မွ ၆ လ)စသည္ျဖင့္ရွိ တတ္ၿပီး သတ္မွတ္ကာလကုန္ဆုံးတိုင္း လုပ္ငန္း ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္ တင္ျပ ေတာင္းဆိုၾကရသည္။ ထို႔ေၾကာင့္ ၎တို႔လုပ္ငန္းရပ္မ်ား ဆက္လက္လည္ပတ္ခြင့္ရရန္၊ ၎တို႔လုပ္ငန္း ခြင္တည္ၿမဲ ေရးအတြက္ ၎တို႔အေနျဖင့္ ပဋိပကၡျပႆနာမ်ား သက္ဆိုးရွည္ေစလိုၾကသည္။ မတည္မၿငိမ္မႈမ်ား ျဖစ္ပြားေနမွ INGOs မ်ား ျပည္တြင္း၌ ဆက္လက္ရပ္တည္ လုပ္ငန္းေဆာင္႐ြက္ႏိုင္မည္ျဖစ္သကဲ့သို႔၊ အေထာက္အပံ့ေပးေသာ အဖြဲ႕အစည္း မ်ား၊ ႏိုင္ငံမ်ားကလည္း အေၾကာင္းျပခ်က္ခိုင္ခိုင္လုံလုံျဖင့္ မိမိတို႔၏သူလွ်ိဳဒလန္မ်ားကို ျပည္တြင္း၌ ကာလရွည္ၾကာ ထားရွိႏိုင္မည္ျဖစ္ ျခင္းေၾကာင့္ျဖစ္သည္။

လက္ေတြ႕အေတြ႕အႀကဳံ
ျမန္မာႏိုင္ငံတြင္ ဝင္ေရာက္လုပ္ကိုင္ေနေသာ NGO အနက္ အခ်ိဳ႕အဖြဲ႕အစည္းမ်ားသည္ (၂၀၁၅)ခုႏွစ္ ေနာက္ ပိုင္းတြင္ လႊတ္ေတာ္ဆိုင္ရာ ပညာေပးလုပ္ငန္းမ်ား(ေဆြးေႏြးပြဲမ်ားဟုသုံးသည္)၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား၊ မီဒီယာ နယ္ပယ္မ်ားတြင္ပါ ပါဝင္လာခဲ့ၾကသည္။ သတင္းႏွင့္ပတ္သက္ေသာ ေက်ာင္းမ်ား ထူေထာင္ေပးျခင္း၊ ေဆြးေႏြးပြဲမ်ား လုပ္ေပးျခင္း(အမွန္မွာ အခ်ိန္ပိုင္းသင္တန္းပို႔ခ်ေပးျခင္း) စသည္မ်ားျဖစ္ကာ ၎တို႔လိုလားေသာအေတြးအေခၚမ်ားကို မသိမသာ႐ိုက္သြင္းေပခဲ့ၾကသည္။

(၂၀၂၀)ျပည့္ႏွစ္ေ႐ြးေကာက္ပြဲကာလတြင္ လည္း ေ႐ြးေကာက္ပြဲအေထာက္အကူျပဳသင္တန္းမ်ားေပးျခင္း၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္တို႔အားေတြ႕ဆုံကာ ေ႐ြးေကာက္ပြဲဆိုင္ရာ ေဆြးေႏြးပြဲမ်ားျပဳလုပ္ႏိုင္ရန္ စပြန္ဆာေပးေဆာင္ ႐ြက္ျခင္း၊ ကြန္ပ်ဴတာကဲ့သို႔ ေ႐ြးေကာက္ပြဲအေထာက္ အကူျပဳပစၥည္းမ်ားေပးအပ္ျခင္း၊ ယုတ္စြ အဆုံး ေ႐ြးေကာက္ပြဲေလ့လာေရးအဖြဲ႕ဆိုသည္မ်ားကို စပြန္ဆာ ေပးေဆာင္႐ြက္ေစၿပီး ၎တို႔လို လားေသာေ႐ြး ေကာက္ ပြဲဆိုင္ရာအသံကိုထြက္ေစျခင္းျဖင့္ ၎တို႔လိုလား သည့္ပါတီအႏိုင္ရသည့္အခါ ေ႐ြးေကာက္ပြဲတရားသည္ဟု ေထာက္ခံ ေျပာၾကားေစသည္မ်ားကို လုပ္ ေဆာင္ျခင္းပင္ျဖစ္သည္။

ဤသည္ကိုၾကည့္ျခင္းအားျဖင့္ အခ်ိဳ႕ေသာ ႏိုင္ငံေရး၊ ဘာသာေရးအဖြဲ႕အစည္းမ်ားသည္ INGO အေရၿခဳံၿပီး ၎တို႔ေရာက္ရွိအေျခစိုက္ခြင့္ရရွိသည့္ ေဒသမ်ားတြင္ ႏိုင္ငံေရး၊ ဘာသာေရး စသည္မ်ားကို ဘက္လိုက္ကူညီျခင္းျဖင့္ ဝင္ေရာက္စြက္ဖက္မႈ၊ လႈံ႕ေဆာ္မႈမ်ားရွိေနခဲ့ၾကသည္။ ဤျဖစ္ရပ္ကို ရခိုင္ျပည္ နယ္ေျမာက္ပိုင္းျဖစ္စဥ္တြင္ အထင္အရွားေတြ႕ျမင္ခဲ့ရၿပီးျဖစ္သည္။

ဤေၾကာင္းအရာႏွင့္ပတ္သက္၍ (၂၀၁၂)ခုႏွစ္ ရခိုင္ျပည္နယ္ပဋိပကၡစုံစမ္းေရးေကာ္မရွင္တြင္ အဖြဲ႕ဝင္အျဖစ္ပါ ဝင္ခဲ့ၿပီး ရခိုင္ျပည္နယ္သို႔ လာေရာက္စုံစမ္းရာ၌ပါခဲ့သူ ေဒါက္တာ ရင္ရင္ႏြယ္က ရခိုင္ျပည္နယ္တြင္ တာဝန္ယူ ေနၾကသည့္ ကုလသမဂၢ အဖြဲ႕အစည္းမ်ားအနက္ UNHCR ႏွင့္ WFP စသည့္ အဖြဲ႕အစည္းမ်ားသည္ လူသားခ်င္း စာနာေထာက္ ထားျခင္းအကူအညီမ်ားေပးေနေသာ္လည္း အဆိုပါ အဖြဲ႕အစည္းမ်ားအေနျဖင့္ မမွ်တသည့္အကူအညီ မ်ားကိုသာေပးေနၿပီး ဘဂၤါလီအဖြဲ႕အစည္းမ်ားကို ျပည္ပအျခားအဖြဲ႕အစည္းမ်ားႏွင့္ ခ်ိတ္ဆက္ေပးေလ့ ရွိေၾကာင္း (၂၀၁၇)ခုႏွစ္ စက္တင္ဘာလ (၁၀) ရက္ ကထုတ္ေျပာခဲ့သည္။

အမွန္ေျပာႏိုင္သည္မွာ ရခိုင္ျပည္နယ္သို႔ ေရာက္ရွိလုပ္ငန္းေဆာင္႐ြက္ေနၾကေသာ၊ လုပ္ကိုင္ခဲ့ၾကေသာ NGOs အဖြဲ႕အစည္းေတာ္ေတာ္မ်ားမ်ားမွာ ရခိုင္ျပည္နယ္တစ္ခုလုံးအတြက္မဟုတ္သည့္အျပင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာ၊ ဘူးသီး ေတာင္၊ ရေသ့ေတာင္အေနာက္ျခမ္း ေဒသတြင္ရွိေန သည့္ ဘဂၤါလီေက်း ႐ြာမ်ား(ရခိုင္ေက်း႐ြာ မ်ားမပါ) ကိုသာ ဦးစားေပးကူညီေထာက္ပံ့ေပးခဲ့ျခင္းကို ေတြ႕ခဲ့ရသည္။ ပစၥည္းပစၥယေဝငွေထာက္ပံ့ျခင္းမွအစ ႐ုံးတြင္းအလုပ္အကိုင္မ်ားခန႔္ထားရာ၌ပါ ဘဂၤါလီမ်ားကိုသာ ဦးစားေပးခန႔္အပ္ျခင္း၊ ရာထူးႀကီးေနရာမ်ား၌ ဘဂၤါလီမ်ား ကိုခန႔္ထားေပးၿပီး ရာထူးငယ္ေနရာမ်ားတြင္ တိုင္းရင္းသားရခိုင္လူမ်ိဳးမ်ားကိုခန႔္ထားကာ ရခိုင္တိုင္းရင္းသားမ်ား သိမ္ငယ္ေစရန္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ခဲ့ၾကသည္။

ထို႔ျပင္ ေဒသခံတိုင္းရင္းသားမ်ားႏွင့္ ဘဂၤါ လီမ်ားအၾကား ယုံၾကည္မႈပ်က္ျပားေစရန္ေဆာင္႐ြက္ မႈမ်ား၊ INGOs အဖြဲ႕မ်ားတြင္ တာဝန္ထမ္းေဆာင္ေနသည့္ဘဂၤါလီဝန္ထမ္းမ်ားမွတစ္ဆင့္ တစ္ဖက္သတ္အျမင္ရွိသည့္ အေၾကာင္း အခ်က္မ်ားကိုရယူ၍ မမွန္သတင္းမ်ားကို ႏိုင္ငံတကာသို႔ျဖန႔္ေဝေပးပို႔ခဲ့ၿပီး ရခိုင္ျပည္နယ္ပဋိပကၡကိုခ်ဲ႕ကားကာ မီးေလာင္ရာေလပင့္ လုပ္ေဆာင္ခဲ့သည္မ်ားကိုေတြ႕ခဲ့ရသည္။

ရခိုင္ျပည္နယ္တြင္ျဖစ္ပြားခဲ့သည့္ ပဋိပကၡျဖစ္စဥ္ကာလမ်ား (၂၀၁၂-၂၀၁၇)အတြင္း ဘဂၤါလီ အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားထံမွ INGOs အဖြဲ႕ အစည္းမ်ားသာ အသုံးျပဳခြင့္ရထားေသာ ၾကားခံစက္ မ်ားထားရွိဆက္သြယ္ရသည့္ စကားေျပာဆက္သြယ္ ေရးစက္မ်ား ဖမ္းဆီးရမိျခင္းမ်ားရွိခဲ့သကဲ့သို႔ အၾကမ္းဖက္ဘဂၤါလီေသာင္း က်န္းသူစခန္းမ်ားမွ လည္း UN­H­CR ႏွင့္ အမွတ္တံဆိပ္ပါ ေထာက္ပံ့ပစၥည္းမ်ားေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။ INGO အဖြဲ႕ အစည္း အခ်ိဳ႕ဆိုလွ်င္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ျဖစ္ေနသည့္အေၾကာင္းအရာမ်ားကို မမွန္သတင္းအျဖစ္ပုံေဖာ္ၿပီး ႏိုင္ငံ တကာသို႔ျဖန႔္ေဝသတင္းေပးပို႔ကာ ျမန္မာႏိုင္ငံအေပၚ အထင္အျမင္လြဲမွားေအာင္လုပ္ ေဆာင္ခဲ့သည္ကိုေတြ႕ရွိခဲ့ရသျဖင့္ ယင္းအဖြဲ႕၏လႈပ္ ရွားမႈမ်ားကို အစိုးရအဖြဲ႕က ကိုင္တြယ္ထိန္းခ်ဳပ္ရပ္နား ေစခဲ့ရသည္။ INGO အဖြဲ႕အခ်ိဳ႕၏ ေဆာင္႐ြက္ မႈမ်ားသည္ ေဒသတြင္းပဋိပကၡကိုဆိုး႐ြားေစခဲ့ေၾကာင္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းအေရးအခင္းက ျပသေနျခင္းပင္ျဖစ္သည္။

ရခိုင္ျပည္နယ္သို႔ INGOs အဖြဲ႕အစည္းမ်ား အုံႏွင့္က်င္းႏွင့္ဝင္လာခဲ့သည္မွာ (၂၀၁၂) ခုႏွစ္မွ စတင္ခဲ့သည္။ INGO မ်ားဝင္ေရာက္လာၿပီးေနာက္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းအေျခအေနသည္ ပိုမိုဆိုး႐ြားလာခဲ့ၿပီး (၂၀၁၇)ခုႏွစ္အေရး အခင္းသည္ ICC ေရာက္သည္အထိျဖစ္ပ်က္ခဲ့ရသည္။ ဤသည္မွာ INGOs မ်ား၏ ၾကားဝင္လႈပ္ရွားခဲ့မႈ၊ လႈံ႕ေဆာ္ခဲ့မႈမ်ား ေၾကာင့္ျဖစ္သည္။ ႏိုင္ငံတကာတြင္ ယခုကဲ့သို႔ ပဋိပကၡမ်ား မၿငိမ္မသက္မႈမ်ားျဖစ္ေနၿပီး ဒုကၡသည္မ်ားတိုးျမင့္လာေနမွ လည္း ၎တို႔၏ လူသား ခ်င္းကူညီေထာက္ပံ့မႈေခါင္းစဥ္ေအာက္မွ INGO အေရၿခဳံဝင္ေရာက္စြက္ဖက္မႈလုပ္ငန္းမ်ားကို ဆက္လုပ္ ႏိုင္မည္ျဖစ္ရာ ျမန္မာႏိုင္ငံအေနာက္ျခမ္းေဒသကို ေကာင္းစြာ အသုံးခ်လုပ္စားသြားခဲ့သည္ကိုေတြ႕ျမင္ႏိုင္သည္။

ကမာၻ႔ကုလသမဂၢ(UN)အဖြဲ႕အစည္းႀကီး၏ လက္ေအာက္အဖြဲ႕အစည္းမ်ားျဖစ္သည့္ UNDP, UNHCR, UNICEF, WFP, FAO စေသာ အဖြဲ႕အစည္းႀကီးမ်ား၊ ယင္းအဖြဲ႕အစည္းႀကီးမ်ား၏ေခါင္းစဥ္ေအာက္မွပါဝင္ လႈပ္ရွားေနၾကေသာ ႏိုင္ငံတကာလူမႈကူညီေရးအဖြဲ႕အစည္းမ်ား(Internati­onal non Governmental Organizations) အခ်ိဳ႕အေနျဖင့္ ၎တို႔၏လုပ္ငန္းအသီးသီးကို မွန္ မွန္ကန္ကန္ေဆာင္႐ြက္ေနၾကသည္မ်ားရွိေနၾက သည္။ ဆင္းရဲဒုကၡမ်ား ေတြ႕ႀကဳံ၊ ဆင္းရဲဒုကၡေရာက္ ေနသူမ်ား၏ မ်က္ရည္စမ်ားကိုသုတ္ေပးၿပီး ယင္းတို႔ ၏ဘဝလုံၿခဳံမႈကို အေထာက္အကူျပဳေနသည့္ အဖြဲ႕အစည္းမ်ားျဖစ္၍ ယင္းအဖြဲ႕အစည္းမ်ား၏ေဆာင္ ႐ြက္ခ်က္မ်ားမွာ မျဖဴစင္ေသာေဆာင္႐ြက္ခ်က္မ်ား လည္းျဖစ္ သည္။

သို႔ရာတြင္ အခ်ိဳ႕ႏိုင္ငံမ်ားသည္ ေဒသတြင္းမတည္မၿငိမ္ျဖစ္ေစေရး၊ တိုင္းရင္းသားျပည္သူမ်ား စည္းလုံး ညီၫြတ္မႈပ်က္ျပားကာ အင္အားခ်ည့္ နဲ႔ေစေရး စသည္မ်ားကိုေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံအေပၚ အေၾကာင္း အရာတစ္မ်ိဳးမ်ိဳးျဖင့္ ဩဇာလႊမ္းမိုး ခ်ဳပ္ကိုင္ႏိုင္ေရးကိုေဆာင္႐ြက္ေနၾကသည့္ႏိုင္ငံမ်ား ရွိေနၾကသည္။ ဤသို႔ လႊမ္းမိုး ေဆာင္႐ြက္ႏိုင္ရန္အတြက္ အဆိုပါႏိုင္ငံမ်ား၏ ေနာက္ဆုံးေပၚနည္းလမ္းမွာ လူသားခ်င္းစာနာမႈအေၾကာင္းျပခ်က္ျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္သည့္ INGOs မ်ားကိုအသုံးခ်လာ ျခင္းပင္ျဖစ္သည္။

အဆိုပါလုပ္ရပ္မ်ားျဖင့္ ႏိုင္ငံတကာ လူမႈ ကူညီေရးအဖြဲ႕အစည္းမ်ား(International non Governmental Organizations) ၏ ျဖဴစင္မြန္ျမတ္ေသာ စိတ္ေစတနာကိုအိုးမဲသုတ္ေနၾကသည္။ မိမိတို႔ ကိုယ္က်ိဳးစီးပြားအတြက္ INGO အေရၿခဳံလႈပ္ရွား ေဆာင္႐ြက္ေနၾကသည္။ မိမိတို႔အဖြဲ႕ ထာဝစဥ္ရပ္ တည္ႏိုင္ေရးအတြက္ ကမာၻသူကမာၻသားတို႔၏မ်က္ ရည္မ်ား၊ ေသြးမ်ား၊ အသက္မ်ားကိုအသုံးခ်ကာ လႈပ္ရွားမႈတိုင္းတြင္ မ႐ိုးသားဘဲ သပ္ဝင္၊ ေသြးခြဲ၊ ရန္တိုက္ေပးေနၾကသည္။

တည္ၿငိမ္မႈ ပ်က္ျပားေနေသာ၊ လက္နက္ ကိုင္ပဋိပကၡမ်ားျဖစ္ပြားေနေသာ ကမာၻ႔ႏိုင္ငံအသီး သီးတြင္ NGO အမည္ခံ အေရၿခဳံအဖြဲ႕အစည္းမ်ား ရွိေနတတ္ၾကသည္။ ျမန္မာႏိုင္ငံကဲ့သို႔ ဖြံ႕ၿဖိဳးတိုးတက္ မႈနိမ့္ပါးကာ အခ်င္းခ်င္းမညီ မၫြတ္ျဖစ္ေနၾကသည့္ အျပင္ ႏိုင္ငံေရး၊ လူမ်ိဳးေရး၊ ဘာသာေရး အေၾကာင္း ျပခ်က္မ်ားျဖင့္ ျပည့္ႏွက္ေနေသာႏိုင္ငံ အဖို႔ကား ယင္းအဖြဲ႕အစည္းမ်ား ေရရွည္ရွင္သန္ေစႏိုင္သည့္ေနရာတစ္ခုပင္ျဖစ္ေနေလရာ သတိထားရမည္ပင္ျဖစ္ ေၾကာင္း သုံးသပ္တင္ျပလိုက္ရေပသည္။

Related news

© 2021. All rights reserved.