ပြည်ပခရီးသွား အဝင်ထက် ပြည်တွင်းခရီးသွား ယခင်နှစ်များထက်ပိုများလာ

 160

ချယ်ရီ (NP News) - ဇန်နဝါရီ ၂၂

လက်ရှိကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီးသည် ဝင်ရောက်မှုနည်းသော်လည်း ပြည်တွင်း ခရီးသွားများ ပိုမိုများပြားလာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန်က NP News သို့ ပြောသည်။

“ အခုတော့ ကျွန်တော်တို့ရဲ့သတင်းထုတ်ပြန်ချက်တွေအရ ပြည်ပခရီးသွားဝင်ရောက်မှုကတော့ အနည်းငယ် လျော့သွားပါတယ်။ ဒါပေမဲ့ ပြည်တွင်း ခရီးသွားလာမှုကတော့ တက်လာပါတယ်။ ပြည် တွင်းခရီးသွားလာမှုက တစ်နှစ်ထက်တစ်နှစ် တက်လာတာမှ ကိုဗစ်မဖြစ်ခင်ကာလက ပြည်တွင်း ခရီး သွားက အကြမ်းဖျင်းပေါ့နော် ကိန်းဂဏန်းအတိအကျတော့ မဟုတ်ဘူး။ (၅)သန်းကျော်ရှိခဲ့ပါတယ်။ အဲဒီ (၅)သန်းကျော်ကနေ အခုလက်ရှိမှာ (၁၀)သန်းကျော် (၁၁)သန်းနီးပါးအထိ ပြီးခဲ့တဲ့(၂၀၂၄)ခုနှစ် နှစ်ချုပ် မယ်ဆိုရင် (၁၁)သန်းနီးပါးအထိ ပြည်တွင်းခရီး သွားက (၁)ဆကျော်လောက်အထိ တက်လာတာကို တွေ့ရပါတယ်။ အခုက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် ရှမ်းပြည်နယ်ဘက် သွားတဲ့သူတွေ လည်းရှိတယ်။ ကျိုက်ထီးရိုး၊ ဘားအံတို့ဘက်သွားတဲ့ သူတွေလည်းရှိတယ်။ ပဲခူးဘက်တွေဆိုလည်း ဖြတ် သွားဖြတ်လာနဲ့ဆိုတော့ ပဲခူးတိုင်းဘက်တွေလည်း ရောက်တယ်။ လာမယ့်ကာလတွေဆိုရင်လည်း မကြာတော့ဘူး။ ရွှေစက်တော်တို့၊ ဘာတို့ဆိုတာလည်း သွားလာကြမယ့်အနေအထားတွေ ရှိလာမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်ရာတွင် ပျမ်းမျှအားဖြင့် လမ်းကြောင်း(၃)ကြောင်းမှ ဝင် ရောက်ကြောင်း ဦးအောင်အေးဟန်က ရှင်းပြသည်။ “လမ်းကြောင်း(၃)ကြောင်းဆိုတာက လေကြောင်းက ဝင်တဲ့ဧည့်သည်တွေရှိတယ်။ နယ်စပ် ဒေသက ဝင်တဲ့ဧည့်သည်တွေရှိတယ်။ ရေကြောင်းကနေဝင်တဲ့ ဧည့်သည်တွေရှိတယ်။ အဲဒီတော့ ဒီ(၃) ခု မှာ ရေကြောင်းနဲ့ လေကြောင်းက ခရီးသွားဝင်ရောက်တဲ့ ပြည်ပက ဧည့်သည်တွေက တိုးလာတယ်။ ဒါပေမဲ့ နယ်စပ်ဒေသရဲ့ ခရီးသွားဝင်ရောက်မှုကတော့ ပြီးခဲ့တဲ့နှစ်(၂၀၂၃)နဲ့ယှဉ်ရင်တော့ (၂၀ ရာခိုင်နှုန်း) လောက် လျော့သွားပါတယ်” ဟု ၎င်းက ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင်း လည်ပတ်စရာများစွာရှိသောကြောင့် အဆိုပါနေရာများသို့လည်း ပြည်တွင်းခရီးသွား များ သွားရောက်လည်ပတ်မှုရှိနေကြောင်း သိရသည်။ “မြန်မာပြည်ကြီးကလည်း အကျယ်ကြီး။ သွားစရာနေရာတွေကလည်း အများကြီး။ ပြောရရင် ပြည်နယ်နဲ့တိုင်း (၁၄) ခုမှာ (၁၄) ခုစလုံးက လည်စရာ၊ ပတ်စရာတွေ အများကြီးရှိတယ်။ အဲဒီတော့ တချို့(၄)၊(၅)နေရာလောက် သွားမရဘူးဆိုပေမယ့်လည်း သွားလို့ရတဲ့နေရာက အများကြီး ကျန်တာပေါ့ နော်။ အဲဒီတော့ လူ့ရဲ့သဘောသဘာဝ အရရော၊ မြန်မာပြည်ရဲ့အနေအထားအရရော နေစရာသွားစရာ လည်ပတ်စရာ တအားများပါတယ်။ လည်ပတ်စရာ တအားများတဲ့အတွက်ကြောင့်မို့ သွားလို့ရတဲ့နေရာ တွေမှာ ဒီနေရာမရ ဘာဖြစ်လဲ ရတဲ့နေရာသွားမယ်ဆိုတဲ့ဟာနဲ့ လည်ပတ်နေတာပဲ။ အဲဒီလို သွားလိုက်လို့ ရှိရင်လည်း သဘောက ပြည့်ကျပ်ညပ်ပြီးတော့ ပိတ်သွားတယ်ဆိုတဲ့ဟာက ရံဖန်ရံခါ ပုဂံလိုဟာမျိုးတို့၊ ကျိုက်ထီးရိုးလိုဟာမျိုးတို့၊ တောင်ကြီးတန်ဆောင်တိုင်လိုဟာမျိုးမှာ တစ်ခါတစ်ရံ ပိတ်ရက်တွေ ဆုံသွား တဲ့ဟာမျိုးကျရင် ဟိုတယ်တွေ မရတော့တာတို့ဆိုပြီး အဲဒီလိုမျိုး အခက်အခဲလောက် သူ့သဘော သဘာဝအရတော့ ရှိပါတယ်။ အဲဒီလိုဆိုတော့ အဆင်ပြေပါတယ်။ တအားကြီးတော့ အခက်ခဲ အကျပ်အတည်းဆိုတဲ့ဟာမျိုးတော့ မရှိပါဘူး” ဟု ဦးအောင်အေးဟန်က ပြောသည်။

ထို့ပြင် ခရီးသွားလာသူ ပြည်သူများ စိုးရိမ်မှုများဖြစ်စေရန် မမှန်ကန်သည့်သတင်းများ ထုတ်လွှင့်မှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် အသိ၊ သတိပေးခြင်းများကို သက်ဆိုင်ရာရုံးများမှတစ်ဆင့် ထုတ်ပြန်မှုများ ဆောင်ရွက်ခြင်းအားဖြင့် လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

zawgyi version
ျပည္ပခရီးသြား အဝင္ထက္ ျပည္တြင္းခရီးသြား ယခင္ႏွစ္မ်ားထက္ပိုမ်ားလာ
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၂၂

လက္ရွိကာလအတြင္း ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသည္ ဝင္ေရာက္မႈနည္းေသာ္လည္း ျပည္တြင္း ခရီးသြားမ်ား ပိုမိုမ်ားျပားလာေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန၊ ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေအာင္ေအးဟန္က NP News သို႔ ေျပာသည္။

“ အခုေတာ့ ကြၽန္ေတာ္တို႔ရဲ႕သတင္းထုတ္ျပန္ခ်က္ေတြအရ ျပည္ပခရီးသြားဝင္ေရာက္မႈကေတာ့ အနည္းငယ္ ေလ်ာ့သြားပါတယ္။ ဒါေပမဲ့ ျပည္တြင္း ခရီးသြားလာမႈကေတာ့ တက္လာပါတယ္။ ျပည္ တြင္းခရီးသြားလာမႈက တစ္ႏွစ္ထက္တစ္ႏွစ္ တက္လာတာမွ ကိုဗစ္မျဖစ္ခင္ကာလက ျပည္တြင္း ခရီး သြားက အၾကမ္းဖ်င္းေပါ့ေနာ္ ကိန္းဂဏန္းအတိအက်ေတာ့ မဟုတ္ဘူး။ (၅)သန္းေက်ာ္ရွိခဲ့ပါတယ္။ အဲဒီ (၅)သန္းေက်ာ္ကေန အခုလက္ရွိမွာ (၁၀)သန္းေက်ာ္ (၁၁)သန္းနီးပါးအထိ ၿပီးခဲ့တဲ့(၂၀၂၄)ခုႏွစ္ ႏွစ္ခ်ဳပ္ မယ္ဆိုရင္ (၁၁)သန္းနီးပါးအထိ ျပည္တြင္းခရီး သြားက (၁)ဆေက်ာ္ေလာက္အထိ တက္လာတာကို ေတြ႕ရပါတယ္။ အခုက ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္အပါအဝင္ ရွမ္းျပည္နယ္ဘက္ သြားတဲ့သူေတြ လည္းရွိတယ္။ က်ိဳက္ထီး႐ိုး၊ ဘားအံတို႔ဘက္သြားတဲ့ သူေတြလည္းရွိတယ္။ ပဲခူးဘက္ေတြဆိုလည္း ျဖတ္ သြားျဖတ္လာနဲ႔ဆိုေတာ့ ပဲခူးတိုင္းဘက္ေတြလည္း ေရာက္တယ္။ လာမယ့္ကာလေတြဆိုရင္လည္း မၾကာေတာ့ဘူး။ ေ႐ႊစက္ေတာ္တို႔၊ ဘာတို႔ဆိုတာလည္း သြားလာၾကမယ့္အေနအထားေတြ ရွိလာမွာပါ” ဟု ၎ကဆိုသည္။

ျမန္မာႏိုင္ငံသို႔ ျပည္ပခရီးသြားဝင္ေရာက္ရာတြင္ ပ်မ္းမွ်အားျဖင့္ လမ္းေၾကာင္း(၃)ေၾကာင္းမွ ဝင္ ေရာက္ေၾကာင္း ဦးေအာင္ေအးဟန္က ရွင္းျပသည္။ “လမ္းေၾကာင္း(၃)ေၾကာင္းဆိုတာက ေလေၾကာင္းက ဝင္တဲ့ဧည့္သည္ေတြရွိတယ္။ နယ္စပ္ ေဒသက ဝင္တဲ့ဧည့္သည္ေတြရွိတယ္။ ေရေၾကာင္းကေနဝင္တဲ့ ဧည့္သည္ေတြရွိတယ္။ အဲဒီေတာ့ ဒီ(၃) ခု မွာ ေရေၾကာင္းနဲ႔ ေလေၾကာင္းက ခရီးသြားဝင္ေရာက္တဲ့ ျပည္ပက ဧည့္သည္ေတြက တိုးလာတယ္။ ဒါေပမဲ့ နယ္စပ္ေဒသရဲ႕ ခရီးသြားဝင္ေရာက္မႈကေတာ့ ၿပီးခဲ့တဲ့ႏွစ္(၂၀၂၃)နဲ႔ယွဥ္ရင္ေတာ့ (၂၀ ရာခိုင္ႏႈန္း) ေလာက္ ေလ်ာ့သြားပါတယ္” ဟု ၎က ဆိုသည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ အၾကမ္းဖက္သမားမ်ား၏ ဖ်က္ဆီးမႈမ်ားရွိခဲ့ေသာ္လည္း ျမန္မာႏိုင္ငံတြင္း လည္ပတ္စရာမ်ားစြာရွိေသာေၾကာင့္ အဆိုပါေနရာမ်ားသို႔လည္း ျပည္တြင္းခရီးသြား မ်ား သြားေရာက္လည္ပတ္မႈရွိေနေၾကာင္း သိရသည္။ “ျမန္မာျပည္ႀကီးကလည္း အက်ယ္ႀကီး။ သြားစရာေနရာေတြကလည္း အမ်ားႀကီး။ ေျပာရရင္ ျပည္နယ္နဲ႔တိုင္း (၁၄) ခုမွာ (၁၄) ခုစလုံးက လည္စရာ၊ ပတ္စရာေတြ အမ်ားႀကီးရွိတယ္။ အဲဒီေတာ့ တခ်ိဳ႕(၄)၊(၅)ေနရာေလာက္ သြားမရဘူးဆိုေပမယ့္လည္း သြားလို႔ရတဲ့ေနရာက အမ်ားႀကီး က်န္တာေပါ့ ေနာ္။ အဲဒီေတာ့ လူ႔ရဲ႕သေဘာသဘာဝ အရေရာ၊ ျမန္မာျပည္ရဲ႕အေနအထားအရေရာ ေနစရာသြားစရာ လည္ပတ္စရာ တအားမ်ားပါတယ္။ လည္ပတ္စရာ တအားမ်ားတဲ့အတြက္ေၾကာင့္မို႔ သြားလို႔ရတဲ့ေနရာ ေတြမွာ ဒီေနရာမရ ဘာျဖစ္လဲ ရတဲ့ေနရာသြားမယ္ဆိုတဲ့ဟာနဲ႔ လည္ပတ္ေနတာပဲ။ အဲဒီလို သြားလိုက္လို႔ ရွိရင္လည္း သေဘာက ျပည့္က်ပ္ညပ္ၿပီးေတာ့ ပိတ္သြားတယ္ဆိုတဲ့ဟာက ရံဖန္ရံခါ ပုဂံလိုဟာမ်ိဳးတို႔၊ က်ိဳက္ထီး႐ိုးလိုဟာမ်ိဳးတို႔၊ ေတာင္ႀကီးတန္ေဆာင္တိုင္လိုဟာမ်ိဳးမွာ တစ္ခါတစ္ရံ ပိတ္ရက္ေတြ ဆုံသြား တဲ့ဟာမ်ိဳးက်ရင္ ဟိုတယ္ေတြ မရေတာ့တာတို႔ဆိုၿပီး အဲဒီလိုမ်ိဳး အခက္အခဲေလာက္ သူ႔သေဘာ သဘာဝအရေတာ့ ရွိပါတယ္။ အဲဒီလိုဆိုေတာ့ အဆင္ေျပပါတယ္။ တအားႀကီးေတာ့ အခက္ခဲ အက်ပ္အတည္းဆိုတဲ့ဟာမ်ိဳးေတာ့ မရွိပါဘူး” ဟု ဦးေအာင္ေအးဟန္က ေျပာသည္။

ထို႔ျပင္ ခရီးသြားလာသူ ျပည္သူမ်ား စိုးရိမ္မႈမ်ားျဖစ္ေစရန္ မမွန္ကန္သည့္သတင္းမ်ား ထုတ္လႊင့္မႈမ်ားအေပၚ ဝန္ႀကီးဌာနအေနျဖင့္ အသိ၊ သတိေပးျခင္းမ်ားကို သက္ဆိုင္ရာ႐ုံးမ်ားမွတစ္ဆင့္ ထုတ္ျပန္မႈမ်ား ေဆာင္႐ြက္ျခင္းအားျဖင့္ လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။

© 2021. All rights reserved.