အစ္စရေးတပ်ဖွဲ့ဝင်များ ပြန်ရုပ်သိမ်းရန် ဆီးရီးယားလက်နက်ကိုင်အဖွဲ့ (HTS)ခေါင်းဆောင် တောင်းဆို

 69

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၉

ဆီးရီးယားနိုင်ငံ၏မြို့တော်ကို ထိန်းချုပ်ထားသော ဆီးရီးယားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဖြစ်သူ အယ်ဂျူလာနီက အစ္စရေးတပ်ဖွဲ့များကို ဆီးရီးယားနိုင်ငံပိုင်နက်အတွင်းမှ ပြန်ရုပ်သိမ်းရန်တောင်း ဆိုလိုက်ကြောင်း သိရသည်။ အယ်ဂျူလာနီ ဦးဆောင်သော Hayat Tahrir al-Sham (HTS) အဖွဲ့သည် ပြီးခဲ့သောလအတွင်းတွင် ဆီးရီးယားနိုင်ငံ မြို့တော် ဒမ္မစကက်မြို့ကို သိမ်းယူနိုင်ခဲ့ပြီးနောက် ဆီးရီးယားသမ္မတ အာဆတ်ပြည်ပထွက်ပြေးခဲ့ရသည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့က ဦးဆောင်ပြီး လက်ရှိအချိန်တွင် ဆီးရီးယားနိုင်ငံ ၏ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ကို ဦးဆောင်နေကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံတွင် သမ္မတအာဆတ် ပြုတ်ကျကာ ရုရှားကိုထွက်ပြေးခဲ့ပြီးနောက် အစ္စရေးအစိုးရသည် အစ္စရေး နှင့် ဆီးရီးယားနိုင်ငံကြားရှိ ကြားခံဇုန်ကို တပ်ဖွဲ့ဝင်များဖြန့်ကြက်ချထားခဲ့ရာ အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိနိုင်ငံများက အစ္စရေးကိုဝေဖန်ပြစ်တင်ခဲ့ ကြောင်း သိရသည်။ အယ်ဂျူလာနီက ကြားခံဇုန်မှ အစ္စရေးတပ်ဖွဲ့များကို ပြန်ရုပ်သိမ်းစေလိုပြီး အစ္စရေးတပ်ဖွဲ့များ နေရာတွင် ကုလသမဂ္ဂအဖွဲ့ဝင်များကို ဖြန့်ကြက်ချထားစေလိုကြောင်း တောင်းဆိုထားသည်။
အစ္စရေးစစ်တပ်သည် လက်ရှိအချိန်တွင် ဂိုလန်ကုန်းမြင့်အပြင် ဟာမွန်တောင်ကြောနားကို သိမ်းယူကာ တပ်စွဲထား ကြောင်း သိရသည်။ အယ်ဂျူလာနီက “အစ္စရေးဟာ ဟစ္စဘိုလာနဲ့ အီရန်အထောက်ပံ့ခံ လက်နက်ကိုင်အဖွဲ့တွေ ကြား ဒေသအတွင်းမှာအခွင့်အရေးကောင်းတွေရနေတယ်။ အစ္စရေးကို နောက်ထပ်အခွင့်အရေးမပေးနိုင်တော့ ဘူး” ဟု ပြောသည်။
အစ္စရေးသည် (၁၉၆၇)ခုနှစ်တွင် ဖြစ်ပွားခဲ့သော ခြောက်ရက်ကြာစစ်ပွဲတွင် ဆီးရီးယားနှင့် အီဂျစ်နိုင်ငံတို့ကို အနိုင်ရ ခဲ့ပြီးနောက် ဂိုလန်ကုန်းမြင့်ဒေသကို သိမ်းယူခဲ့ပြီး ဆီးရီးယားအစိုးရက ဂိုလန်ကုန်းမြင့်ဒေသကို ပြန်လည်ရယူနိုင် ရန် (၁၉၇၃) ခုနှစ်တွင် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ အစ္စရေးနှင့် ဆီးရီးယားနိုင်ငံ နယ်စပ်ကြား ရှိ ကြားခံဇုန်ကို ကုလသမဂ္ဂလုံခြုံရေးအဖွဲ့ဝင်များက ကာလအတန်ကြာ တပ်စွဲထားခဲ့ကြောင်း သိရသည်။ ဆီးရီးယားသမ္မတထွက်ပြေးခဲ့ပြီးနောက် အစ္စရေး စစ်တပ်သည် ကြားခံဇုန်အတွင်း ထိုးဖောက်ဝင်ရောက် လာခဲ့သလို ဆီးရီးယားပိုင်နက်နေရာအချို့ထိ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ချထားကြောင်း သိရသည်။

Zawgyi Version;
အစၥေရးတပ္ဖြဲ႕ဝင္မ်ား ျပန္႐ုပ္သိမ္းရန္ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ (HTS)ေခါင္းေဆာင္ ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၉

ဆီးရီးယားႏိုင္ငံ၏ၿမိဳ႕ေတာ္ကို ထိန္းခ်ဳပ္ထားေသာ ဆီးရီးယားလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ ျဖစ္သူ အယ္ဂ်ဴလာနီက အစၥေရးတပ္ဖြဲ႕မ်ားကို ဆီးရီးယားႏိုင္ငံပိုင္နက္အတြင္းမွ ျပန္႐ုပ္သိမ္းရန္ေတာင္း ဆိုလိုက္ေၾကာင္း သိရသည္။ အယ္ဂ်ဴလာနီ ဦးေဆာင္ေသာ Hayat Tahrir al-Sham (HTS) အဖြဲ႕သည္ ၿပီးခဲ့ေသာလအတြင္းတြင္ ဆီးရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ ဒမၼစကက္ၿမိဳ႕ကို သိမ္းယူႏိုင္ခဲ့ၿပီးေနာက္ ဆီးရီးယားသမၼတ အာဆတ္ျပည္ပထြက္ေျပးခဲ့ရသည္။ အဆိုပါ လက္နက္ကိုင္အဖြဲ႕က ဦးေဆာင္ၿပီး လက္ရွိအခ်ိန္တြင္ ဆီးရီးယားႏိုင္ငံ ၏ အသြင္ကူးေျပာင္းေရးအစိုးရအဖြဲ႕ကို ဦးေဆာင္ေနေၾကာင္း သိရသည္။ ဆီးရီးယားႏိုင္ငံတြင္ သမၼတအာဆတ္ ျပဳတ္က်ကာ ႐ုရွားကိုထြက္ေျပးခဲ့ၿပီးေနာက္ အစၥေရးအစိုးရသည္ အစၥေရး ႏွင့္ ဆီးရီးယားႏိုင္ငံၾကားရွိ ၾကားခံဇုန္ကို တပ္ဖြဲ႕ဝင္မ်ားျဖန႔္ၾကက္ခ်ထားခဲ့ရာ အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိႏိုင္ငံမ်ားက အစၥေရးကိုေဝဖန္ျပစ္တင္ခဲ့ ေၾကာင္း သိရသည္။ အယ္ဂ်ဴလာနီက ၾကားခံဇုန္မွ အစၥေရးတပ္ဖြဲ႕မ်ားကို ျပန္႐ုပ္သိမ္းေစလိုၿပီး အစၥေရးတပ္ဖြဲ႕မ်ား ေနရာတြင္ ကုလသမဂၢအဖြဲ႕ဝင္မ်ားကို ျဖန႔္ၾကက္ခ်ထားေစလိုေၾကာင္း ေတာင္းဆိုထားသည္။
အစၥေရးစစ္တပ္သည္ လက္ရွိအခ်ိန္တြင္ ဂိုလန္ကုန္းျမင့္အျပင္ ဟာမြန္ေတာင္ေၾကာနားကို သိမ္းယူကာ တပ္စြဲထား ေၾကာင္း သိရသည္။ အယ္ဂ်ဴလာနီက “အစၥေရးဟာ ဟစၥဘိုလာနဲ႔ အီရန္အေထာက္ပံ့ခံ လက္နက္ကိုင္အဖြဲ႕ေတြ ၾကား ေဒသအတြင္းမွာအခြင့္အေရးေကာင္းေတြရေနတယ္။ အစၥေရးကို ေနာက္ထပ္အခြင့္အေရးမေပးႏိုင္ေတာ့ ဘူး” ဟု ေျပာသည္။
အစၥေရးသည္ (၁၉၆၇)ခုႏွစ္တြင္ ျဖစ္ပြားခဲ့ေသာ ေျခာက္ရက္ၾကာစစ္ပြဲတြင္ ဆီးရီးယားႏွင့္ အီဂ်စ္ႏိုင္ငံတို႔ကို အႏိုင္ရ ခဲ့ၿပီးေနာက္ ဂိုလန္ကုန္းျမင့္ေဒသကို သိမ္းယူခဲ့ၿပီး ဆီးရီးယားအစိုးရက ဂိုလန္ကုန္းျမင့္ေဒသကို ျပန္လည္ရယူႏိုင္ ရန္ (၁၉၇၃) ခုႏွစ္တြင္ ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္ျခင္းမရွိခဲ့ေၾကာင္း သိရသည္။ အစၥေရးႏွင့္ ဆီးရီးယားႏိုင္ငံ နယ္စပ္ၾကား ရွိ ၾကားခံဇုန္ကို ကုလသမဂၢလုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ကာလအတန္ၾကာ တပ္စြဲထားခဲ့ေၾကာင္း သိရသည္။ ဆီးရီးယားသမၼတထြက္ေျပးခဲ့ၿပီးေနာက္ အစၥေရး စစ္တပ္သည္ ၾကားခံဇုန္အတြင္း ထိုးေဖာက္ဝင္ေရာက္ လာခဲ့သလို ဆီးရီးယားပိုင္နက္ေနရာအခ်ိဳ႕ထိ တပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ခ်ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.