ချက်သမ္မတနိုင်ငံမှာ စားသောက်ဆိုင် ပေါက်ကွဲမှုကြောင့် လူခြောက်ဦး သေဆုံး

 99

ရောင်နီ (NP News) - ဇန်နဝါရီ ၁၂

ချက်နိုင်ငံအနောက်မြောက်ပိုင်း၊ မို့ မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ အပူပေးတဲ့ ပရိုပိန်း-ဘူတန် ဆလင်ဒါ တစ်လုံး ပေါက်ကွဲခဲ့ရာမှ အဆောက်အအုံမီးလောင်ခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ဌာနက တနင်္ဂနွေနေ့ (ဇန်နဝါရီ ၁၂ ရက်) က ပြောကြားခဲ့ပါတယ်။
စနေနေ့ (ဇန်နဝါရီလ ၁၁ ရက်) ညနေနှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်ပေါက်ကွဲမှုကြောင့် လူ ၈ ဦး ဒဏ်ရာရခဲ့ ပြီး စားသောက်ဆိုင်နဲ့ အနီးနားရှိ အဆောက်အအုံများမှ လူ ၃၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ချက် မီးသတ်ဝန်ဆောင်မှုက X ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှာ ပြောကြားခဲ့ပါတယ်။
“မျက်မြင်သက်သေတွေရဲ့ကနဦးသတင်းအရ အပူပေးစက် မှောက်လို့ မီးလောင်တာဖြစ်တယ်" လို့ မီးသတ် တပ်ဖွဲ့က ပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်က စားသောက်ဆိုင်မှာ ဧည့်သည်အယောက် ၂၀ ခန့် ရှိနေခဲ့တယ်လို့ Czech Radio က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ အပူပေးစက် မှောက်တဲ့ဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ခ်က္သမၼတႏိုင္ငံမွာ စားေသာက္ဆိုင္ ေပါက္ကြဲမႈေၾကာင့္ လူေျခာက္ဦး ေသဆုံး
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၂

ခ်က္ႏိုင္ငံအေနာက္ေျမာက္ပိုင္း၊ မို႔ ၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ဆိုင္မွာ အပူေပးတဲ့ ပ႐ိုပိန္း-ဘူတန္ ဆလင္ဒါ တစ္လုံး ေပါက္ကြဲခဲ့ရာမွ အေဆာက္အအုံမီးေလာင္ခဲ့ရာ လူေျခာက္ဦး ေသဆုံးခဲ့တယ္လို႔ အေရးေပၚဌာနက တနဂၤေႏြေန႔ (ဇန္နဝါရီ ၁၂ ရက္) က ေျပာၾကားခဲ့ပါတယ္။
စေနေန႔ (ဇန္နဝါရီလ ၁၁ ရက္) ညေနေႏွာင္းပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ ျပင္းထန္ေပါက္ကြဲမႈေၾကာင့္ လူ ၈ ဦး ဒဏ္ရာရခဲ့ ၿပီး စားေသာက္ဆိုင္နဲ႔ အနီးနားရွိ အေဆာက္အအုံမ်ားမွ လူ ၃၀ ကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ရတယ္လို႔ ခ်က္ မီးသတ္ဝန္ေဆာင္မႈက X ဆိုရွယ္မီဒီယာ ပလက္ေဖာင္းေပၚမွာ ေျပာၾကားခဲ့ပါတယ္။
“မ်က္ျမင္သက္ေသေတြရဲ႕ကနဦးသတင္းအရ အပူေပးစက္ ေမွာက္လို႔ မီးေလာင္တာျဖစ္တယ္" လို႔ မီးသတ္ တပ္ဖြဲ႕က ေျပာပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားခ်ိန္က စားေသာက္ဆိုင္မွာ ဧည့္သည္အေယာက္ ၂၀ ခန႔္ ရွိေနခဲ့တယ္လို႔ Czech Radio က ေျပာၾကားခဲ့ပါတယ္။
လက္ရွိမွာေတာ့ အပူေပးစက္ ေမွာက္တဲ့ျဖစ္ရပ္အတြက္ တာဝန္ရွိသူေတြကို စုံစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.