လူမှုကွန်ရက်အသုံးပြုမှု စည်းကမ်းလိုက်နာရမည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရညွှန်ကြားချက် ထုတ်ပြန်
208
Htay Oung (NP News) - ဇန်နဝါရီ ၁၇
ပြည်သူ့ဝန်ထမ်းတွေဟာ လူမှုကွန်ရက်မီဒီယာများကို သတိထား အသုံးပြုကြခြင်းဖြင့် ဆိုက်ဘာစပေ့ကို မှန်ကန်စွာ အသုံးချကြရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်လို့ ဒါကာအခြေစိုက် bdnews24 ဒစ်ဂျစ်တယ် သတင်းဝဘ်ဆိုက်က ဇန်နဝါရီ ၁၇ ရက်တွင် ရေးသားပါတယ်။ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်လိုက်တဲ့ ဖြန့်ဝေစာမှာ စည်းကမ်းလိုက်နာရန် လိုအပ်ကြောင်း ပြည်သူ့အုပ်ချုပ်ရေး ဝန်ကြီးဌာနက အလေးပေးပြောကြားထားပြီး မလိုက်နာပါက အရေးယူမှုများ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။
အကြီးတန်း အတွင်းဝန်များ၊ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယ ကော်မရှင်နာ များနဲ့ ခရိုင်တရားသူကြီးများထံ လိပ်မူထားတဲ့ အဲ့ဒီ ညွှန်ကြားချက်များမှာ ပြည်သူ့ဝန်ထမ်းများရဲ့ ဒစ်ဂျစ်တယ် ကျင့်ဝတ်ပိုင်းဆိုင်ရာကြီးကြပ်မှုကို တင်းကျပ်ကြရန် ညွှန်ကြားထားပါတယ်။ ဝန်ထမ်းအချို့ရဲ့ ၎င်းတို့ကိုယ်ပိုင် လူမှုကွန်ရက်အကောင့်များပေါ်မှာ လွှင့်တင်နေတဲ့ အကြောင်းအရာတွေဟာ ၂၀၁၉ ခုနှစ် အစိုးရအဖွဲ့အစည်းများ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်များနဲ့ ဆန့်ကျင်ရာ ရောက်ရှိနေတဲ့အတွက် နိုင်ငံတော်အစိုးရဲ့ စိုးရိမ်မှုများကို အသေးစိတ်ဖော်ပြထားပါတယ်။ အရေးကြီးစာရွက်စာတမ်းများ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အဖွဲ့အစည်း သို့မဟုတ် အစိုးရကို အရှက်ရ စေမယ့် အကြောင်းအရာများကို မျှဝေလျှက်ရှိတဲ့ အဲ့ဒီလုပ်ရပ်တွေဟာ ပြည်သူ့ဝန်ထမ်းများအနေနဲ့ လုပ်ဆောင် ရန် မသင့်လျော်တဲ့ အပြုအမူများအဖြစ် အကြုံးဝင်လျက်ရှိကြောင်း၊ အဆိုပါ အပြုအမူတွေဟာ တာဝန်ထမ်းဆောင်မှုဆိုင်ရာ စည်းမျဉ်းများကို တိုက်ရိုက်ချိုးဖောက်ရာ ရောက်ရှိပြီး လက်ခံနိုင်ဖွယ် မရှိဟု ဝန်ကြီးဌာနက ယူဆကြောင်း၊ တာဝန်ရှိ အစိုးရအရာထမ်းများအနေနဲ့ အဲ့ဒီလို လုပ်ရပ် များဟာ ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးကို များစွာထိခိုက်စေတယ်လို့ အဆိုပါ ဖြန့်ဝေစာမှာ သတိပေးထားပါတယ်။
အကျင့်ပျက်ခြစားမှုကို ဖြစ်ပေါ်စေနိုင်ကြောင်းလည်း အလေးပေးဖော်ပြထားပါတယ်။ အစိုးရ အရာရှိတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများအတွင်း ယခုလို မမှန်မကန်ဖြစ်ပေါ်နေခြင်းကို ထိန်းကျောင်းရေးအတွက် ပြည်သူ့ အုပ်ချုပ်ရေး ဝန်ကြီးဌာနရဲ့ စည်းမျဉ်း စည်းကမ်းတွေအရ လိုအပ်သလို အရေးယူပေးဖို့ ဝန်ကြီးဌာန အသီး သီးထံ အကြောင်းကြားစာ ပေးပို့ထားကြောင်းလည်း ဖော်ပြထားပါတယ်။ အစိုးရအဖွဲ့အစည်းအသီးသီးတို့မှာ လူမှုကွန်ရက် အသုံးပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို တင်းတင်းကျပ်ကျပ်လိုက်နာရန်နဲ့ ၁၉၇၉ ခုနှစ် အစိုးရဝန်ထမ်းများ (ကျင့်ဝတ်) စည်းကမ်းများနဲ့အညီ လိုက်နာမှုရှိ စေရေး တာဝန်ရှိသူများနဲ့ ဝန်ထမ်းများအား ညွှန်ကြားလိုက်ကြောင်း၊ အစိုးရအဖွဲ့အစည်းများအတွင်း လူမှုကွန်ရက် အသုံးပြုမှုများအတွက် ချိုးဖောက်မှုမှန်သမျှကို ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ လမ်းညွှန်ချက်များ၊ ၂၀၁၈-ခုနှစ်နဲ့ ၂၀၁၉- ခုနှစ် အစိုးရဝန်ထမ်းများ စည်းကမ်းနဲ့ အယူခံမှု နည်းဥပဒေအရ သင့်လျော်သလို အရေးယူကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခင်ကလည်း (ရှိတ်ဟာစီနာ အစိုးရပြုတ်ကျသွားပြီး ) စက်တင်ဘာ ၁၀-ရက်နေ့ ရက်စွဲနဲ့ တရားလွှတ် တော်ချုပ်က တရားသူကြီးအသီးသီးထံ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဆိုရှယ်မီဒီယာပလက်ဖောင်းများ ပေါ်မှာ လုပ်ငန်းပိုင်းဆိုင်ရာ သင့်တင့်လျောက်ပတ်တဲ့ အမူအကျင့်မှ သွေဖယ်ရာရောက်ရှိတဲ့ ပို့စ်များ ရေးသား လွှင့်တင်ခြင်း၊ ရေးသားထားတဲ့ ပို့စ်များအောက် ကောမန့်ရေးသားကြရာမှာ သတိပြုကြဖို့ လိုအပ်ကြောင်း ဖော်ပြပါရှိပါတယ်။ အဲဒီ လမ်းညွှန်ချက်များကို ချိုးဖောက်ကျူးလွန်ပါတ မလိုလားအပ်တဲ့ အကျင့်ပျက်ဝန်ထမ်းအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း နှိုးဆော်ချက်မှာ သတိပေးထားပါတယ်။
zawgyi version
လူမႈကြန္ရက္အသုံးျပဳမႈ စည္းကမ္းလိုက္နာရမည္ဟု ဘဂၤလားေဒ့ရွ္ အစိုးရၫႊန္ၾကားခ်က္ ထုတ္ျပန္
Htay Oung (NP News) - ဇန္နဝါရီ ၁၇
ျပည္သူ႔ဝန္ထမ္းေတြဟာ လူမႈကြန္ရက္မီဒီယာမ်ားကို သတိထား အသုံးျပဳၾကျခင္းျဖင့္ ဆိုက္ဘာစေပ့ကို မွန္ကန္စြာ အသုံးခ်ၾကရန္ ဘဂၤလားေဒ့ရွ္အစိုးရက ၫႊန္ၾကားခ်က္ ထုတ္ျပန္လိုက္တယ္လို႔ ဒါကာအေျခစိုက္ bdnews24 ဒစ္ဂ်စ္တယ္ သတင္းဝဘ္ဆိုက္က ဇန္နဝါရီ ၁၇ ရက္တြင္ ေရးသားပါတယ္။ ဗုဒၶဟူးေန႔ ထုတ္ျပန္လိုက္တဲ့ ျဖန႔္ေဝစာမွာ စည္းကမ္းလိုက္နာရန္ လိုအပ္ေၾကာင္း ျပည္သူ႔အုပ္ခ်ဳပ္ေရး ဝန္ႀကီးဌာနက အေလးေပးေျပာၾကားထားၿပီး မလိုက္နာပါက အေရးယူမႈမ်ား ရွိလာႏိုင္တယ္လို႔ သတိေပးထားပါတယ္။
အႀကီးတန္း အတြင္းဝန္မ်ား၊ အတြင္းေရးမႉးမ်ား၊ တိုင္းေဒသႀကီး ေကာ္မရွင္အဖြဲ႕ဝင္မ်ား၊ ဒုတိယ ေကာ္မရွင္နာ မ်ားနဲ႔ ခ႐ိုင္တရားသူႀကီးမ်ားထံ လိပ္မူထားတဲ့ အဲ့ဒီ ၫႊန္ၾကားခ်က္မ်ားမွာ ျပည္သူ႔ဝန္ထမ္းမ်ားရဲ႕ ဒစ္ဂ်စ္တယ္ က်င့္ဝတ္ပိုင္းဆိုင္ရာႀကီးၾကပ္မႈကို တင္းက်ပ္ၾကရန္ ၫႊန္ၾကားထားပါတယ္။ ဝန္ထမ္းအခ်ိဳ႕ရဲ႕ ၎တို႔ကိုယ္ပိုင္ လူမႈကြန္ရက္အေကာင့္မ်ားေပၚမွာ လႊင့္တင္ေနတဲ့ အေၾကာင္းအရာေတြဟာ ၂၀၁၉ ခုႏွစ္ အစိုးရအဖြဲ႕အစည္းမ်ား ဆိုရွယ္မီဒီယာ အသုံးျပဳျခင္းဆိုင္ရာ လမ္းၫႊန္ခ်က္မ်ားနဲ႔ ဆန႔္က်င္ရာ ေရာက္ရွိေနတဲ့အတြက္ ႏိုင္ငံေတာ္အစိုးရဲ႕ စိုးရိမ္မႈမ်ားကို အေသးစိတ္ေဖာ္ျပထားပါတယ္။ အေရးႀကီးစာ႐ြက္စာတမ္းမ်ား၊ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္ အဖြဲ႕အစည္း သို႔မဟုတ္ အစိုးရကို အရွက္ရ ေစမယ့္ အေၾကာင္းအရာမ်ားကို မွ်ေဝလွ်က္ရွိတဲ့ အဲ့ဒီလုပ္ရပ္ေတြဟာ ျပည္သူ႔ဝန္ထမ္းမ်ားအေနနဲ႔ လုပ္ေဆာင္ ရန္ မသင့္ေလ်ာ္တဲ့ အျပဳအမူမ်ားအျဖစ္ အႀကဳံးဝင္လ်က္ရွိေၾကာင္း၊ အဆိုပါ အျပဳအမူေတြဟာ တာဝန္ထမ္းေဆာင္မႈဆိုင္ရာ စည္းမ်ဥ္းမ်ားကို တိုက္႐ိုက္ခ်ိဳးေဖာက္ရာ ေရာက္ရွိၿပီး လက္ခံႏိုင္ဖြယ္ မရွိဟု ဝန္ႀကီးဌာနက ယူဆေၾကာင္း၊ တာဝန္ရွိ အစိုးရအရာထမ္းမ်ားအေနနဲ႔ အဲ့ဒီလို လုပ္ရပ္ မ်ားဟာ က်င့္ဝတ္စည္းကမ္းပိုင္းဆိုင္ရာ ခ်ိဳးေဖာက္ျခင္းျဖစ္ၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးကို မ်ားစြာထိခိုက္ေစတယ္လို႔ အဆိုပါ ျဖန႔္ေဝစာမွာ သတိေပးထားပါတယ္။
အက်င့္ပ်က္ျခစားမႈကို ျဖစ္ေပၚေစႏိုင္ေၾကာင္းလည္း အေလးေပးေဖာ္ျပထားပါတယ္။ အစိုးရ အရာရွိေတြနဲ႔ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအတြင္း ယခုလို မမွန္မကန္ျဖစ္ေပၚေနျခင္းကို ထိန္းေက်ာင္းေရးအတြက္ ျပည္သူ႔ အုပ္ခ်ဳပ္ေရး ဝန္ႀကီးဌာနရဲ႕ စည္းမ်ဥ္း စည္းကမ္းေတြအရ လိုအပ္သလို အေရးယူေပးဖို႔ ဝန္ႀကီးဌာန အသီး သီးထံ အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ အစိုးရအဖြဲ႕အစည္းအသီးသီးတို႔မွာ လူမႈကြန္ရက္ အသုံးျပဳျခင္းဆိုင္ရာ လမ္းၫႊန္ခ်က္မ်ားကို တင္းတင္းက်ပ္က်ပ္လိုက္နာရန္နဲ႔ ၁၉၇၉ ခုႏွစ္ အစိုးရဝန္ထမ္းမ်ား (က်င့္ဝတ္) စည္းကမ္းမ်ားနဲ႔အညီ လိုက္နာမႈရွိ ေစေရး တာဝန္ရွိသူမ်ားနဲ႔ ဝန္ထမ္းမ်ားအား ၫႊန္ၾကားလိုက္ေၾကာင္း၊ အစိုးရအဖြဲ႕အစည္းမ်ားအတြင္း လူမႈကြန္ရက္ အသုံးျပဳမႈမ်ားအတြက္ ခ်ိဳးေဖာက္မႈမွန္သမွ်ကို ဆိုရွယ္မီဒီယာ အသုံးျပဳမႈဆိုင္ရာ လမ္းၫႊန္ခ်က္မ်ား၊ ၂၀၁၈-ခုႏွစ္နဲ႔ ၂၀၁၉- ခုႏွစ္ အစိုးရဝန္ထမ္းမ်ား စည္းကမ္းနဲ႔ အယူခံမႈ နည္းဥပေဒအရ သင့္ေလ်ာ္သလို အေရးယူၾကရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
ယခင္ကလည္း (ရွိတ္ဟာစီနာ အစိုးရျပဳတ္က်သြားၿပီး ) စက္တင္ဘာ ၁၀-ရက္ေန႔ ရက္စြဲနဲ႔ တရားလႊတ္ ေတာ္ခ်ဳပ္က တရားသူႀကီးအသီးသီးထံ တိုက္တြန္းခ်က္ ထုတ္ျပန္ခဲ့ဖူးပါတယ္။ ဆိုရွယ္မီဒီယာပလက္ေဖာင္းမ်ား ေပၚမွာ လုပ္ငန္းပိုင္းဆိုင္ရာ သင့္တင့္ေလ်ာက္ပတ္တဲ့ အမူအက်င့္မွ ေသြဖယ္ရာေရာက္ရွိတဲ့ ပို႔စ္မ်ား ေရးသား လႊင့္တင္ျခင္း၊ ေရးသားထားတဲ့ ပို႔စ္မ်ားေအာက္ ေကာမန႔္ေရးသားၾကရာမွာ သတိျပဳၾကဖို႔ လိုအပ္ေၾကာင္း ေဖာ္ျပပါရွိပါတယ္။ အဲဒီ လမ္းၫႊန္ခ်က္မ်ားကို ခ်ိဳးေဖာက္က်ဴးလြန္ပါတ မလိုလားအပ္တဲ့ အက်င့္ပ်က္ဝန္ထမ္းအျဖစ္ သတ္မွတ္ခံရ မည္ျဖစ္ေၾကာင္း ႏႈိးေဆာ္ခ်က္မွာ သတိေပးထားပါတယ္။