မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဆန်အိတ်နဲ့အထွေထွေကုန်ပစ္စည်းများ သယ်ဆောင်လာတဲ့ သင်္ဘော ၃ စီးကို နတ်မြစ်ဝ ရေပြင်မှာ အာရက္ခတပ်တော် AA က ဖမ်းဆီးထားကြောင်း ဒါကာ အခြေစိုက်သတင်းစာများဖော်ပြ

 122

Htay Oun (NP News) - ဇန်နဝါရီ ၂ဝ

မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဆန်အိတ်နဲ့အထွေထွေကုန်ပစ္စည်းများ သယ်ဆောင်လာတဲ့ သင်္ဘော ၃ စီးကို ကြာသပတေး (၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်) က နတ်မြစ်ဝရေပြင်မှာ အာရက္ခတပ်တော် AA က ဖမ်းဆီးထား ကြောင်း ဒါကာအခြေစိုက်သတင်းစာများက ယမန်နေ့ ရေးသားကြပါတယ်။
ဒီဇင်ဘာ ၈ ရက် မောင်တောမြို့ကို တပ်မတော်ရဲ့ထိန်းချုပ်မှုအားလုံး လက်လွတ်သွားခဲ့ပြီးနောက်ပိုင်း AA က နတ်မြစ်ဝရေကြောင်းသွားလာမှုကို AA က စိုးမိုးလိုက်ပါတယ်။ ၁၆၈ မိုင်ခန့် ရှည်လျားတဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို နစကအစိုးရက လက်လွှတ်လိုက်ရခြင်းလည်း ဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ် တက္ကနဖ်ဆိပ်ကမ်းရဲ့ကုန်သွယ်မှုအားလုံးလည်း ရပ်ဆိုင်းသွားပါတယ်။ မြန်မာနိုင်ငံမှ တရားဝင် ဆိုက်ရောက်လာတဲ့ နောက်ဆုံးသင်္ဘောဟာ ဒီဇင်ဘာလ ၃ ရက်မှာဖြစ်ပြီး ၄၅ ရက် ကြာမြင့်ပြီးနောက် ယခုဖြစ်စဉ်ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီး ၃ ဦးတို့က မြန်မာနိုင်ငံမှ တင်သွင်းလာတဲ့ ဆားစိမ်-သနပ်အမျိုးမျိုး၊ ငါးခြောက်၊ ကွမ်းသီးနဲ့ ဆန်အိတ်ပေါင်း ၅၀,၀၀၀ ခန့်တင် သင်္ဘောများဟာ (တနင်္လာ) ယနေ့တိုင်အောင် AA က ထိန်း သိမ်းထားဆဲဖြစ်ကြောင်း တက္ကနဖ် အကောက်ခွန် ရှင်းလင်းရေးက အတည်ပြုပါတယ်။

တာကာငွေ သန်း ၃၀၀-၄၀၀ခန့် ရှိတဲ့ အဲ့ဒီကုန်ပစ္စည်းတွေဟာ မြန်မာ သို့မဟုတ် ဘင်္ဂလားဒေ့ရှ် အစိုးရ/ စစ် တပ်တို့နဲ့ဆက်နွယ်ခြင်း မရှိကြပါဘူး၊ နှစ်ဘက်နိုင်ငံသားအသီးသီးတို့က တည်ဆဲတရားဥပဒေများနဲ့အညီ စာချုပ် ချုပ်ဆိုပြီး တရားဝင် တင်ပို့ခဲ့တဲ့ ပုဂ္ဂလိကပိုင် ကုန်ပစ္စည်းများဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ခွင့် လိုင်စင်အထောက် အထား ကိုင်ဆောင်သူ ကုန်သွယ်ရေကြောင်းသင်္ဘော/ဘုတ်လှေများက အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်း အတိုင်း (အပြစ်ကင်း ရေကြောင်းသွားလာမှုအဖြစ်) တရားဝင် သယ်ဆောင်လာခြင်း ဖြစ်ပါတယ်။ အဲ့ဒီအချိန် တတိယအဖွဲ့အစည်းဖြစ်တဲ့ AA က လက်နက်ပြ ထိန်းသိမ်းခြင်းဟာ Piracy Activity “ပင်လယ်ဓါး ပြလုပ်ရပ်” အဖြစ် ရောက်ရှိနေပါတယ်။
ဖမ်းဆီးထားတဲ့ သင်္ဘောတွေကို ပြန်လွှတ်ပေးမယ်လို့ AA က ပြောဆိုကြောင်း အာရက္ခတပ်က ဆက်သွယ်ခြင်း ခံရသူ သင်္ဘောပိုင်ရှင်များက ပြောပါတယ်။ ဒါပေမယ့် ကုန်သွယ်ရေးအမြတ်ဝေစုကို ပေးရမယ်လို့ တောင်းဆို တယ်လို့လည်း သိရှိရပါတယ်။
ယခုဖြစ်ရပ်ကြောင့် တက္ကနဖ်သာမက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကုန်သည်လောကမှာ တုန်လှုပ်သွားရပါတယ်။ တက္ကနဖ်ကုန်သည်တွေကတော့ ဒီကိံစ္စမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ လိုလား နေကြပါတယ်။
မောင်တော နခခ ကျဆုံးခြင်းနဲ့အတူ နှစ်နိုင်ငံရေပြင်ပိုင်နက်ချင်း ထိစပ်ရာ ဧရိယာအနီးမှာ မြန်မာရေတပ်ရဲ့ ကင်းလှည့် စိုးမိုးနိုင်မှုလည်း လက်လွှတ်ခဲ့ရပါတယ်။ ရေပြင်အစိတ် အပိုင်းအချို့မှာ ကင်းလှည့်နိုင်ခြင်းမရှိတဲ့ အတွက် ဘင်္ဂလားပင်လယ်အော် မြောက်ဖျားပိုင်း မြန်မာ့ရေပြင်ပိုင်နက်အတွင်းမှာ နေ့စဉ် ငါးခိုးဖမ်းတဲ့ ဘုတ်စီးရေ ၄၀-၅၀ ခန့် ရှိနေပါတယ်။
လုံခြုံရေး ကာကွယ်ရေး ရေယာဉ် ပိုင်ဆိုင်ခြင်း မရှိတဲ့ AA ဟာ ရခိုင်ကမ်းရိုးတန်း ရေပြင် မြောက်ဖျားပိုင်း အဖြစ် အပျက်ကို သည်အတိုင်း လက်ပိုက်ကြည့်နေရုံပဲရှိပါတယ်။ AA ဟာ ကုန်းပေါ်မှာလည်း ARSA, RSO, ARA , ASO ဘင်္ဂါလီလက်နက်ကိုင်များရဲ့တိုက်ခိုက်မှုကိုလည်း ခံနေရပါတယ်။ အာရက္ခတပ်တော် AA ကို ဆန့်ကျင် တိုက်ခိုက်ဖို့အတွက် ရခိုင်မြောက်ဖျားပိုင်းမှာ ဘင်္ဂါလီလက်နက်ကိုင် ၄-ဖွဲ့ထက်မနည်း ပေါင်းစည်းလိုက်တယ်ဆို ပေမယ့် တရားဝင်သတင်း ထုတ်ပြန်ခြင်း မတွေ့ရသေးပါဘူး။
ရခိုင်ပြည်နယ်မြောက်ဖျားပိုင်းကို AA က အပြည့်အ၀ ထိန်းချုပ်လိုက်ခြင်းဟာ အဲ့ဒီနယ်မြေသာမက ကော့ခ်ဘ ဇားမှာ ခိုလှုံနေကြတဲ့ ဘင်္ဂါလီဒုက္ခသည်အတွက် ခြိမ်းခြောက်မှုအသစ်တစ်ခု ဖြစ်လာပါတယ်။ ဒါ့အပြင် အိမ်နီး ချင်း ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့အတွက်လည်း စိုးရိမ်စရာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်း သူတို့ရဲ့ အကျိုးစီး ပွားအပေါ် လောလောဆယ် ပြဿနာပေးနိုင်သူက AA ဖြစ်နေပါတယ်။ ဒါပေမယ့် စိတ်ကြွရူးသွပ်ဆေး ကုန်ကူး မှုနဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် လူသိများတဲ့ AA ကို “ဇိုး” အဖြစ် အောက် အောက်ညှစ် ညှစ် ဆက်ဆံဖို့သာ ရှိပါတယ်။
#HtayOung, #OungMarine
#Bangladesh #Myanmar_Military #Akakan_Army #ARSA #RSO #ARA #ASO #fyp

Zawgyi Version;
ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွ ဆန္အိတ္နဲ႔အေထြေထြကုန္ပစၥည္းမ်ား သယ္ေဆာင္လာတဲ့ သေဘၤာ ၃ စီးကို နတ္ျမစ္ဝ ေရျပင္မွာ အာရကၡတပ္ေတာ္ AA က ဖမ္းဆီးထားေၾကာင္း ဒါကာ အေျခစိုက္သတင္းစာမ်ားေဖာ္ျပ
Htay Oun (NP News) - ဇန္နဝါရီ ၂ဝ
ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕မွ ဆန္အိတ္နဲ႔အေထြေထြကုန္ပစၥည္းမ်ား သယ္ေဆာင္လာတဲ့ သေဘၤာ ၃ စီးကို ၾကာသပေတး (၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္) က နတ္ျမစ္ဝေရျပင္မွာ အာရကၡတပ္ေတာ္ AA က ဖမ္းဆီးထား ေၾကာင္း ဒါကာအေျခစိုက္သတင္းစာမ်ားက ယမန္ေန႔ ေရးသားၾကပါတယ္။
ဒီဇင္ဘာ ၈ ရက္ ေမာင္ေတာၿမိဳ႕ကို တပ္မေတာ္ရဲ႕ထိန္းခ်ဳပ္မႈအားလုံး လက္လြတ္သြားခဲ့ၿပီးေနာက္ပိုင္း AA က နတ္ျမစ္ဝေရေၾကာင္းသြားလာမႈကို AA က စိုးမိုးလိုက္ပါတယ္။ ၁၆၈ မိုင္ခန႔္ ရွည္လ်ားတဲ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္တစ္ေလွ်ာက္ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို နစကအစိုးရက လက္လႊတ္လိုက္ရျခင္းလည္း ျဖစ္ပါတယ္။ တၿပိဳင္နက္တည္းမွာပဲ ဘဂၤလားေဒ့ရွ္ တကၠနဖ္ဆိပ္ကမ္းရဲ႕ကုန္သြယ္မႈအားလုံးလည္း ရပ္ဆိုင္းသြားပါတယ္။ ျမန္မာႏိုင္ငံမွ တရားဝင္ ဆိုက္ေရာက္လာတဲ့ ေနာက္ဆုံးသေဘၤာဟာ ဒီဇင္ဘာလ ၃ ရက္မွာျဖစ္ၿပီး ၄၅ ရက္ ၾကာျမင့္ၿပီးေနာက္ ယခုျဖစ္စဥ္ေပၚေပါက္လာျခင္း ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ ကုန္သည္ႀကီး ၃ ဦးတို႔က ျမန္မာႏိုင္ငံမွ တင္သြင္းလာတဲ့ ဆားစိမ္-သနပ္အမ်ိဳးမ်ိဳး၊ ငါးေျခာက္၊ ကြမ္းသီးနဲ႔ ဆန္အိတ္ေပါင္း ၅၀,၀၀၀ ခန႔္တင္ သေဘၤာမ်ားဟာ (တနလၤာ) ယေန႔တိုင္ေအာင္ AA က ထိန္း သိမ္းထားဆဲျဖစ္ေၾကာင္း တကၠနဖ္ အေကာက္ခြန္ ရွင္းလင္းေရးက အတည္ျပဳပါတယ္။

တာကာေငြ သန္း ၃၀၀-၄၀၀ခန႔္ ရွိတဲ့ အဲ့ဒီကုန္ပစၥည္းေတြဟာ ျမန္မာ သို႔မဟုတ္ ဘဂၤလားေဒ့ရွ္ အစိုးရ/ စစ္ တပ္တို႔နဲ႔ဆက္ႏြယ္ျခင္း မရွိၾကပါဘူး၊ ႏွစ္ဘက္ႏိုင္ငံသားအသီးသီးတို႔က တည္ဆဲတရားဥပေဒမ်ားနဲ႔အညီ စာခ်ဳပ္ ခ်ဳပ္ဆိုၿပီး တရားဝင္ တင္ပို႔ခဲ့တဲ့ ပုဂၢလိကပိုင္ ကုန္ပစၥည္းမ်ားျဖစ္ပါတယ္။ သယ္ယူပို႔ေဆာင္ခြင့္ လိုင္စင္အေထာက္ အထား ကိုင္ေဆာင္သူ ကုန္သြယ္ေရေၾကာင္းသေဘၤာ/ဘုတ္ေလွမ်ားက အျပည္ျပည္ဆိုင္ရာ ေရလမ္းေၾကာင္း အတိုင္း (အျပစ္ကင္း ေရေၾကာင္းသြားလာမႈအျဖစ္) တရားဝင္ သယ္ေဆာင္လာျခင္း ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္ တတိယအဖြဲ႕အစည္းျဖစ္တဲ့ AA က လက္နက္ျပ ထိန္းသိမ္းျခင္းဟာ Piracy Activity “ပင္လယ္ဓါး ျပလုပ္ရပ္” အျဖစ္ ေရာက္ရွိေနပါတယ္။
ဖမ္းဆီးထားတဲ့ သေဘၤာေတြကို ျပန္လႊတ္ေပးမယ္လို႔ AA က ေျပာဆိုေၾကာင္း အာရကၡတပ္က ဆက္သြယ္ျခင္း ခံရသူ သေဘၤာပိုင္ရွင္မ်ားက ေျပာပါတယ္။ ဒါေပမယ့္ ကုန္သြယ္ေရးအျမတ္ေဝစုကို ေပးရမယ္လို႔ ေတာင္းဆို တယ္လို႔လည္း သိရွိရပါတယ္။
ယခုျဖစ္ရပ္ေၾကာင့္ တကၠနဖ္သာမက ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာကုန္သည္ေလာကမွာ တုန္လႈပ္သြားရပါတယ္။ တကၠနဖ္ကုန္သည္ေတြကေတာ့ ဒီကႎစၥမွာ ဘဂၤလားေဒ့ရွ္အစိုးရက အျမန္ဆုံး ၾကားဝင္ေဆာင္႐ြက္ေပးဖို႔ လိုလား ေနၾကပါတယ္။
ေမာင္ေတာ နခခ က်ဆုံးျခင္းနဲ႔အတူ ႏွစ္ႏိုင္ငံေရျပင္ပိုင္နက္ခ်င္း ထိစပ္ရာ ဧရိယာအနီးမွာ ျမန္မာေရတပ္ရဲ႕ ကင္းလွည့္ စိုးမိုးႏိုင္မႈလည္း လက္လႊတ္ခဲ့ရပါတယ္။ ေရျပင္အစိတ္ အပိုင္းအခ်ိဳ႕မွာ ကင္းလွည့္ႏိုင္ျခင္းမရွိတဲ့ အတြက္ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ဖ်ားပိုင္း ျမန္မာ့ေရျပင္ပိုင္နက္အတြင္းမွာ ေန႔စဥ္ ငါးခိုးဖမ္းတဲ့ ဘုတ္စီးေရ ၄၀-၅၀ ခန႔္ ရွိေနပါတယ္။
လုံၿခဳံေရး ကာကြယ္ေရး ေရယာဥ္ ပိုင္ဆိုင္ျခင္း မရွိတဲ့ AA ဟာ ရခိုင္ကမ္း႐ိုးတန္း ေရျပင္ ေျမာက္ဖ်ားပိုင္း အျဖစ္ အပ်က္ကို သည္အတိုင္း လက္ပိုက္ၾကည့္ေန႐ုံပဲရွိပါတယ္။ AA ဟာ ကုန္းေပၚမွာလည္း ARSA, RSO, ARA , ASO ဘဂၤါလီလက္နက္ကိုင္မ်ားရဲ႕တိုက္ခိုက္မႈကိုလည္း ခံေနရပါတယ္။ အာရကၡတပ္ေတာ္ AA ကို ဆန႔္က်င္ တိုက္ခိုက္ဖို႔အတြက္ ရခိုင္ေျမာက္ဖ်ားပိုင္းမွာ ဘဂၤါလီလက္နက္ကိုင္ ၄-ဖြဲ႕ထက္မနည္း ေပါင္းစည္းလိုက္တယ္ဆို ေပမယ့္ တရားဝင္သတင္း ထုတ္ျပန္ျခင္း မေတြ႕ရေသးပါဘူး။
ရခိုင္ျပည္နယ္ေျမာက္ဖ်ားပိုင္းကို AA က အျပည့္အ၀ ထိန္းခ်ဳပ္လိုက္ျခင္းဟာ အဲ့ဒီနယ္ေျမသာမက ေကာ့ခ္ဘ ဇားမွာ ခိုလႈံေနၾကတဲ့ ဘဂၤါလီဒုကၡသည္အတြက္ ၿခိမ္းေျခာက္မႈအသစ္တစ္ခု ျဖစ္လာပါတယ္။ ဒါ့အျပင္ အိမ္နီး ခ်င္း ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယႏိုင္ငံတို႔အတြက္လည္း စိုးရိမ္စရာ ျဖစ္ပါတယ္။ ျမန္မာျပည္တြင္း သူတို႔ရဲ႕ အက်ိဳးစီး ပြားအေပၚ ေလာေလာဆယ္ ျပႆနာေပးႏိုင္သူက AA ျဖစ္ေနပါတယ္။ ဒါေပမယ့္ စိတ္ႂကြ႐ူးသြပ္ေဆး ကုန္ကူး မႈနဲ႔ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕အစည္းအျဖစ္ လူသိမ်ားတဲ့ AA ကို “ဇိုး” အျဖစ္ ေအာက္ ေအာက္ညႇစ္ ညႇစ္ ဆက္ဆံဖို႔သာ ရွိပါတယ္။
#HtayOung, #OungMarine
#Bangladesh #Myanmar_Military #Akakan_Army #ARSA #RSO #ARA #ASO #fyp

Related news

© 2021. All rights reserved.