မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသော မူးယစ်အနွယ်ဝင် ဘိန်းစာပင်များမှာ AA ထိန်းချုပ်ရာ ဒေသများတွင် ဈေးကောင်းရနေပြီး အသုံးပြုသူ မြင့်တက်နေ

 3426

သုတကျော် (NP News) - ဒီဇင်ဘာ ၃၁

မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသော မူးယစ်အနွယ်ဝင် ဘိန်းစာပင်များမှာ ရခိုင်ပြည်နယ်မှ AA ထိန်းချုပ်ရာ ဒေသများတွင် ဈေးကောင်းရနေပြီး အသုံးပြုသူမြင့်တက်နေကြောင်း ရခိုင်ပြည်နယ်မှ အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။

အာဆီယံဟုခေါ်သော ဘိန်းစာရွက်ပြုတ်ရည်ချက်လုပ်သောက်သုံးနိုင်သည့်ဘိန်းစာပင်များကို ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် စိုက်ပျိုးသူပမာဏ မြင့်တက်လာခြင်း ဖြစ်သည်။ ဘိန်းစာရွက်ပြုတ်ရည်သည် စိတ်ငြိမ်ခြင်း၊ ရွှင်လန်းခြင်းနှင့် ထုံထိုင်းခြင်းကို ခံစားရစေနိုင်ပြီး တက်ကြွလန်းဆန်းစေသည့်အတွက်ဟုဆိုကာ သုံးစွဲကြကာ လွန်အကျွံဆက်တိုက်သုံးစွဲပါက မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ အစာစားချင်စိတ် ပျောက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းများကို ခံစားရနိုင်ကြောင်း သိရသည်။

ထို့ပြင် ပိုဆိုးပါက အသက်ရှူရခက်ခဲသည့်ဝေဒနာအပြင် လေဖြတ်ခြင်း၊ စိတ်ဝေဒနာ ဖြစ် ခြင်းအထိကြုံရနိုင်ပြီး မသုံးရမနေနိုင်သည့် စွဲလမ်းမှုမျိုးလည်း ဖြစ်နိုင်သည်။ “စိုက်တာကတော့ ဝယ်သူများလို့ စိုက်ပျိုးမြေပမာဏ ကျယ်ပြန့် လာတယ်ပေါ့နော်။ ဒါကတော့ ထုံးစံပါပဲ။ အခုက ရခိုင်ပြည်နယ်မှာ အသုံးများလာတယ်။ သူက အရွက်လိုက် ရောင်းတာ။ အခုပေါက်နေတဲ့ ဈေးအရဆိုရင် တစ်သောင်းဖိုး လောက်က ဘိန်းစာရွက် အရွက် (၁၀ဝ) လောက် ရနိုင်တယ်။ အပင်ဈေးက အပင်ပေါက်ဈေးကိုပဲ တစ်ပင်ကို နှစ်သောင်းခွဲလောက် ပေါက်နေတာပါ။ ဖမ်းတဲ့သူမရှိဘူးလားဆိုတော့ သိတော့ သိတယ် ဒါပေမယ့် မျက်ကွယ်ပြုထားတယ်ဆိုတဲ့ သဘောပေါ့။ ပြီးတော့ ဒီမှာဂန်ဂျာလို့ခေါ်တဲ့ ဆေးခြောက်လည်း သုံးတဲ့သူ များလာတယ်” ဟု အထက်ပါ သတင်းရင်း မြစ်က ဆိုသည်။

အဆိုပါ ဘိန်းစာပင် ဈေးနှုန်းများသည် ယခုနှစ်အတွင်းမှစတင်ကာ ဈေးကောင်းပြီးတွင် ကျယ်လာခြင်း ဖြစ် ကြောင်းလည်း သိရသည်။ “ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ ငွေရလွယ်တဲ့ ဒီအပင်ကို စိုက်ဖို့ကို စိတ်ဝင်စား လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ငွေရလွယ်တာပါ။ အပြင်ကို မပျံ့ဘဲ ရခိုင်ပြည်နယ်ထဲမှာပဲ Demand နဲ့ Supply က မျှနေတဲ့ သဘောတော့ တွေ့နေရတယ်” ဟု ၎င်း က ဆက်လက်ရှင်းပြသည်။ တစ်ဆင့်စကားတစ်ဆင့် နားဖြင့် အသုံးပြုသူ မြင့်တက်လာနေခြင်းဖြစ်ပြီး ယခုအတိုင်းဆိုပါက အဆိုပါ အပင်များ၏ စိုက်ဧကမှာ တိုးပွားလာဖွယ်သာရှိကြောင်းလည်း ၎င်းက ဆိုသည်။

zawgyi version
ျမန္မာႏိုင္ငံတြင္ ပိတ္ပင္ထားေသာ မူးယစ္အႏြယ္ဝင္ ဘိန္းစာပင္မ်ားမွာ AA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ေဈးေကာင္းရေနၿပီး အသုံးျပဳသူ ျမင့္တက္ေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၃၁

ျမန္မာႏိုင္ငံတြင္ ပိတ္ပင္ထားေသာ မူးယစ္အႏြယ္ဝင္ ဘိန္းစာပင္မ်ားမွာ ရခိုင္ျပည္နယ္မွ AA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ေဈးေကာင္းရေနၿပီး အသုံးျပဳသူျမင့္တက္ေနေၾကာင္း ရခိုင္ျပည္နယ္မွ အမည္မေဖာ္လိုေသာ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။

အာဆီယံဟုေခၚေသာ ဘိန္းစာ႐ြက္ျပဳတ္ရည္ခ်က္လုပ္ေသာက္သုံးႏိုင္သည့္ဘိန္းစာပင္မ်ားကို ပုဏၰားကြၽန္း ၿမိဳ႕နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ႏွင့္ မင္းျပားၿမိဳ႕နယ္တို႔တြင္ စိုက္ပ်ိဳးသူပမာဏ ျမင့္တက္လာျခင္း ျဖစ္သည္။ ဘိန္းစာ႐ြက္ျပဳတ္ရည္သည္ စိတ္ၿငိမ္ျခင္း၊ ႐ႊင္လန္းျခင္းႏွင့္ ထုံထိုင္းျခင္းကို ခံစားရေစႏိုင္ၿပီး တက္ႂကြလန္းဆန္းေစသည့္အတြက္ဟုဆိုကာ သုံးစြဲၾကကာ လြန္အကြၽံဆက္တိုက္သုံးစြဲပါက မအီမသာျဖစ္ျခင္း၊ ေအာ့အန္ျခင္း၊ အစာစားခ်င္စိတ္ ေပ်ာက္ျခင္း၊ ကိုယ္အေလးခ်ိန္က်ဆင္းျခင္းမ်ားကို ခံစားရႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ပိုဆိုးပါက အသက္ရႉရခက္ခဲသည့္ေဝဒနာအျပင္ ေလျဖတ္ျခင္း၊ စိတ္ေဝဒနာ ျဖစ္ ျခင္းအထိႀကဳံရႏိုင္ၿပီး မသုံးရမေနႏိုင္သည့္ စြဲလမ္းမႈမ်ိဳးလည္း ျဖစ္ႏိုင္သည္။ “စိုက္တာကေတာ့ ဝယ္သူမ်ားလို႔ စိုက္ပ်ိဳးေျမပမာဏ က်ယ္ျပန႔္ လာတယ္ေပါ့ေနာ္။ ဒါကေတာ့ ထုံးစံပါပဲ။ အခုက ရခိုင္ျပည္နယ္မွာ အသုံးမ်ားလာတယ္။ သူက အ႐ြက္လိုက္ ေရာင္းတာ။ အခုေပါက္ေနတဲ့ ေဈးအရဆိုရင္ တစ္ေသာင္းဖိုး ေလာက္က ဘိန္းစာ႐ြက္ အ႐ြက္ (၁၀ဝ) ေလာက္ ရႏိုင္တယ္။ အပင္ေဈးက အပင္ေပါက္ေဈးကိုပဲ တစ္ပင္ကို ႏွစ္ေသာင္းခြဲေလာက္ ေပါက္ေနတာပါ။ ဖမ္းတဲ့သူမရွိဘူးလားဆိုေတာ့ သိေတာ့ သိတယ္ ဒါေပမယ့္ မ်က္ကြယ္ျပဳထားတယ္ဆိုတဲ့ သေဘာေပါ့။ ၿပီးေတာ့ ဒီမွာဂန္ဂ်ာလို႔ေခၚတဲ့ ေဆးေျခာက္လည္း သုံးတဲ့သူ မ်ားလာတယ္” ဟု အထက္ပါ သတင္းရင္း ျမစ္က ဆိုသည္။

အဆိုပါ ဘိန္းစာပင္ ေဈးႏႈန္းမ်ားသည္ ယခုႏွစ္အတြင္းမွစတင္ကာ ေဈးေကာင္းၿပီးတြင္ က်ယ္လာျခင္း ျဖစ္ ေၾကာင္းလည္း သိရသည္။ “ကုန္ေဈးႏႈန္းေတြ တက္ေနတဲ့အခ်ိန္မွာ ေငြရလြယ္တဲ့ ဒီအပင္ကို စိုက္ဖို႔ကို စိတ္ဝင္စား လာၾကတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေငြရလြယ္တာပါ။ အျပင္ကို မပ်ံ႕ဘဲ ရခိုင္ျပည္နယ္ထဲမွာပဲ Demand နဲ႔ Supply က မွ်ေနတဲ့ သေဘာေတာ့ ေတြ႕ေနရတယ္” ဟု ၎ က ဆက္လက္ရွင္းျပသည္။ တစ္ဆင့္စကားတစ္ဆင့္ နားျဖင့္ အသုံးျပဳသူ ျမင့္တက္လာေနျခင္းျဖစ္ၿပီး ယခုအတိုင္းဆိုပါက အဆိုပါ အပင္မ်ား၏ စိုက္ဧကမွာ တိုးပြားလာဖြယ္သာရွိေၾကာင္းလည္း ၎က ဆိုသည္။

Picture

Smsmsm Sm

01/01/2025 10:35

ရန်ကုန်မှာဆို wy E .K. happy water မင်းအောင်လှိုင်ထိန်းချုပ်တဲ့မြို့ထဲမှာပေါပေါသီသီရပါတယ် ဘိန်းစာရွက်လောက်တော့သတိင်းလုပ်မတင်နေနဲ့kmklကျော်မျိုးမင်းလေး

Related news

© 2021. All rights reserved.