ပရီးမီးယားလိဂ်ရာသီဝက်မှာ အကောင်းဆုံး(၃)သင်းရဲ့ခြေစွမ်းနဲ့ ချန်ပီယံဖြစ်နိုင်ခြေ အလားအလာ

 872

ရဲထက် (NP News) - ဇန်နဝါရီ ၁၇

လီဗာပူးလ်အသင်းကတော့ ခရစ္စမတ်ကာလအလွန် ရာသီဝက်ကျော်လာချိန်မှာ ပရီးမီးယား လိဂ်ရာသီဝက် ချန်ပီယံဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဖြစ်လာတဲ့ (၃၂)နှစ်အတွင်း Boxing Day မှာအမှတ်ပေးဇယားကို ဦးဆောင်နိုင်တဲ့အသင်းဟာ ရာသီကုန်မှာဖလားယူတဲ့အကြိမ်ရေ (၁၆) ကြိမ်အထိ ရှိနေခဲ့ပါတယ်။ လီဗာပူးလ်အတွက်ကတော့ အခုလိုရာသီဝက်ချန်ပီယံဖြစ်ခဲ့တာ ခုနစ်ကြိမ်မြောက် ဆိုပေမယ့် ပရီးမီးယားလိဂ်လို့ နာမည်ပြောင်းပြီးတဲ့ နောက် (၂)ကြိမ်ဆက် ရာသီဝက်ချန်ပီယံဖြစ်ခွင့်ရခဲ့တာပါ။ ဒီလိုရာသီဝက်မှာ အမှတ်ပေးဇယားကိုဦး ဆောင်ပြီး ရာသီကုန်မှာ ဖလားရတဲ့အသင်းတွေက တော့ မန်ယူနဲ့ ချဲလ်ဆီးတို့က ငါးကြိမ်စီရထားပြီး မန်စီးတီးက သုံးကြိမ်၊ လီဗာပူးလ်၊ ဘလက်ဘန်းနဲ့ လက်စတာတို့က တစ်ကြိမ်စီရှိခဲ့ပါတယ်။ တစ်ဖက်မှာ ရာသီဝက်ချန်ပီယံဖြစ်ပေမယ့် ရာသီကုန်မှာဖလား လက်လွှတ်ခဲ့ရတဲ့အသင်းတွေမှာတော့ လီဗာပူးလ်က ငါးကြိမ်နဲ့ အများဆုံးရှိနေခဲ့ပြီး အာဆင်နယ် (၄) ကြိမ်၊ နယူးကာဆယ်နဲ့ မန်ယူက (၂) ကြိမ်စီနဲ့ နောဝှစ်၊ အက်စတွန်ဗီလာနဲ့ လိဒ်အသင်းတွေက တစ်ကြိမ်စီ ရှိထားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ NP News ကနေ ပရီးမီးယားလိဂ် ရာသီဝက်ကျော်လာချိန်မှာ အကောင်းဆုံးအသင်း(၃)သင်းရဲ့ ချန်ပီယံဖြစ်နိုင်မယ့်အလားအလာကို ရွေး ချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ရာသီဝက်ချန်ပီယံ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေ အလားအလာ
ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၂၀)အပြီးမှာ အကောင်းဆုံးသောအသင်းကိုပြောပါဆိုရင် လီဗာ ပူးလ်အသင်းဟာ ထိပ်ဆုံးနေရာမှာရှိနေပါတယ်။ မန် ယူအသင်းကို သရေကျခဲ့တယ်ဆိုပေမယ့် အမှတ် ပေးဇယားကို တစ်ပွဲလျှော့ကန်ထားပြီး ရမှတ်(၆)မှတ် ဖြတ်ထားနိုင်တဲ့ လီဗာပူးလ်အသင်းရဲ့ တည်ငြိမ်မှုကို မဖြစ်မနေချီးကျူးရမှာဖြစ်ပြီး ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ချန်ပီယံဆုအတွက် လက်တစ်ကမ်းအလိုကို ရောက်ရှိနေပြီလို့တောင် ပြောလို့ရနေ ပါတယ်။ နည်းပြသစ် အာနဲ့စလော့လက်ထက်မှာ ယာ ဂင်ကလော့လက်ထက်က ထက်ပိုကောင်းတဲ့ စွမ်း ဆောင်ရည်မျိုးတွေကို တွေ့မြင်လာရပြီးသွင်းဂိုး တွေကို ပိုမိုမြင်တွေ့လာရသလို ပြီးခဲ့တဲ့ရာသီမှာ ရာသီဝက်ချန်ပီယံဖြစ်ခဲ့ပေမယ့် ချန်ပီယံကို မရရှိခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဒီတစ်ကြိမ်မှာလည်းရာသီ ဝက် ချန်ပီယံ(၂)ကြိမ်ဆက်ဖြစ်ပြီးတဲ့နောက် ချန်ပီ ယံဖြစ်လာမလားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ တိုက်စစ်ပိုင်းက သွင်းဂိုးအရေအ တွက်(၄၇)ဂိုးအထိရရှိထားပြီး အိမ်ကွင်းမှာ(၂၀)ဂိုး ရရှိထားသလို အဝေးကွင်းမှာ(၂၇)ဂိုးအထိရယူထားနိုင်တာကိုတွေ့ရပါတယ်။ အားရစရာကောင်းတဲ့ အချက်အရ လီဗာပူးလ်အသင်းရဲ့တိုက်စစ်ပိုင်းဖြစ် ပြီး ဒီရာသီမှာအထူးခြေစွမ်းပြနေတဲ့ မိုဟာမက် ဆာ လက်ဟာ ပွဲစဉ်(၁၈)ပွဲ ပါဝင်ကစားပေးထားပြီး သွင်း ဂိုး(၁၇)ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှု(၁၃)ကြိမ် အထိ ပြုလုပ်ထားနိုင်တာကိုတွေ့ရပါတယ်။ နောက် ထပ်ထူးခြားချက်အနေနဲ့ကတော့ လီဗာပူးလ်အသင်း ဟာ ဒီရာသီပင်နယ်တီ(၅)ဂိုးသာ ရရှိထားပြီး သွင်းဂိုး တော်တော်များများဟာ အသင်းလိုက်ကစားပုံ ကောင်းမွန်မှုနဲ့ ဥစနည ဏူပေ တွေကနေ ရရှိတဲ့သွင်းဂိုးတွေဖြစ်နေတာကြောင့် တစ်သင်းလုံးဟာ အတက် အဆင်း မှန်မှန်နဲ့ ရက်သမ်မိနေတာမျိုးဖြစ်တဲ့အတွက် တကယ်ကို ချန်ပီယံဖြစ်ဖို့အလားအလာရှိတဲ့ ခြေစွမ်း မျိုးတွေဆိုတာ ငြင်းလို့မရတဲ့ အချက်အလက်တွေ ဖြစ်နေပါတယ်။ ရာသီဝက်ကျော်လာချိန်မှာ ရမှတ် ဖြတ်ထားနိုင်မှုက ရာသီကုန်မှာချန်ပီယံဖြစ်ဖို့ ရာခိုင် နှုန်းပိုများသလို မနှစ်ကရာသီဝက်ချန်ပီယံဆုဖြစ် ချိန်မှာ မရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီနှစ်ရာသီ ရာသီဝက်ချန်ပီယံဖြစ်ချိန်မှာ ရရှိအောင်စွမ်းဆောင်သွားနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်သွား ရဖို့ရှိနေပါတယ်။ စိုးရိမ်စရာအချက်ကတော့ ဒီရာသီမှာ လူများများစားစား ဝယ်ယူမထားခဲ့တဲ့ လီဗာပူးလ် အသင်းအနေနဲ့ အဓိက ကစားသမားတွေဒဏ်ရာရ ခဲ့ရင်ပဲဖြစ်ဖြစ်၊အခြားအသင်းတွေကို ပြောင်းရွှေ့သွား ခဲ့ရင် အသင်းလိုက်ကစားပုံကို ထိခိုက်လာနိုင်သလို ချန်ပီယံဆုကိုပါ လက်လွှတ်သွားရဖို့ရှိနေပါတယ်။ ဒါကို နည်းပြသစ် အာနဲ့စလော့အကောင်းဆုံးကိုင် တွယ်သွားနိုင်မလားဆိုတာကိုလည်း ရာသီကုန်အထိ စောင့်ကြည့်ရမှာဖြစ်ပြီး လက်ရှိမှာ‌တော့ ချန်ပီယံဖြစ်ဖို့ အလားအလာအရှိဆုံအသင်းဟာ လီဗာပူးလ်အသင်း ပဲဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဒုတိယလူအဆုံးသတ် (သို့) ချန်ပီယံမျှော်လင့်ချက်
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ရာသီဝက်ကျော်လာချိန်မှာ လီဗာပူးလ်အသင်းနဲ့ရ မှတ်(၆)မှတ်ကွာဟနေသလို လီဗာပူးလ်အသင်းက တစ်ပွဲလျှော့ကန်ထားတာကြောင့် (၉)မှတ်အထိ တောင် ကွာဟလာနိုင်တဲ့ အခြေအနေရှိနေပါတယ်။ ဒါပေမဲ့ ရာသီဝက်ပဲရှိနေသေးတာကြောင့် အာဆင် နယ်အသင်းအတွက် အခွင့်အရေးအများကြီးရှိနေ သေးသလို လီဗာပူးလ်အသင်းကို အမီလိုက်ဖို့ဆိုရင် လက်ကျန်ပွဲစဉ်တိုင်းကို တစ်ပွဲမှမရှုံးဘဲ အနိုင်ရရှိမှ သာ မျှော်လင့်လို့ရနိုင်မှာလည်းဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရတော့ လီဗာပူးလ်အသင်းပြီးရင် ခြေစွမ်း ပိုင်းအရရော လူစာရင်းအရပါ အခြားအသင်းတွေထက် ခေါင်းတစ်လုံးသာနေတဲ့အသင်းဟာ အာဆင်နယ်ဖြစ် ပါတယ်။ ဒီရာသီပွဲစဉ်(၂၀)အပြီးမှာ သွင်းဂိုး(၃၇) ဂိုးရရှိထားပြီး အိမ်ကွင်းမှာ(၁၆)ဂိုးရရှိထားသလို အဝေးကွင်းမှာတော့ (၂၁)ဂိုး ရရှိထားတာကိုတွေ့ရ ပါတယ်။ စိတ်မကောင်းစရာအချက်က အာဆင်နယ် အသင်းဟာ (၂၀၂၂-၂၀၂၃)ရာသီမှာ နည်းပြအာတီ တာရဲ့နည်းစနစ်တွေနဲ့အတူ အမြင့်ဆုံးအထိတောက် ပခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုကိုရောက်ခဲ့ပေမယ့် မန်စီးတီးအသင်းနဲ့ ရမှတ်(၂)မှတ်အကွာနဲ့ ဒုတိယနေရာကို ရရှိသွားခဲ့ပါတယ်။ နောက်ထပ်ဘောလုံးရာသီမှာဖြစ်တဲ့ (၂၀၂၃-၂၀၂၄) ဘောလုံးရာသီမှာ လည်း မန်စီးတီးအသင်းနဲ့ ရမှတ်(၅)မှတ်အကွာကနေ ဒုတိယလူနေရာကို (၂)နှစ်ဆက်တိုက်ဖြတ်သန်းသွားခဲ့ရတဲ့ ဘောလုံးရာသီ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း လီဗာပူးလ်အသင်းက ရာသီဝက်မှာရမှတ်(၉)မှတ်လောက်အထိ ကွာဟသွား နိုင်တဲ့အနေအထားရှိနေတာကြောင့် အာဆင်နယ် အသင်းအနေနဲ့(၃)နှစ်ဆက်တိုက် ဒုတိယနေရာ ကနေပဲ စခန်းသိမ်းသွားရမလားဆိုတာကလည်း မေး ခွန်းတစ်ခုဖြစ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လီဗာပူးလ်အသင်းက (၃)ပွဲဆက်တိုက်ရှုံးမယ်ဆို ရင်တောင် တန်းတူအခွင့်အရေးရှိနေတဲ့အနေအထား မျိုးမှာ အာဆင်နယ်အသင်းအတွက် ကံတရားရဲ့ဖေး မမှုဟာလည်း မဖြစ်မနေလိုအပ်နေသလို အာဆင် နယ်အသင်း ကိုယ်တိုင်ကလည်းပွဲစဉ်တိုင်းကို နိုင်ပွဲ ရအောင် စွမ်းဆောင်နိုင်ပါ့မလားဆိုတဲ့ အဖြေတစ်ခု ကလည်း စောင့်ကြိုနေပါတယ်။ ဒါကြောင့် အကောင်းဆုံးအသင်းလို့ သတ်မှတ်လို့ရပေမယ့် လည်း အာဆင်နယ်ရဲ့ဒီရာသီပရီးမီးယားလိဂ်ချန်ပီ ယံဆုအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဟာ ပွဲစဉ်တိုင်းကို အကောင်းဆုံးရင်ဆိုင်ကစားပြီး နိုင်ပွဲ များများရအောင်ကစားဖို့လိုသလို တစ်ဖက်မှာလည်း လီဗာပူးလ်အသင်းရဲ့အမှားကို စောင့်ကြည့်သွားရ ဖို့ရှိနေပါတယ်။

မထင်မှတ်ထားဘဲ အသင်းကြီးတွေကို စိန်ခေါ်လာတဲ့ နော်တင်ဟမ်ဖောရက်စ်
ဒီရာသီမှာ လီဗာပူးလ်အသင်းကို နိုင်ခဲ့တဲ့ တစ်သင်းတည်းသောအသင်းဟာ နော်တင်ဟမ်ဖော ရက်စ်ဖြစ်သလို လီဗာပူးလ်အသင်းလိုမျိုး တိုက်စစ် လိုက်ပါမှု အားကောင်းကောင်းနဲ့ သဘောကျစရာ ခြေစွမ်းမျိုးကို ပြသနေတဲ့အသင်းဟာ နော်တင်ဟမ် ဖောရက်စ်အသင်းဖြစ်ပါတယ်။ သာမန်အနေနဲ့ ကြည့်လိုက်ရင် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ မနေ့တစ်နေ့ ကမှ တန်းတက်လာတဲ့အသင်းလို့ပဲမြင် ပါလိမ့်မယ်။ ဒါပေမဲ့ နော်တင်ဟမ်ဖောရက်စ်အသင်း ဟာ ချန်ပီယံလိဂ်ဖလားကို (၂)ကြိမ်ရရှိဖူးတဲ့အင်္ဂလန် ပရီးမီးယားလိဂ်အသင်းဖြစ်သလို ပရီးမီးယားလိဂ် ဖလားကိုလည်း (၁)ကြိမ်ရရှိထားဖူးတဲ့အသင်းဖြစ် တာကြောင့် အစဉ်အလာတစ်ခု ၊ အနေအထားတစ်ခုရှိခဲ့တဲ့အသင်းဖြစ်ပြီး ဒီနှစ်ရာသီမှာတော့ နည်းပြဆန်းတို့စ်လက်ထက်မှာ ဥရောပချန်ပီယံလိဂ် ဝင်ခွင့် ကို ပြန်လည်ရရှိအောင်စွမ်းဆောင်နေသလို ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ စိန်ခေါ်လာနိုင်လောက် တဲ့အထိ ခြေစွမ်းပြသနေတာကိုတွေ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်ဟာ မန်ယူအသင်းရဲ့အိမ်ကွင်းမှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အနိုင်ရရှိ ထားသလို ချဲလ်ဆီးအသင်းကိုသရေကစားထားပြီး စပါးစ်အသင်းကိုအနိုင်၊ လီဗာပူးလ်အသင်းကို အနိုင် ကစားထားတာကိုကြည့်ရင် သေချာပေါက် ဒီရာသီမှာ တစ်ခုခုလုပ်ပြနိုင်မယ့်အသင်းအဖြစ် မျက်စိကျချင် စရာကောင်းနေပါတယ်။ လက်ရှိခြေစွမ်းအရ စုစုပေါင်းသွင်းဂိုး(၃၀)အထိရှိထားပြီး အသင်းတိုင်းကို ဒုက္ခပေးနိုင်လောက်တဲ့ခြေစွမ်းမျိုးရှိနေတာကြောင့် ရာသီကုန်တဲ့အထိ စောင့်ကြည့်ချင်စရာကောင်းတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပရီးမီယားလိဂ် ချန်ပီ ယံဆုအတွက်ကတော့ အာဆင်နယ်အသင်းနဲ့အပြိုင် ဖြစ်နေပေမယ့် နော်တင်ဟမ်ဖောရက်စ်အသင်းက ပိုပြီးအလှမ်းဝေးနိုင်ပြီး နောက်ပိုင်းမှာ ခြေစွမ်းပိုင်း ကျဆင်း လာတတ်တာကြောင့် ချန်ပီယံဆုကိုစိန်ခေါ် နိုင်ဖို့ထက် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်အတွက်ကိုသာ ရင်ခုန်ရဖို့ရှိနေတဲ့အသင်းဖြစ်လာနိုင်ပါတယ်။

ဥရောပ ဝင်ခွင့်တိုက်ပွဲ
ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကတော့ လီဗာပူးလ်၊ အာဆင်နယ်နဲ့ နော်တင်ဟမ်ဖောရက်စ်၊ ချဲလ်ဆီးတို့ ဖြစ်နိုင်သလို မန်စီးတီးအသင်းရဲ့ ပြန်လာ နိုင်မှုကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ယူရို ပါလိဂ်နဲ့ ကွန်းဖရင့်လိဂ်အတွက်ကတော့ နယူးကာ ဆယ်နဲ့ဘုန်းမောက်၊ အက်စတွန်ဗီလာနဲ့ ဖူဟမ်၊ ဘရိုက်တန်တို့ကလည်း ရမှတ်မကွာတာက ဘာမဆို ဖြစ်လာနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်မှာ ကစားနေတဲ့ ပရီးမီးယားလိဂ်အသင်း တွေရဲ့ ခြေစွမ်းကျဆင်းလာမှုအပေါ်မူတည်ပြီး အဆင့် (၅)နေရာက အသင်းတွေဟာလည်း ချန်ပီယံလိဂ်ဝင် ခွင့် မျှော်လင့်ချက်ကောင်းနေတဲ့အခြေအနေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီကလည်း ချဲလ်ဆီးဟာ ရာသီ ဝက်မှာ အဆင့် (၁၀)သာရှိခဲ့ပေမယ့် ရာသီကုန်မှာ ကွန်းဖရင့်လိဂ်ဝင်ခွင့်ရခဲ့ပါတယ်။

တန်းဆင်းဇုန်တိုက်ပွဲ
ထူးထူးခြားခြားမှတ်တမ်းအနေနဲ့ ခရစ္စမတ် ကာလအလွန်မှာ အောက်ဆုံးသုံးသင်းလုံးဟာ ရာသီ ကုန်မှာ တန်းဆင်းခဲ့ဖူးတဲ့ မှတ်တမ်းမျိုးလေးကြိမ် အထိရှိခဲ့ဖူးပါတယ်။ ဒါ့ပြင် ရာသီဝက်မှာ ထိပ်ဆုံး (၁၀)သင်းမှာ ရှိနေပေမယ့် ရာသီကုန်မှာ တန်းဆင်းရ တဲ့ အသင်းတွေလည်း ရှိနေခဲ့ပါတယ်။ ဒီရာသီ တန်း ဆင်းဇုန်သုံးသင်းဖြစ်တဲ့ အီစွတ်တောင်း၊ ဝုဖ်နဲ့ ဆောက်သမ်တန်တို့ကတော့ နည်းပြအပြောင်းအလဲ နှစ်ကြိမ်ပြုလုပ်ထားပြီး ရာသီဝက်အတွက် ပြင်ဆင် လာခဲ့ပါတယ်။ လက်စတာစီးတီးအသင်းဆိုရင်လည်း တန်းဆင်းဇုန်ကိုရောက်ရှိနေပြီး အဲဗာတန်နဲ့ ဝုဗ်အ သင်းတွေကလည်း တန်းမဆင်းရဖို့ ရုန်းကန်ရနိုင်တဲ့ အခြေအနေမှာ ရပ်တည်နေပြီး ဆောက်သမ်တန် အသင်းကတော့ တန်းဆင်းရဖို့ သေချာသလောက်ကို ရှိနေပါတယ်။

zawgyi version
ပရီးမီးယားလိဂ္ရာသီဝက္မွာ အေကာင္းဆုံး(၃)သင္းရဲ႕ေျခစြမ္းနဲ႔ ခ်န္ပီယံျဖစ္ႏိုင္ေျခ အလားအ လာ
ရဲထက္ (NP News) - ဇန္နဝါရီ ၁၇

လီဗာပူးလ္အသင္းကေတာ့ ခရစၥမတ္ကာလအလြန္ ရာသီဝက္ေက်ာ္လာခ်ိန္မွာ ပရီးမီးယား လိဂ္ရာသီဝက္ ခ်န္ပီယံျဖစ္သြားခဲ့ၿပီျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ျဖစ္လာတဲ့ (၃၂)ႏွစ္အတြင္း Boxing Day မွာအမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္တဲ့အသင္းဟာ ရာသီကုန္မွာဖလားယူတဲ့အႀကိမ္ေရ (၁၆) ႀကိမ္အထိ ရွိေနခဲ့ပါတယ္။ လီဗာပူးလ္အတြက္ကေတာ့ အခုလိုရာသီဝက္ခ်န္ပီယံျဖစ္ခဲ့တာ ခုနစ္ႀကိမ္ေျမာက္ ဆိုေပမယ့္ ပရီးမီးယားလိဂ္လို႔ နာမည္ေျပာင္းၿပီးတဲ့ ေနာက္ (၂)ႀကိမ္ဆက္ ရာသီဝက္ခ်န္ပီယံျဖစ္ခြင့္ရခဲ့တာပါ။ ဒီလိုရာသီဝက္မွာ အမွတ္ေပးဇယားကိုဦး ေဆာင္ၿပီး ရာသီကုန္မွာ ဖလားရတဲ့အသင္းေတြက ေတာ့ မန္ယူနဲ႔ ခ်ဲလ္ဆီးတို႔က ငါးႀကိမ္စီရထားၿပီး မန္စီးတီးက သုံးႀကိမ္၊ လီဗာပူးလ္၊ ဘလက္ဘန္းနဲ႔ လက္စတာတို႔က တစ္ႀကိမ္စီရွိခဲ့ပါတယ္။ တစ္ဖက္မွာ ရာသီဝက္ခ်န္ပီယံျဖစ္ေပမယ့္ ရာသီကုန္မွာဖလား လက္လႊတ္ခဲ့ရတဲ့အသင္းေတြမွာေတာ့ လီဗာပူးလ္က ငါးႀကိမ္နဲ႔ အမ်ားဆုံးရွိေနခဲ့ၿပီး အာဆင္နယ္ (၄) ႀကိမ္၊ နယူးကာဆယ္နဲ႔ မန္ယူက (၂) ႀကိမ္စီနဲ႔ ေနာဝွစ္၊ အက္စတြန္ဗီလာနဲ႔ လိဒ္အသင္းေတြက တစ္ႀကိမ္စီ ရွိထားခဲ့ပါတယ္။ ဒီတစ္ပတ္မွာေတာ့ NP News ကေန ပရီးမီးယားလိဂ္ ရာသီဝက္ေက်ာ္လာခ်ိန္မွာ အေကာင္းဆုံးအသင္း(၃)သင္းရဲ႕ ခ်န္ပီယံျဖစ္ႏိုင္မယ့္အလားအလာကို ေ႐ြး ခ်ယ္တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။

ရာသီဝက္ခ်န္ပီယံ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံျဖစ္ႏိုင္ေျခ အလားအလာ
ဒီရာသီပရီးမီးယားလိဂ္ပြဲစဥ္(၂၀)အၿပီးမွာ အေကာင္းဆုံးေသာအသင္းကိုေျပာပါဆိုရင္ လီဗာ ပူးလ္အသင္းဟာ ထိပ္ဆုံးေနရာမွာရွိေနပါတယ္။ မန္ ယူအသင္းကို သေရက်ခဲ့တယ္ဆိုေပမယ့္ အမွတ္ ေပးဇယားကို တစ္ပြဲေလွ်ာ့ကန္ထားၿပီး ရမွတ္(၆)မွတ္ ျဖတ္ထားႏိုင္တဲ့ လီဗာပူးလ္အသင္းရဲ႕ တည္ၿငိမ္မႈကို မျဖစ္မေနခ်ီးက်ဴးရမွာျဖစ္ၿပီး ရာသီဝက္ခ်န္ပီယံျဖစ္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ခ်န္ပီယံဆုအတြက္ လက္တစ္ကမ္းအလိုကို ေရာက္ရွိေနၿပီလို႔ေတာင္ ေျပာလို႔ရေန ပါတယ္။ နည္းျပသစ္ အာနဲ႔စေလာ့လက္ထက္မွာ ယာ ဂင္ကေလာ့လက္ထက္က ထက္ပိုေကာင္းတဲ့ စြမ္း ေဆာင္ရည္မ်ိဳးေတြကို ေတြ႕ျမင္လာရၿပီးသြင္းဂိုး ေတြကို ပိုမိုျမင္ေတြ႕လာရသလို ၿပီးခဲ့တဲ့ရာသီမွာ ရာသီဝက္ခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ခ်န္ပီယံကို မရရွိခဲ့တဲ့ လီဗာပူးလ္အသင္းဟာ ဒီတစ္ႀကိမ္မွာလည္းရာသီ ဝက္ ခ်န္ပီယံ(၂)ႀကိမ္ဆက္ျဖစ္ၿပီးတဲ့ေနာက္ ခ်န္ပီ ယံျဖစ္လာမလားဆိုတာကလည္း စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ တိုက္စစ္ပိုင္းက သြင္းဂိုးအေရအ တြက္(၄၇)ဂိုးအထိရရွိထားၿပီး အိမ္ကြင္းမွာ(၂၀)ဂိုး ရရွိထားသလို အေဝးကြင္းမွာ(၂၇)ဂိုးအထိရယူထားႏိုင္တာကိုေတြ႕ရပါတယ္။ အားရစရာေကာင္းတဲ့ အခ်က္အရ လီဗာပူးလ္အသင္းရဲ႕တိုက္စစ္ပိုင္းျဖစ္ ၿပီး ဒီရာသီမွာအထူးေျခစြမ္းျပေနတဲ့ မိုဟာမက္ ဆာ လက္ဟာ ပြဲစဥ္(၁၈)ပြဲ ပါဝင္ကစားေပးထားၿပီး သြင္း ဂိုး(၁၇)ဂိုးသြင္းယူထားသလို ဂိုးဖန္တီးမႈ(၁၃)ႀကိမ္ အထိ ျပဳလုပ္ထားႏိုင္တာကိုေတြ႕ရပါတယ္။ ေနာက္ ထပ္ထူးျခားခ်က္အေနနဲ႔ကေတာ့ လီဗာပူးလ္အသင္း ဟာ ဒီရာသီပင္နယ္တီ(၅)ဂိုးသာ ရရွိထားၿပီး သြင္းဂိုး ေတာ္ေတာ္မ်ားမ်ားဟာ အသင္းလိုက္ကစားပုံ ေကာင္းမြန္မႈနဲ႔ ဥစနည ဏူေပ ေတြကေန ရရွိတဲ့သြင္းဂိုးေတြျဖစ္ေနတာေၾကာင့္ တစ္သင္းလုံးဟာ အတက္ အဆင္း မွန္မွန္နဲ႔ ရက္သမ္မိေနတာမ်ိဳးျဖစ္တဲ့အတြက္ တကယ္ကို ခ်န္ပီယံျဖစ္ဖို႔အလားအလာရွိတဲ့ ေျခစြမ္း မ်ိဳးေတြဆိုတာ ျငင္းလို႔မရတဲ့ အခ်က္အလက္ေတြ ျဖစ္ေနပါတယ္။ ရာသီဝက္ေက်ာ္လာခ်ိန္မွာ ရမွတ္ ျဖတ္ထားႏိုင္မႈက ရာသီကုန္မွာခ်န္ပီယံျဖစ္ဖို႔ ရာခိုင္ ႏႈန္းပိုမ်ားသလို မႏွစ္ကရာသီဝက္ခ်န္ပီယံဆုျဖစ္ ခ်ိန္မွာ မရရွိခဲ့တဲ့ ပရီးမီးယားလိဂ္ဖလားကို ဒီႏွစ္ရာသီ ရာသီဝက္ခ်န္ပီယံျဖစ္ခ်ိန္မွာ ရရွိေအာင္စြမ္းေဆာင္သြားႏိုင္မလားဆိုတာကို ဆက္လက္ေစာင့္ၾကည့္သြား ရဖို႔ရွိေနပါတယ္။ စိုးရိမ္စရာအခ်က္ကေတာ့ ဒီရာသီမွာ လူမ်ားမ်ားစားစား ဝယ္ယူမထားခဲ့တဲ့ လီဗာပူးလ္ အသင္းအေနနဲ႔ အဓိက ကစားသမားေတြဒဏ္ရာရ ခဲ့ရင္ပဲျဖစ္ျဖစ္၊အျခားအသင္းေတြကို ေျပာင္းေ႐ႊ႕သြား ခဲ့ရင္ အသင္းလိုက္ကစားပုံကို ထိခိုက္လာႏိုင္သလို ခ်န္ပီယံဆုကိုပါ လက္လႊတ္သြားရဖို႔ရွိေနပါတယ္။ ဒါကို နည္းျပသစ္ အာနဲ႔စေလာ့အေကာင္းဆုံးကိုင္ တြယ္သြားႏိုင္မလားဆိုတာကိုလည္း ရာသီကုန္အထိ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး လက္ရွိမွာ‌ေတာ့ ခ်န္ပီယံျဖစ္ဖို႔ အလားအလာအရွိဆုံအသင္းဟာ လီဗာပူးလ္အသင္း ပဲျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဒုတိယလူအဆုံးသတ္ (သို႔) ခ်န္ပီယံေမွ်ာ္လင့္ခ်က္
အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ ရာသီဝက္ေက်ာ္လာခ်ိန္မွာ လီဗာပူးလ္အသင္းနဲ႔ရ မွတ္(၆)မွတ္ကြာဟေနသလို လီဗာပူးလ္အသင္းက တစ္ပြဲေလွ်ာ့ကန္ထားတာေၾကာင့္ (၉)မွတ္အထိ ေတာင္ ကြာဟလာႏိုင္တဲ့ အေျခအေနရွိေနပါတယ္။ ဒါေပမဲ့ ရာသီဝက္ပဲရွိေနေသးတာေၾကာင့္ အာဆင္ နယ္အသင္းအတြက္ အခြင့္အေရးအမ်ားႀကီးရွိေန ေသးသလို လီဗာပူးလ္အသင္းကို အမီလိုက္ဖို႔ဆိုရင္ လက္က်န္ပြဲစဥ္တိုင္းကို တစ္ပြဲမွမရႈံးဘဲ အႏိုင္ရရွိမွ သာ ေမွ်ာ္လင့္လို႔ရႏိုင္မွာလည္းျဖစ္ပါတယ္။ လက္ရွိ ေျခစြမ္းအရေတာ့ လီဗာပူးလ္အသင္းၿပီးရင္ ေျခစြမ္း ပိုင္းအရေရာ လူစာရင္းအရပါ အျခားအသင္းေတြထက္ ေခါင္းတစ္လုံးသာေနတဲ့အသင္းဟာ အာဆင္နယ္ျဖစ္ ပါတယ္။ ဒီရာသီပြဲစဥ္(၂၀)အၿပီးမွာ သြင္းဂိုး(၃၇) ဂိုးရရွိထားၿပီး အိမ္ကြင္းမွာ(၁၆)ဂိုးရရွိထားသလို အေဝးကြင္းမွာေတာ့ (၂၁)ဂိုး ရရွိထားတာကိုေတြ႕ရ ပါတယ္။ စိတ္မေကာင္းစရာအခ်က္က အာဆင္နယ္ အသင္းဟာ (၂၀၂၂-၂၀၂၃)ရာသီမွာ နည္းျပအာတီ တာရဲ႕နည္းစနစ္ေတြနဲ႔အတူ အျမင့္ဆုံးအထိေတာက္ ပခဲ့ၿပီး ရာသီကုန္မွာ ခ်န္ပီယံျဖစ္ဖို႔ လက္တစ္ကမ္းအလိုကိုေရာက္ခဲ့ေပမယ့္ မန္စီးတီးအသင္းနဲ႔ ရမွတ္(၂)မွတ္အကြာနဲ႔ ဒုတိယေနရာကို ရရွိသြားခဲ့ပါတယ္။ ေနာက္ထပ္ေဘာလုံးရာသီမွာျဖစ္တဲ့ (၂၀၂၃-၂၀၂၄) ေဘာလုံးရာသီမွာ လည္း မန္စီးတီးအသင္းနဲ႔ ရမွတ္(၅)မွတ္အကြာကေန ဒုတိယလူေနရာကို (၂)ႏွစ္ဆက္တိုက္ျဖတ္သန္းသြားခဲ့ရတဲ့ ေဘာလုံးရာသီ ျဖစ္ခဲ့ပါတယ္။ ဒီႏွစ္မွာလည္း လီဗာပူးလ္အသင္းက ရာသီဝက္မွာရမွတ္(၉)မွတ္ေလာက္အထိ ကြာဟသြား ႏိုင္တဲ့အေနအထားရွိေနတာေၾကာင့္ အာဆင္နယ္ အသင္းအေနနဲ႔(၃)ႏွစ္ဆက္တိုက္ ဒုတိယေနရာ ကေနပဲ စခန္းသိမ္းသြားရမလားဆိုတာကလည္း ေမး ခြန္းတစ္ခုျဖစ္လာပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လီဗာပူးလ္အသင္းက (၃)ပြဲဆက္တိုက္ရႈံးမယ္ဆို ရင္ေတာင္ တန္းတူအခြင့္အေရးရွိေနတဲ့အေနအထား မ်ိဳးမွာ အာဆင္နယ္အသင္းအတြက္ ကံတရားရဲ႕ေဖး မမႈဟာလည္း မျဖစ္မေနလိုအပ္ေနသလို အာဆင္ နယ္အသင္း ကိုယ္တိုင္ကလည္းပြဲစဥ္တိုင္းကို ႏိုင္ပြဲ ရေအာင္ စြမ္းေဆာင္ႏိုင္ပါ့မလားဆိုတဲ့ အေျဖတစ္ခု ကလည္း ေစာင့္ႀကိဳေနပါတယ္။ ဒါေၾကာင့္ အေကာင္းဆုံးအသင္းလို႔ သတ္မွတ္လို႔ရေပမယ့္ လည္း အာဆင္နယ္ရဲ႕ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီ ယံဆုအတြက္ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ဟာ ပြဲစဥ္တိုင္းကို အေကာင္းဆုံးရင္ဆိုင္ကစားၿပီး ႏိုင္ပြဲ မ်ားမ်ားရေအာင္ကစားဖို႔လိုသလို တစ္ဖက္မွာလည္း လီဗာပူးလ္အသင္းရဲ႕အမွားကို ေစာင့္ၾကည့္သြားရ ဖို႔ရွိေနပါတယ္။

မထင္မွတ္ထားဘဲ အသင္းႀကီးေတြကို စိန္ေခၚလာတဲ့ ေနာ္တင္ဟမ္ေဖာရက္စ္
ဒီရာသီမွာ လီဗာပူးလ္အသင္းကို ႏိုင္ခဲ့တဲ့ တစ္သင္းတည္းေသာအသင္းဟာ ေနာ္တင္ဟမ္ေဖာ ရက္စ္ျဖစ္သလို လီဗာပူးလ္အသင္းလိုမ်ိဳး တိုက္စစ္ လိုက္ပါမႈ အားေကာင္းေကာင္းနဲ႔ သေဘာက်စရာ ေျခစြမ္းမ်ိဳးကို ျပသေနတဲ့အသင္းဟာ ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းျဖစ္ပါတယ္။ သာမန္အေနနဲ႔ ၾကည့္လိုက္ရင္ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းဟာ မေန႔တစ္ေန႔ ကမွ တန္းတက္လာတဲ့အသင္းလို႔ပဲျမင္ ပါလိမ့္မယ္။ ဒါေပမဲ့ ေနာ္တင္ဟမ္ေဖာရက္စ္အသင္း ဟာ ခ်န္ပီယံလိဂ္ဖလားကို (၂)ႀကိမ္ရရွိဖူးတဲ့အဂၤလန္ ပရီးမီးယားလိဂ္အသင္းျဖစ္သလို ပရီးမီးယားလိဂ္ ဖလားကိုလည္း (၁)ႀကိမ္ရရွိထားဖူးတဲ့အသင္းျဖစ္ တာေၾကာင့္ အစဥ္အလာတစ္ခု ၊ အေနအထားတစ္ခုရွိခဲ့တဲ့အသင္းျဖစ္ၿပီး ဒီႏွစ္ရာသီမွာေတာ့ နည္းျပဆန္းတို႔စ္လက္ထက္မွာ ဥေရာပခ်န္ပီယံလိဂ္ ဝင္ခြင့္ ကို ျပန္လည္ရရွိေအာင္စြမ္းေဆာင္ေနသလို ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုပါ စိန္ေခၚလာႏိုင္ေလာက္ တဲ့အထိ ေျခစြမ္းျပသေနတာကိုေတြ႕ရပါတယ္။ ေနာ္တင္ဟမ္ေဖာရက္စ္ဟာ မန္ယူအသင္းရဲ႕အိမ္ကြင္းမွာ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အႏိုင္ရရွိ ထားသလို ခ်ဲလ္ဆီးအသင္းကိုသေရကစားထားၿပီး စပါးစ္အသင္းကိုအႏိုင္၊ လီဗာပူးလ္အသင္းကို အႏိုင္ ကစားထားတာကိုၾကည့္ရင္ ေသခ်ာေပါက္ ဒီရာသီမွာ တစ္ခုခုလုပ္ျပႏိုင္မယ့္အသင္းအျဖစ္ မ်က္စိက်ခ်င္ စရာေကာင္းေနပါတယ္။ လက္ရွိေျခစြမ္းအရ စုစုေပါင္းသြင္းဂိုး(၃၀)အထိရွိထားၿပီး အသင္းတိုင္းကို ဒုကၡေပးႏိုင္ေလာက္တဲ့ေျခစြမ္းမ်ိဳးရွိေနတာေၾကာင့္ ရာသီကုန္တဲ့အထိ ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့လည္း ပရီးမီယားလိဂ္ ခ်န္ပီ ယံဆုအတြက္ကေတာ့ အာဆင္နယ္အသင္းနဲ႔အၿပိဳင္ ျဖစ္ေနေပမယ့္ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းက ပိုၿပီးအလွမ္းေဝးႏိုင္ၿပီး ေနာက္ပိုင္းမွာ ေျခစြမ္းပိုင္း က်ဆင္း လာတတ္တာေၾကာင့္ ခ်န္ပီယံဆုကိုစိန္ေခၚ ႏိုင္ဖို႔ထက္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္အတြက္ကိုသာ ရင္ခုန္ရဖို႔ရွိေနတဲ့အသင္းျဖစ္လာႏိုင္ပါတယ္။

ဥေရာပ ဝင္ခြင့္တိုက္ပြဲ
ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ကေတာ့ လီဗာပူးလ္၊ အာဆင္နယ္နဲ႔ ေနာ္တင္ဟမ္ေဖာရက္စ္၊ ခ်ဲလ္ဆီးတို႔ ျဖစ္ႏိုင္သလို မန္စီးတီးအသင္းရဲ႕ ျပန္လာ ႏိုင္မႈကိုလည္း ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ယူ႐ို ပါလိဂ္နဲ႔ ကြန္းဖရင့္လိဂ္အတြက္ကေတာ့ နယူးကာ ဆယ္နဲ႔ဘုန္းေမာက္၊ အက္စတြန္ဗီလာနဲ႔ ဖူဟမ္၊ ဘ႐ိုက္တန္တို႔ကလည္း ရမွတ္မကြာတာက ဘာမဆို ျဖစ္လာႏိုင္တဲ့ အေျခအေနမွာရွိေနပါတယ္။ ဒါ့ျပင္ ခ်န္ပီယံလိဂ္မွာ ကစားေနတဲ့ ပရီးမီးယားလိဂ္အသင္း ေတြရဲ႕ ေျခစြမ္းက်ဆင္းလာမႈအေပၚမူတည္ၿပီး အဆင့္ (၅)ေနရာက အသင္းေတြဟာလည္း ခ်န္ပီယံလိဂ္ဝင္ ခြင့္ ေမွ်ာ္လင့္ခ်က္ေကာင္းေနတဲ့အေျခအေနျဖစ္ေနပါတယ္။ ၿပီးခဲ့တဲ့ရာသီကလည္း ခ်ဲလ္ဆီးဟာ ရာသီ ဝက္မွာ အဆင့္ (၁၀)သာရွိခဲ့ေပမယ့္ ရာသီကုန္မွာ ကြန္းဖရင့္လိဂ္ဝင္ခြင့္ရခဲ့ပါတယ္။

တန္းဆင္းဇုန္တိုက္ပြဲ
ထူးထူးျခားျခားမွတ္တမ္းအေနနဲ႔ ခရစၥမတ္ ကာလအလြန္မွာ ေအာက္ဆုံးသုံးသင္းလုံးဟာ ရာသီ ကုန္မွာ တန္းဆင္းခဲ့ဖူးတဲ့ မွတ္တမ္းမ်ိဳးေလးႀကိမ္ အထိရွိခဲ့ဖူးပါတယ္။ ဒါ့ျပင္ ရာသီဝက္မွာ ထိပ္ဆုံး (၁၀)သင္းမွာ ရွိေနေပမယ့္ ရာသီကုန္မွာ တန္းဆင္းရ တဲ့ အသင္းေတြလည္း ရွိေနခဲ့ပါတယ္။ ဒီရာသီ တန္း ဆင္းဇုန္သုံးသင္းျဖစ္တဲ့ အီစြတ္ေတာင္း၊ ဝုဖ္နဲ႔ ေဆာက္သမ္တန္တို႔ကေတာ့ နည္းျပအေျပာင္းအလဲ ႏွစ္ႀကိမ္ျပဳလုပ္ထားၿပီး ရာသီဝက္အတြက္ ျပင္ဆင္ လာခဲ့ပါတယ္။ လက္စတာစီးတီးအသင္းဆိုရင္လည္း တန္းဆင္းဇုန္ကိုေရာက္ရွိေနၿပီး အဲဗာတန္နဲ႔ ဝုဗ္အ သင္းေတြကလည္း တန္းမဆင္းရဖို႔ ႐ုန္းကန္ရႏိုင္တဲ့ အေျခအေနမွာ ရပ္တည္ေနၿပီး ေဆာက္သမ္တန္ အသင္းကေတာ့ တန္းဆင္းရဖို႔ ေသခ်ာသေလာက္ကို ရွိေနပါတယ္။

Related news

© 2021. All rights reserved.