ရုရှားကိုတိုက်ခိုက်ရန်အတွက် အမေရိကန်က ဂရင်းလန်းကျွန်းကို အသုံးချလာဖွယ်ရှိနေဟုဆို
1916
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၂
အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံကို တိုက်ခိုက်ရန်အတွက် ဂရင်းလန်းကျွန်းကို အသုံးပြုဖွယ်ရှိနေကြောင်း ရုရှားလွှတ်တော်၏ ကာကွယ်ရေးဆိုင်ရာအကြီးအကဲ အန်ဒရီ ကာတာပိုလောဗ့်ကထုတ် ဖော်ပြောဆိုလိုက်သည်။
အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရမ့်က ဒိန်းမတ်နိုင်ငံထံမှ အာတိတ်သမုဒ္ဒရာအတွင်းရှိ ဂရင်းလန်းကျွန်းကို ဝယ်ယူရန် စီစဉ်နေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရုရှားလွှတ်တော် အကြီးအကဲက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ ဒေါ်နယ်ထရမ့်က ၎င်းတို့သည် ပနားမားတူးမြောင်းနှင့် ဂရင်းလန်းကျွန်း ကို ရလိုပြီး အင်အားသုံးသင့် သုံးမည်ဆိုသော စကားများပြောဆိုခဲ့ဖူးကြောင်း သိရသည်။
ဂရင်းလန်းကျွန်းကိုအင်အားသုံး ရယူနိုင်ရန် ကြိုးပမ်းမည်ဆိုသော ဒေါ်နယ်ထရမ့်၏မှတ်ချက် စကားနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂအဖွဲ့အကြီးအကဲကလည်း ဝေဖန်ပြစ်တင်ခဲ့သည်။ ဒေါ်နယ်ထရမ့်က ‘‘အမေရိကန် နိုင်ငံရဲ့လုံခြုံရေးအတွက် ဂရင်းလန်းကျွန်းကိုပိုင်ဆိုင်ထိန်းချုပ်ခွင့်ရဖို့ လိုအပ်တယ်”ဟု ပြီးခဲ့သောရက်ပိုင်းတွင် ပြောဆိုခဲ့ဖူးသည်။ ဂရင်းလန်းကျွန်းသည် ဒိန်းမတ်နိုင်ငံပိုင်နက်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းလည်းဖြစ်ကာ လွတ် လပ်ရေးရယူနိုင်ရန် ကြိုးပမ်းနေကြောင်းသိရသည်။
ရုရှားလွှတ်တော်အကြီးအကဲက “အမေရိကန်နိုင်ငံ ဂရင်းလန်းကျွန်းကို ယူနိုင်အောင် ကြိုးပမ်းမှုဟာ ရုရှား ကို စစ်ရေးခြိမ်းခြောက်မှုလုပ်ဖို့ ပြင်ဆင် လာတာဖြစ်တယ်။ ဂရင်းလန်းကျွန်းဟာ အာတိတ်ဒေသမှ အလွန်ကြီးမား တဲ့ နေရာတစ်ခုဖြစ်တယ်။ အမေရိကန်က ဂရင်းလန်းကို ထိန်းချုပ်ခွင့်ရဖို့ ကြိုးပမ်းတာဟာ ရုရှားအတွက် အကောင်းဆုံးဖြစ်လာမှာတော့ မဟုတ်ဘူး” ဟု ပြောသည်။
ဒိန်းမတ်အာဏာပိုင်များသည် လက်ရှိအချိန်တွင် ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုမြင့် တက်နေပြီး ကျွန်းကို ရောင်းချမည်မဟုတ်ကြောင်း ပြောသည်။ ဒိန်းမတ်ဝန်ကြီးချုပ်က ‘ဂရင်းလန်း ကျွန်းကို ရောင်းချမှာ မဟုတ်ဘူး။ အနာဂတ်မှာလည်း ဂရင်းလန်းကျွန်းအရောင်းအဝယ်ဖြစ်လာမှာ မဟုတ်ဘူး” ဟု ပြောသည်။ ဂရင်းလန်းကျွန်း ကိုယ်ပိုင်လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေသည့်ခေါင်းဆောင်တစ်ဦးက ဂရင်းလန်းကျွန်းကို ဒေါ်နယ်ထရမ့် ဝယ်ယူရန် ကြိုးပမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရ သည်။
Zawgyi Version;
႐ုရွားကိုတိုက္ခိုက္ရန္အတြက္ အေမရိကန္က ဂရင္းလန္းကြၽန္းကို အသုံးခ်လာဖြယ္ရွိေနဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၂
အေမရိကန္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံကို တိုက္ခိုက္ရန္အတြက္ ဂရင္းလန္းကြၽန္းကို အသုံးျပဳဖြယ္ရွိေနေၾကာင္း ႐ုရွားလႊတ္ေတာ္၏ ကာကြယ္ေရးဆိုင္ရာအႀကီးအကဲ အန္ဒရီ ကာတာပိုေလာဗ့္ကထုတ္ ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္ေ႐ြးေကာက္ခံ သမၼတေဒၚနယ္ထရမ့္က ဒိန္းမတ္ႏိုင္ငံထံမွ အာတိတ္သမုဒၵရာအတြင္းရွိ ဂရင္းလန္းကြၽန္းကို ဝယ္ယူရန္ စီစဥ္ေနေၾကာင္း မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ႐ုရွားလႊတ္ေတာ္ အႀကီးအကဲက တုံ႔ျပန္လိုက္ျခင္းျဖစ္သည္။ ေဒၚနယ္ထရမ့္က ၎တို႔သည္ ပနားမားတူးေျမာင္းႏွင့္ ဂရင္းလန္းကြၽန္း ကို ရလိုၿပီး အင္အားသုံးသင့္ သုံးမည္ဆိုေသာ စကားမ်ားေျပာဆိုခဲ့ဖူးေၾကာင္း သိရသည္။
ဂရင္းလန္းကြၽန္းကိုအင္အားသုံး ရယူႏိုင္ရန္ ႀကိဳးပမ္းမည္ဆိုေသာ ေဒၚနယ္ထရမ့္၏မွတ္ခ်က္ စကားႏွင့္ ပတ္သက္ၿပီး ဥေရာပသမဂၢအဖြဲ႕အႀကီးအကဲကလည္း ေဝဖန္ျပစ္တင္ခဲ့သည္။ ေဒၚနယ္ထရမ့္က ‘‘အေမရိကန္ ႏိုင္ငံရဲ႕လုံၿခဳံေရးအတြက္ ဂရင္းလန္းကြၽန္းကိုပိုင္ဆိုင္ထိန္းခ်ဳပ္ခြင့္ရဖို႔ လိုအပ္တယ္”ဟု ၿပီးခဲ့ေသာရက္ပိုင္းတြင္ ေျပာဆိုခဲ့ဖူးသည္။ ဂရင္းလန္းကြၽန္းသည္ ဒိန္းမတ္ႏိုင္ငံပိုင္နက္ျဖစ္ၿပီး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရကြၽန္းလည္းျဖစ္ကာ လြတ္ လပ္ေရးရယူႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္းသိရသည္။
႐ုရွားလႊတ္ေတာ္အႀကီးအကဲက “အေမရိကန္ႏိုင္ငံ ဂရင္းလန္းကြၽန္းကို ယူႏိုင္ေအာင္ ႀကိဳးပမ္းမႈဟာ ႐ုရွား ကို စစ္ေရးၿခိမ္းေျခာက္မႈလုပ္ဖို႔ ျပင္ဆင္ လာတာျဖစ္တယ္။ ဂရင္းလန္းကြၽန္းဟာ အာတိတ္ေဒသမွ အလြန္ႀကီးမား တဲ့ ေနရာတစ္ခုျဖစ္တယ္။ အေမရိကန္က ဂရင္းလန္းကို ထိန္းခ်ဳပ္ခြင့္ရဖို႔ ႀကိဳးပမ္းတာဟာ ႐ုရွားအတြက္ အေကာင္းဆုံးျဖစ္လာမွာေတာ့ မဟုတ္ဘူး” ဟု ေျပာသည္။
ဒိန္းမတ္အာဏာပိုင္မ်ားသည္ လက္ရွိအခ်ိန္တြင္ ဂရင္းလန္းကြၽန္းႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈျမင့္ တက္ေနၿပီး ကြၽန္းကို ေရာင္းခ်မည္မဟုတ္ေၾကာင္း ေျပာသည္။ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္က ‘ဂရင္းလန္း ကြၽန္းကို ေရာင္းခ်မွာ မဟုတ္ဘူး။ အနာဂတ္မွာလည္း ဂရင္းလန္းကြၽန္းအေရာင္းအဝယ္ျဖစ္လာမွာ မဟုတ္ဘူး” ဟု ေျပာသည္။ ဂရင္းလန္းကြၽန္း ကိုယ္ပိုင္လြတ္လပ္ေရးရရွိရန္ ႀကိဳးပမ္းေနသည့္ေခါင္းေဆာင္တစ္ဦးက ဂရင္းလန္းကြၽန္းကို ေဒၚနယ္ထရမ့္ ဝယ္ယူရန္ ႀကိဳးပမ္းမႈမ်ားကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရ သည္။