HMPV ဗိုင်းရပ်စ်က ဗိုင်းရပ်စ်အသစ်မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော
220
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁ဝ
HMPV ဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်အသစ်မဟုတ်သော်လည်း ဗိုင်းရပ်စ်က အအေးမီခြင်းရောဂါလက္ခဏာနှင့် ဆင်တူ ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ WHO က ပြောသည်။ အဆိုပါ HMPV ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် အိန္ဒိယ၊ မလေးရှားနိုင်ငံများတွင်လည်း ကူးစက်ခံရသူများ တွေ့ရှိထားကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း HMPV ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၃၂၇ ဦးအထိ ရှိခဲ့ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
HMPV ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး စိုးရိမ်မှုများရှိနေဆဲဖြစ်ရာ ဥရောပတိုက်နိုင်ငံအတွင်း စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံတွင်လည်း ကူးစက်မှုများရှိနေဆဲဖြစ်ရာ ပြီးခဲ့သော ရက်ပိုင်းတွင် HMPV ဗိုင်းရပ်စ်တွေ့ရှိခဲ့သော အသက် ၈၀ အရွယ်ရှိ အဘိုးအိုတစ်ဦးသည် အပြင်သွားခြင်းမရှိဘဲ ဗိုင်းရပ်စ် ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဗိုင်းရပ်စ် စတင်ဖြစ်ပွားသောတရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက တရုတ်အစိုးရသည် ဗိုင်းရပ်စ် ကူးစက်ခံရမှုအခြေအနေနှင့် ဖြစ်ပွားမှုများကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးထားပြီး အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း၊ ဗိုင်းရပ်စ်အသစ်မဟုတ်ကြောင်း ပြောသည်။
HMPV ၏ လက္ခဏာများသည် သာမန်တုပ်ကွေးအအေးမိသော ပုံစံလက္ခဏာများဖြင့် အလားတူပြီး ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ နှာပိတ်ခြင်း နှင့် အသက်ရှုကြပ်ခြင်းများဖြစ်လေ့ရှိကာ အချို့ကူးစက်မှုက ပိုဆိုးကြောင်း သိရသည်။
အမေရိကန်ရောဂါထိန်းချုပ်တားဆီးရေး CDC က ဗိုင်းရပ်စ်သည် အသက်အရွယ်မရွေး အသက်ရှုလမ်းကြောင်းဖြစ်သော လည်ချောင်းမှ အဆုတ်အထိရောဂါပိုးကူးစက်ဝင်ရောက်နိုင်ကြောင်း၊ ခန္ဓာကိုယ် ကိုယ်ခံအားနည်းသည့်ကလေးများနှင့် သက်ကြီးရွယ်အိုများတွင် ကူးစက်မှုပိုပြီးမြင်တွေ့ရဖွယ်ရှိနေကြောင်း၊ ကူးစက်မှု စတင်ပြီး ရောဂါ စတင်ဖြစ်ပွားသည် ခန့်မှန်းခြေ ၃ ရက်မှ ၆ ရက်အကြာအထိ ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
အမေရိကန်ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ၏ ကူးစက်မှုတွေအပေါ်စောင့်ကြည့်လေ့လာခဲ့သည့် မှတ်တမ်း များအရ HMPV ဗိုင်းရပ်စ်သည် မအေးလွန်း၊ မပူလွန်းသော ဆောင်းအကုန်နွေအကူး ရာသီအခြေအနေမျိုးတွင် ပိုပြီး ရှင်သန် ကူးစက်နိုင်စွမ်းရှိကြောင်း ပြောသည်။
Zawgyi Version;
HMPV ဗိုင္းရပ္စ္က ဗိုင္းရပ္စ္အသစ္မဟုတ္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁ဝ
HMPV ဗိုင္းရပ္စ္သည္ ဗိုင္းရပ္စ္အသစ္မဟုတ္ေသာ္လည္း ဗိုင္းရပ္စ္က အေအးမီျခင္းေရာဂါလကၡဏာႏွင့္ ဆင္တူ ေၾကာင္း ကမာၻက်န္းမာေရးအဖြဲ႕ WHO က ေျပာသည္။ အဆိုပါ HMPV ဗိုင္းရပ္စ္ကို တ႐ုတ္ႏိုင္ငံတြင္ စတင္ေတြ႕ရွိခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အိႏၵိယ၊ မေလးရွားႏိုင္ငံမ်ားတြင္လည္း ကူးစက္ခံရသူမ်ား ေတြ႕ရွိထားေၾကာင္း သိရသည္။ မေလးရွားႏိုင္ငံတြင္ ၂၀၂၄ ခုႏွစ္အတြင္း HMPV ဗိုင္းရပ္စ္ကူးစက္ခံရသူအေရအတြက္ ၃၂၇ ဦးအထိ ရွိခဲ့ေၾကာင္း မေလးရွားက်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
HMPV ဗိုင္းရပ္စ္ႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈမ်ားရွိေနဆဲျဖစ္ရာ ဥေရာပတိုက္ႏိုင္ငံအတြင္း ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း ဥေရာပသမဂၢ၏ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။ အိႏၵိယႏိုင္ငံတြင္လည္း ကူးစက္မႈမ်ားရွိေနဆဲျဖစ္ရာ ၿပီးခဲ့ေသာ ရက္ပိုင္းတြင္ HMPV ဗိုင္းရပ္စ္ေတြ႕ရွိခဲ့ေသာ အသက္ ၈၀ အ႐ြယ္ရွိ အဘိုးအိုတစ္ဦးသည္ အျပင္သြားျခင္းမရွိဘဲ ဗိုင္းရပ္စ္ ကူးစက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။
ဗိုင္းရပ္စ္ စတင္ျဖစ္ပြားေသာတ႐ုတ္ႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူက တ႐ုတ္အစိုးရသည္ ဗိုင္းရပ္စ္ ကူးစက္ခံရမႈအေျခအေနႏွင့္ ျဖစ္ပြားမႈမ်ားကို ပြင့္လင္းျမင္သာစြာ သတင္းထုတ္ျပန္မည္ျဖစ္ေၾကာင္း ေျပာသည္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က တ႐ုတ္ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးထားၿပီး အေျခအေနကို ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း၊ ဗိုင္းရပ္စ္အသစ္မဟုတ္ေၾကာင္း ေျပာသည္။
HMPV ၏ လကၡဏာမ်ားသည္ သာမန္တုပ္ေကြးအေအးမိေသာ ပုံစံလကၡဏာမ်ားျဖင့္ အလားတူၿပီး ေခ်ာင္းဆိုးျခင္း၊ ဖ်ားနာျခင္း၊ ႏွာပိတ္ျခင္း ႏွင့္ အသက္ရႈၾကပ္ျခင္းမ်ားျဖစ္ေလ့ရွိကာ အခ်ိဳ႕ကူးစက္မႈက ပိုဆိုးေၾကာင္း သိရသည္။
အေမရိကန္ေရာဂါထိန္းခ်ဳပ္တားဆီးေရး CDC က ဗိုင္းရပ္စ္သည္ အသက္အ႐ြယ္မေ႐ြး အသက္ရႈလမ္းေၾကာင္းျဖစ္ေသာ လည္ေခ်ာင္းမွ အဆုတ္အထိေရာဂါပိုးကူးစက္ဝင္ေရာက္ႏိုင္ေၾကာင္း၊ ခႏၶာကိုယ္ ကိုယ္ခံအားနည္းသည့္ကေလးမ်ားႏွင့္ သက္ႀကီး႐ြယ္အိုမ်ားတြင္ ကူးစက္မႈပိုၿပီးျမင္ေတြ႕ရဖြယ္ရွိေနေၾကာင္း၊ ကူးစက္မႈ စတင္ၿပီး ေရာဂါစတင္ျဖစ္ပြားသည္ ခန႔္မွန္းေျခ ၃ ရက္မွ ၆ ရက္အၾကာအထိ ရွိႏိုင္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာ၏ ကူးစက္မႈေတြအေပၚေစာင့္ၾကည့္ေလ့လာခဲ့သည့္ မွတ္တမ္းမ်ားအရ HMPV ဗိုင္းရပ္စ္သည္ မေအးလြန္း၊ မပူလြန္းေသာ ေဆာင္းအကုန္ေႏြအကူး ရာသီအေျခအေနမ်ိဳးတြင္ ပိုၿပီး ရွင္သန္ကူးစက္ႏိုင္စြမ္းရွိေၾကာင္း ေျပာသည္။