ရှမ်းပြည်မြောက်ပိုင်းဒေသ နယ်စပ်ကုန်သွယ်ရေးအတွက် နှစ်ဖက်ဆွေးနွေးညှိနှိုင်းနေ

4398

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၂၇
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ တစ်နှစ်ကျော်ကြာရပ်တန့်နေသည့် ရှမ်းပြည်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်ဖက်ဆွေးနွေးမှုများရှိနေဆဲဖြစ်ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။
“ဆွေးနွေးနေတယ်လို့ကြားတယ်။ လမ်းကြောင်းကတော့ ပြန်ပွင့်စေချင်တယ်။ အခုက ဟိုဘက်ရော ဒီဘက်ရောက အဝင်မရှိတော့ ကုန်ဈေးနှုန်းက မတရားကြီးနေတာပေါ့။ ပြည်မကြီးဘက်ကလည်း ဒီဘက်လာလို့မရဘူး။ ပြည်မကြီးဆိုတာ မန္တလေးကိုပြောတာပါ။ တရုတ်ဘက်ကလည်း အကန့်အသတ်နဲ့ တင်သွင်းခိုင်းတာ။ ဒီလိုဆိုတော့ အဆင်မပြေဘူး”ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိတွင် မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သော နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ် နှင့် ပန်ဆိုင်းဂိတ်တို့အနက် ဆင်ဖြူဂိတ်တစ်ခုတည်းကိုသာ ကုန်ပစ္စည်းသယ်ယူခွင့်ပေးထားခြင်းဖြစ်သည်။
ထို့ပြင် စက်သုံးဆီများကို မူဆယ်မြို့ ကညနတွင် ယာဉ်မှတ်ပုံတင်ထားသည့် ကိုယ်ပိုင်မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ ကုန်တင်(ဝန်ပေါ့)ယာဉ်များနှင့် ဌာနဆိုင်ရာမော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို သတ်မှတ်ဂါလန်အတိုင်း ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ရွမ္းျပည္ေျမာက္ပိုင္းေဒသ နယ္စပ္ကုန္သြယ္ေရးအတြက္ ႏွစ္ဖက္ေဆြးေႏြးညႇိႏႈိင္းေန
ျပည့္ၿဖိဳး (NP News) - ဒီဇင္ဘာ ၂၇
၁၀၂၇ စစ္ဆင္ေရး စတင္ခ်ိန္မွ တစ္ႏွစ္ေက်ာ္ၾကာရပ္တန႔္ေနသည့္ ရွမ္းျပည္ေျမာက္ပိုင္း ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ကုန္သြယ္မႈျပဳလုပ္ႏိုင္ရန္ ႏွစ္ဖက္ေဆြးေႏြးမႈမ်ားရွိေနဆဲျဖစ္ေၾကာင္း နယ္စပ္ကုန္သည္မ်ားထံမွ သိရသည္။
“ေဆြးေႏြးေနတယ္လို႔ၾကားတယ္။ လမ္းေၾကာင္းကေတာ့ ျပန္ပြင့္ေစခ်င္တယ္။ အခုက ဟိုဘက္ေရာ ဒီဘက္ေရာက အဝင္မရွိေတာ့ ကုန္ေဈးႏႈန္းက မတရားႀကီးေနတာေပါ့။ ျပည္မႀကီးဘက္ကလည္း ဒီဘက္လာလို႔မရဘူး။ ျပည္မႀကီးဆိုတာ မႏၲေလးကိုေျပာတာပါ။ တ႐ုတ္ဘက္ကလည္း အကန႔္အသတ္နဲ႔ တင္သြင္းခိုင္းတာ။ ဒီလိုဆိုေတာ့ အဆင္မေျပဘူး”ဟု နယ္စပ္ကုန္သည္တစ္ဦးက ေျပာသည္။
လက္ရွိတြင္ မူဆယ္ၿမိဳ႕ရွိ တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္မ်ားျဖစ္ေသာ နန္းေတာ္ဂိတ္၊ ဆင္ျဖဴဂိတ္၊ မန႔္ဝိန္းဂိတ္၊ က်င္စန္းေက်ာ့ဂိတ္ ႏွင့္ ပန္ဆိုင္းဂိတ္တို႔အနက္ ဆင္ျဖဴဂိတ္တစ္ခုတည္းကိုသာ ကုန္ပစၥည္းသယ္ယူခြင့္ေပးထားျခင္းျဖစ္သည္။
ထို႔ျပင္ စက္သုံးဆီမ်ားကို မူဆယ္ၿမိဳ႕ ကညနတြင္ ယာဥ္မွတ္ပုံတင္ထားသည့္ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္၊ သုံးဘီး၊ ကုန္တင္(ဝန္ေပါ့)ယာဥ္မ်ားႏွင့္ ဌာနဆိုင္ရာေမာ္ေတာ္ယာဥ္၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို သတ္မွတ္ဂါလန္အတိုင္း ဝယ္ယူခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။