အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဂျ် အသက်(၉၂)နှစ်အရွယ်တွင် ကွယ်လွန်
715
Pika (NP News) - ဒီဇင်ဘာ ၂၇
အိန္ဒိယနိုင်ငံ၏ အအောင်မြင်ဆုံးခေါင်းဆောင်များထဲမှတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဂျ်သည် အသက်(၉၂)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။
အသက်အရွယ်အရဖြစ်လာသည့် ရောဂါများကို ဆေးဘက်ဆိုင်ရာကုသမှုများလုပ်ဆောင်နေရသော မန်မိုဟန်ဆင်းဂျ်သည် ဒီဇင်ဘာလ(၂၆)ရက်တွင် ရုတ်တရက်သတိလစ်သွားခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်မိုဟန်ဆင်းဂျ်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်အချိန်အတွင်း အိန္ဒိယ၏မကြုံစဖူးစီးပွားရေးတိုးတက်မှုများအတွက် ဦးဆောင်ပေးနိုင်ခဲ့ပြီး ဆင်းရဲမွဲတေသူ သန်းရာချီကို ကယ်တင်ပေးနိုင်သူအဖြစ် ချီးကျူးခံခဲ့ရသူလည်းဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက "ကျွန်တော်တို့နိုင်ငံရဲ့ အထင်ရှားဆုံးခေါင်းဆောင်တွေထဲကတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဂျ်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်"ဟု ပြောဆိုခဲ့သည်။ ဆင်းရဲသည့်မိသားစုမှပေါက်ဖွားလာသော မန်မိုဟန်ဆင်းဂျ်သည် အောက်စဖို့ဒ်တက္ကသိုလ်သို့ မသွားရောက်မီ ကမ်းဘရစ်တက္ကသိုလ်တွင် နေရာတစ်ခုရရှိရန်အတွက် ဖယောင်းတိုင်မီးဖြင့် စာလေ့လာခဲ့သူလည်းဖြစ်သည်။ လေးစားထိုက်သော စီးပွားရေးပညာရှင်၊ အိန္ဒိယ၏ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး နှင့် အစိုးရအကြံပေးတစ်ဦးဖြစ်လာခဲ့သော မန်မိုဟန်ဆင်းဂျ်သည် (၁၉၉၁)ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရုတ်တရက်ရွေးချယ်ခံရချိန်တွင် နိုင်ငံရေးလောကအတွက် ထင်ရှားသောအစီအစဉ်များ စီစဉ်ထားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။
(၁၉၉၆)ခုနှစ်များအတွင်း မန်မိုဟန်ဆင်းဂျ်သည် အိန္ဒိယ၏စီးပွားရေးကို ပြင်းထန်သော ငွေပေးချေမှုအကျပ်အတည်းမှ ကယ်တင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ၏ ဗိသုကာပညာရှင်တစ်ဦးဖြစ်ခဲ့ကြောင်းလည်း သိရသည်။ မိန့်ခွန်းတစ်ခုတွင် မန်မိုဟန်ဆင်းဂျ်က "ကမ္ဘာပေါ်က ဘယ်အင်အားကမှ အချိန်ကျလာတဲ့ အတွေးအမြင်တစ်ခုကို ရပ်တန့်နိုင်မှာမဟုတ်ပါဘူး။ အိန္ဒိယက ကမ္ဘာ့အင်အားကြီးစီးပွားရေးနိုင်ငံအဖြစ် ထွက်ပေါ်လာခြင်းဟာ အဲဒီလိုမျိုးအတွေးအမြင်ထဲက တစ်ခုပဲဖြစ်ပါတယ်"ဟုပြောဆိုခဲ့ဖူးသည်။
zawgyi version
အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဂ်ျ အသက်(၉၂)နှစ်အရွယ်တွင် ကွယ်လွန်
Pika (NP News) - ဒီဇင်ဘာ ၂၇
အိန္ဒိယနိုင်ငံ၏ အအောင်မြင်ဆုံးခေါင်းဆောင်များထဲမှတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသော ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဂ်ျသည် အသက်(၉၂)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းသိရသည်။
အသက်အရွယ်အရဖြစ်လာသည့် ရောဂါများကို ဆေးဘက်ဆိုင်ရာကုသမှုများလုပ်ဆောင်နေရသော မန်မိုဟန်ဆင်းဂ်ျသည် ဒီဇင်ဘာလ(၂၆)ရက်တွင် ရုတ်တရက်သတိလစ်သွားခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်မိုဟန်ဆင်းဂ်ျသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ်အချိန်အတွင်း အိန္ဒိယ၏မကြုံစဖူးစီးပွားရေးတိုးတက်မှုများအတွက် ဦးဆောင်ပေးနိုင်ခဲ့ပြီး ဆင်းရဲမွဲတေသူ သန်းရာချီကို ကယ်တင်ပေးနိုင်သူအဖြစ် ချီးကျူးခံခဲ့ရသူလည်းဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက "ကျွန်တော်တို့နိုင်ငံရဲ့ အထင်ရှားဆုံးခေါင်းဆောင်တွေထဲကတစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဂ်ျကို ဆုံးရှုံးလိုက်ရတဲ့အတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်"ဟု ပြောဆိုခဲ့သည်။ ဆင်းရဲသည့်မိသားစုမှပေါက်ဖွားလာသော မန်မိုဟန်ဆင်းဂ်ျသည် အောက်စဖို့ဒ်တက္ကသိုလ်သို့ မသွားရောက်မီ ကမ်းဘရစ်တက္ကသိုလ်တွင် နေရာတစ်ခုရရှိရန်အတွက် ဖယောင်းတိုင်မီးဖြင့် စာလေ့လာခဲ့သူလည်းဖြစ်သည်။ လေးစားထိုက်သော စီးပွားရေးပညာရှင်၊ အိန္ဒိယ၏ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး နှင့် အစိုးရအကြံပေးတစ်ဦးဖြစ်လာခဲ့သော မန်မိုဟန်ဆင်းဂ်ျသည် (၁၉၉၁)ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ရုတ်တရက်ရွေးချယ်ခံရချိန်တွင် နိုင်ငံရေးလောကအတွက် ထင်ရှားသောအစီအစဉ်များ စီစဉ်ထားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။