မန္တလေးကနေ လောက်ကိုင်ကို ဘယ်လိုသွားလာရသလဲ...???

 926

သုတကျော် (NP News) - ဇန်နဝါရီ ၁ဝ

မြန်မာနိုင်ငံအလယ်ပိုင်းရှိ တစ်ချိန်က မင်းနေပြည်တော်ဖြစ်သော မန္တလေးမြို့မှ လောက်ကိုင် မြို့သို့ခရီးသည် ယခုအခါ ပိုမိုရှုပ်ထွေးလာခဲ့ပြီဖြစ် သည်။ လောက်ကိုင်သို့ အလုပ်သွားရောက်လုပ်ကိုင်လို သူများအနေဖြင့် မန္တလေးမြို့ကိုဗဟိုပြုကာ သွားလာ နေရသည့်ပုံစံဖြစ်သည်။ လောက်ကိုင်မြို့သို့ သွား ရောက်လိုသူများ အနေဖြင့် ရှေးဦးစွာ မိမိတို့နေ ထိုင်ရာနေရာမှ မန္တလေးမြို့သို့ ဦးစွာလာရောက်ရန်လို သည်။ ထိုမှ လိုရာခရီးကို ဆက်လက်သွားရောက်ရ ခြင်းမှာ ရွေးချယ်စရာများအနက် အကောင်းမွန်ဆုံး လမ်းကြောင်းတစ်ခု ဖြစ်သည်။

မန္တလေး - လောက်ကိုင် ခရီးသည် ပုံမှန် အားဖြင့် ယခင် ခရီးလမ်း သာယာစဉ် အချိန်က (၁၀) နာရီခွဲ သာသာခန့်သာ အများဆုံး ကြာမြင့်ခဲ့မည် ဖြစ်သော် လည်း ယခု အခါတွင် ယင်း အချိန်ထက် များစွာ ပိုမို ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မန္တလေး - မူဆယ် အဝေးပြေး လမ်းမကြီး အတိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး စသည်ဖြင့် မြို့များကို ဖြတ်သန်းကာ သိန္ဒီမြို့တွင် အထက်ပါလမ်းမကြီး မှ လမ်းခွဲကာ လောက်ကိုင်မြို့သို့ သွားသော လမ်းသည် ယခင်က ခရီးစဉ် တလျှောက် အဝေးပြေးကားများ၊ အိမ်စီးကား များဖြင့် ဥဒဟိုသွားလာခဲ့ကြသည်။

သို့သော် (၁၀၂၇) ဟု ခေါ်သော မြောက် ပိုင်းသုံးဖွဲ့ ၏ တိုက်ခိုက်မှုများ အပြီးတွင် လားရှိုးမြို့ကို MNDAA က ၎င်းတို့ နယ်မြေအဆုံးအဖြစ် ထိန်း ချုပ်သွားခဲ့ပြီး နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို TNLA က ထိန်းချုပ်ထားပြီးနောက် အထက်ပါ လမ်းပိုင်း၏ အခြေအနေမှာ တမျိုးတမည် ပြောင်းလဲသွားခဲ့ ပြီ ဖြစ်သည်။ မန္တလေး - လောက်ကိုင် လမ်းပိုင်း အတွက် အဝေးပြေးယာဉ်များ ပြေးဆွဲမှု မရှိတော့ပဲ သီးသန့် ယာဉ်ငယ်များဖြင့်သာ သွားလာနေရကာ ဈေးနှုန်းကလည်း ကျပ်ငါးသိန်းခန့် မရှိပါက မန္တလေးမှ လောက်ကိုင်သို့ မရောက်နိုင်တော့ပေ။
ကာလတချို့ကြာ အဆိုပါ လမ်းပိုင်းတွင် သွားလာမှုများ ရပ်တန့်ခဲ့ပြီးနောက် ယခုအခါ ယခင် လမ်းဟောင်းကိုပင် အသုံးပြု ဖြတ်သန်း သွားလာခြင်းများ စတင်ပြုလုပ်နေပြီ ဖြစ်သော်လည်း ရင်တထိတ် ထိတ်ဖြင့် သွားလာနေရသော အခြေအနေ ဖြစ်သည်။

" အများစုရွေးကြတာကတော့ မန္တလေးက နေ သွားတဲ့ဟာပေါ့။ သူက ပိုပြီး ဘေးကင်းလုံခြုံတယ် လို့ ခံစားရစေတယ်" ဟု NP News ၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

လားရှိုးမြို့ကို MNDAA က ထိန်းချုပ်ပြီး နောက် အဆိုပါလမ်းကြောင်းအတွက် လားရှိုးသည် အဓိကဝင်ပေါက်မြို့ဖြစ်လာပြီး အချိန်ကြာမြင့်သော စစ်ဆေးမှုကို အဆိုပါမြို့အဝင်တွင် ခံယူရသည်။ လက်ရှိတွင် လောက်ကိုင်မြို့သို့ အလုပ်သွားရောက် လုပ်ကိုင်ရန် စိတ်ဝင်စားသူ ပြန်လည်များပြားလာ သည့်ကာလတွင် “မန္တလေးကနေ ပုံမှန်အတိုင်းဆို လားရှိုးကိုဝင်ရတာပေါ့။ မန္တလေးကထွက်လို့ရှိရင် အဲဒီမှာ ဂိတ်ရှိတယ်။ မန္တလေး-ပြင်ဦးလွင် ကြားမှာ ဂိတ်က တော်တော်လေးစစ်တယ်ပြော တယ်။ ဘယ်သွားမှာလဲ၊ မှတ်ပုံတင် တောင်းတာပေါ့။ လားရှိုးထဲဝင်ခါနီးရင်တော့ လားရှိုးမြို့ထဲကို တော်ရုံ တန်ရုံ ဝင်လို့မရဘူး" ဟု အထက်ပါ လမ်းကြောင်းကို သိရှိသူတစ်ဦးက ဆိုသည်။

လားရှိုးမြို့သို့အဝင်သည် မန္တလေးမြို့မှ အထွက်ထက် ပိုမိုတင်းကြပ်ပြီး ဝင်ရောက်ရန် မလွယ် ကူပေ။ ထို့ပြင် အစစ်အဆေးလည်းများကြောင်း ၎င်းကဆိုသည်။ လားရှိုးမြို့အဝင်တွင် ကံဆိုးသူများ အနေဖြင့် ညအိပ်စောင့်ရသည်လည်းရှိကြောင်း သိရသည်။

" ကျွန်တော့်အသိသွားတုန်းက ကားအစီး ရေလည်း တော်တော်များတယ်။ လူလည်း တော်တော် များတယ်လို့ပြောတယ်။ သူတို့တုန်းက အထက်က လူတိုင်ပင်၊ အောက်က လူတိုင်ပင် အဲဒီလို တိုင်ပင် ပြီး ပေးလွှတ်တာရှိတယ်" ဟု ၎င်းကဆိုသည်။

လားရှိုးမြို့သို့အဝင်မှာ လွယ်လှသည်မ ဟုတ်ပါ။ ယခင်က နေထိုင်ခွင့်လက်မှတ်လုပ်ထားသူ မဟုတ်ပါက အလုပ်ရှင်က ထောက်ခံစာပေးထားရန် လိုအပ်သည်။ အဆိုပါ ထောက်ခံစာ၊ သို့မဟုတ် လက် မှတ်မပါသော ပြင်ပလူအနေဖြင့် အဝင်ခက်သည်။

" မြို့အဝင်မှာ ဂိတ်ပေါ့။ သူက ထောက်ခံ စာမပါရင် လားရှိုးမြို့ကို အဝင်မခံဘူး။ ပါရင် အဝင် မခံမယ်။ အဝင်မခံရင် ပြန်လှည့်ပေါ့။ အဲဒီလို ပြော တာရှိတယ်။ အဲဒီဂိတ်မှာ မရစ်တဲ့သူလည်းရှိတယ်။ တစ်ယောက်က တော်တော်ရစ်တယ် ပြောတယ်" ဟု ၎င်းကဆိုသည်။

အဆိုပါ ခရီးလမ်းပိုင်းအတွက် ကားငယ် များဖြင့် အများဆုံးသွားလာနိုင်ပြီး ကုန်ကျစရိတ်မှာ သုံးသိန်းခွဲကျပ် ဖြစ်သည်။

"ကျွန်တော့်သူငယ်ချင်းသွားတုန်းက သုံး သိန်းခွဲပါ။ အခုထိလည်း သုံးသိန်းခွဲပဲ"ဟု ၎င်းက ဆိုသည်။

လားရှိုးမှ လောက်ကိုင်မြို့သို့ ဆက်သွား ရမည့်ခရီးအတွက် ကုန်ကျစားရိတ်မှာ မြန်မာကျပ်ငွေ တစ်သိန်းဖြစ်သည်။ သို့သော် လူအနည်းအများပေါ် မူတည်နိုင်ကြောင်း သိရသည်။
" ကျွန်တော့်သူငယ်ချင်းသွားတုန်းက တစ် သိန်းပဲပေးရတယ်။ ဒါပေမဲ့ ရက်ပိုင်းပဲကြာပြီး သူ့ အစ်မလိုက်သွားတော့ နှစ်သိန်းခွဲဖြစ်သွားတယ်ပြော တယ်။ လမ်းပိုင်းမှာ လူရတဲ့အပေါ်မူတည်မယ်ထင် တယ်။ သူက လူနည်းရင်ဈေးနည်းမယ်၊ လူများရင် တော့ ဈေးများတာမျိုးဖြစ်မယ်"ဟု ၎င်းကဆိုသည်။

အဆိုပါမြို့သို့သွားသည့်လမ်းမှာ ယခင် လမ်းဟောင်းအတိုင်းပင် ဆက်လက်အသုံးပြုနေကြ ကြောင်း ၎င်းကဆိုသည်။

" လားရှိုးကနေ ထွက်မယ်ဆိုရင် ဟိုဘက် ဟိုလီတို့၊ ကွမ်လုံတို့၊ သိန္နီတို့၊ ချင်းရွှေဟော်တို့ လမ်း ဟောင်းအတိုင်းသွားတာ" ဟု ၎င်းကရှင်းပြသည်။

ထိုသို့သွားရောက်ရန်အတွက် တစ်ဖက်အလုပ်ရှင်၏ ထောက်ခံစာမှာ မှတ်ပုံတင်ထက်ပင် အရေးကြီးသည်။ မှတ်ပုံတင် တစ်ခုတည်းသာ လားရှိုး-လောက်ကိုင် ခရီးတွင် ပြသမိပါက ဗမာ၊ ဗုဒ္ဓ ဟု ရေးသားထားလျှင် သွားလာရေး အခက်အခဲဖြစ်နိုင်သည်။

" ပထမကလည်း ဗမာလူမျိုးကို မယုံကြ ဘူးပေါ့။ လေယာဉ်ဗုံးကြဲတာတွေ ဘာတွေကလည်း ဗမာလူမျိုးတွေကြောင့် ဖြစ်နိုင်တယ်ဆိုပြီး ကန့်သတ် ထားတာပေါ့" ဟု ၎င်းကဆိုသည်။

ထို့ကြောင့် အလုပ်ရှင်ခေါ်စာကိုသာ ပြသ ရန် အထက်ပါ သတင်းရင်းမြစ်က တိုက်တွန်းသည်။

" အဲဒီ လားရှိုးအဝင်ကနေလောက်ကိုင်အထိ ထောက်ခံစာက အရေးကြီးတာပေါ့။ အလုပ်ရှင် ထောက်ခံစာလေ။ ကျွန်တော့်အသိဆို အလုပ်ရှင်က အဲဒီ ထောက်ခံစာကို Viber ကနေ သူဖုန်းထဲကို ပို့ပေးထားတာ။ လားရှိုးကနေထွက်ပြီး ချင်းရွှေဟော် နားလောက်ပေါ့။ အဲဒီမှာစစ်တယ်။ မှတ်ပုံတင်တောင်း တာပေါ့။ ဒါပေမဲ့ သူက အလုပ်ရှင်ထောက်ခံစာပဲ ထုတ်ပြလိုက်တော့ သွား ကိစ္စမရှိဘူးဆိုပြီး လွှတ်ပေး တယ်"ဟု ၎င်းကဆိုသည်။ လားရှိုး-လောက်ကိုင် ခရီးအကွာအဝေးမှာ ငါးနာရီခန့်သာကြာမြင့်ပြီး ယခု လည်း အထက်ပါကြာချိန်အတိုင်းသာ ဖြစ်သည်။ မန္တလေး-လားရှိုး လမ်းပိုင်းလည်း ကားစီးချိန် မကြာ မြင့်ပါ။ အဓိကအားဖြင့် အထောက်အထားရှိရန်သာ လိုသည်။

" ထောက်ခံစာတို့ လိုအပ်တဲ့အထောက် အထားမရှိရင်တော့ သုံးလေးရက်ကြာတာပေါ့။ အ ထောက်အထားပြည့်ရင်တော့ မန္တလေး-လားရှိုးက ဘယ်လောက်မှမကြာဘူးလေ။ မန္တလေးကနေ ထားပါ တော့ ကားလေးနဲ့ ညနေ လေးနာရီလောက်ထွက်ရင် လားရှိုးကို မိုးမလင်းခင် ရောက်တယ်" ဟု ၎င်းကဆို သည်။

မန္တလေး-လောက်ကိုင်လမ်းပိုင်းသည် လတ်တလောအားဖြင့် လုံခြုံသည့်အခြေအနေဟု ပြောနိုင်ပြီး စိတ်အေးချမ်းသာစွာသွားနိုင်သည့် အနေ အထားဖြစ်သည်။ " လားရှိုးမြို့အဝင်ဂိတ်က စစ်တာပဲရှိတာ။ အားလုံးကတော့ ပုံမှန်အတိုင်း အေးအေးဆေးဆေး သွားလို့ရတယ်"ဟု ၎င်းက ဆိုသည်။ MNDAA ၏ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ပြီးနောက် လားရှိုးမှလောက်ကိုင်သို့ခရီး လမ်းမှာမူ ဂိတ် (၄)ဂိတ်ခန့်သာဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ " သိန္နီမှာ အဝင်အထွက် နှစ်ဂိတ်ရှိ မယ်။ ဟိုလီအကျော်မှာ တစ်ဂိတ်ရှိမယ်။ ကွမ်လုံမှာ ရှိမယ်။ ချင်းရွှေဟော်မှာရှိတယ်။ ချင်းရွှေဟော်ကနေ လောက်ကိုင်ထဲရောက်တဲ့အထိ တစ်ဂိတ်မှမရှိတော့ ဘူး" ဟု ၎င်းက ရှင်းပြသည်။

အထက်ပါခရီးမှာ မန္တလေးမှ လောက်ကိုင် သို့သွားသည့်အတွက်ဖြစ်ပြီး လောက်ကိုင်-မန္တလေး ခရီးမှာမူ အသွားခရီးထက် အကုန်အကျ ပိုမိုသက်သာနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

" အရင် စစ်မဖြစ်ခင်က သွားရလာရတာက လုံးဝ Safe ဖြစ်တယ်။ ကားခကလည်း အဲဒီလောက် မကုန်ဘူး။ သွားတာ၊ လာတာကလည်း မကြာမြင့်ဘူး လေ။ အနည်းဆုံး ရန်ကုန်နေသွားမယ်ဆိုရင် လမ်းမှာ တစ်ညအိပ်၊ ဟိုကို နောက်နေ့ညနေဆိုရင် ရောက်ပြီလေ။ အစစ်အဆေးလည်းမများဘူး" ဟု ယခင် အတွေ့အကြုံကို ရှင်းပြသည်။

MNDAA ထိန်းချုပ်နယ်မြေ တွင် စိုးရိမ် စိတ်တထိတ်ထိတ်ဖြင့် သွားလာရဖွယ်ရှိသော်လည်း အစိုးရထိန်းချုပ်ထားရာနယ်မြေတွင်မူ စိတ်အေးချမ်း သာစွာဖြင့် သွားလာနိုင်သည်။ သို့သော် အကြမ်းဖက် အဖွဲ့အစည်းနှင့်ပတ်သက်သူများအနေဖြင့်မူ စိုးတထိတ်ထိတ်ဖြင့် သွားလာရပေမည်။

" ဒီဘက်အခြမ်းကတော့ သွားလာရတာ အဆင်ပြေတယ်။ မှတ်ပုံတင်ပြမယ် ကိုယ်က ဘာမှ တရားဥပဒေဘောင်ပြင်ပက လုပ်ထားတာမရှိရင် တော့ အဆင်ပြေတယ်။ မဟုတ်ရင်တော့ စိုးရိမ်နေရ မှာပေါ့။ ဟိုဘက်အခြမ်းကတော့ သူတို့ကြည့်တဲ့ ဘောင်က ဒီဘက်ထက်ကျယ်တာပေါ့။ လူမျိုးလည်း ကြည့်တယ်ဆိုတာမျိုးရှိတယ်။ ဥပမာ ဒီဘက်မှာ ဘယ်မျဉ်းစောင်း မှတ်ပုံတင်က ဘယ်လိုမသွားရဘူး ဆိုတာရှိခဲ့ရင်တောင် ထောက်ခံစာပြရင် အေးဆေး ပဲလေ။ ကျော်ဖြတ်နိုင်တယ်။ ကိုယ်ကလည်း မှန်မှန် ကန်ကန်နေဖို့တော့လိုတာပေါ့ " ဟု ၎င်းကဆိုသည်။

zawgyi version
မႏၲေလးကေန ေလာက္ကိုင္ကို ဘယ္လိုသြားလာရသလဲ...???
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁ဝ

ျမန္မာႏိုင္ငံအလယ္ပိုင္းရွိ တစ္ခ်ိန္က မင္းေနျပည္ေတာ္ျဖစ္ေသာ မႏၲေလးၿမိဳ႕မွ ေလာက္ကိုင္ ၿမိဳ႕သို႔ခရီးသည္ ယခုအခါ ပိုမိုရႈပ္ေထြးလာခဲ့ၿပီျဖစ္ သည္။ ေလာက္ကိုင္သို႔ အလုပ္သြားေရာက္လုပ္ကိုင္လို သူမ်ားအေနျဖင့္ မႏၲေလးၿမိဳ႕ကိုဗဟိုျပဳကာ သြားလာ ေနရသည့္ပုံစံျဖစ္သည္။ ေလာက္ကိုင္ၿမိဳ႕သို႔ သြား ေရာက္လိုသူမ်ား အေနျဖင့္ ေရွးဦးစြာ မိမိတို႔ေန ထိုင္ရာေနရာမွ မႏၲေလးၿမိဳ႕သို႔ ဦးစြာလာေရာက္ရန္လို သည္။ ထိုမွ လိုရာခရီးကို ဆက္လက္သြားေရာက္ရ ျခင္းမွာ ေ႐ြးခ်ယ္စရာမ်ားအနက္ အေကာင္းမြန္ဆုံး လမ္းေၾကာင္းတစ္ခု ျဖစ္သည္။

မႏၲေလး - ေလာက္ကိုင္ ခရီးသည္ ပုံမွန္ အားျဖင့္ ယခင္ ခရီးလမ္း သာယာစဥ္ အခ်ိန္က (၁၀) နာရီခြဲ သာသာခန႔္သာ အမ်ားဆုံး ၾကာျမင့္ခဲ့မည္ ျဖစ္ေသာ္ လည္း ယခု အခါတြင္ ယင္း အခ်ိန္ထက္ မ်ားစြာ ပိုမို ၾကာျမင့္ခဲ့ၿပီ ျဖစ္သည္။ မႏၲေလး - မူဆယ္ အေဝးေျပး လမ္းမႀကီး အတိုင္း ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါ၊ လားရႈိး စသည္ျဖင့္ ၿမိဳ႕မ်ားကို ျဖတ္သန္းကာ သိႏၵီၿမိဳ႕တြင္ အထက္ပါလမ္းမႀကီး မွ လမ္းခြဲကာ ေလာက္ကိုင္ၿမိဳ႕သို႔ သြားေသာ လမ္းသည္ ယခင္က ခရီးစဥ္ တေလွ်ာက္ အေဝးေျပးကားမ်ား၊ အိမ္စီးကား မ်ားျဖင့္ ဥဒဟိုသြားလာခဲ့ၾကသည္။

သို႔ေသာ္ (၁၀၂၇) ဟု ေခၚေသာ ေျမာက္ ပိုင္းသုံးဖြဲ႕ ၏ တိုက္ခိုက္မႈမ်ား အၿပီးတြင္ လားရႈိးၿမိဳ႕ကို MNDAA က ၎တို႔ နယ္ေျမအဆုံးအျဖစ္ ထိန္း ခ်ဳပ္သြားခဲ့ၿပီး ေနာင္ခ်ိဳ၊ ေက်ာက္မဲ ႏွင့္ သီေပါၿမိဳ႕တို႔ကို TNLA က ထိန္းခ်ဳပ္ထားၿပီးေနာက္ အထက္ပါ လမ္းပိုင္း၏ အေျခအေနမွာ တမ်ိဳးတမည္ ေျပာင္းလဲသြားခဲ့ ၿပီ ျဖစ္သည္။ မႏၲေလး - ေလာက္ကိုင္ လမ္းပိုင္း အတြက္ အေဝးေျပးယာဥ္မ်ား ေျပးဆြဲမႈ မရွိေတာ့ပဲ သီးသန႔္ ယာဥ္ငယ္မ်ားျဖင့္သာ သြားလာေနရကာ ေဈးႏႈန္းကလည္း က်ပ္ငါးသိန္းခန႔္ မရွိပါက မႏၲေလးမွ ေလာက္ကိုင္သို႔ မေရာက္ႏိုင္ေတာ့ေပ။
ကာလတခ်ိဳ႕ၾကာ အဆိုပါ လမ္းပိုင္းတြင္ သြားလာမႈမ်ား ရပ္တန႔္ခဲ့ၿပီးေနာက္ ယခုအခါ ယခင္ လမ္းေဟာင္းကိုပင္ အသုံးျပဳ ျဖတ္သန္း သြားလာျခင္းမ်ား စတင္ျပဳလုပ္ေနၿပီ ျဖစ္ေသာ္လည္း ရင္တထိတ္ ထိတ္ျဖင့္ သြားလာေနရေသာ အေျခအေန ျဖစ္သည္။

" အမ်ားစုေ႐ြးၾကတာကေတာ့ မႏၲေလးက ေန သြားတဲ့ဟာေပါ့။ သူက ပိုၿပီး ေဘးကင္းလုံၿခဳံတယ္ လို႔ ခံစားရေစတယ္" ဟု NP News ၏ သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။

လားရႈိးၿမိဳ႕ကို MNDAA က ထိန္းခ်ဳပ္ၿပီး ေနာက္ အဆိုပါလမ္းေၾကာင္းအတြက္ လားရႈိးသည္ အဓိကဝင္ေပါက္ၿမိဳ႕ျဖစ္လာၿပီး အခ်ိန္ၾကာျမင့္ေသာ စစ္ေဆးမႈကို အဆိုပါၿမိဳ႕အဝင္တြင္ ခံယူရသည္။ လက္ရွိတြင္ ေလာက္ကိုင္ၿမိဳ႕သို႔ အလုပ္သြားေရာက္ လုပ္ကိုင္ရန္ စိတ္ဝင္စားသူ ျပန္လည္မ်ားျပားလာ သည့္ကာလတြင္ “မႏၲေလးကေန ပုံမွန္အတိုင္းဆို လားရႈိးကိုဝင္ရတာေပါ့။ မႏၲေလးကထြက္လို႔ရွိရင္ အဲဒီမွာ ဂိတ္ရွိတယ္။ မႏၲေလး-ျပင္ဦးလြင္ ၾကားမွာ ဂိတ္က ေတာ္ေတာ္ေလးစစ္တယ္ေျပာ တယ္။ ဘယ္သြားမွာလဲ၊ မွတ္ပုံတင္ ေတာင္းတာေပါ့။ လားရႈိးထဲဝင္ခါနီးရင္ေတာ့ လားရႈိးၿမိဳ႕ထဲကို ေတာ္႐ုံ တန္႐ုံ ဝင္လို႔မရဘူး" ဟု အထက္ပါ လမ္းေၾကာင္းကို သိရွိသူတစ္ဦးက ဆိုသည္။

လားရႈိးၿမိဳ႕သို႔အဝင္သည္ မႏၲေလးၿမိဳ႕မွ အထြက္ထက္ ပိုမိုတင္းၾကပ္ၿပီး ဝင္ေရာက္ရန္ မလြယ္ ကူေပ။ ထို႔ျပင္ အစစ္အေဆးလည္းမ်ားေၾကာင္း ၎ကဆိုသည္။ လားရႈိးၿမိဳ႕အဝင္တြင္ ကံဆိုးသူမ်ား အေနျဖင့္ ညအိပ္ေစာင့္ရသည္လည္းရွိေၾကာင္း သိရသည္။

" ကြၽန္ေတာ့္အသိသြားတုန္းက ကားအစီး ေရလည္း ေတာ္ေတာ္မ်ားတယ္။ လူလည္း ေတာ္ေတာ္ မ်ားတယ္လို႔ေျပာတယ္။ သူတို႔တုန္းက အထက္က လူတိုင္ပင္၊ ေအာက္က လူတိုင္ပင္ အဲဒီလို တိုင္ပင္ ၿပီး ေပးလႊတ္တာရွိတယ္" ဟု ၎ကဆိုသည္။

လားရႈိးၿမိဳ႕သို႔အဝင္မွာ လြယ္လွသည္မ ဟုတ္ပါ။ ယခင္က ေနထိုင္ခြင့္လက္မွတ္လုပ္ထားသူ မဟုတ္ပါက အလုပ္ရွင္က ေထာက္ခံစာေပးထားရန္ လိုအပ္သည္။ အဆိုပါ ေထာက္ခံစာ၊ သို႔မဟုတ္ လက္ မွတ္မပါေသာ ျပင္ပလူအေနျဖင့္ အဝင္ခက္သည္။

" ၿမိဳ႕အဝင္မွာ ဂိတ္ေပါ့။ သူက ေထာက္ခံ စာမပါရင္ လားရႈိးၿမိဳ႕ကို အဝင္မခံဘူး။ ပါရင္ အဝင္ မခံမယ္။ အဝင္မခံရင္ ျပန္လွည့္ေပါ့။ အဲဒီလို ေျပာ တာရွိတယ္။ အဲဒီဂိတ္မွာ မရစ္တဲ့သူလည္းရွိတယ္။ တစ္ေယာက္က ေတာ္ေတာ္ရစ္တယ္ ေျပာတယ္" ဟု ၎ကဆိုသည္။

အဆိုပါ ခရီးလမ္းပိုင္းအတြက္ ကားငယ္ မ်ားျဖင့္ အမ်ားဆုံးသြားလာႏိုင္ၿပီး ကုန္က်စရိတ္မွာ သုံးသိန္းခြဲက်ပ္ ျဖစ္သည္။

"ကြၽန္ေတာ့္သူငယ္ခ်င္းသြားတုန္းက သုံး သိန္းခြဲပါ။ အခုထိလည္း သုံးသိန္းခြဲပဲ"ဟု ၎က ဆိုသည္။

လားရႈိးမွ ေလာက္ကိုင္ၿမိဳ႕သို႔ ဆက္သြား ရမည့္ခရီးအတြက္ ကုန္က်စားရိတ္မွာ ျမန္မာက်ပ္ေငြ တစ္သိန္းျဖစ္သည္။ သို႔ေသာ္ လူအနည္းအမ်ားေပၚ မူတည္ႏိုင္ေၾကာင္း သိရသည္။
" ကြၽန္ေတာ့္သူငယ္ခ်င္းသြားတုန္းက တစ္ သိန္းပဲေပးရတယ္။ ဒါေပမဲ့ ရက္ပိုင္းပဲၾကာၿပီး သူ႔ အစ္မလိုက္သြားေတာ့ ႏွစ္သိန္းခြဲျဖစ္သြားတယ္ေျပာ တယ္။ လမ္းပိုင္းမွာ လူရတဲ့အေပၚမူတည္မယ္ထင္ တယ္။ သူက လူနည္းရင္ေဈးနည္းမယ္၊ လူမ်ားရင္ ေတာ့ ေဈးမ်ားတာမ်ိဳးျဖစ္မယ္"ဟု ၎ကဆိုသည္။

အဆိုပါၿမိဳ႕သို႔သြားသည့္လမ္းမွာ ယခင္ လမ္းေဟာင္းအတိုင္းပင္ ဆက္လက္အသုံးျပဳေနၾက ေၾကာင္း ၎ကဆိုသည္။

" လားရႈိးကေန ထြက္မယ္ဆိုရင္ ဟိုဘက္ ဟိုလီတို႔၊ ကြမ္လုံတို႔၊ သိႏၷီတို႔၊ ခ်င္းေ႐ႊေဟာ္တို႔ လမ္း ေဟာင္းအတိုင္းသြားတာ" ဟု ၎ကရွင္းျပသည္။

ထိုသို႔သြားေရာက္ရန္အတြက္ တစ္ဖက္အလုပ္ရွင္၏ ေထာက္ခံစာမွာ မွတ္ပုံတင္ထက္ပင္ အေရးႀကီးသည္။ မွတ္ပုံတင္ တစ္ခုတည္းသာ လားရႈိး-ေလာက္ကိုင္ ခရီးတြင္ ျပသမိပါက ဗမာ၊ ဗုဒၶ ဟု ေရးသားထားလွ်င္ သြားလာေရး အခက္အခဲျဖစ္ႏိုင္သည္။

" ပထမကလည္း ဗမာလူမ်ိဳးကို မယုံၾက ဘူးေပါ့။ ေလယာဥ္ဗုံးႀကဲတာေတြ ဘာေတြကလည္း ဗမာလူမ်ိဳးေတြေၾကာင့္ ျဖစ္ႏိုင္တယ္ဆိုၿပီး ကန႔္သတ္ ထားတာေပါ့" ဟု ၎ကဆိုသည္။

ထို႔ေၾကာင့္ အလုပ္ရွင္ေခၚစာကိုသာ ျပသ ရန္ အထက္ပါ သတင္းရင္းျမစ္က တိုက္တြန္းသည္။

" အဲဒီ လားရႈိးအဝင္ကေနေလာက္ကိုင္အထိ ေထာက္ခံစာက အေရးႀကီးတာေပါ့။ အလုပ္ရွင္ ေထာက္ခံစာေလ။ ကြၽန္ေတာ့္အသိဆို အလုပ္ရွင္က အဲဒီ ေထာက္ခံစာကို Viber ကေန သူဖုန္းထဲကို ပို႔ေပးထားတာ။ လားရႈိးကေနထြက္ၿပီး ခ်င္းေ႐ႊေဟာ္ နားေလာက္ေပါ့။ အဲဒီမွာစစ္တယ္။ မွတ္ပုံတင္ေတာင္း တာေပါ့။ ဒါေပမဲ့ သူက အလုပ္ရွင္ေထာက္ခံစာပဲ ထုတ္ျပလိုက္ေတာ့ သြား ကိစၥမရွိဘူးဆိုၿပီး လႊတ္ေပး တယ္"ဟု ၎ကဆိုသည္။ လားရႈိး-ေလာက္ကိုင္ ခရီးအကြာအေဝးမွာ ငါးနာရီခန႔္သာၾကာျမင့္ၿပီး ယခု လည္း အထက္ပါၾကာခ်ိန္အတိုင္းသာ ျဖစ္သည္။ မႏၲေလး-လားရႈိး လမ္းပိုင္းလည္း ကားစီးခ်ိန္ မၾကာ ျမင့္ပါ။ အဓိကအားျဖင့္ အေထာက္အထားရွိရန္သာ လိုသည္။

" ေထာက္ခံစာတို႔ လိုအပ္တဲ့အေထာက္ အထားမရွိရင္ေတာ့ သုံးေလးရက္ၾကာတာေပါ့။ အ ေထာက္အထားျပည့္ရင္ေတာ့ မႏၲေလး-လားရႈိးက ဘယ္ေလာက္မွမၾကာဘူးေလ။ မႏၲေလးကေန ထားပါ ေတာ့ ကားေလးနဲ႔ ညေန ေလးနာရီေလာက္ထြက္ရင္ လားရႈိးကို မိုးမလင္းခင္ ေရာက္တယ္" ဟု ၎ကဆို သည္။

မႏၲေလး-ေလာက္ကိုင္လမ္းပိုင္းသည္ လတ္တေလာအားျဖင့္ လုံၿခဳံသည့္အေျခအေနဟု ေျပာႏိုင္ၿပီး စိတ္ေအးခ်မ္းသာစြာသြားႏိုင္သည့္ အေန အထားျဖစ္သည္။ " လားရႈိးၿမိဳ႕အဝင္ဂိတ္က စစ္တာပဲရွိတာ။ အားလုံးကေတာ့ ပုံမွန္အတိုင္း ေအးေအးေဆးေဆး သြားလို႔ရတယ္"ဟု ၎က ဆိုသည္။ MNDAA ၏ ထိန္းခ်ဳပ္နယ္ေျမအတြင္း ဝင္ေရာက္ၿပီးေနာက္ လားရႈိးမွေလာက္ကိုင္သို႔ခရီး လမ္းမွာမူ ဂိတ္ (၄)ဂိတ္ခန႔္သာျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။ " သိႏၷီမွာ အဝင္အထြက္ ႏွစ္ဂိတ္ရွိ မယ္။ ဟိုလီအေက်ာ္မွာ တစ္ဂိတ္ရွိမယ္။ ကြမ္လုံမွာ ရွိမယ္။ ခ်င္းေ႐ႊေဟာ္မွာရွိတယ္။ ခ်င္းေ႐ႊေဟာ္ကေန ေလာက္ကိုင္ထဲေရာက္တဲ့အထိ တစ္ဂိတ္မွမရွိေတာ့ ဘူး" ဟု ၎က ရွင္းျပသည္။

အထက္ပါခရီးမွာ မႏၲေလးမွ ေလာက္ကိုင္ သို႔သြားသည့္အတြက္ျဖစ္ၿပီး ေလာက္ကိုင္-မႏၲေလး ခရီးမွာမူ အသြားခရီးထက္ အကုန္အက် ပိုမိုသက္သာႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။

" အရင္ စစ္မျဖစ္ခင္က သြားရလာရတာက လုံးဝ Safe ျဖစ္တယ္။ ကားခကလည္း အဲဒီေလာက္ မကုန္ဘူး။ သြားတာ၊ လာတာကလည္း မၾကာျမင့္ဘူး ေလ။ အနည္းဆုံး ရန္ကုန္ေနသြားမယ္ဆိုရင္ လမ္းမွာ တစ္ညအိပ္၊ ဟိုကို ေနာက္ေန႔ညေနဆိုရင္ ေရာက္ၿပီေလ။ အစစ္အေဆးလည္းမမ်ားဘူး" ဟု ယခင္ အေတြ႕အႀကဳံကို ရွင္းျပသည္။

MNDAA ထိန္းခ်ဳပ္နယ္ေျမ တြင္ စိုးရိမ္ စိတ္တထိတ္ထိတ္ျဖင့္ သြားလာရဖြယ္ရွိေသာ္လည္း အစိုးရထိန္းခ်ဳပ္ထားရာနယ္ေျမတြင္မူ စိတ္ေအးခ်မ္း သာစြာျဖင့္ သြားလာႏိုင္သည္။ သို႔ေသာ္ အၾကမ္းဖက္ အဖြဲ႕အစည္းႏွင့္ပတ္သက္သူမ်ားအေနျဖင့္မူ စိုးတထိတ္ထိတ္ျဖင့္ သြားလာရေပမည္။

" ဒီဘက္အျခမ္းကေတာ့ သြားလာရတာ အဆင္ေျပတယ္။ မွတ္ပုံတင္ျပမယ္ ကိုယ္က ဘာမွ တရားဥပေဒေဘာင္ျပင္ပက လုပ္ထားတာမရွိရင္ ေတာ့ အဆင္ေျပတယ္။ မဟုတ္ရင္ေတာ့ စိုးရိမ္ေနရ မွာေပါ့။ ဟိုဘက္အျခမ္းကေတာ့ သူတို႔ၾကည့္တဲ့ ေဘာင္က ဒီဘက္ထက္က်ယ္တာေပါ့။ လူမ်ိဳးလည္း ၾကည့္တယ္ဆိုတာမ်ိဳးရွိတယ္။ ဥပမာ ဒီဘက္မွာ ဘယ္မ်ဥ္းေစာင္း မွတ္ပုံတင္က ဘယ္လိုမသြားရဘူး ဆိုတာရွိခဲ့ရင္ေတာင္ ေထာက္ခံစာျပရင္ ေအးေဆး ပဲေလ။ ေက်ာ္ျဖတ္ႏိုင္တယ္။ ကိုယ္ကလည္း မွန္မွန္ ကန္ကန္ေနဖို႔ေတာ့လိုတာေပါ့ " ဟု ၎ကဆိုသည္။

Related news

© 2021. All rights reserved.