RuPaul's Drag Race UK ရှိုးမှ ဆုရှင် ဂျိမ်းစ်လီဝီလျံ အသက်(၃၂)နှစ်အရွယ်တွင် ကွယ်လွန်
190
Pika (NP News) - ဇန်နဝါရီ ၉
The Vivienne ဟု လူသိများသော RuPaul's Drag Race UK ရှိုးမှ ဆုရှင် အသက်(၃၂)နှစ်အရွယ် ဂျိမ်းစ်လီဝီလျံသည် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆိုင်မွန်ဂျိမ်းစ်က ပြောကြားခဲ့သည်။ ဆိုင်မွန်ဂျိမ်းစ်က “ကျွန်တော်တို့ချစ်ရတဲ့ ဂျိမ်းစ်လီဝီလျံဟာ ဒီသီတင်းပတ်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။ ဂျိမ်းစ်လီဝီလျံဟာ မယုံနိုင်လောက် အောင်ကို နွေးထွေးပြီး ကြင်နာတဲ့လူတစ်ယောက်ပါ” ဟု ပြောခဲ့သည်။
ဝေးလ်စ်နိုင်ငံတွင် မွေးဖွားသော ဂျိမ်းစ်လီဝီလျံသည် အမေရိကန်တီဗီစီးရီး RuPaul's Drag Race အတွက် သံတမန် တစ်ဦးဖြစ်လာခဲ့ပြီးနောက် (၂၀၁၅)ခုနှစ်တွင် စတင်ကျော်ကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျိမ်းစ်လီဝီလျံအတွက် စင်မြင့်အမည်ကို အထင်ကရအင်္ဂလိပ်ဖက်ရှင်ဒီဇိုင်နာ Vivienne Westwood က လှုံ့ဆော်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
RuPaul's Drag Race ရှိုးက “သူ့ရဲ့အမွေအနှစ်တွေဟာ ဆက်လက်ရှင်သန်နေပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကိုအမြဲတမ်း သတိရနေမှာပါ။ ဒီဆုံးရှုံးမှုကို စကားနဲ့ဘယ်လိုဖော်ပြရမလဲဆိုတာတောင် မသိတော့ပါဘူး။ ဂျိမ်းစ်လီဝီလျံရဲ့ အလင်းရောင်က အမြဲတမ်းထွန်းလင်းတောက်ပနေပါစေ” ဟု ရေးသားဖော်ပြခဲ့သည်။
Zawgyi Version;
RuPaul's Drag Race UK ရႈိးမွ ဆုရွင္ ဂ်ိမ္းစ္လီဝီလ်ံ အသက္(၃၂)ႏွစ္အ႐ြယ္တြင္ ကြယ္လြန္
Pika (NP News) - ဇန္နဝါရီ ၉
The Vivienne ဟု လူသိမ်ားေသာ RuPaul's Drag Race UK ရႈိးမွ ဆုရွင္ အသက္(၃၂)ႏွစ္အ႐ြယ္ ဂ်ိမ္းစ္လီဝီလ်ံသည္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း တာဝန္ရွိသူတစ္ဦးျဖစ္သည့္ ဆိုင္မြန္ဂ်ိမ္းစ္က ေျပာၾကားခဲ့သည္။ ဆိုင္မြန္ဂ်ိမ္းစ္က “ကြၽန္ေတာ္တို႔ခ်စ္ရတဲ့ ဂ်ိမ္းစ္လီဝီလ်ံဟာ ဒီသီတင္းပတ္မွာပဲ ကြယ္လြန္သြားခဲ့ပါၿပီ။ ဂ်ိမ္းစ္လီဝီလ်ံဟာ မယုံႏိုင္ေလာက္ ေအာင္ကို ေႏြးေထြးၿပီး ၾကင္နာတဲ့လူတစ္ေယာက္ပါ” ဟု ေျပာခဲ့သည္။
ေဝးလ္စ္ႏိုင္ငံတြင္ ေမြးဖြားေသာ ဂ်ိမ္းစ္လီဝီလ်ံသည္ အေမရိကန္တီဗီစီးရီး RuPaul's Drag Race အတြက္ သံတမန္ တစ္ဦးျဖစ္လာခဲ့ၿပီးေနာက္ (၂၀၁၅)ခုႏွစ္တြင္ စတင္ေက်ာ္ၾကားလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂ်ိမ္းစ္လီဝီလ်ံအတြက္ စင္ျမင့္အမည္ကို အထင္ကရအဂၤလိပ္ဖက္ရွင္ဒီဇိုင္နာ Vivienne Westwood က လႈံ႕ေဆာ္ေပးခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
RuPaul's Drag Race ရႈိးက “သူ႔ရဲ႕အေမြအႏွစ္ေတြဟာ ဆက္လက္ရွင္သန္ေနပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ သူ႔ကိုအၿမဲတမ္း သတိရေနမွာပါ။ ဒီဆုံးရႈံးမႈကို စကားနဲ႔ဘယ္လိုေဖာ္ျပရမလဲဆိုတာေတာင္ မသိေတာ့ပါဘူး။ ဂ်ိမ္းစ္လီဝီလ်ံရဲ႕ အလင္းေရာင္က အၿမဲတမ္းထြန္းလင္းေတာက္ပေနပါေစ” ဟု ေရးသားေဖာ္ျပခဲ့သည္။