အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာမှုနဲ့အတူ ဂါဇာပြည်သူအများအပြား အောင်ပွဲခံမှုတွေ လုပ်ဆောင်

 390

Pika (NP News) ဇန်နဝါရီ ၁၆

အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေလွှတ်ပေးရေး သဘောတူညီချက် ရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာမှုနဲ့အတူ ဇန်နဝါရီလ(၁၅)ရက်မှာ ဂါဇာပြည်သူအများအပြားဟာ အောင်ပွဲခံမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန်အရာရှိတစ်ဦးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက အဲဒီသဘောတူညီချက်ကို ပထမဆုံးထုတ်ပြန်ပြသခဲ့ပြီးနောက် ယခုလို အောင်ပွဲခံမှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ဖြေရှင်းဖို့မျှော်လင့်ထားတဲ့အချက်ပေါင်းများစွာကို လက်ရှိအချိန်အထိ မဖြေရှင်းရသေးဘူးလို့ အစ္စရေးက သတိပေးပြောဆိုခဲ့ပါတယ်။ အစ္စရေးရဲ့ပြောဆိုချက်တွေရှိနေပေမယ့်လည်း ဂါဇာကမ်းမြောင်ဒေသမှာ အောင်ပွဲခံမှုတွေကို လုပ်ဆောင်နေပြီဖြစ်ပြီး ပွေ့ဖက်ပြီး ဓါတ်ပုံတွေရိုက်နေကြတဲ့ လူအုပ်ကြီးကို မီဒီယာသတင်း ထောက်တစ်ဦးက တွေ့မြင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဂါဇာပြည်သူတစ်ဦးဖြစ်သူ အသက်(၄၅)နှစ်အရွယ် ရန်ဒါစမီးက “အချိန်တစ်နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ဒီအိမ်မက်ဆိုးကြီးက ပြီးဆုံးတော့မယ်ဆိုတာကို ကျွန်တော်တကယ်ကို မယုံကြည်နိုင်ဖြစ်မိပါတယ်။ ကျွန်တော်တို့ လူတွေအများကြီးဆုံးရှုံးခဲ့ရပြီး အရာအားလုံးလည်း ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့အများကြီး အနားယူဖို့ လိုအပ်ပါတယ်။ အပစ်အခတ်ရပ်စဲပြီးတာနဲ့ ကျွန်တော့်အစ်ကိုနဲ့မိသားစုဝင်တွေရဲ့အုတ်ဂူတွေဆီကို သွားရောက် လည်ပတ်မှာပါ။ သူတို့ကို ကောင်းမွန်တဲ့အုတ်ဂူတွေနဲ့ သေသေချာချာမမြှုပ်ခဲ့ရပါဘူး။ သူတို့အတွက် အုတ်ဂူအသစ် တွေ ဆောက်ပေးပြီး နာမည်ရေးထိုးဖို့ လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာမႈနဲ႔အတူ ဂါဇာျပည္သူအမ်ား အျပား ေအာင္ပြဲခံမႈေတြလုပ္ေဆာင္
Pika (NP News) ဇန္နဝါရီ ၁၆

အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးနဲ႔ ဓါးစာခံေတြလႊတ္ေပးေရး သေဘာတူညီခ်က္ ရရွိခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာမႈနဲ႔အတူ ဇန္နဝါရီလ(၁၅)ရက္မွာ ဂါဇာျပည္သူအမ်ားအျပားဟာ ေအာင္ပြဲခံမႈေတြ လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။ အေမရိကန္အရာရွိတစ္ဦးနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြနဲ႔ နီးစပ္တဲ့သတင္းရင္းျမစ္တစ္ဦးက အဲဒီသေဘာတူညီခ်က္ကို ပထမဆုံးထုတ္ျပန္ျပသခဲ့ၿပီးေနာက္ ယခုလို ေအာင္ပြဲခံမႈေတြ ထြက္ေပၚလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ေျဖရွင္းဖို႔ေမွ်ာ္လင့္ထားတဲ့အခ်က္ေပါင္းမ်ားစြာကို လက္ရွိအခ်ိန္အထိ မေျဖရွင္းရေသးဘူးလို႔ အစၥေရးက သတိေပးေျပာဆိုခဲ့ပါတယ္။ အစၥေရးရဲ႕ေျပာဆိုခ်က္ေတြရွိေနေပမယ့္လည္း ဂါဇာကမ္းေျမာင္ေဒသမွာ ေအာင္ပြဲခံမႈေတြကို လုပ္ေဆာင္ေနၿပီျဖစ္ၿပီး ေပြ႕ဖက္ၿပီး ဓါတ္ပုံေတြ႐ိုက္ေနၾကတဲ့ လူအုပ္ႀကီးကို မီဒီယာသတင္း ေထာက္တစ္ဦးက ေတြ႕ျမင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဂါဇာျပည္သူတစ္ဦးျဖစ္သူ အသက္(၄၅)ႏွစ္အ႐ြယ္ ရန္ဒါစမီးက “အခ်ိန္တစ္ႏွစ္ေက်ာ္ၾကာေနၿပီျဖစ္တဲ့ ဒီအိမ္မက္ဆိုးႀကီးက ၿပီးဆုံးေတာ့မယ္ဆိုတာကို ကြၽန္ေတာ္တကယ္ကို မယုံၾကည္ႏိုင္ျဖစ္မိပါတယ္။ ကြၽန္ေတာ္တို႔ လူေတြအမ်ားႀကီးဆုံးရႈံးခဲ့ရၿပီး အရာအားလုံးလည္း ဆုံးရႈံးခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔အမ်ားႀကီး အနားယူဖို႔ လိုအပ္ပါတယ္။ အပစ္အခတ္ရပ္စဲၿပီးတာနဲ႔ ကြၽန္ေတာ့္အစ္ကိုနဲ႔မိသားစုဝင္ေတြရဲ႕အုတ္ဂူေတြဆီကို သြားေရာက္ လည္ပတ္မွာပါ။ သူတို႔ကို ေကာင္းမြန္တဲ့အုတ္ဂူေတြနဲ႔ ေသေသခ်ာခ်ာမျမႇဳပ္ခဲ့ရပါဘူး။ သူတို႔အတြက္ အုတ္ဂူအသစ္ ေတြ ေဆာက္ေပးၿပီး နာမည္ေရးထိုးဖို႔ လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.