အမေရိကန်ရဲ့ကုန်သွယ်ခွန်တိုးမြှင့်ခြင်းကို လက်တုံ့ပြန်မယ်လို့ ကနေဒါအစိုးရပြော
247
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၇
ကနေဒါအစိုးရဟာ အမေရိကန်နိုင်ငံကို တင်သွင်းခဲ့တဲ့ကုန်ပစ္စည်းတွေ အခွန်တိုးမြှင့်ကောက်ခံရမယ်ဆိုရင် အမေရိကန်နိုင်ငံကနေ ကနေဒါနိုင်ငံကိုတင်သွင်းတဲ့ကုန်စည်တွေကိုလည်း အခွန်တိုးမြှင့်ကောက်ခံသွားဖို့ စီစဉ်နေ ကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောပါတယ်။ ကနေဒါနိုင်ငံအနေနဲ့နယ်စပ်ဒေသကနေ ရွှေ့ပြောင်းသွားလာသူ တွေကို တင်းကြပ်မှုမလုပ်ဆောင်ဘူးဆိုရင် အမေရိကန်နိုင်ငံကိုတင်သွင်းတဲ့ကုန်စည်တွေကို အခွန် ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က မကြာသေးမီက သတိပေးခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က သမ္မတအဖြစ်တာဝန်ယူချိန်မှာ တရုတ်နိုင်ငံ၊ မက္ကဆီကို နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုန်စည်တွေကို အခွန်တိုးကောက်မယ့်အကြောင်း မကြာသေးမီက သတိပေးခဲ့ရာ အငြင်းပွားမှုတွေလည်းမြင့်တက်နေပါတယ်။ ကနေဒါအစိုးရနဲ့ နီးစပ်သူတစ်ဦးက ဒေါ်နယ်ထရမ့်ဟာ ၎င်းအစီအစဉ်အတိုင်း အကောင်ထည်ဖော်မယ်ဆိုရင် ကနေဒါအစိုးရကလည်း အမေရိကန်ဒေါ်လာ ၁၀၅ ဘီလျံတန်ဖိုးရှိတဲ့ အမေရိကန်ကုန်စည်တွေကို အခွန်တိုးကောက်မယ့်ဥပဒေမူကြမ်းကိုရေးဆွဲဖို့ ပြင်ဆင်နတယ်လို့ ပြောပါတယ်။
ကနေဒါနိုင်ငံရဲ့ပြည်နယ်ခေါင်းဆောင်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အော်တာဝါမြို့မှာ အစည်းအဝေးလုပ်ဆောင်ခဲ့ရာ အဲဒီအစည်းအဝေးအတွင်း အမေရိကန်ရဲ့အခွန်တိုးကောက်မယ့် အစီအစဉ်ကို လက်တုံ့ပြန်ဖို့ ဆန္ဒပြခဲ့ပါတယ်။ ကနေဒါအစိုးရဟာ လက်ရှိအချိန်မှာ ဒေါ်နယ်ထရမ့်သမ္မတအဖြစ် တာဝန်ယူချိန်မှာ အခွန်တိုးကောက်မယ့်အစီအစဉ်ကို သံတမန်ရေးအရ ဆွေးနွေးဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ကနေဒါနိုင်ငံရဲ့ပြည်နယ်ခေါင်းဆောင်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခေါင်းဆောင်တွေရဲ့ ပူးတွဲ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်အစိုးရအသစ်ရဲ့ကုန်သွယ်ခွန်တိုးမြင့်ကောက်ခံခြင်းကိုလည်း ပူးပေါင်းဆောင်ရွက် သွားဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ရေနံထွက်ရှိတဲ့ ကနေဒါနိုင်ငံ အယ်ဘာတာ ပြည်နယ် ဝန်ကြီးချုပ်ကတော့ ပူးတွဲထုတ်ပြန်ချက်ကိုလက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပြီး အယ်ဘာတာပြည်နယ်ဟာ အမေရိကန် နိုင်ငံကို ရေနံတွေ အဓိကထား တင်ပို့နေတယ်လို့ သိရပါတယ်။
Zawgyi Version;
အေမရိကန္ရဲ႕ကုန္သြယ္ခြန္တိုးျမႇင့္ျခင္းကို လက္တုံ႔ျပန္မယ္လို႔ ကေနဒါအစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၇
ကေနဒါအစိုးရဟာ အေမရိကန္ႏိုင္ငံကို တင္သြင္းခဲ့တဲ့ကုန္ပစၥည္းေတြ အခြန္တိုးျမႇင့္ေကာက္ခံရမယ္ဆိုရင္ အေမရိကန္ႏိုင္ငံကေန ကေနဒါႏိုင္ငံကိုတင္သြင္းတဲ့ကုန္စည္ေတြကိုလည္း အခြန္တိုးျမႇင့္ေကာက္ခံသြားဖို႔ စီစဥ္ေန ေၾကာင္း ကေနဒါဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ကေနဒါႏိုင္ငံအေနနဲ႔နယ္စပ္ေဒသကေန ေ႐ႊ႕ေျပာင္းသြားလာသူ ေတြကို တင္းၾကပ္မႈမလုပ္ေဆာင္ဘူးဆိုရင္ အေမရိကန္ႏိုင္ငံကိုတင္သြင္းတဲ့ကုန္စည္ေတြကို အခြန္ ၂၅ ရာခိုင္ႏႈန္း အထိ တိုးျမႇင့္ေကာက္ခံသြားမယ္လို႔ အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္က မၾကာေသးမီက သတိေပးခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က သမၼတအျဖစ္တာဝန္ယူခ်ိန္မွာ တ႐ုတ္ႏိုင္ငံ၊ မကၠဆီကို နဲ႔ ကေနဒါႏိုင္ငံတို႔ရဲ႕ ကုန္စည္ေတြကို အခြန္တိုးေကာက္မယ့္အေၾကာင္း မၾကာေသးမီက သတိေပးခဲ့ရာ အျငင္းပြားမႈေတြလည္းျမင့္တက္ေနပါတယ္။ ကေနဒါအစိုးရနဲ႔ နီးစပ္သူတစ္ဦးက ေဒၚနယ္ထရမ့္ဟာ ၎အစီအစဥ္အတိုင္း အေကာင္ထည္ေဖာ္မယ္ဆိုရင္ ကေနဒါအစိုးရကလည္း အေမရိကန္ေဒၚလာ ၁၀၅ ဘီလ်ံတန္ဖိုးရွိတဲ့ အေမရိကန္ကုန္စည္ေတြကို အခြန္တိုးေကာက္မယ့္ဥပေဒမူၾကမ္းကိုေရးဆြဲဖို႔ ျပင္ဆင္နတယ္လို႔ ေျပာပါတယ္။
ကေနဒါႏိုင္ငံရဲ႕ျပည္နယ္ေခါင္းေဆာင္ေတြ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေခါင္းေဆာင္ေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ေအာ္တာဝါၿမိဳ႕မွာ အစည္းအေဝးလုပ္ေဆာင္ခဲ့ရာ အဲဒီအစည္းအေဝးအတြင္း အေမရိကန္ရဲ႕အခြန္တိုးေကာက္မယ့္ အစီအစဥ္ကို လက္တုံ႔ျပန္ဖို႔ ဆႏၵျပခဲ့ပါတယ္။ ကေနဒါအစိုးရဟာ လက္ရွိအခ်ိန္မွာ ေဒၚနယ္ထရမ့္သမၼတအျဖစ္ တာဝန္ယူခ်ိန္မွာ အခြန္တိုးေကာက္မယ့္အစီအစဥ္ကို သံတမန္ေရးအရ ေဆြးေႏြးဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ကေနဒါႏိုင္ငံရဲ႕ျပည္နယ္ေခါင္းေဆာင္ေတြ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေခါင္းေဆာင္ေတြရဲ႕ ပူးတြဲ ထုတ္ျပန္ခ်က္ထဲမွာ အေမရိကန္အစိုးရအသစ္ရဲ႕ကုန္သြယ္ခြန္တိုးျမင့္ေကာက္ခံျခင္းကိုလည္း ပူးေပါင္းေဆာင္႐ြက္ သြားဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ေရနံထြက္ရွိတဲ့ ကေနဒါႏိုင္ငံ အယ္ဘာတာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကေတာ့ ပူးတြဲထုတ္ျပန္ခ်က္ကိုလက္မွတ္ထိုးဖို႔ ျငင္းဆန္ခဲ့ၿပီး အယ္ဘာတာျပည္နယ္ဟာ အေမရိကန္ ႏိုင္ငံကို ေရနံေတြ အဓိကထား တင္ပို႔ေနတယ္လို႔ သိရပါတယ္။