Squid Game Season 2 ကြည့်ရှုသူ ၆၈ သန်းနဲ့ Netflix World Chart မှာ ထိပ်ဆုံးမှ ရပ်တည်နေ
469
ရောင်နီ (NP News) - ဇန်နဝါရီ ၁
Netflix ရဲ့ blockbuster survival စီးရီး Squid Game Season 2 ဟာ ဒီဇင်ဘာ ၂၆ ရက် ပွဲဦးထွက်ကတည်းက ကြည့်ရှုသူ ၆၈ သန်းကျော်ကို ဆွဲဆောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း Netflix ရဲ့ streaming chart တွေမှာ ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ်။
Netflix ရဲ့ streaming လည်ပတ်တဲ့ နိုင်ငံ ၉၂ ခုမှာ ကြည့်ရှုမှု အများဆုံး တီဗီရှိုးဖြစ်လာခဲ့တယ်လို့ Netflix က ၎င်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယားဇာတ်ကားဖြစ်တဲ့ Squid Game ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက စတင်ထုတ်လွှင့်ခဲ့တဲ့ Season 1 လိုပဲ ကမ္ဘာတစ်ဝှမ်းရှိ နာမည်ကြီး franchise တွေမှာ Subscribe အသစ်တွေကို ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ထားပြီး ဇာတ်ကားမထွက်ခင်ကတည်းက စျေးကွက်ရှာဖွေရေးတွေ မှာ ဘတ်ဂျက်များများ သုံးထားတာဖြစ်ပါတယ်။ Squid Game Season 1 ဟာ Netflix အတွက် ဒေါ်လာ သန်း ၉၀၀ ရှာပေးနိုင်ခဲ့တာဖြစ်ပြီး Season 2 ကတော့ ဘယ်လောက် အမြတ်ရမယ်ဆိုတာ မသိရသေးပါဘူး။
Squid Game နောက်ဆုံး season ဖြစ်တဲ့ Season 3 ကိုလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။
Zawgyi Version;
Squid Game Season 2 ၾကည့္ရႈသူ ၆၈ သန္းနဲ႔ Netflix World Chart မွာ ထိပ္ဆုံးမွ ရပ္တည္ေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၁
Netflix ရဲ႕ blockbuster survival စီးရီး Squid Game Season 2 ဟာ ဒီဇင္ဘာ ၂၆ ရက္ ပြဲဦးထြက္ကတည္းက ၾကည့္ရႈသူ ၆၈ သန္းေက်ာ္ကို ဆြဲေဆာင္ခဲ့ၿပီး ကမာၻတစ္ဝွမ္း Netflix ရဲ႕ streaming chart ေတြမွာ ထိပ္ဆုံးမွ ရပ္တည္ခဲ့ပါတယ္။
Netflix ရဲ႕ streaming လည္ပတ္တဲ့ ႏိုင္ငံ ၉၂ ခုမွာ ၾကည့္ရႈမႈ အမ်ားဆုံး တီဗီရႈိးျဖစ္လာခဲ့တယ္လို႔ Netflix က ၎ရဲ႕ ဝက္ဘ္ဆိုဒ္မွာ ေျပာၾကားခဲ့ပါတယ္။ ေတာင္ကိုရီးယားဇာတ္ကားျဖစ္တဲ့ Squid Game ဟာ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလက စတင္ထုတ္လႊင့္ခဲ့တဲ့ Season 1 လိုပဲ ကမာၻတစ္ဝွမ္းရွိ နာမည္ႀကီး franchise ေတြမွာ Subscribe အသစ္ေတြကို ဆြဲေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး ဇာတ္ကားမထြက္ခင္ကတည္းက ေစ်းကြက္ရွာေဖြေရးေတြ မွာ ဘတ္ဂ်က္မ်ားမ်ား သုံးထားတာျဖစ္ပါတယ္။ Squid Game Season 1 ဟာ Netflix အတြက္ ေဒၚလာ သန္း ၉၀၀ ရွာေပးႏိုင္ခဲ့တာျဖစ္ၿပီး Season 2 ကေတာ့ ဘယ္ေလာက္ အျမတ္ရမယ္ဆိုတာ မသိရေသးပါဘူး။
Squid Game ေနာက္ဆုံး season ျဖစ္တဲ့ Season 3 ကိုလည္း ၂၀၂၅ ခုႏွစ္အတြင္းမွာ ထုတ္လႊင့္သြားမယ္လို႔ သိရပါတယ္။