ဒီရေတောနဲ့ ပင်လယ်ကြားထဲက သုခဘုံအိုအေစစ်ဆီသို့ ခရီးသွားခြင်း
273
သုတကျော် (NP News) - ဇန်နဝါရီ ၁၇
ကျွန်တော်တို့ NP News ဝိုင်းတော်သားတွေဟာ များသောအားဖြင့် တစ်နှစ်တစ်ခါ ခရီးထွက်လေ့ရှိပါတယ်။ ခရီးသွားရတာက စိတ်ပင်ပန်းတာတွေကို ပြေပျောက်စေပြီး လုပ်ဖော်ကိုင်ဖက် အချင်း ချင်းလည်း Team building ပိုတည်ဆောက် နိုင်စေသလို ဒေသန္တရ ဗဟုသုတတွေလည်း ရစေတာပါ။
ဒီနှစ်ခရီးကတော့ NP News ရဲ့ ညီနောင်ဖြစ်တဲ့ The Statesman ဂျာနယ်လည်း စတင်ထုတ်ဝေတာ တစ်နှစ်နီးပါး ရှိနေပြီမို့ The Statesman ဂျာနယ်ထုတ်ဝေပြီး ကျွန်တော်တို့ အဖွဲ့သားအားလုံးရဲ့ ပထမဆုံးခရီးတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
ခရီးစဉ်ထွက်မယ် သိရပေမယ့် ဘယ်ကို ခရီးသွားရမယ်ဆိုတာမသိရတော့ တကယ်ကို Surprise ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ အစ်ကို ကိုကျော်မျိုးမင်းက ကျွန်တော်တို့ကို ခရီးနီးမှ ပျော်စေချင်တဲ့ ဆန္ဒနဲ့ ထုတ်မပြောတာကြောင့် ကျွန်တော်အပါအဝင် အဖွဲ့သားတွေဟာ ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံလို ကမ်းခြေ တစ်ခုခု ဒါမှမဟုတ် Camp ထွက်လို့ရတဲ့ နေရာ တစ်ခုခုလို့ မှန်းထားကြပေ မယ့် ဘယ်နေရာသွားမယ် မသိတော့ ရင်ခုန်နေကြတာပါ။
ခရီးထွက်မယ်ဆိုတည်းက ကျွန်တော်တို့ အားလုံးတက်ကြွနေကြသလို ခရီးထွက်မယ့်နေ့ မနက် မှာ အားလုံးဟာ တကူးတက နှိုးစရာမလိုပဲ ပြိုင်တူစောစော နိုးနေကြတဲ့ အထိပါပဲ။ The Statesman ဂျာနယ်ထွက်ရက်မို့ ကျန်တဲ့ အလုပ်ကလေးတွေကို နည်းနည်းစောင့်ပြီး ရန်ကုန်က မနက် (၉) နာရီလောက် စထွက်ပါတယ်။ သီချင်းလေး တအေးအေးနဲ့ ထွက်ခဲ့ကြပေမယ့် အားလုံးရင်ထဲမှာ ဘယ်နေရာ မှာ အပန်းဖြေရမလဲဆိုတာ ပဟေဠိကိုယ်စီပါ။ ကားက ဧရာဝတီတိုင်းထဲ ဦးတည်လာခဲ့တာမို့ ကမ်းခြေ တစ်ခုခုဆိုတာ ရိပ်စားမိလာပါပြီ။
ဒါတောင် အစအနောက်သန်တဲ့ ကျွန်တော်က အကြီးတန်းသတင်းထောက် မယွန်းယွန်းကို ငါတို့ အခု သွားနေတာ ဧရာဝတီတိုင်းဆိုပေမယ့် ကမ်းခြေမဟုတ်ဘူးလို့ ပြောလိုက်လို့ ကားမူးမှာ ကြောက်နေတဲ့ သူ့မျက်နှာက ဇီးရွက် လောက်ပဲ ကျန်တော့တဲ့အထိ စိုးရိမ်သွားတာမြင်ပြီး ရယ်လိုက်ရပါသေးတယ်။
စစ်ဆေးရေး ဂိတ်တချို့ကိုဖြတ်ကာ ကားကို တောက်လျှောက်မောင်းလာခဲ့ပြီး ပုသိမ်မြို့ အဝင်မှာ ကားဆီထည့် ၊ အဲဒီက အထွက်မှာမှ ကျွန်တော်တို့ အခုသွားဖို့ ဦးတည်နေတဲ့ နေရာဟာ ချောင်းသာ ကမ်းခြေနားက Sea and Lake Garden ဆိုတာ သိရတာဖြစ်ပါတယ်။ ဪ အခုတလော နာမည်ကြီး နေတဲ့ အပန်းဖြေနေရာကို သွားရတော့မှာပါလားလို့ တွေးမိသလို ပုသိမ်မြို့ကနေ ဖြတ်တော့လည်း Sea and Lake Garden ဆိုတဲ့ ကြော်ငြာဆိုင်းဘုတ်ကို မြင်တော့ သေချာ လေး ကြည့်ဖြစ်ခဲ့သေးတာပါ။ ချောင်းသာကမ်းခြေ အသွား ပုသိမ် - ရှောပြာ - ချောင်းသာ လမ်းမှာ လည်း မီနီအိုးဝေ တချို့ရဲ့ နောက် ကျောမှာ Sea and Lake Garden ဆိုတာ ကြိုကြား ကြိုကြား မြင်ရလို့ မြန်မြန် ရောက်ချင်စိတ်က တိုးလာပါတယ်။
ဥတို တံတားကို ကျော်လိုက်ပြီ ဆိုတာနဲ့ ထုံးစံ အတိုင်း ပြန့်ပြူးတဲ့ ပင်လယ်ပြင်ကြီးနဲ့ ကမ်းခြေ သောင်ပြင် ဖြူလွှလွှ မြင်ကွင်းက ကျွန်တော်တို့ကို ဆီးကြိုပါတယ်။ ချောင်းသာမြို့ထဲ ရောက်ပြီး အဲဒီက တဆင့် ကမ်းခြေလမ်းတချို့အတိုင်း ပင်လယ်ပြင်ရဲ့ အလှကို ခံစားရင်း မိနစ် နည်းနည်း မောင်းလိုက်တဲ့ အချိန်မှာ ကျွန်တော်တို့ကို ဆီးကြိုတာက Sea and Lake ဆိုတဲ့ စာလုံးနဲ့ View Point ကြီးပါ။ ပြီးတော့မှ ကြီးမားတဲ့ အဝင်မုခ်ဦးဆီ ရောက်ပါတယ်။ အဲဒီကတစ်ဆင့် ကျွန်တော်တို့ နှစ်ရက်တာ တည်းခိုမယ့် Sea and Lake Garden ထဲက Mangrove View Resort အတွက် Reception ရှိတဲ့နေရာ ကားကို မောင်း လာတဲ့ အချိန်မှာ ကျွန်တော်တို့ အားလုံး တညီတညွတ်တည်း မှတ်ချက်ပြုမိကြတာက ကြီးလိုက်တဲ့ နေရာကြီးပါ လား ဆိုတာပါပဲ။ Sea and Lake Garden တစ်ခုလုံးဟာ ဧက (၃၀ဝ) အကျယ်အဝန်းရှိ တာမို့ ကျွန်တော်တို့ မြင်ရတာက အစပဲ ရှိသေးတာပါ။ Reception သွားတဲ့ လမ်းမှာတင်ပဲ စိမ်းလန်းတဲ့ သစ်ပင်တွေ၊ မျက်စိပသာဒ ဖြစ်ဖွယ် ဆင်ယင်ထားတာတွေက ကျွန်တော်တို့ကို ဆွဲဆောင်ထားနိုင် စေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ယောကျာ်းလေး တွေထက်ပိုပြီး အမြင်စူးရှတာကတော့ မိန်းကလေးတွေပါ။ သူတို့က ကျွန်တော်တို့ထက် မြင်တတ်ပြီး ဟိုနေရာလေး ဓာတ်ပုံရိုက်ရင် လှမယ်၊ ဒီနေရာလေး ဓာတ်ပုံရိုက်ရင် လှမယ်နဲ့ သူတို့ချင်း တိုင်ပင်နေတာကြောင့် ကျွန်တော်တို့ ကားလေးမှာ ရုတ်တရက် ဆူညံသွားပါတော့တယ်။
တည်းမယ့်နေရာဆီ ရောက်တယ်ဆိုရင်ပဲ ကျွန်တော့်စိတ်ကို ဖမ်းစားသွားတာက အခန်းဝရံတာ ကနေ မြင်ရတဲ့ ဒီရေတော ဖြစ်ပါတယ်။ အဲဒါရဲ့ နောက်မှာတော့ မှိုင်းပြပြ တောင်တန်းတွေပါ။ မြို့ပြ မွန်းကြပ်မှုကော ခရီးပန်းလာတာကော ပြေသွားစေတဲ့ မြင်ကွင်းတွေပါပဲ။ ကျွန်တော်တည်းတဲ့နေရာက နှစ်ယောက်အိပ် ကုတင်လေးလုံးပါ ဘန်ဂလို အမျိုးအစားတွေ ဖြစ်ပြီး ဘန်ဂလိုတစ်ခုတည်းမှာကို ကုတင်နှစ်လုံးကို တစ်ခန်းစီ ခွဲပေးထားပြီး တစ်ခန်းကို အိမ်သာ နှစ်လုံးစီနဲ့ ရေချိုးခန်းကလည်း အကျယ်ကြီးပါ။ အဖွဲ့ လိုက်လာသူတွေအတွက် တကယ်ကို ကွက်တိကျ စေ မှာ ဖြစ်ပြီး ကျွန်တော်တို့ အဖွဲ့မှာတင်ကိုပဲ ဟေးဟား နဲ့ ဖြစ်သွားကြတာပါ။ အခန်းထဲ ဝင်လိုက်ရင် လည်း သက်သောင့်သက်သာ ခံစားမှုရလို့ ပင်ပန်းရင် အနားယူ၊ ပြီးရင် ဆက်ကဲဆိုတာမျိုး ဖြစ်ပါတယ်။
အခု အခန်းမျိုးအပြင် လူ (၂၀) လောက်တည်းနိုင်မယ့် အခန်းကြီးမျိုးကနေ လူ (၁၀) ယောက် တည်းနိုင်တဲ့ အခန်း၊ လူ (၅) ယောက် တည်းနိုင်တဲ့ အခန်းနဲ့ လူ (၂) ယောက် တည်းခိုနိုင်တဲ့ Guest House အမျိုးအစားတွေလည်း ရှိသေးတာမို့ ငွေ ချွေတာလိုသူတွေအတွက်လည်း အဆင်ပြေစေတာပါ။ ပင်လယ်ဆီလာတဲ့ ခရီးဆိုတော့ ရောက်ပြီး မကြာခင် ကမ်းခြေကိုသွားဖို့ ပြင်ကြပြီး ဟိုတယ်က စီစဉ် ပေးတဲ့ ဘက်ထရီ ကားငယ်လေးတွေနဲ့ ကျွန်တော်တို့အဖွဲ့ ကမ်းခြေဆီ ချီတက်ကြပါတယ်။ ကမ်းခြေ ကလည်း Sea and Lake ရဲ့ Private ကမ်းခြေလေးမို့ တည်းခိုသူတွေသာ ရှိပြီး ကျွန်တော်တို့ ယောကျာ်း လေး အုပ်စုက ရေခဏဆော့ပြီး သဲသောင်ပြင်မှာ ဘောလုံးကန်ကြပါတယ်။ မိန်းကလေးတွေကတော့ ရေဆော့လိုက်၊ စိတ်တိုင်းကျ ဓာတ်ပုံရိုက်လိုက်နဲ့ အဆင်ကိုပြေနေတာပါပဲ။
ပြန်လာတော့ အဖွဲ့လိုက် ညစာ စားကြရင်း ကျွန်တော်တို့ ယောကျာ်းလေး အုပ်စုကတော့ ထုံးစံ အတိုင်း ခရီးမှာ အပျော်အနေနဲ့ ယမကာ မှီဝဲကြပါတယ်။ ပြီးတော့ ပုလင်းလက်ကျန်လေး ပိုက်ပြီး ဘိလိယက်ခုံ ရောက်သွားကြပါကော။ တကယ်က ဘိလိယက် ကောင်းကောင်းထိုးတတ်တာ ဆိုလို့ အစ်ကို ကိုကျော်မျိုးမင်းရယ် NP News ရဲ့ သတင်း တင်ဆက်သူ ကိုရဲထက်ပဲရှိပြီး ကျွန်တော်ဆို သေချာ ထိုးတောင် မထိုးတတ်ပါဘူး။ ဒါပေမဲ့ အားလုံးက အပျော်ထိုးကြတာမို့ အားလုံး ဆူညံပျော်ရွှင်ခဲ့ကြပြီး အပျော်လွန်သွားတဲ့ သတင်းထောက် ကိုပြည့်ဖြိုးနဲ့ ဒီဇိုင်နာ ကိုအောင်ကျော်ကတော့ ဘိလိယက်ခုံ မသိမ်းခင်မှာပဲ ဘေးက ခုံတန်းရှည်လေးမှာ အရယ်လွန်ပြီး ယမကာတန်ခိုးနဲ့ နှစ်ဆတိုး အိပ်ပျော်သွားလို့ ပြန်မှ မနည်းနှိုးခေါ်ခဲ့ရပါသေးတယ်။
နောက်နေ့မှာတော့ ကျွန်တော်တို့ဟာ မနက်စာစားပြီး ဒီရေတော တံတားဆီ အရင်ဆုံး ချီတက် ကြပါတယ်။ ဒီရေတောတွေ ကြားက တံတား ကို ဖြတ်ပြီးနောက် မြင်ရတဲ့ ဒီရေတော အလှဟာ မျက်စိ ပဒါသ ဖြစ်စေတာပါ။ ပြီးတော့တနင်္ဂနွေနေ့မို့ Sea and Lake Garden ကို လာတဲ့သူတွေလည်း များနေ တာ မြင်ရပါတယ်။ အဲဒီက အထွက်မှာတော့ အနားက Garden ရဲ့ အမှတ်သညာ ဖြစ်တဲ့ ရေကန်ကြီး ဘေးမှာ ဓာတ်ပုံရိုက်ကြပြန်ပါတယ်။ ပြီးတော့ နောက်ထပ် ဦးတည်ရာကတော့ Zip Line ရှိရာပါ ပဲ။ ကျွန်တော်တို့ အမျိုးသားသတင်းထောက်တွေထက် ဆယ်လီသတင်းပိုသိတဲ့ အမျိုးသမီးသတင်းထောက် တွေကတော့ ဆယ်လီ ဘယ်သူစီးတာ စီးရတော့မယ်ဆိုပြီး အချင်းချင်း တီးတိုးတီးတိုး သဖန်းပိုးလုပ်လာ ကြပါတယ်။
ကျွန်တော်တို့ Zip Line ကို ရောက်တဲ့ အချိန် စောလို့ လူရှင်းသေးပေမယ့် မကြားခင်တော့ Zip Line စီးချင်သူတွေ များလာတာ မြင်ရပါတယ်။ ပေ (၂၆၀ဝ) ရှိတဲ့ Zip Line ဟာ မြန်မာ့အရှည်ဆုံး ဖြစ်ပြီး ရေကန်ကြီးကို ဖြတ်သန်းပြီး မြင်ကွင်းတွေကို အပေါ်စီးက မြင်ရစေတာပါ။ မစီးခင်မှာလည်း Zip Line စီးမယ့်သူတွေအတွက် နည်းပြတွေက သရုပ်ပြပေးကြပြီး အမြင့် ကြောက်တတ်သူ ကျွန်တော်ကတော့ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ နှလုံးရောဂါရှိသူတွေ မစီးရတာ အပါအဝင် စည်းကမ်းချက် တချို့ရှိ ပေမယ့် Zip Line စီးခဲ့သူ ကျွန်တော်တို့ အဖွဲ့ထဲက ညီမလေး ထွေးလေး တစ်ယောက်ဖြစ်တဲ့ သတင်း ထောက် မစောက တကယ်စီးတဲ့အချိန် ကြောက်စရာ မကောင်းကြောင်းနဲ့ မြင်ရတဲ့ မြင်ကွင်း တွေက အပေါ်စီးကနေ ဘယ်လိုလှပကြောင်း၊ ထင်သလို မဟုတ်ပဲ စီးရအဆင်ပြေကြောင်း ပြောတော့ ကျွန်တော့်မှာ အခွင့်အရေးတစ်ခု လက်လွှတ်လိုက် ရလေခြင်း ဆိုပြီး ခံပြင်းခဲ့သေးတာပါ။ ထပ်စီးရင် ရပေမယ့်လည်း Sea and Lake Garden မှာ တခြားလည်စရာတွေက များတာမို့ အဲဒီအတွက် အချိန်ပေး ရမှာဖြစ်လို့ အဖွဲ့ကနေ ခွဲမထွက်ချင် တာကြောင့် သူများတွေ Zip Line စီးတာကို ကြည့်ရင်းလှည့်ပြန်ခဲ့ ရပါတယ်။
Zip Line နားမှာတင် Sport တစ်ခုဖြစ်တဲ့ Wall Climbing လည်း ရှိသလို နောက်တစ် နေရာ မှာတော့ ကျွန်တော်အကြောက်ဆုံး ဖြစ်တဲ့ Quick Jump ဆိုတာ ရှိပါတယ်။ သူကတော့ ကြိုးသိုင်းပြီး အမြင့်ကနေ ခုန်ချရတာပါ။ ကျွန်တော်သာ အဲဒါလုပ်ရင် ကြောက်လွန်းလို့ ရှူရှူး တွေ ထွက်ကုန်မလား မသိပေမယ့် ရင်သိမ့်တုန်း စွန့်စားရတာ ဝါသနာပါသူတွေလည်း မနည်းလှတာကို မြင်ခဲ့ရပါတယ်။ သေချာတာကတော့ ကစားနည်း တွေမှာ အသုံးပြုသူရဲ့ လုံခြုံရေးအတွက် တင်းတင်း ကျပ်ကျပ် လုပ်ပေး ထားတာပါ။ တကယ်က Sea and Lake Garden မှာ အပန်းဖြေစရာက တော်တော်လေး များပါ တယ်။ ဒီရေ တောထဲ Boat Trip စီးမလား၊ လှေလှော်မလား၊ ပြခန်းတွေ ကြည့်မလား၊ မိသားစုထဲ ကလေးပါရင် ကလေးကစားကွင်း ပို့မလား အမျိုးစုံကို တစ်နေရာ တည်းမှာလုပ်နိုင်တာပါတယ်။ မတည်းပဲ လည်ပတ် လိုသူတွေ အတွက်လည်း ဝင်ကြေး အနည်းငယ်နဲ့ ဝင်ရောက်ပြီး အပန်းဖြေ နိုင်သလို ဆော့ကစားဖို့ အတွက်လည်း ကျင်သင့်ငွေက သင့်တင့်တဲ့ ပမာဏပါ။ ဓာတ်ပုံရိုက်ချင်သူတွေအတွက် တင် ရိုက်စရာစုံ အောင် ဖန်တီးထားတာလဲ မြင်ရပါတယ်။ ကျွန်တော် တို့ ရုံးက ညီလေး၊ ညီမလေး တချို့ဆိုလည်း Sea and Lake မှာ ရိုက်လာတဲ့ ပုံတွေကို သူတို့ ဖေ့စ်ဘွတ်ခ် အကောင့်တွေမှာ တင်နေတာ ရက်တော်တော် ကြာအောင် ကျွန်တော်မြင်ရဦးမှာပါ။
Zip Line စီးပြီး အခန်းထဲကို အမြန်ပြန် အဝတ်အစားလဲပြီး ကျွန်တော်တို့ တစ်ဖွဲ့လုံး အဲဒီက Water Park မှာ ရေကူးကြပါတယ်။ ကျွန်တော်တို့ တစ်ရုံးလုံး တကယ့် ကလေးတွေလို စကြ၊ နောက်ကြ၊ ရေပက်ကြနဲ့ တော်တော်ကြာဆော့လို့ဝမှ အခန်းပြန် အနားယူပြီး နေ့လည်စာ စားကြပါတယ်။ သေချာတာ က Sea and Lake Garden မှာ တည်းခိုခဲ့စဉ် တလျှောက် နောက်ထပ် သတိပြုမိတာက အစား အသောက်ပါ။ အရသာရှိပြီး အိမ်ချက်လက်ရာလို ဖြစ်နေတာကို ကောင်းကောင်း သတိထား မိခဲ့ပါတယ်။ အဲဒီက ပြန်တော့ နေ့လည်ခင်း Tea Time မီတာမို့ ဝင်နွှဲခဲ့သေးပြီး ကျွန်တော်တို့ အဖွဲ့ အတွက် သီးသန့်တည်ခင်းပေးတဲ့ အကြော်စုံကိုလည်း အားရပါးရ စားခဲ့ကြသေးတာပါ။
ပြီးတော့ နေ့ခင်း ခဏအနားယူကြသလို ကျွန်တော်အပါအဝင် တချို့ကလည်း အခိုက်အတန့် လေးတွေ မဆုံးရှုံးချင်လို့ ပြတိုက်သွားကြည်တာ၊ လည်ပတ်တာမျိုး လုပ်ခဲ့ပါသေးတယ်။ ညနေမှာတော့ တချို့က ကမ်းခြေ ထပ်ဆင်းကြသလို ကျွန်တော်တို့ ယောကျာ်းလေး အုပ်စုကတော့ ဘန်ဂလို နားမှာ တင် ဘောလီဘော ပုတ်ကြပါတယ်။ ချန်ပီယံ လက်ရည် တွေဆိုတော့ ကျွန်တော်တို့မှာ တစ်ယောက် ကစားတာ တစ်ယောက်ရယ်ကြရင်း အချိန်တွေ ကုန်သွားတာ တောင် မသိလိုက်ပါဘူး။ ညရောက်တော့ ကျွန်တော်တို့ ရုံးရဲ့ Staff ပါတီလုပ်ကြပါတယ်။ ကံစမ်းမဲလည်း ပါတာကြောင့် အားလုံးက ရင်ခုန် ပျော် ရွှင်ခဲ့ကြသလို အထူးအစီစဉ် တွေလည်း ပါဝင်ခဲ့ပါတယ်။ ပြီးတော့ Sea and Lake Garden ထဲက KTV မှာ သီချင်းဆိုကြ၊ ပျော်ခဲ့ကြပြီး ထုံးစံအတိုင်း ဘိလိယက်ခုံဆီ သွားကြ ပြန်ပါကော။ ဒီတခါတော့ ပထမ ညထက် ကျွန်တော်တို့ လက်ရည်တွေ တက်နေခဲ့ကြပြီး ဘောလုံးကိုတောင် ကောင်းကောင်း မမြင်ကြရ တော့ပါဘူး။ အဆိုးဆုံးကတော့ ကျွန်တော်ဖြစ်ပြီး ပုလင်းမလဲခင် လူလဲသွားတာမှာ ပြန်ဖို့ နှိုးတော့ ဘန်ဂလိုထဲ အိပ်နေတာကို လာနှိုးတယ် ထင်တဲ့အထိပါ။
နောက်နေ့မှာတော့ ကျွန်တော်တို့ အားလုံးပြန်ဖို့ ခြေထောက်တွေ လေးနေကြပါတယ်။ ဒီနေရာ လေးကို သဘောကျလွန်းလို့ တစ်ရက်လောက်ပေးနေရင် ကောင်းမှာလို့တောင် တွေးမိသလို အချင်းချင်း လည်း ပြောဖြစ်ကြပါသေးတယ်။ ဒါပေမဲ့ စိတ်ကတော့ အားရပါးရ အနားယူ Teamwork နဲ့ လုပ်ချင်တာ တွေလုပ်ပြီး ပေါ့ပါးနေတာပါ။ ကျွန်တော်တို့ ကားကလေးဟာ ရန်ကုန်အပြန်ခရီးဆီ ဦးတည်ချိန် ပင်လယ် ပြင်ကို ကျောပေးရင်း နောက်တစ်ခေါက် ထပ်လာဦးမယ်လို့တောင် ကျွန်တော် တွေးဖြစ်ခဲ့ပါသေးတယ်။
Zawgyi Version;
ဒီေရေတာနဲ႔ ပင္လယ္ၾကားထဲက သုခဘုံအိုေအစစ္ဆီသို႔ ခရီးသြားျခင္း
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၇
ကြၽန္ေတာ္တို႔ NP News ဝိုင္းေတာ္သားေတြဟာ မ်ားေသာအားျဖင့္ တစ္ႏွစ္တစ္ခါ ခရီးထြက္ေလ့ရွိပါတယ္။ ခရီးသြားရတာက စိတ္ပင္ပန္းတာေတြကို ေျပေပ်ာက္ေစၿပီး လုပ္ေဖာ္ကိုင္ဖက္ အခ်င္း ခ်င္းလည္း Team building ပိုတည္ေဆာက္ ႏိုင္ေစသလို ေဒသႏၲရ ဗဟုသုတေတြလည္း ရေစတာပါ။
ဒီႏွစ္ခရီးကေတာ့ NP News ရဲ႕ ညီေနာင္ျဖစ္တဲ့ The Statesman ဂ်ာနယ္လည္း စတင္ထုတ္ေဝတာ တစ္ႏွစ္နီးပါး ရွိေနၿပီမို႔ The Statesman ဂ်ာနယ္ထုတ္ေဝၿပီး ကြၽန္ေတာ္တို႔ အဖြဲ႕သားအားလုံးရဲ႕ ပထမဆုံးခရီးတစ္ခုလို႔လည္း ဆိုႏိုင္ပါတယ္။
ခရီးစဥ္ထြက္မယ္ သိရေပမယ့္ ဘယ္ကို ခရီးသြားရမယ္ဆိုတာမသိရေတာ့ တကယ္ကို Surprise ျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အစ္ကို ကိုေက်ာ္မ်ိဳးမင္းက ကြၽန္ေတာ္တို႔ကို ခရီးနီးမွ ေပ်ာ္ေစခ်င္တဲ့ ဆႏၵနဲ႔ ထုတ္မေျပာတာေၾကာင့္ ကြၽန္ေတာ္အပါအဝင္ အဖြဲ႕သားေတြဟာ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေ႐ႊေသာင္ယံလို ကမ္းေျခ တစ္ခုခု ဒါမွမဟုတ္ Camp ထြက္လို႔ရတဲ့ ေနရာ တစ္ခုခုလို႔ မွန္းထားၾကေပ မယ့္ ဘယ္ေနရာသြားမယ္ မသိေတာ့ ရင္ခုန္ေနၾကတာပါ။
ခရီးထြက္မယ္ဆိုတည္းက ကြၽန္ေတာ္တို႔ အားလုံးတက္ႂကြေနၾကသလို ခရီးထြက္မယ့္ေန႔ မနက္ မွာ အားလုံးဟာ တကူးတက ႏႈိးစရာမလိုပဲ ၿပိဳင္တူေစာေစာ ႏိုးေနၾကတဲ့ အထိပါပဲ။ The Statesman ဂ်ာနယ္ထြက္ရက္မို႔ က်န္တဲ့ အလုပ္ကေလးေတြကို နည္းနည္းေစာင့္ၿပီး ရန္ကုန္က မနက္ (၉) နာရီေလာက္ စထြက္ပါတယ္။ သီခ်င္းေလး တေအးေအးနဲ႔ ထြက္ခဲ့ၾကေပမယ့္ အားလုံးရင္ထဲမွာ ဘယ္ေနရာ မွာ အပန္းေျဖရမလဲဆိုတာ ပေဟဠိကိုယ္စီပါ။ ကားက ဧရာဝတီတိုင္းထဲ ဦးတည္လာခဲ့တာမို႔ ကမ္းေျခ တစ္ခုခုဆိုတာ ရိပ္စားမိလာပါၿပီ။
ဒါေတာင္ အစအေနာက္သန္တဲ့ ကြၽန္ေတာ္က အႀကီးတန္းသတင္းေထာက္ မယြန္းယြန္းကို ငါတို႔ အခု သြားေနတာ ဧရာဝတီတိုင္းဆိုေပမယ့္ ကမ္းေျခမဟုတ္ဘူးလို႔ ေျပာလိုက္လို႔ ကားမူးမွာ ေၾကာက္ေနတဲ့ သူ႔မ်က္ႏွာက ဇီး႐ြက္ ေလာက္ပဲ က်န္ေတာ့တဲ့အထိ စိုးရိမ္သြားတာျမင္ၿပီး ရယ္လိုက္ရပါေသးတယ္။
စစ္ေဆးေရး ဂိတ္တခ်ိဳ႕ကိုျဖတ္ကာ ကားကို ေတာက္ေလွ်ာက္ေမာင္းလာခဲ့ၿပီး ပုသိမ္ၿမိဳ႕ အဝင္မွာ ကားဆီထည့္ ၊ အဲဒီက အထြက္မွာမွ ကြၽန္ေတာ္တို႔ အခုသြားဖို႔ ဦးတည္ေနတဲ့ ေနရာဟာ ေခ်ာင္းသာ ကမ္းေျခနားက Sea and Lake Garden ဆိုတာ သိရတာျဖစ္ပါတယ္။ ဪ အခုတေလာ နာမည္ႀကီး ေနတဲ့ အပန္းေျဖေနရာကို သြားရေတာ့မွာပါလားလို႔ ေတြးမိသလို ပုသိမ္ၿမိဳ႕ကေန ျဖတ္ေတာ့လည္း Sea and Lake Garden ဆိုတဲ့ ေၾကာ္ျငာဆိုင္းဘုတ္ကို ျမင္ေတာ့ ေသခ်ာ ေလး ၾကည့္ျဖစ္ခဲ့ေသးတာပါ။ ေခ်ာင္းသာကမ္းေျခ အသြား ပုသိမ္ - ေရွာျပာ - ေခ်ာင္းသာ လမ္းမွာ လည္း မီနီအိုးေဝ တခ်ိဳ႕ရဲ႕ ေနာက္ ေက်ာမွာ Sea and Lake Garden ဆိုတာ ႀကိဳၾကား ႀကိဳၾကား ျမင္ရလို႔ ျမန္ျမန္ ေရာက္ခ်င္စိတ္က တိုးလာပါတယ္။
ဥတို တံတားကို ေက်ာ္လိုက္ၿပီ ဆိုတာနဲ႔ ထုံးစံ အတိုင္း ျပန႔္ျပဴးတဲ့ ပင္လယ္ျပင္ႀကီးနဲ႔ ကမ္းေျခ ေသာင္ျပင္ ျဖဴလႊလႊ ျမင္ကြင္းက ကြၽန္ေတာ္တို႔ကို ဆီးႀကိဳပါတယ္။ ေခ်ာင္းသာၿမိဳ႕ထဲ ေရာက္ၿပီး အဲဒီက တဆင့္ ကမ္းေျခလမ္းတခ်ိဳ႕အတိုင္း ပင္လယ္ျပင္ရဲ႕ အလွကို ခံစားရင္း မိနစ္ နည္းနည္း ေမာင္းလိုက္တဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ကို ဆီးႀကိဳတာက Sea and Lake ဆိုတဲ့ စာလုံးနဲ႔ View Point ႀကီးပါ။ ၿပီးေတာ့မွ ႀကီးမားတဲ့ အဝင္မုခ္ဦးဆီ ေရာက္ပါတယ္။ အဲဒီကတစ္ဆင့္ ကြၽန္ေတာ္တို႔ ႏွစ္ရက္တာ တည္းခိုမယ့္ Sea and Lake Garden ထဲက Mangrove View Resort အတြက္ Reception ရွိတဲ့ေနရာ ကားကို ေမာင္း လာတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ အားလုံး တညီတၫြတ္တည္း မွတ္ခ်က္ျပဳမိၾကတာက ႀကီးလိုက္တဲ့ ေနရာႀကီးပါ လား ဆိုတာပါပဲ။ Sea and Lake Garden တစ္ခုလုံးဟာ ဧက (၃၀ဝ) အက်ယ္အဝန္းရွိ တာမို႔ ကြၽန္ေတာ္တို႔ ျမင္ရတာက အစပဲ ရွိေသးတာပါ။ Reception သြားတဲ့ လမ္းမွာတင္ပဲ စိမ္းလန္းတဲ့ သစ္ပင္ေတြ၊ မ်က္စိပသာဒ ျဖစ္ဖြယ္ ဆင္ယင္ထားတာေတြက ကြၽန္ေတာ္တို႔ကို ဆြဲေဆာင္ထားႏိုင္ ေစပါတယ္။ ဒီေနရာမွာ ကြၽန္ေတာ္တို႔ ေယာက်ာ္းေလး ေတြထက္ပိုၿပီး အျမင္စူးရွတာကေတာ့ မိန္းကေလးေတြပါ။ သူတို႔က ကြၽန္ေတာ္တို႔ထက္ ျမင္တတ္ၿပီး ဟိုေနရာေလး ဓာတ္ပုံ႐ိုက္ရင္ လွမယ္၊ ဒီေနရာေလး ဓာတ္ပုံ႐ိုက္ရင္ လွမယ္နဲ႔ သူတို႔ခ်င္း တိုင္ပင္ေနတာေၾကာင့္ ကြၽန္ေတာ္တို႔ ကားေလးမွာ ႐ုတ္တရက္ ဆူညံသြားပါေတာ့တယ္။
တည္းမယ့္ေနရာဆီ ေရာက္တယ္ဆိုရင္ပဲ ကြၽန္ေတာ့္စိတ္ကို ဖမ္းစားသြားတာက အခန္းဝရံတာ ကေန ျမင္ရတဲ့ ဒီေရေတာ ျဖစ္ပါတယ္။ အဲဒါရဲ႕ ေနာက္မွာေတာ့ မႈိင္းျပျပ ေတာင္တန္းေတြပါ။ ၿမိဳ႕ျပ မြန္းၾကပ္မႈေကာ ခရီးပန္းလာတာေကာ ေျပသြားေစတဲ့ ျမင္ကြင္းေတြပါပဲ။ ကြၽန္ေတာ္တည္းတဲ့ေနရာက ႏွစ္ေယာက္အိပ္ ကုတင္ေလးလုံးပါ ဘန္ဂလို အမ်ိဳးအစားေတြ ျဖစ္ၿပီး ဘန္ဂလိုတစ္ခုတည္းမွာကို ကုတင္ႏွစ္လုံးကို တစ္ခန္းစီ ခြဲေပးထားၿပီး တစ္ခန္းကို အိမ္သာ ႏွစ္လုံးစီနဲ႔ ေရခ်ိဳးခန္းကလည္း အက်ယ္ႀကီးပါ။ အဖြဲ႕ လိုက္လာသူေတြအတြက္ တကယ္ကို ကြက္တိက် ေစ မွာ ျဖစ္ၿပီး ကြၽန္ေတာ္တို႔ အဖြဲ႕မွာတင္ကိုပဲ ေဟးဟား နဲ႔ ျဖစ္သြားၾကတာပါ။ အခန္းထဲ ဝင္လိုက္ရင္ လည္း သက္ေသာင့္သက္သာ ခံစားမႈရလို႔ ပင္ပန္းရင္ အနားယူ၊ ၿပီးရင္ ဆက္ကဲဆိုတာမ်ိဳး ျဖစ္ပါတယ္။
အခု အခန္းမ်ိဳးအျပင္ လူ (၂၀) ေလာက္တည္းႏိုင္မယ့္ အခန္းႀကီးမ်ိဳးကေန လူ (၁၀) ေယာက္ တည္းႏိုင္တဲ့ အခန္း၊ လူ (၅) ေယာက္ တည္းႏိုင္တဲ့ အခန္းနဲ႔ လူ (၂) ေယာက္ တည္းခိုႏိုင္တဲ့ Guest House အမ်ိဳးအစားေတြလည္း ရွိေသးတာမို႔ ေငြ ေခြၽတာလိုသူေတြအတြက္လည္း အဆင္ေျပေစတာပါ။ ပင္လယ္ဆီလာတဲ့ ခရီးဆိုေတာ့ ေရာက္ၿပီး မၾကာခင္ ကမ္းေျခကိုသြားဖို႔ ျပင္ၾကၿပီး ဟိုတယ္က စီစဥ္ ေပးတဲ့ ဘက္ထရီ ကားငယ္ေလးေတြနဲ႔ ကြၽန္ေတာ္တို႔အဖြဲ႕ ကမ္းေျခဆီ ခ်ီတက္ၾကပါတယ္။ ကမ္းေျခ ကလည္း Sea and Lake ရဲ႕ Private ကမ္းေျခေလးမို႔ တည္းခိုသူေတြသာ ရွိၿပီး ကြၽန္ေတာ္တို႔ ေယာက်ာ္း ေလး အုပ္စုက ေရခဏေဆာ့ၿပီး သဲေသာင္ျပင္မွာ ေဘာလုံးကန္ၾကပါတယ္။ မိန္းကေလးေတြကေတာ့ ေရေဆာ့လိုက္၊ စိတ္တိုင္းက် ဓာတ္ပုံ႐ိုက္လိုက္နဲ႔ အဆင္ကိုေျပေနတာပါပဲ။
ျပန္လာေတာ့ အဖြဲ႕လိုက္ ညစာ စားၾကရင္း ကြၽန္ေတာ္တို႔ ေယာက်ာ္းေလး အုပ္စုကေတာ့ ထုံးစံ အတိုင္း ခရီးမွာ အေပ်ာ္အေနနဲ႔ ယမကာ မွီဝဲၾကပါတယ္။ ၿပီးေတာ့ ပုလင္းလက္က်န္ေလး ပိုက္ၿပီး ဘိလိယက္ခုံ ေရာက္သြားၾကပါေကာ။ တကယ္က ဘိလိယက္ ေကာင္းေကာင္းထိုးတတ္တာ ဆိုလို႔ အစ္ကို ကိုေက်ာ္မ်ိဳးမင္းရယ္ NP News ရဲ႕ သတင္း တင္ဆက္သူ ကိုရဲထက္ပဲရွိၿပီး ကြၽန္ေတာ္ဆို ေသခ်ာ ထိုးေတာင္ မထိုးတတ္ပါဘူး။ ဒါေပမဲ့ အားလုံးက အေပ်ာ္ထိုးၾကတာမို႔ အားလုံး ဆူညံေပ်ာ္႐ႊင္ခဲ့ၾကၿပီး အေပ်ာ္လြန္သြားတဲ့ သတင္းေထာက္ ကိုျပည့္ၿဖိဳးနဲ႔ ဒီဇိုင္နာ ကိုေအာင္ေက်ာ္ကေတာ့ ဘိလိယက္ခုံ မသိမ္းခင္မွာပဲ ေဘးက ခုံတန္းရွည္ေလးမွာ အရယ္လြန္ၿပီး ယမကာတန္ခိုးနဲ႔ ႏွစ္ဆတိုး အိပ္ေပ်ာ္သြားလို႔ ျပန္မွ မနည္းႏႈိးေခၚခဲ့ရပါေသးတယ္။
ေနာက္ေန႔မွာေတာ့ ကြၽန္ေတာ္တို႔ဟာ မနက္စာစားၿပီး ဒီေရေတာ တံတားဆီ အရင္ဆုံး ခ်ီတက္ ၾကပါတယ္။ ဒီေရေတာေတြ ၾကားက တံတား ကို ျဖတ္ၿပီးေနာက္ ျမင္ရတဲ့ ဒီေရေတာ အလွဟာ မ်က္စိ ပဒါသ ျဖစ္ေစတာပါ။ ၿပီးေတာ့တနဂၤေႏြေန႔မို႔ Sea and Lake Garden ကို လာတဲ့သူေတြလည္း မ်ားေန တာ ျမင္ရပါတယ္။ အဲဒီက အထြက္မွာေတာ့ အနားက Garden ရဲ႕ အမွတ္သညာ ျဖစ္တဲ့ ေရကန္ႀကီး ေဘးမွာ ဓာတ္ပုံ႐ိုက္ၾကျပန္ပါတယ္။ ၿပီးေတာ့ ေနာက္ထပ္ ဦးတည္ရာကေတာ့ Zip Line ရွိရာပါ ပဲ။ ကြၽန္ေတာ္တို႔ အမ်ိဳးသားသတင္းေထာက္ေတြထက္ ဆယ္လီသတင္းပိုသိတဲ့ အမ်ိဳးသမီးသတင္းေထာက္ ေတြကေတာ့ ဆယ္လီ ဘယ္သူစီးတာ စီးရေတာ့မယ္ဆိုၿပီး အခ်င္းခ်င္း တီးတိုးတီးတိုး သဖန္းပိုးလုပ္လာ ၾကပါတယ္။
ကြၽန္ေတာ္တို႔ Zip Line ကို ေရာက္တဲ့ အခ်ိန္ ေစာလို႔ လူရွင္းေသးေပမယ့္ မၾကားခင္ေတာ့ Zip Line စီးခ်င္သူေတြ မ်ားလာတာ ျမင္ရပါတယ္။ ေပ (၂၆၀ဝ) ရွိတဲ့ Zip Line ဟာ ျမန္မာ့အရွည္ဆုံး ျဖစ္ၿပီး ေရကန္ႀကီးကို ျဖတ္သန္းၿပီး ျမင္ကြင္းေတြကို အေပၚစီးက ျမင္ရေစတာပါ။ မစီးခင္မွာလည္း Zip Line စီးမယ့္သူေတြအတြက္ နည္းျပေတြက သ႐ုပ္ျပေပးၾကၿပီး အျမင့္ ေၾကာက္တတ္သူ ကြၽန္ေတာ္ကေတာ့ ဒီအခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။ ႏွလုံးေရာဂါရွိသူေတြ မစီးရတာ အပါအဝင္ စည္းကမ္းခ်က္ တခ်ိဳ႕ရွိ ေပမယ့္ Zip Line စီးခဲ့သူ ကြၽန္ေတာ္တို႔ အဖြဲ႕ထဲက ညီမေလး ေထြးေလး တစ္ေယာက္ျဖစ္တဲ့ သတင္း ေထာက္ မေစာက တကယ္စီးတဲ့အခ်ိန္ ေၾကာက္စရာ မေကာင္းေၾကာင္းနဲ႔ ျမင္ရတဲ့ ျမင္ကြင္း ေတြက အေပၚစီးကေန ဘယ္လိုလွပေၾကာင္း၊ ထင္သလို မဟုတ္ပဲ စီးရအဆင္ေျပေၾကာင္း ေျပာေတာ့ ကြၽန္ေတာ့္မွာ အခြင့္အေရးတစ္ခု လက္လႊတ္လိုက္ ရေလျခင္း ဆိုၿပီး ခံျပင္းခဲ့ေသးတာပါ။ ထပ္စီးရင္ ရေပမယ့္လည္း Sea and Lake Garden မွာ တျခားလည္စရာေတြက မ်ားတာမို႔ အဲဒီအတြက္ အခ်ိန္ေပး ရမွာျဖစ္လို႔ အဖြဲ႕ကေန ခြဲမထြက္ခ်င္ တာေၾကာင့္ သူမ်ားေတြ Zip Line စီးတာကို ၾကည့္ရင္းလွည့္ျပန္ခဲ့ ရပါတယ္။
Zip Line နားမွာတင္ Sport တစ္ခုျဖစ္တဲ့ Wall Climbing လည္း ရွိသလို ေနာက္တစ္ ေနရာ မွာေတာ့ ကြၽန္ေတာ္အေၾကာက္ဆုံး ျဖစ္တဲ့ Quick Jump ဆိုတာ ရွိပါတယ္။ သူကေတာ့ ႀကိဳးသိုင္းၿပီး အျမင့္ကေန ခုန္ခ်ရတာပါ။ ကြၽန္ေတာ္သာ အဲဒါလုပ္ရင္ ေၾကာက္လြန္းလို႔ ရႉရႉး ေတြ ထြက္ကုန္မလား မသိေပမယ့္ ရင္သိမ့္တုန္း စြန႔္စားရတာ ဝါသနာပါသူေတြလည္း မနည္းလွတာကို ျမင္ခဲ့ရပါတယ္။ ေသခ်ာတာကေတာ့ ကစားနည္း ေတြမွာ အသုံးျပဳသူရဲ႕ လုံၿခဳံေရးအတြက္ တင္းတင္း က်ပ္က်ပ္ လုပ္ေပး ထားတာပါ။ တကယ္က Sea and Lake Garden မွာ အပန္းေျဖစရာက ေတာ္ေတာ္ေလး မ်ားပါ တယ္။ ဒီေရ ေတာထဲ Boat Trip စီးမလား၊ ေလွေလွာ္မလား၊ ျပခန္းေတြ ၾကည့္မလား၊ မိသားစုထဲ ကေလးပါရင္ ကေလးကစားကြင္း ပို႔မလား အမ်ိဳးစုံကို တစ္ေနရာ တည္းမွာလုပ္ႏိုင္တာပါတယ္။ မတည္းပဲ လည္ပတ္ လိုသူေတြ အတြက္လည္း ဝင္ေၾကး အနည္းငယ္နဲ႔ ဝင္ေရာက္ၿပီး အပန္းေျဖ ႏိုင္သလို ေဆာ့ကစားဖို႔ အတြက္လည္း က်င္သင့္ေငြက သင့္တင့္တဲ့ ပမာဏပါ။ ဓာတ္ပုံ႐ိုက္ခ်င္သူေတြအတြက္ တင္ ႐ိုက္စရာစုံ ေအာင္ ဖန္တီးထားတာလဲ ျမင္ရပါတယ္။ ကြၽန္ေတာ္ တို႔ ႐ုံးက ညီေလး၊ ညီမေလး တခ်ိဳ႕ဆိုလည္း Sea and Lake မွာ ႐ိုက္လာတဲ့ ပုံေတြကို သူတို႔ ေဖ့စ္ဘြတ္ခ္ အေကာင့္ေတြမွာ တင္ေနတာ ရက္ေတာ္ေတာ္ ၾကာေအာင္ ကြၽန္ေတာ္ျမင္ရဦးမွာပါ။
Zip Line စီးၿပီး အခန္းထဲကို အျမန္ျပန္ အဝတ္အစားလဲၿပီး ကြၽန္ေတာ္တို႔ တစ္ဖြဲ႕လုံး အဲဒီက Water Park မွာ ေရကူးၾကပါတယ္။ ကြၽန္ေတာ္တို႔ တစ္႐ုံးလုံး တကယ့္ ကေလးေတြလို စၾက၊ ေနာက္ၾက၊ ေရပက္ၾကနဲ႔ ေတာ္ေတာ္ၾကာေဆာ့လို႔ဝမွ အခန္းျပန္ အနားယူၿပီး ေန႔လည္စာ စားၾကပါတယ္။ ေသခ်ာတာ က Sea and Lake Garden မွာ တည္းခိုခဲ့စဥ္ တေလွ်ာက္ ေနာက္ထပ္ သတိျပဳမိတာက အစား အေသာက္ပါ။ အရသာရွိၿပီး အိမ္ခ်က္လက္ရာလို ျဖစ္ေနတာကို ေကာင္းေကာင္း သတိထား မိခဲ့ပါတယ္။ အဲဒီက ျပန္ေတာ့ ေန႔လည္ခင္း Tea Time မီတာမို႔ ဝင္ႏႊဲခဲ့ေသးၿပီး ကြၽန္ေတာ္တို႔ အဖြဲ႕ အတြက္ သီးသန႔္တည္ခင္းေပးတဲ့ အေၾကာ္စုံကိုလည္း အားရပါးရ စားခဲ့ၾကေသးတာပါ။
ၿပီးေတာ့ ေန႔ခင္း ခဏအနားယူၾကသလို ကြၽန္ေတာ္အပါအဝင္ တခ်ိဳ႕ကလည္း အခိုက္အတန႔္ ေလးေတြ မဆုံးရႈံးခ်င္လို႔ ျပတိုက္သြားၾကည္တာ၊ လည္ပတ္တာမ်ိဳး လုပ္ခဲ့ပါေသးတယ္။ ညေနမွာေတာ့ တခ်ိဳ႕က ကမ္းေျခ ထပ္ဆင္းၾကသလို ကြၽန္ေတာ္တို႔ ေယာက်ာ္းေလး အုပ္စုကေတာ့ ဘန္ဂလို နားမွာ တင္ ေဘာလီေဘာ ပုတ္ၾကပါတယ္။ ခ်န္ပီယံ လက္ရည္ ေတြဆိုေတာ့ ကြၽန္ေတာ္တို႔မွာ တစ္ေယာက္ ကစားတာ တစ္ေယာက္ရယ္ၾကရင္း အခ်ိန္ေတြ ကုန္သြားတာ ေတာင္ မသိလိုက္ပါဘူး။ ညေရာက္ေတာ့ ကြၽန္ေတာ္တို႔ ႐ုံးရဲ႕ Staff ပါတီလုပ္ၾကပါတယ္။ ကံစမ္းမဲလည္း ပါတာေၾကာင့္ အားလုံးက ရင္ခုန္ ေပ်ာ္ ႐ႊင္ခဲ့ၾကသလို အထူးအစီစဥ္ ေတြလည္း ပါဝင္ခဲ့ပါတယ္။ ၿပီးေတာ့ Sea and Lake Garden ထဲက KTV မွာ သီခ်င္းဆိုၾက၊ ေပ်ာ္ခဲ့ၾကၿပီး ထုံးစံအတိုင္း ဘိလိယက္ခုံဆီ သြားၾက ျပန္ပါေကာ။ ဒီတခါေတာ့ ပထမ ညထက္ ကြၽန္ေတာ္တို႔ လက္ရည္ေတြ တက္ေနခဲ့ၾကၿပီး ေဘာလုံးကိုေတာင္ ေကာင္းေကာင္း မျမင္ၾကရ ေတာ့ပါဘူး။ အဆိုးဆုံးကေတာ့ ကြၽန္ေတာ္ျဖစ္ၿပီး ပုလင္းမလဲခင္ လူလဲသြားတာမွာ ျပန္ဖို႔ ႏႈိးေတာ့ ဘန္ဂလိုထဲ အိပ္ေနတာကို လာႏႈိးတယ္ ထင္တဲ့အထိပါ။
ေနာက္ေန႔မွာေတာ့ ကြၽန္ေတာ္တို႔ အားလုံးျပန္ဖို႔ ေျခေထာက္ေတြ ေလးေနၾကပါတယ္။ ဒီေနရာ ေလးကို သေဘာက်လြန္းလို႔ တစ္ရက္ေလာက္ေပးေနရင္ ေကာင္းမွာလို႔ေတာင္ ေတြးမိသလို အခ်င္းခ်င္း လည္း ေျပာျဖစ္ၾကပါေသးတယ္။ ဒါေပမဲ့ စိတ္ကေတာ့ အားရပါးရ အနားယူ Teamwork နဲ႔ လုပ္ခ်င္တာ ေတြလုပ္ၿပီး ေပါ့ပါးေနတာပါ။ ကြၽန္ေတာ္တို႔ ကားကေလးဟာ ရန္ကုန္အျပန္ခရီးဆီ ဦးတည္ခ်ိန္ ပင္လယ္ ျပင္ကို ေက်ာေပးရင္း ေနာက္တစ္ေခါက္ ထပ္လာဦးမယ္လို႔ေတာင္ ကြၽန္ေတာ္ ေတြးျဖစ္ခဲ့ပါေသးတယ္။