သဘောတူထားတဲ့အတိုင်း မလုပ်ဆောင်ဘူးဆိုရင် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းပစ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ခြိမ်းခြောက်

547

Pika (NP News) - ဇန်နဝါရီ ၁၉
အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေး ဓါးစာခံတွေရဲ့စာရင်းတွေကို မဖော်ပြဘူးဆိုရင် ဟားမက်လက်နက်ကိုင်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းပစ်မယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ အစ္စရေးနဲ့ ဟားမက်လက်နက် ကိုင်အဖွဲ့တို့ဟာ ၎င်းတို့ရဲ့(၁၅)လကြာစစ်ပွဲဖြစ်ပွားမှုကို အဆုံးသတ်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။
ပထမဆုံးအဆင့်မှာ အစ္စရေးနဲ့ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အကျဉ်းသားအပြန်အလှန်လဲလှယ်မှုလုပ်ဆောင်မယ့် အဆင့်သုံးဆင့်သဘောတူညီချက်ဟာ ဇန်နဝါရီလ(၁၈)ရက်မှာ အစ္စရေးအစိုးရအဖွဲ့က အတည်ပြုခဲ့ပြီးနောက် ဇန်နဝါရီလ(၁၉)ရက်မှာ စတင်အသက်ဝင်မှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးဓါးစာခံတွေကို လွှတ်ပေးမယ့်ကတိကို ပျက်ကွက်ခဲ့တယ်လို့ နေတန်ရာဟုက ဇန်နဝါရီလ(၁၈)ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
နေတန်ရာဟုက "သဘောတူထားတဲ့အတိုင်း ပြန်လွှတ်ပေးမယ့် ဓါးစာခံစာရင်းကို မရရှိမချင်း ဒီသဘောတူညီချက်ကို ရှေ့ဆက်သွားမှာ မဟုတ်ပါဘူး။ အစ္စရေးဟာ သဘောတူညီချက်ချိုးဖောက်တာတွေကို လက်ခံမှာ မဟုတ်ပါဘူး။ အဲဒီအတွက်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့မှာ တာဝန်ရှိပါတယ်" လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် သဘောတူညီချက်ရဲ့နောက်ဆက်တွဲအဆင့်တွေက အရည်အချင်းမပြည့်မှီဘူးဆိုရင် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာလိမ့်မယ်လို့ လည်း နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။ စစ်ပွဲပြန်လည်စတင်ခဲ့မယ်ဆိုရင် အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာ ကမ်းမြောင်ဒေသကို တိုက်ခိုက်ရေးနည်းလမ်းအသစ်တွေနဲ့ တိုက်ခိုက်လိမ့်မယ်လို့လည်း နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
သေဘာတူထားတဲ့အတိုင္း မလုပ္ေဆာင္ဘူးဆိုရင္ အပစ္အခတ္ရပ္စဲေရးကို ဖ်က္သိမ္းပစ္မယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ၿခိမ္းေျခာက္
Pika (NP News) - ဇန္နဝါရီ ၁၉
အပစ္အခတ္ရပ္စဲေရး ပထမအဆင့္မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က ၎တို႔ဖမ္းဆီးထိန္းသိမ္းထားတဲ့ အစၥေရး ဓါးစာခံေတြရဲ႕စာရင္းေတြကို မေဖာ္ျပဘူးဆိုရင္ ဟားမက္လက္နက္ကိုင္အဖြဲ႕နဲ႔ အပစ္အခတ္ရပ္စဲေရးကို ဖ်က္သိမ္းပစ္မယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ၿခိမ္းေျခာက္ေျပာဆိုလိုက္ပါတယ္။ အစၥေရးနဲ႔ ဟားမက္လက္နက္ ကိုင္အဖြဲ႕တို႔ဟာ ၎တို႔ရဲ႕(၁၅)လၾကာစစ္ပြဲျဖစ္ပြားမႈကို အဆုံးသတ္ဖို႔အတြက္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အပစ္အခတ္ရပ္စဲဖို႔ သေဘာတူညီခဲ့ၾကတာလည္းျဖစ္ပါတယ္။
ပထမဆုံးအဆင့္မွာ အစၥေရးနဲ႔ဟားမက္လက္နက္ကိုင္အဖြဲ႕ၾကား အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈလုပ္ေဆာင္မယ့္ အဆင့္သုံးဆင့္သေဘာတူညီခ်က္ဟာ ဇန္နဝါရီလ(၁၈)ရက္မွာ အစၥေရးအစိုးရအဖြဲ႕က အတည္ျပဳခဲ့ၿပီးေနာက္ ဇန္နဝါရီလ(၁၉)ရက္မွာ စတင္အသက္ဝင္မွာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးဓါးစာခံေတြကို လႊတ္ေပးမယ့္ကတိကို ပ်က္ကြက္ခဲ့တယ္လို႔ ေနတန္ရာဟုက ဇန္နဝါရီလ(၁၈)ရက္ ညေနပိုင္းက ထုတ္ျပန္ခဲ့တဲ့ အစီရင္ခံစာတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။
ေနတန္ရာဟုက "သေဘာတူထားတဲ့အတိုင္း ျပန္လႊတ္ေပးမယ့္ ဓါးစာခံစာရင္းကို မရရွိမခ်င္း ဒီသေဘာတူညီခ်က္ကို ေရွ႕ဆက္သြားမွာ မဟုတ္ပါဘူး။ အစၥေရးဟာ သေဘာတူညီခ်က္ခ်ိဳးေဖာက္တာေတြကို လက္ခံမွာ မဟုတ္ပါဘူး။ အဲဒီအတြက္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕မွာ တာဝန္ရွိပါတယ္" လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ သေဘာတူညီခ်က္ရဲ႕ေနာက္ဆက္တြဲအဆင့္ေတြက အရည္အခ်င္းမျပည့္မွီဘူးဆိုရင္ တိုက္ပြဲေတြ ျပန္လည္ျဖစ္ပြားလာလိမ့္မယ္လို႔ လည္း ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။ စစ္ပြဲျပန္လည္စတင္ခဲ့မယ္ဆိုရင္ အစၥေရးတပ္ဖြဲ႕ေတြဟာ ဂါဇာ ကမ္းေျမာင္ေဒသကို တိုက္ခိုက္ေရးနည္းလမ္းအသစ္ေတြနဲ႔ တိုက္ခိုက္လိမ့္မယ္လို႔လည္း ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။