ထို...သုံးမိုင်
1155
ကျော်နု (NP News) - ဇန်နဝါရီ ၂၁
“လုံခြုံရေးလည်း မကောင်း၊ အရမ်းလည်း အရေးမကြီးဘူးဆိုရင် အစည်းအဝေးတွေကို အွန် လိုင်းကနေပဲ လုပ်လို့မရဘူးလားဗျာ။ ဒီလမ်းက သွားလာရတာ အသက်အန္တရာယ်အရမ်းရှိတယ်”- ဗိုလ်ကြီး စိုးမင်းအောင်။
(၃)မိုင်သာရှိသော လမ်းခရီးအတို ကလေးက မိသားစုတစ်စုကို တစ်ဘဝစာပြန်လည် ဆုံတွေ့ခွင့် မရှိစေတော့သလို အရွယ်မရောက်သေးတဲ့ ကလေးငယ်နှစ်ဦးအတွက်လည်း ဖခင်မဲ့သွားစေခဲ့ ပါတယ်။ မကြာခင်ရက်ပိုင်းကမှဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလို ဗိုလ်ကြီး စိုးမင်းအောင်ဟာ လည်း သူစိုးရိမ်ခဲ့တဲ့အခြေအနေမျိုးကနေ အသက်ပေးလိုက်ရတာပါ။ ကျွန်တော် ကျော်နုအတွက်လည်း အထူးစိတ်မကောင်းဖြစ်ရသလို ကိုစိုးမင်းအောင်အပေါ်မှာ အကြွေးတစ်ခုတင်သွားသလိုမျိုး ယနေ့အထိ ခံစားနေရဆဲပါပဲ။
(၂၀၂၅) ခုနှစ် ဇန်နဝါရီ(၁၁)ရက် မနက်ပိုင်းမှာပေါ့။ The Statesman သတင်းဂျာနယ်ရုံးအဖွဲ့သားတစ်ဦးက ကိုစိုးမင်းအောင်အတွက် ဂျာနယ်ပို့ ဆောင်ဖို့ Package ထုပ်ပိုးရင်း ဆက်သွယ်စကား ပြောဖို့ ပြင်ဆင်နေတုန်း ဖုန်းတစ်ခု လက်ခံရရှိပါတယ်။ “ ဂျာနယ်မပို့ပါနဲ့တော့ ညီမလေး” ဆိုတဲ့ ဖုန်းဝင် လာတဲ့ သတင်းစကားဟာ ရုတ်တရက်ဆိုသလို စိုးရိမ်စိတ်လည်းဝင်သွားစေပါတယ်။ ဘာကြောင့် ဂျာနယ် မပို့စေတာလဲဆိုတော့ ကိုစိုးမင်းအောင်က မနေ့ကပဲ ကွယ်လွန်သွားခဲ့တာကြောင့်လို့ဆိုပါတယ်။ ဘယ်လို ကွယ်လွန်သွားတာလဲလို့ဆက်ပြီးမေးမြန်းမိချိန်မှာတော့ တောင်ငူကနေ သံတောင်ကြီးကို ပြန်တဲ့လမ်းတစ်နေရာမှာ PDF အကြမ်းဖက်သမားတွေရဲ့ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်မှုကြောင့် ကွယ်လွန် သွားခဲ့ရတာလို့ သိလိုက်ရပါတယ်။ ဒီသတင်းစကားက ကျွန်တော့်ဆီရောက်လာချိန်မှာ စိတ်မကောင်း ဖြစ်မိကြောင်း ရုံးကညီမငယ်ကိုပြောဖြစ်ပါတယ်။ သူ့ဘက်က နောက်ထပ်ပြောလာတဲ့ စကားတစ်ခွန်း ကြောင့် ကျွန်တော့်ရဲ့စိတ်မကောင်းဖြစ်မှုဟာ အတိုင်းအဆမရှိ ဖြစ်လာရပါတော့တယ်။ “ကိုစိုးမင်းအောင် က အစ်ကိုနဲ့ ဖုန်းအရမ်းပြောချင်နေခဲ့တာ။ အစ်ကိုမအား လောက်ဘူးထင်လို့ သူပြောချင်တာလေးကို ပြောပေးပါလို့ မှာပါတယ်” တဲ့။ ကိုစိုးမင်းအောင်က ကျွန်တော်နဲ့ ဖုန်းပြောချင်ရခြင်း အဓိကအကြောင်း က သံတောင်ကြီးနဲ့ တောင်ငူကို မိုင်အားဖြင့် (၂၇)မိုင်၊ ကားနဲ့မောင်းရင် တစ်နာရီခွဲသာရှိပေမယ့် လုံခြုံ ရေး အားမကောင်းတဲ့ နယ်မြေကို ဖြတ်သန်းရတာကြောင့် အရေးမကြီးတဲ့အစည်းအဝေးမျိုးကို အွန်လိုင်း ကနေပဲ လုပ်စေချင်ကြောင်း အထက်လူကြီးတွေ သိစေချင်ပါ တယ်လို့ ဆိုပါတယ်။ ကျွန်တော့်ကို ရင်ဖွင့် ချင်တာတွေ အများကြီးရှိခဲ့သလို ကျွန်တော်နဲ့မိတ်ဆက်စကား ပြောချင်တာတွေ၊ သူဖတ်ထား မှတ်ထား သမျှ စာအုပ် စာပေတွေနဲ့ ဗဟုသုတတွေကို အပြန်အလှန်ဖလှယ် စကားပြောချင်နေခဲ့သူပါ။ သူနဲ့ အနီး ဆုံးမှာ နေခဲ့သူတစ်ဦးကတော့ “ကိုစိုးမင်းအောင်က ညအိပ်ရင် အစ်ကို့ရုပ်သံတွေကို ဖွင့်ပြီးအိပ်တာ။ ရုပ်သံမပြောတဲ့ နေ့မျိုးဆိုရင် အဟောင်းတွေကိုပါပြန်ဖွင့်ပြီး နားထောင်ရင်းနဲ့ အိပ်တာဗျ။ ဂျာနယ်ကိုလည်းမရ ရ အောင်မှာပြီးဖတ်တာ။ မဖြစ်ခင်တစ်ညကအထိတောင် အစ်ကို့ရုပ်သံနားထောင်ခဲ့ သေးတယ်” လို့ ပြောပါတယ်။
DSA ကျောင်းဆင်းမဟုတ်ဘဲ အခြေခံ ဘဝကနေ ဗိုလ်ကြီး(ဗိုလ်မှူး)ဖြစ်လာသူ ကိုစိုးမင်း အောင်ဟာ ဇန်နဝါရီ(၉)ရက်ညပိုင်းက နောက်ဆုံး နှုတ်ဆက်မှုဆန်သော စကားတွေကို တစ်ဝကြီးပြောခဲ့ သလားလို့တောင် ထင်မိပါတယ်။ “ဒီလမ်းကို ဖြတ်ပြန်ရတာက နောက်ဆုံးဖြစ်သွားခဲ့ရင်တောင် လူကြီး တွေ နားလည်မယ်ဆိုရင် ကျေနပ်ပါပြီ}} လို့ အဓိပ္ပာယ်ရသော စကားတွေ ကိုစိုးမင်းအောင်က ပြောခဲ့ တယ်လို့ အတွင်းလူတစ်ဦးဆီကနေပြန်သိရ ပါတယ်။ ကိုစိုးမင်းအောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဇာတ်လမ်းကို စကြပါစို့။ သံတောင်ကြီး(ဘုရင့်နောင်တပ်မြို့)မှာ တာဝန်ကျနေသူ ကိုစိုးမင်းအောင်နဲ့ အခြားသော တာဝန်ရှိသူတွေဟာ တောင်ငူမြို့အခြေစိုက် တိုင်းစစ် ဌာနချုပ်မှာကျင်းပတဲ့ စည်း-ကော် အစည်းအဝေးကို မဖြစ်မနေ တက်ရောက်ရပါတယ်။ အကယ်၍ မတက် ရောက်ခဲ့ရင် တပ်မတော်ရဲ့ စစ် စည်းကမ်းတွေက အလှကြည့်မနေခဲ့ပါဘူး။ စစ်တိုင်းမှူးနဲ့ တာဝန်ရှိသူတွေက စည်း-ကော်အစည်းအဝေး ကို ပုံမှန်ကျင်း ပပြီး အထက်ဌာနဆိုင်ရာကို ထပ်ဆင့်တင်ပြကြရ လေ့ရှိပါတယ်။ တည်ငြိမ်အေးချမ်းစဉ် ကာလတစ်လျှောက်မှာတော့ စည်း-ကော်အစည်းအဝေးက မနက်တက်-ညနေပြန်အထိ လွယ်လင့်တကူ အလည်အပတ်ဆန်ဆန် သွားလို့ရခဲ့ပေမယ့် (၂၀၂၁) နိုင်ငံရေးအခင်းအကျင်း နောက်ပိုင်းမှာ လုံခြုံရေးပိုင်း ဆိုင်ရာ မေးခွန်းတွေ အများကြီးရှိလာပါတယ်။ (၂၀၂၄) ခုနှစ်အတွင်းမှာ သံတောင်ကြီး ကနေ တောင်ငူကို တာဝန်အရ သွားရောက်ကြရသူ(၂၀)ဦးထက်မနည်း သေဆုံးထားရတဲ့အထိ ကြိုတင် စောင့်ဆိုင်းလုပ်ကြံ သတ်ဖြတ်မှုတွေ ရှိနေပါတယ်။ အဓိကအဖြစ်များဆုံးနေရာဟာ တောင်ငူမြို့ကနေ အထွက်(၄)မိုင်ကနေ (၇)မိုင်အတွင်း သုံးမိုင်သာရှိ သောခရီးတိုလေးအတွင်းမှာပဲ ဖြစ်ပါတယ်။ သံတောင်ကြီးမှာတာဝန်ကျတဲ့ တပ်မတော်အရာရှိတွေဟာ စည်း-ကော်အစည်းအဝေးတက်ဖို့ကို လုံခြုံရေးယာဉ် တန်းနဲ့သွားလာရချိန် ကလွဲပြီးရင် သီးခြားသတ်သတ် သွားလာဖို့ တော်တော်လေးစဉ်းစားချင့်ချိန်ရပါတယ်။ ဒါကြောင့်လည်း ကိုစိုးမင်းအောင်က “လုံခြုံရေးလည်း မကောင်း၊ အရမ်းလည်း အရေးမကြီးဘူးဆိုရင် အစည်းအဝေးတွေ ကို အွန်လိုင်းကနေပဲ လုပ်လို့ မရ ဘူးလားဗျာ။ ဒီလမ်းကသွားလာရတာ အသက် အန္တရာယ် အရမ်းရှိ တယ်” လို့ အထက်လူကြီးတွေဆီ သတင်းစကားပါးစေချင်ခဲ့တာပါ။ တစ်ကြိမ်ကြိမ်မှာတော့ မလုံခြုံတဲ့ လမ်းခရီးကြောင့် သူလည်းကွယ်လွန် ဆုံးပါးသွားနိုင်တယ်ဆိုတာကို ကြိုတင်ရိပ်မိနေခဲ့ပုံ ရပါတယ်။
(၂၀၂၅) ခုနှစ် ဇန်နဝါရီ(၁၀)ရက် နံနက်မှာတော့ ကိုစိုးမင်းအောင်ဟာ အခြားသောတာဝန်ရှိသူ တွေနဲ့အတူ သံတောင်ကြီးကနေ တောင်ငူကို စည်း-ကော်အစည်းအဝေးတက်ဖို့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့သူ့မှာ နောက်ဆံတင်းမှုတစ်ခု ကပ်ပါလာခဲ့ပါတယ်။ (၉)နှစ်အရွယ် သားတစ်ယောက်နဲ့ (၄)နှစ် အရွယ်သားတစ်ယောက်က ဇန်နဝါရီ(၁၀)ရက်မှာ ကျောင်းသားစုံညီပွဲတော်ရှိနေတာပါ။ သံတောင်ကြီး မှာကျင်းပတဲ့ သားငယ်နှစ်ဦးရဲ့ကျောင်းသားစုံညီပွဲတော်ကိုလည်း အမီပြန်ချင်နေပုံရပါတယ်။ ဒါကြောင့် ဇန်နဝါရီ(၁၀)ရက် နံနက်(၉)နာရီအစည်းအဝေးပြီးတာနဲ့ ချက်ခြင်းဆိုသလို တပည့်တစ်ယောက်နဲ့အတူ သံတောင်ကြီးဘက်ကို ပြန်တက်ခဲ့ပါတယ်။ နေ့လယ် (၁၂)နာရီအချိန်လောက်မှာတော့ ကိုစိုးမင်းအောင် အတွက် ကံကြမ္မာကမျက်နှာသာမပေးခဲ့ပါဘူး။ တောင်ငူကနေအထွက် (၄)မိုင်နဲ့ (၇)မိုင်ကြားက (၆)မိုင် နားတစ်ဝိုက်မှာပဲ ရှေ့တည့်တည့်ကနေ စောင့်နေ တဲ့ င်္ဏီ အဖွဲ့က သေနတ်နဲ့ တရစပ်ပစ်ခတ်လုပ်ကြံ ခြင်းကို ခံလိုက်ရပါတယ်။ “မြင်ရသလောက်တော့ သူတို့အဖွဲ့က (၃၀)လောက်ပါတယ်။ ကျွန်တော်တို့ ကားကိုကျော်တက်သွားတဲ့ ဆိုင်ကယ်တစ်စီးကို ဘာမှမလုပ်ဘဲ လွှတ်ပေးပြီးတော့ ကျွန်တော်တို့ကား ကိုပဲဦးတည်ပြီး မမေးမမြန်းဘဲ တန်းပြီးပစ်တာ” လို့ ကားပေါ်မှာ ပါသွားတဲ့ တပည့်ဖြစ်သူက ပြောပါ တယ်။
ဒီဖြစ်စဉ်မှာ ဒဏ်ရာပဲရခဲ့တဲ့ တပည့်ဖြစ်သူက အခြားသောမိတ်ဆွေတွေကို ပြောကြားရာကနေ တစ်ဆင့် ကျွန်တော်ပြန်လည်သိရှိခဲ့ရတာပါ။ (၆)မိုင်နားတစ်ဝိုက်မှာ ကားအသွားအလာ ရှင်းလင်းနေ သလို လာရောက်ပစ်ခတ်မယ့်သူတွေဟာလည်း ကြိုတင်သတင်းရရှိထားပြီးဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ ကိုစိုးမင်းအောင်ရဲ့ Mark II ကားဟာ တစ်ပတ်လည် သွားတဲ့အထိ ဝိုင်းပစ်တာခံလိုက်ရသလို ကိုစိုးမင်း အောင်ကလည်း ကျည်ကာဝတ်မထားမိတဲ့အတွက် ကံဆိုးသွားခဲ့ရပါတယ်။ ကားပေါ်က တပည့်ဖြစ်သူ ကတော့ တစ်ဖက်ကပစ်ခတ်မှုစတင်ကတည်းက တစ်ပတ်လည်သွားတဲ့ ကားတံခါးကိုဆွဲဖွင့်ပြီး ပစ်ခတ် ခံရမှုကနေ လွတ်မြောက်အောင် ရုန်းထွက်ပြေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ “သူတို့ လှုပ်ရှားပစ်ခတ်မှုက မိနစ် အစိတ်(၂၅ မိနစ်)လောက်ပဲ ကြာမယ်။ ပြီးတာနဲ့ ချက်ချင်း ကားနဲ့ ရှောင်ထွက်သွားကြတယ်။ ခဏနေမှ ပြန်လာပြီး ဗိုလ်မှူး စိုးမင်းအောင်ရဲ့ကားကို မီးလာရှို့ခဲ့ ပုံရတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်သွားချိန်မှာတောင် ကားက မီးလောင်နေဆဲပဲ” လို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောပါတယ်။
ပြည်ပြေးအကြမ်းဖက်မီဒီယာတွေဖြစ်တဲ့ ခေတ်သစ်မှာတော့ KTV ကနေ ပြန်လာချိန် ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ ရေးသားထားသလို သုံးဦးသေဆုံးတယ်လို့ ဆိုပါတယ်။ အမှန်တကယ်က ကိုစိုးမင်း အောင်နဲ့အတူ တပည့်တစ်ဦးသာပါဝင်ပါတယ်။ အရပ်သားဝတ်စုံနဲ့ ကျည်ကာတောင် ဝတ်မထားသလို၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်းအချို့ကို ကားနောက်ဖုံးထဲမှာသာ လုံခြုံအောင် သိမ်းထားခဲ့တာမျိုးလို့ သိရ ပါတယ်။ ကွယ်လွန်သွားသူတစ်ဦးအပေါ်မှာတောင် အမှန်အတိုင်းရေးသားပေးဖို့ထက် ပြည်ပြေးအကြမ်း ဖက်သတင်းဌာနတွေက ပုံဖျက်ရေးသားဖို့ ဝန်မလေးတာကို မြင်ရပါတယ်။ ဒါလည်း ထူးတော့ မထူးဆန်း ပါဘူး” သူ့ကလေးတွေ ကြိုက်တတ်တဲ့ မုန့်လေးတွေတောင် ကားပေါ်မှာပါလာသေးတယ်။ မီးလောင် သွားရင်တော့ မရှိတော့ဘူးပေါ့” လို့ အတွင်းသိတစ်ဦးက ပြောခဲ့သလို အဲဒီညနေပိုင်းမှာတော့ ကိုစိုးမင်း အောင်ရဲ့သားနှစ်ဦးဟာ မိခင်ဖြစ်သူနဲ့အတူ ပြန်မလာနိုင်တော့တဲ့ ဖခင်ကိုစောင့်နေကြဆဲပါ။ ဒါပေမဲ့ သူတို့ဒီတစ်ဘဝစာ ပြန်လည်တွေ့ခွင့်မရကြတော့ပါဘူး။
သံတောင်ကြီးကနေ တောင်ငူကို (၂၇)မိုင် ရှိပါတယ်။ သံတောင်ကြီးကနေ တောင်ပတ်လမ်းတွေ အတိုင်း ကားမောင်းလာရင်း အံ့ဖွယ်စားသောက်ဆိုင်၊ ရွှေညောင်ပင်ရွာ၊ (၁၆)မိုင် ဂိတ်တို့ကို ဖြတ်ပြီးရင် သံတောင်ကို ရောက်ပါတယ်။ သံတောင်ကနေ NH-5 လို့ခေါ်တဲ့ ပြည်ထောင်စုလမ်းမကြီး အမှတ် (၅)ကို ဆက်လက်မောင်းနှင်ရင်း ကရင်ပြည်နယ်ထဲကနေ ပဲခူးတိုင်းဒေသကြီးထဲကို ဖြတ်ကျော်ဝင်ရောက်လာရ ပါတယ်။ ပဲခူးတိုင်းဒေသကြီးထဲက ရွာငယ်လေး တစ်ခုကို ဖြတ်သန်းပြီးရင် ကျောက်တိုင်လမ်းခွဲကနေ တောင်ငူကို ဦးတည်ပါတော့တယ်။ ကျောက်တိုင် လမ်းခွဲကနေ (၇) မိုင်ကို နီးနီးလေးသာရှိသလို (၇)မိုင် မှာ တပ်မတော်လုံခြုံရေးဂိတ်တစ်ခုရှိပါတယ်။ တောက်လျှောက်မောင်းလာရင် ဘေးပတ်လည်မှာ အနိမ့် စား တောင်ကုန်းတောင်တန်းလေးတွေ ရှိသလို (၄)မိုင်အထိ ရောက်ဖို့ကလည်း မိနစ်ပိုင်းသာကြာပါ တယ်။ (၄)မိုင်နဲ့ (၇)မိုင်ကြားမှာ ရွာငယ်လေးတွေ အများအပြားရှိသလို လမ်းခွဲငယ်လေးတွေလည်း ရှိပါ တယ်။ အစိုးရဝန်ထမ်းနဲ့ တပ်မတော်သားအားလုံး စိုးရိမ်ထိတ်လန့်ရတဲ့ နေရာတွေဟာလည်း အဲဒီ သုံးမိုင် သာ ရှိသောလမ်းပိုင်းလေးပါ။
“သံတောင်ကြီးကနေ (၇)မိုင်နားအထိ ကျွန်တော်တို့ စိုးမိုးထားတယ်။ လုံခြုံရေးလည်း စိတ်ချရ တယ်။ တောင်ငူကနေအထွက်(၃)မိုင်အထိကလည်း စိတ်ချရတယ်။ ဖြစ်နေတာက အဲဒီသုံးမိုင် အတွင်းပဲ။ ကိုစိုးမင်းအောင်ကိစ္စဖြစ်သွားတော့ မခံချင်စိတ်နဲ့ထွက်ရှင်းကြတာ အခုထိ ဘေးပတ်လည်ရွာတွေမှာ တိုက်ပွဲငယ်တွေဖြစ်နေဆဲပဲ” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တောင်ငူနဲ့ သံတောင်ကြီး ကြားက နယ်မြေတွေမှာ PDF တွေက ရွာတိုင်းလိုလို စိုးမိုးခြယ်လှယ်နေပုံရပါတယ်။ ကိုစိုးမင်းအောင် ဖြစ်စဉ်မတိုင်မီကတည်းက ရွာတိုင်းလိုလိုမှာ ဒလန်ခေါင်းစဉ်နဲ့ သတ်ဖြတ်ခံရတာတွေ ရှိနေသလို PDF တွေအလိုကျ ချက်ပြုတ်ကျွေးမွေးရတာတွေလည်း ရှိနေပါတယ်။ ဇန်နဝါရီ(၁၂)ရက်က ရုပ်သံပြောပြီး ချိန်မှာ နယ်မြေခံအချို့က သတင်းပေးခဲ့ပါတယ်။ တောင်ငူမြို့အထွက် စစ်တောင်းမြစ် တစ်ဖက်ကမ်းက ရွာတိုင်းလိုလိုမှာ PDF တွေ စိမ့်ဝင်ပြီး အခွင့်သာရင်သာသလို လုပ်ကြံသတ်ဖြတ်တာတွေ ရှိနေပါတယ်။ ကျောက်တိုင်လမ်းခွဲကနေ လိပ်သို အထိသွားတဲ့လမ်းတစ်လျှောက်မှာလည်း မကြာခဏ ဆိုသလို PDF တွေက လမ်းပေါ်တက်လာလေ့ရှိပြီး သူတို့စိုးမိုးထားတဲ့နယ်မြေတစ်ခုသဖွယ် နေထိုင်ကြပါတယ်။ “သူတို့ ဝတ်စားထားပုံက ယူနီဖောင်းအပြည့်နဲ့ဗျ။ တော်တော်လေးစနစ်တကျ ဖွဲ့စည်းထားပုံရတယ်။ စစ်သား တွေတောင် အခုနောက်ပိုင်း ယူနီဖောင်းကို ကြော့ကော့နေအောင် သိပ်မဝတ်ကြဘူး။ ဒါကိုကြည့်ခြင်း အားဖြင့် ဒီကောင်တွေကရည်ရွယ်ချက်ကြီးကြီးနဲ့ သေချာစုဖွဲ့နေပုံပဲ” လို့ သံတောင်ကြီးဘက်က သတင်း ရင်းမြစ်တစ်ဦးက ပြောပါတယ်။ ကိုစိုးမင်းအောင်ဖြစ်စဉ်အပြီးမှာ သံတောင်ကြီးဘက်ကနေ တောင်ငူကို အစည်းအဝေးသွားတက်တဲ့သူ တွေက ရုတ်တရက် မပြန်ရဲကြဘဲဖြစ်နေခဲ့ပါတယ်။ တိုင်းစစ်ဌာနချုပ် ဘက်ကလည်း ဖြေလျှော့မှုအဖြစ် အစည်းအဝေးကို အခြေအနေအရ ကင်းလွတ်ခွင့်ပြုပေးတာတွေ လည်း ရှိလာပါတယ်။ ကိုစိုးမင်းအောင် ဖြစ်စေချင်တဲ့ ဆန္ဒဟာပြည့်ဝခဲ့ပေမယ့် ကိုစိုးမင်း အောင်ကတော့ အသက်ပေးလိုက်ရပါတယ်” စစ်သားတွေ သွေးပူနေတုန်းလေးမှာ အဲဒီသုံးမိုင်ပတ်လည်ကို အပြတ်ရှင်း စေချင်ပါတယ်။ တောင်ငူက တပ်တွေ ထွက်ရှင်းပေးရမှာ။ သံတောင်ကြီးဘက်ကကျတော့ အပိုင်ကျော် နေပြီ” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
PDF အဖွဲ့တွေက သံတောင်ကြီးဘက်ကို အခြေမပြုဘဲ တောင်ငူနဲ့အနီးတစ်ဝိုက်ကို အခြေပြု နေရခြင်းက ရည်ရွယ်ချက်ရှိပုံရပါတယ်။ စစ်ရေးသဘောတရားကို နားလည်သူတစ်ဦးကတော့ သံတောင် ကြီးဘက်ကို ဝန်းရံပိတ်ဆို့ထားမယ့်အစား သံတောင်ကြီးကနေမဖြစ်မနေ ဆက်သွယ်သွားလာရမယ့် တောင်ငူအဝင်လမ်းပိုင်းကိုသာ ဖြတ်တောက်ထားမယ်ဆိုရင် ကတွတ်ဝကစောင့်တဲ့ဗျိုင်းလိုမျိုး ဖြစ်နိုင် တာကြောင့်လို့ ဆိုပါတယ်။ ကိုစိုးမင်းအောင်ဟာလည်း ဒါကိုတွက်ချက်မိခဲ့ပုံပေါ်ပါတယ်။ ဒါကြောင့် လည်း ဒီလမ်းကြောင်းကို ရှင်းလင်းပေးနိုင် စေဖို့နဲ့ မလိုအပ်သေးရင် အစည်းအဝေးတွေကို အွန်လိုင်း ကနေတက်စေခြင်း ဒါမှမဟုတ် ကင်းလွတ်ခွင့် ပေးစေချင်ခဲ့တာပါ။ အစည်းအဝေးကို မဖြစ်မနေ တက် ရမယ်လို့ ဆုံးဖြတ်ချက်ချတဲ့အကြီးအကဲတွေရဲ့စိတ်ဓာတ်ခံယူချက်ကို မဝေဖန်လိုပေမယ့် ခေတ်ကာလ အချိန်အခါအပေါ်မူတည်ပြီး လက်အောက်ငယ်သားအပေါ်မှာ ထောက်ထားညှာတာခြင်းတွေ ထားရှိဖို့ လိုတယ်လို့အများက မှတ်ယူနေကြပါတယ်။ လမ်းကြောင်းတစ်ခုလုံး အကြမ်းဖက်သမားတွေ ထင်တိုင်း ကြဲနေချိန်မှာ နယ်မြေရှင်းလင်းမှုမလုပ်နိုင်ဘဲ အစည်းအဝေးကိုသာ အတင်းအကြပ်တက်ခိုင်းနေမယ် ဆိုရင် ကိုစိုးမင်းအောင်ပေါင်းများစွာက တာဝန်နဲ့ အမိန့်နာခံမှုကြောင့် အသက်တွေပေးသွားရနိုင်တာပါ။ ကိုစိုးမင်းအောင်ထက် ဆောလျင်စွာပဲ တောင်ငူ-သံတောင်ကြီးလမ်းပေါ်မှာ အသက်တွေပေးခဲ့ ရသူ အများအပြားရှိခဲ့ပါပြီ။ ကိုစိုးမင်းအောင်နဲ့တင်ပဲ အဆုံး သတ်စေဖို့သင့်ပါပြီ။ ကိုစိုးမင်းအောင်မှာ အိမ်ပြန် လာမယ်အထင်နဲ့ မျှော်နေတဲ့အရွယ်မရောက်သေးသူ သားငယ်နှစ်ဦးနဲ့ ဇနီးသည်ရှိနေသလို အခြားသော တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေမှာလည်း မိသားစုတွေ ရှိကြပါတယ်။
“ဒီတိုင်းပြည်ဟာ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံကိုချစ်မြတ်နိုးကြတဲ့ ပြည်သူ တွေရဲ့သွေးတွေနဲ့ တည်ဆောက်ထားတာပါ။ မြန်မာ့မြေရဲ့ဘယ်နေရာကို တူးကြည့်ကြည့်၊ သူတို့သွေး တွေက စီးဆင်းနေဆဲပါ။ သမိုင်းကို ဘိုးဘေးတွေက သွေး နဲ့ရေးပေးခဲ့ကြပြီးပါပြီ။ ဒီကနေ့ တာဝန်ရှိသူ တွေ လက်ထက်မှာ ဘာနဲ့ရေးကြမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်” လို့ ပြောချင်ပါတယ်။ တာဝန်ရှိလူကြီးမင်းများ ကိုယ်ကျိုးစီးပွားအတ္တထက် တိုင်းပြည်ကို ပိုချစ်နိုင်ကြပါစေလို့သာ။
zawgyi version
ထို...သုံးမိုင္
ေက်ာ္ႏု (NP News) - ဇန္နဝါရီ ၂၁
“လုံၿခဳံေရးလည္း မေကာင္း၊ အရမ္းလည္း အေရးမႀကီးဘူးဆိုရင္ အစည္းအေဝးေတြကို အြန္ လိုင္းကေနပဲ လုပ္လို႔မရဘူးလားဗ်ာ။ ဒီလမ္းက သြားလာရတာ အသက္အႏၲရာယ္အရမ္းရွိတယ္”- ဗိုလ္ႀကီး စိုးမင္းေအာင္။
(၃)မိုင္သာရွိေသာ လမ္းခရီးအတို ကေလးက မိသားစုတစ္စုကို တစ္ဘဝစာျပန္လည္ ဆုံေတြ႕ခြင့္ မရွိေစေတာ့သလို အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ႏွစ္ဦးအတြက္လည္း ဖခင္မဲ့သြားေစခဲ့ ပါတယ္။ မၾကာခင္ရက္ပိုင္းကမွျဖစ္ခဲ့တဲ့ ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးတစ္ပုဒ္ျဖစ္သလို ဗိုလ္ႀကီး စိုးမင္းေအာင္ဟာ လည္း သူစိုးရိမ္ခဲ့တဲ့အေျခအေနမ်ိဳးကေန အသက္ေပးလိုက္ရတာပါ။ ကြၽန္ေတာ္ ေက်ာ္ႏုအတြက္လည္း အထူးစိတ္မေကာင္းျဖစ္ရသလို ကိုစိုးမင္းေအာင္အေပၚမွာ အေႂကြးတစ္ခုတင္သြားသလိုမ်ိဳး ယေန႔အထိ ခံစားေနရဆဲပါပဲ။
(၂၀၂၅) ခုႏွစ္ ဇန္နဝါရီ(၁၁)ရက္ မနက္ပိုင္းမွာေပါ့။ The Statesman သတင္းဂ်ာနယ္႐ုံးအဖြဲ႕သားတစ္ဦးက ကိုစိုးမင္းေအာင္အတြက္ ဂ်ာနယ္ပို႔ ေဆာင္ဖို႔ Package ထုပ္ပိုးရင္း ဆက္သြယ္စကား ေျပာဖို႔ ျပင္ဆင္ေနတုန္း ဖုန္းတစ္ခု လက္ခံရရွိပါတယ္။ “ ဂ်ာနယ္မပို႔ပါနဲ႔ေတာ့ ညီမေလး” ဆိုတဲ့ ဖုန္းဝင္ လာတဲ့ သတင္းစကားဟာ ႐ုတ္တရက္ဆိုသလို စိုးရိမ္စိတ္လည္းဝင္သြားေစပါတယ္။ ဘာေၾကာင့္ ဂ်ာနယ္ မပို႔ေစတာလဲဆိုေတာ့ ကိုစိုးမင္းေအာင္က မေန႔ကပဲ ကြယ္လြန္သြားခဲ့တာေၾကာင့္လို႔ဆိုပါတယ္။ ဘယ္လို ကြယ္လြန္သြားတာလဲလို႔ဆက္ၿပီးေမးျမန္းမိခ်ိန္မွာေတာ့ ေတာင္ငူကေန သံေတာင္ႀကီးကို ျပန္တဲ့လမ္းတစ္ေနရာမွာ PDF အၾကမ္းဖက္သမားေတြရဲ႕ ဝိုင္းဝန္းပစ္ခတ္သတ္ျဖတ္မႈေၾကာင့္ ကြယ္လြန္ သြားခဲ့ရတာလို႔ သိလိုက္ရပါတယ္။ ဒီသတင္းစကားက ကြၽန္ေတာ့္ဆီေရာက္လာခ်ိန္မွာ စိတ္မေကာင္း ျဖစ္မိေၾကာင္း ႐ုံးကညီမငယ္ကိုေျပာျဖစ္ပါတယ္။ သူ႔ဘက္က ေနာက္ထပ္ေျပာလာတဲ့ စကားတစ္ခြန္း ေၾကာင့္ ကြၽန္ေတာ့္ရဲ႕စိတ္မေကာင္းျဖစ္မႈဟာ အတိုင္းအဆမရွိ ျဖစ္လာရပါေတာ့တယ္။ “ကိုစိုးမင္းေအာင္ က အစ္ကိုနဲ႔ ဖုန္းအရမ္းေျပာခ်င္ေနခဲ့တာ။ အစ္ကိုမအား ေလာက္ဘူးထင္လို႔ သူေျပာခ်င္တာေလးကို ေျပာေပးပါလို႔ မွာပါတယ္” တဲ့။ ကိုစိုးမင္းေအာင္က ကြၽန္ေတာ္နဲ႔ ဖုန္းေျပာခ်င္ရျခင္း အဓိကအေၾကာင္း က သံေတာင္ႀကီးနဲ႔ ေတာင္ငူကို မိုင္အားျဖင့္ (၂၇)မိုင္၊ ကားနဲ႔ေမာင္းရင္ တစ္နာရီခြဲသာရွိေပမယ့္ လုံၿခဳံ ေရး အားမေကာင္းတဲ့ နယ္ေျမကို ျဖတ္သန္းရတာေၾကာင့္ အေရးမႀကီးတဲ့အစည္းအေဝးမ်ိဳးကို အြန္လိုင္း ကေနပဲ လုပ္ေစခ်င္ေၾကာင္း အထက္လူႀကီးေတြ သိေစခ်င္ပါ တယ္လို႔ ဆိုပါတယ္။ ကြၽန္ေတာ့္ကို ရင္ဖြင့္ ခ်င္တာေတြ အမ်ားႀကီးရွိခဲ့သလို ကြၽန္ေတာ္နဲ႔မိတ္ဆက္စကား ေျပာခ်င္တာေတြ၊ သူဖတ္ထား မွတ္ထား သမွ် စာအုပ္ စာေပေတြနဲ႔ ဗဟုသုတေတြကို အျပန္အလွန္ဖလွယ္ စကားေျပာခ်င္ေနခဲ့သူပါ။ သူနဲ႔ အနီး ဆုံးမွာ ေနခဲ့သူတစ္ဦးကေတာ့ “ကိုစိုးမင္းေအာင္က ညအိပ္ရင္ အစ္ကို႔႐ုပ္သံေတြကို ဖြင့္ၿပီးအိပ္တာ။ ႐ုပ္သံမေျပာတဲ့ ေန႔မ်ိဳးဆိုရင္ အေဟာင္းေတြကိုပါျပန္ဖြင့္ၿပီး နားေထာင္ရင္းနဲ႔ အိပ္တာဗ်။ ဂ်ာနယ္ကိုလည္းမရ ရ ေအာင္မွာၿပီးဖတ္တာ။ မျဖစ္ခင္တစ္ညကအထိေတာင္ အစ္ကို႔႐ုပ္သံနားေထာင္ခဲ့ ေသးတယ္” လို႔ ေျပာပါတယ္။
DSA ေက်ာင္းဆင္းမဟုတ္ဘဲ အေျခခံ ဘဝကေန ဗိုလ္ႀကီး(ဗိုလ္မႉး)ျဖစ္လာသူ ကိုစိုးမင္း ေအာင္ဟာ ဇန္နဝါရီ(၉)ရက္ညပိုင္းက ေနာက္ဆုံး ႏႈတ္ဆက္မႈဆန္ေသာ စကားေတြကို တစ္ဝႀကီးေျပာခဲ့ သလားလို႔ေတာင္ ထင္မိပါတယ္။ “ဒီလမ္းကို ျဖတ္ျပန္ရတာက ေနာက္ဆုံးျဖစ္သြားခဲ့ရင္ေတာင္ လူႀကီး ေတြ နားလည္မယ္ဆိုရင္ ေက်နပ္ပါၿပီ}} လို႔ အဓိပၸာယ္ရေသာ စကားေတြ ကိုစိုးမင္းေအာင္က ေျပာခဲ့ တယ္လို႔ အတြင္းလူတစ္ဦးဆီကေနျပန္သိရ ပါတယ္။ ကိုစိုးမင္းေအာင္ လုပ္ႀကံသတ္ျဖတ္ခံရတဲ့ ဇာတ္လမ္းကို စၾကပါစို႔။ သံေတာင္ႀကီး(ဘုရင့္ေနာင္တပ္ၿမိဳ႕)မွာ တာဝန္က်ေနသူ ကိုစိုးမင္းေအာင္နဲ႔ အျခားေသာ တာဝန္ရွိသူေတြဟာ ေတာင္ငူၿမိဳ႕အေျခစိုက္ တိုင္းစစ္ ဌာနခ်ဳပ္မွာက်င္းပတဲ့ စည္း-ေကာ္ အစည္းအေဝးကို မျဖစ္မေန တက္ေရာက္ရပါတယ္။ အကယ္၍ မတက္ ေရာက္ခဲ့ရင္ တပ္မေတာ္ရဲ႕ စစ္ စည္းကမ္းေတြက အလွၾကည့္မေနခဲ့ပါဘူး။ စစ္တိုင္းမႉးနဲ႔ တာဝန္ရွိသူေတြက စည္း-ေကာ္အစည္းအေဝး ကို ပုံမွန္က်င္း ပၿပီး အထက္ဌာနဆိုင္ရာကို ထပ္ဆင့္တင္ျပၾကရ ေလ့ရွိပါတယ္။ တည္ၿငိမ္ေအးခ်မ္းစဥ္ ကာလတစ္ေလွ်ာက္မွာေတာ့ စည္း-ေကာ္အစည္းအေဝးက မနက္တက္-ညေနျပန္အထိ လြယ္လင့္တကူ အလည္အပတ္ဆန္ဆန္ သြားလို႔ရခဲ့ေပမယ့္ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္း ေနာက္ပိုင္းမွာ လုံၿခဳံေရးပိုင္း ဆိုင္ရာ ေမးခြန္းေတြ အမ်ားႀကီးရွိလာပါတယ္။ (၂၀၂၄) ခုႏွစ္အတြင္းမွာ သံေတာင္ႀကီး ကေန ေတာင္ငူကို တာဝန္အရ သြားေရာက္ၾကရသူ(၂၀)ဦးထက္မနည္း ေသဆုံးထားရတဲ့အထိ ႀကိဳတင္ ေစာင့္ဆိုင္းလုပ္ႀကံ သတ္ျဖတ္မႈေတြ ရွိေနပါတယ္။ အဓိကအျဖစ္မ်ားဆုံးေနရာဟာ ေတာင္ငူၿမိဳ႕ကေန အထြက္(၄)မိုင္ကေန (၇)မိုင္အတြင္း သုံးမိုင္သာရွိ ေသာခရီးတိုေလးအတြင္းမွာပဲ ျဖစ္ပါတယ္။ သံေတာင္ႀကီးမွာတာဝန္က်တဲ့ တပ္မေတာ္အရာရွိေတြဟာ စည္း-ေကာ္အစည္းအေဝးတက္ဖို႔ကို လုံၿခဳံေရးယာဥ္ တန္းနဲ႔သြားလာရခ်ိန္ ကလြဲၿပီးရင္ သီးျခားသတ္သတ္ သြားလာဖို႔ ေတာ္ေတာ္ေလးစဥ္းစားခ်င့္ခ်ိန္ရပါတယ္။ ဒါေၾကာင့္လည္း ကိုစိုးမင္းေအာင္က “လုံၿခဳံေရးလည္း မေကာင္း၊ အရမ္းလည္း အေရးမႀကီးဘူးဆိုရင္ အစည္းအေဝးေတြ ကို အြန္လိုင္းကေနပဲ လုပ္လို႔ မရ ဘူးလားဗ်ာ။ ဒီလမ္းကသြားလာရတာ အသက္ အႏၲရာယ္ အရမ္းရွိ တယ္” လို႔ အထက္လူႀကီးေတြဆီ သတင္းစကားပါးေစခ်င္ခဲ့တာပါ။ တစ္ႀကိမ္ႀကိမ္မွာေတာ့ မလုံၿခဳံတဲ့ လမ္းခရီးေၾကာင့္ သူလည္းကြယ္လြန္ ဆုံးပါးသြားႏိုင္တယ္ဆိုတာကို ႀကိဳတင္ရိပ္မိေနခဲ့ပုံ ရပါတယ္။
(၂၀၂၅) ခုႏွစ္ ဇန္နဝါရီ(၁၀)ရက္ နံနက္မွာေတာ့ ကိုစိုးမင္းေအာင္ဟာ အျခားေသာတာဝန္ရွိသူ ေတြနဲ႔အတူ သံေတာင္ႀကီးကေန ေတာင္ငူကို စည္း-ေကာ္အစည္းအေဝးတက္ဖို႔ ထြက္လာခဲ့ပါတယ္။ ဒါေပမဲ့သူ႔မွာ ေနာက္ဆံတင္းမႈတစ္ခု ကပ္ပါလာခဲ့ပါတယ္။ (၉)ႏွစ္အ႐ြယ္ သားတစ္ေယာက္နဲ႔ (၄)ႏွစ္ အ႐ြယ္သားတစ္ေယာက္က ဇန္နဝါရီ(၁၀)ရက္မွာ ေက်ာင္းသားစုံညီပြဲေတာ္ရွိေနတာပါ။ သံေတာင္ႀကီး မွာက်င္းပတဲ့ သားငယ္ႏွစ္ဦးရဲ႕ေက်ာင္းသားစုံညီပြဲေတာ္ကိုလည္း အမီျပန္ခ်င္ေနပုံရပါတယ္။ ဒါေၾကာင့္ ဇန္နဝါရီ(၁၀)ရက္ နံနက္(၉)နာရီအစည္းအေဝးၿပီးတာနဲ႔ ခ်က္ျခင္းဆိုသလို တပည့္တစ္ေယာက္နဲ႔အတူ သံေတာင္ႀကီးဘက္ကို ျပန္တက္ခဲ့ပါတယ္။ ေန႔လယ္ (၁၂)နာရီအခ်ိန္ေလာက္မွာေတာ့ ကိုစိုးမင္းေအာင္ အတြက္ ကံၾကမၼာကမ်က္ႏွာသာမေပးခဲ့ပါဘူး။ ေတာင္ငူကေနအထြက္ (၄)မိုင္နဲ႔ (၇)မိုင္ၾကားက (၆)မိုင္ နားတစ္ဝိုက္မွာပဲ ေရွ႕တည့္တည့္ကေန ေစာင့္ေန တဲ့ ဏႌ အဖြဲ႕က ေသနတ္နဲ႔ တရစပ္ပစ္ခတ္လုပ္ႀကံ ျခင္းကို ခံလိုက္ရပါတယ္။ “ျမင္ရသေလာက္ေတာ့ သူတို႔အဖြဲ႕က (၃၀)ေလာက္ပါတယ္။ ကြၽန္ေတာ္တို႔ ကားကိုေက်ာ္တက္သြားတဲ့ ဆိုင္ကယ္တစ္စီးကို ဘာမွမလုပ္ဘဲ လႊတ္ေပးၿပီးေတာ့ ကြၽန္ေတာ္တို႔ကား ကိုပဲဦးတည္ၿပီး မေမးမျမန္းဘဲ တန္းၿပီးပစ္တာ” လို႔ ကားေပၚမွာ ပါသြားတဲ့ တပည့္ျဖစ္သူက ေျပာပါ တယ္။
ဒီျဖစ္စဥ္မွာ ဒဏ္ရာပဲရခဲ့တဲ့ တပည့္ျဖစ္သူက အျခားေသာမိတ္ေဆြေတြကို ေျပာၾကားရာကေန တစ္ဆင့္ ကြၽန္ေတာ္ျပန္လည္သိရွိခဲ့ရတာပါ။ (၆)မိုင္နားတစ္ဝိုက္မွာ ကားအသြားအလာ ရွင္းလင္းေန သလို လာေရာက္ပစ္ခတ္မယ့္သူေတြဟာလည္း ႀကိဳတင္သတင္းရရွိထားၿပီးျဖစ္ပုံရတယ္လို႔ ဆိုပါတယ္။ ကိုစိုးမင္းေအာင္ရဲ႕ Mark II ကားဟာ တစ္ပတ္လည္ သြားတဲ့အထိ ဝိုင္းပစ္တာခံလိုက္ရသလို ကိုစိုးမင္း ေအာင္ကလည္း က်ည္ကာဝတ္မထားမိတဲ့အတြက္ ကံဆိုးသြားခဲ့ရပါတယ္။ ကားေပၚက တပည့္ျဖစ္သူ ကေတာ့ တစ္ဖက္ကပစ္ခတ္မႈစတင္ကတည္းက တစ္ပတ္လည္သြားတဲ့ ကားတံခါးကိုဆြဲဖြင့္ၿပီး ပစ္ခတ္ ခံရမႈကေန လြတ္ေျမာက္ေအာင္ ႐ုန္းထြက္ေျပးႏိုင္ခဲ့ တယ္လို႔ သိရပါတယ္။ “သူတို႔ လႈပ္ရွားပစ္ခတ္မႈက မိနစ္ အစိတ္(၂၅ မိနစ္)ေလာက္ပဲ ၾကာမယ္။ ၿပီးတာနဲ႔ ခ်က္ခ်င္း ကားနဲ႔ ေရွာင္ထြက္သြားၾကတယ္။ ခဏေနမွ ျပန္လာၿပီး ဗိုလ္မႉး စိုးမင္းေအာင္ရဲ႕ကားကို မီးလာရႈိ႕ခဲ့ ပုံရတယ္။ ကယ္ဆယ္ေရးအဖြဲ႕ေတြ ေရာက္သြားခ်ိန္မွာေတာင္ ကားက မီးေလာင္ေနဆဲပဲ” လို႔ ျဖစ္စဥ္ကို သိရွိသူတစ္ဦးက ေျပာပါတယ္။
ျပည္ေျပးအၾကမ္းဖက္မီဒီယာေတြျဖစ္တဲ့ ေခတ္သစ္မွာေတာ့ KTV ကေန ျပန္လာခ်ိန္ ပစ္ခတ္ သတ္ျဖတ္ခဲ့တာလို႔ ေရးသားထားသလို သုံးဦးေသဆုံးတယ္လို႔ ဆိုပါတယ္။ အမွန္တကယ္က ကိုစိုးမင္း ေအာင္နဲ႔အတူ တပည့္တစ္ဦးသာပါဝင္ပါတယ္။ အရပ္သားဝတ္စုံနဲ႔ က်ည္ကာေတာင္ ဝတ္မထားသလို၊ လက္နက္နဲ႔ ဆက္စပ္ပစၥည္းအခ်ိဳ႕ကို ကားေနာက္ဖုံးထဲမွာသာ လုံၿခဳံေအာင္ သိမ္းထားခဲ့တာမ်ိဳးလို႔ သိရ ပါတယ္။ ကြယ္လြန္သြားသူတစ္ဦးအေပၚမွာေတာင္ အမွန္အတိုင္းေရးသားေပးဖို႔ထက္ ျပည္ေျပးအၾကမ္း ဖက္သတင္းဌာနေတြက ပုံဖ်က္ေရးသားဖို႔ ဝန္မေလးတာကို ျမင္ရပါတယ္။ ဒါလည္း ထူးေတာ့ မထူးဆန္း ပါဘူး” သူ႔ကေလးေတြ ႀကိဳက္တတ္တဲ့ မုန႔္ေလးေတြေတာင္ ကားေပၚမွာပါလာေသးတယ္။ မီးေလာင္ သြားရင္ေတာ့ မရွိေတာ့ဘူးေပါ့” လို႔ အတြင္းသိတစ္ဦးက ေျပာခဲ့သလို အဲဒီညေနပိုင္းမွာေတာ့ ကိုစိုးမင္း ေအာင္ရဲ႕သားႏွစ္ဦးဟာ မိခင္ျဖစ္သူနဲ႔အတူ ျပန္မလာႏိုင္ေတာ့တဲ့ ဖခင္ကိုေစာင့္ေနၾကဆဲပါ။ ဒါေပမဲ့ သူတို႔ဒီတစ္ဘဝစာ ျပန္လည္ေတြ႕ခြင့္မရၾကေတာ့ပါဘူး။
သံေတာင္ႀကီးကေန ေတာင္ငူကို (၂၇)မိုင္ ရွိပါတယ္။ သံေတာင္ႀကီးကေန ေတာင္ပတ္လမ္းေတြ အတိုင္း ကားေမာင္းလာရင္း အံ့ဖြယ္စားေသာက္ဆိုင္၊ ေ႐ႊေညာင္ပင္႐ြာ၊ (၁၆)မိုင္ ဂိတ္တို႔ကို ျဖတ္ၿပီးရင္ သံေတာင္ကို ေရာက္ပါတယ္။ သံေတာင္ကေန NH-5 လို႔ေခၚတဲ့ ျပည္ေထာင္စုလမ္းမႀကီး အမွတ္ (၅)ကို ဆက္လက္ေမာင္းႏွင္ရင္း ကရင္ျပည္နယ္ထဲကေန ပဲခူးတိုင္းေဒသႀကီးထဲကို ျဖတ္ေက်ာ္ဝင္ေရာက္လာရ ပါတယ္။ ပဲခူးတိုင္းေဒသႀကီးထဲက ႐ြာငယ္ေလး တစ္ခုကို ျဖတ္သန္းၿပီးရင္ ေက်ာက္တိုင္လမ္းခြဲကေန ေတာင္ငူကို ဦးတည္ပါေတာ့တယ္။ ေက်ာက္တိုင္ လမ္းခြဲကေန (၇) မိုင္ကို နီးနီးေလးသာရွိသလို (၇)မိုင္ မွာ တပ္မေတာ္လုံၿခဳံေရးဂိတ္တစ္ခုရွိပါတယ္။ ေတာက္ေလွ်ာက္ေမာင္းလာရင္ ေဘးပတ္လည္မွာ အနိမ့္ စား ေတာင္ကုန္းေတာင္တန္းေလးေတြ ရွိသလို (၄)မိုင္အထိ ေရာက္ဖို႔ကလည္း မိနစ္ပိုင္းသာၾကာပါ တယ္။ (၄)မိုင္နဲ႔ (၇)မိုင္ၾကားမွာ ႐ြာငယ္ေလးေတြ အမ်ားအျပားရွိသလို လမ္းခြဲငယ္ေလးေတြလည္း ရွိပါ တယ္။ အစိုးရဝန္ထမ္းနဲ႔ တပ္မေတာ္သားအားလုံး စိုးရိမ္ထိတ္လန႔္ရတဲ့ ေနရာေတြဟာလည္း အဲဒီ သုံးမိုင္ သာ ရွိေသာလမ္းပိုင္းေလးပါ။
“သံေတာင္ႀကီးကေန (၇)မိုင္နားအထိ ကြၽန္ေတာ္တို႔ စိုးမိုးထားတယ္။ လုံၿခဳံေရးလည္း စိတ္ခ်ရ တယ္။ ေတာင္ငူကေနအထြက္(၃)မိုင္အထိကလည္း စိတ္ခ်ရတယ္။ ျဖစ္ေနတာက အဲဒီသုံးမိုင္ အတြင္းပဲ။ ကိုစိုးမင္းေအာင္ကိစၥျဖစ္သြားေတာ့ မခံခ်င္စိတ္နဲ႔ထြက္ရွင္းၾကတာ အခုထိ ေဘးပတ္လည္႐ြာေတြမွာ တိုက္ပြဲငယ္ေတြျဖစ္ေနဆဲပဲ” လို႔ သတင္းရင္းျမစ္တစ္ဦးက ေျပာပါတယ္။ ေတာင္ငူနဲ႔ သံေတာင္ႀကီး ၾကားက နယ္ေျမေတြမွာ PDF ေတြက ႐ြာတိုင္းလိုလို စိုးမိုးျခယ္လွယ္ေနပုံရပါတယ္။ ကိုစိုးမင္းေအာင္ ျဖစ္စဥ္မတိုင္မီကတည္းက ႐ြာတိုင္းလိုလိုမွာ ဒလန္ေခါင္းစဥ္နဲ႔ သတ္ျဖတ္ခံရတာေတြ ရွိေနသလို PDF ေတြအလိုက် ခ်က္ျပဳတ္ေကြၽးေမြးရတာေတြလည္း ရွိေနပါတယ္။ ဇန္နဝါရီ(၁၂)ရက္က ႐ုပ္သံေျပာၿပီး ခ်ိန္မွာ နယ္ေျမခံအခ်ိဳ႕က သတင္းေပးခဲ့ပါတယ္။ ေတာင္ငူၿမိဳ႕အထြက္ စစ္ေတာင္းျမစ္ တစ္ဖက္ကမ္းက ႐ြာတိုင္းလိုလိုမွာ PDF ေတြ စိမ့္ဝင္ၿပီး အခြင့္သာရင္သာသလို လုပ္ႀကံသတ္ျဖတ္တာေတြ ရွိေနပါတယ္။ ေက်ာက္တိုင္လမ္းခြဲကေန လိပ္သို အထိသြားတဲ့လမ္းတစ္ေလွ်ာက္မွာလည္း မၾကာခဏ ဆိုသလို PDF ေတြက လမ္းေပၚတက္လာေလ့ရွိၿပီး သူတို႔စိုးမိုးထားတဲ့နယ္ေျမတစ္ခုသဖြယ္ ေနထိုင္ၾကပါတယ္။ “သူတို႔ ဝတ္စားထားပုံက ယူနီေဖာင္းအျပည့္နဲ႔ဗ်။ ေတာ္ေတာ္ေလးစနစ္တက် ဖြဲ႕စည္းထားပုံရတယ္။ စစ္သား ေတြေတာင္ အခုေနာက္ပိုင္း ယူနီေဖာင္းကို ေၾကာ့ေကာ့ေနေအာင္ သိပ္မဝတ္ၾကဘူး။ ဒါကိုၾကည့္ျခင္း အားျဖင့္ ဒီေကာင္ေတြကရည္႐ြယ္ခ်က္ႀကီးႀကီးနဲ႔ ေသခ်ာစုဖြဲ႕ေနပုံပဲ” လို႔ သံေတာင္ႀကီးဘက္က သတင္း ရင္းျမစ္တစ္ဦးက ေျပာပါတယ္။ ကိုစိုးမင္းေအာင္ျဖစ္စဥ္အၿပီးမွာ သံေတာင္ႀကီးဘက္ကေန ေတာင္ငူကို အစည္းအေဝးသြားတက္တဲ့သူ ေတြက ႐ုတ္တရက္ မျပန္ရဲၾကဘဲျဖစ္ေနခဲ့ပါတယ္။ တိုင္းစစ္ဌာနခ်ဳပ္ ဘက္ကလည္း ေျဖေလွ်ာ့မႈအျဖစ္ အစည္းအေဝးကို အေျခအေနအရ ကင္းလြတ္ခြင့္ျပဳေပးတာေတြ လည္း ရွိလာပါတယ္။ ကိုစိုးမင္းေအာင္ ျဖစ္ေစခ်င္တဲ့ ဆႏၵဟာျပည့္ဝခဲ့ေပမယ့္ ကိုစိုးမင္း ေအာင္ကေတာ့ အသက္ေပးလိုက္ရပါတယ္” စစ္သားေတြ ေသြးပူေနတုန္းေလးမွာ အဲဒီသုံးမိုင္ပတ္လည္ကို အျပတ္ရွင္း ေစခ်င္ပါတယ္။ ေတာင္ငူက တပ္ေတြ ထြက္ရွင္းေပးရမွာ။ သံေတာင္ႀကီးဘက္ကက်ေတာ့ အပိုင္ေက်ာ္ ေနၿပီ” လို႔ သတင္းရင္းျမစ္တစ္ဦးက ေျပာပါတယ္။
PDF အဖြဲ႕ေတြက သံေတာင္ႀကီးဘက္ကို အေျခမျပဳဘဲ ေတာင္ငူနဲ႔အနီးတစ္ဝိုက္ကို အေျချပဳ ေနရျခင္းက ရည္႐ြယ္ခ်က္ရွိပုံရပါတယ္။ စစ္ေရးသေဘာတရားကို နားလည္သူတစ္ဦးကေတာ့ သံေတာင္ ႀကီးဘက္ကို ဝန္းရံပိတ္ဆို႔ထားမယ့္အစား သံေတာင္ႀကီးကေနမျဖစ္မေန ဆက္သြယ္သြားလာရမယ့္ ေတာင္ငူအဝင္လမ္းပိုင္းကိုသာ ျဖတ္ေတာက္ထားမယ္ဆိုရင္ ကတြတ္ဝကေစာင့္တဲ့ဗ်ိဳင္းလိုမ်ိဳး ျဖစ္ႏိုင္ တာေၾကာင့္လို႔ ဆိုပါတယ္။ ကိုစိုးမင္းေအာင္ဟာလည္း ဒါကိုတြက္ခ်က္မိခဲ့ပုံေပၚပါတယ္။ ဒါေၾကာင့္ လည္း ဒီလမ္းေၾကာင္းကို ရွင္းလင္းေပးႏိုင္ ေစဖို႔နဲ႔ မလိုအပ္ေသးရင္ အစည္းအေဝးေတြကို အြန္လိုင္း ကေနတက္ေစျခင္း ဒါမွမဟုတ္ ကင္းလြတ္ခြင့္ ေပးေစခ်င္ခဲ့တာပါ။ အစည္းအေဝးကို မျဖစ္မေန တက္ ရမယ္လို႔ ဆုံးျဖတ္ခ်က္ခ်တဲ့အႀကီးအကဲေတြရဲ႕စိတ္ဓာတ္ခံယူခ်က္ကို မေဝဖန္လိုေပမယ့္ ေခတ္ကာလ အခ်ိန္အခါအေပၚမူတည္ၿပီး လက္ေအာက္ငယ္သားအေပၚမွာ ေထာက္ထားညႇာတာျခင္းေတြ ထားရွိဖို႔ လိုတယ္လို႔အမ်ားက မွတ္ယူေနၾကပါတယ္။ လမ္းေၾကာင္းတစ္ခုလုံး အၾကမ္းဖက္သမားေတြ ထင္တိုင္း ႀကဲေနခ်ိန္မွာ နယ္ေျမရွင္းလင္းမႈမလုပ္ႏိုင္ဘဲ အစည္းအေဝးကိုသာ အတင္းအၾကပ္တက္ခိုင္းေနမယ္ ဆိုရင္ ကိုစိုးမင္းေအာင္ေပါင္းမ်ားစြာက တာဝန္နဲ႔ အမိန႔္နာခံမႈေၾကာင့္ အသက္ေတြေပးသြားရႏိုင္တာပါ။ ကိုစိုးမင္းေအာင္ထက္ ေဆာလ်င္စြာပဲ ေတာင္ငူ-သံေတာင္ႀကီးလမ္းေပၚမွာ အသက္ေတြေပးခဲ့ ရသူ အမ်ားအျပားရွိခဲ့ပါၿပီ။ ကိုစိုးမင္းေအာင္နဲ႔တင္ပဲ အဆုံး သတ္ေစဖို႔သင့္ပါၿပီ။ ကိုစိုးမင္းေအာင္မွာ အိမ္ျပန္ လာမယ္အထင္နဲ႔ ေမွ်ာ္ေနတဲ့အ႐ြယ္မေရာက္ေသးသူ သားငယ္ႏွစ္ဦးနဲ႔ ဇနီးသည္ရွိေနသလို အျခားေသာ တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ အစိုးရဝန္ထမ္းေတြမွာလည္း မိသားစုေတြ ရွိၾကပါတယ္။
“ဒီတိုင္းျပည္ဟာ တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ၊ ႏိုင္ငံကိုခ်စ္ျမတ္ႏိုးၾကတဲ့ ျပည္သူ ေတြရဲ႕ေသြးေတြနဲ႔ တည္ေဆာက္ထားတာပါ။ ျမန္မာ့ေျမရဲ႕ဘယ္ေနရာကို တူးၾကည့္ၾကည့္၊ သူတို႔ေသြး ေတြက စီးဆင္းေနဆဲပါ။ သမိုင္းကို ဘိုးေဘးေတြက ေသြး နဲ႔ေရးေပးခဲ့ၾကၿပီးပါၿပီ။ ဒီကေန႔ တာဝန္ရွိသူ ေတြ လက္ထက္မွာ ဘာနဲ႔ေရးၾကမလဲဆိုတာ ေစာင့္ၾကည့္ရပါေတာ့မယ္” လို႔ ေျပာခ်င္ပါတယ္။ တာဝန္ရွိလူႀကီးမင္းမ်ား ကိုယ္က်ိဳးစီးပြားအတၱထက္ တိုင္းျပည္ကို ပိုခ်စ္ႏိုင္ၾကပါေစလို႔သာ။