ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိလာတော့မည့် Blackpink အဖွဲ့ဝင်ဂျင်းနီ

 257

Pika (NP News) - ဇန်နဝါရီ ၂၂

တောင်ကိုရီးယားနာမည်ကျော် အမျိုးသမီးအဆိာတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ် “Ruby” ထွက်ရှိလာမည့်အကြောင်းကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ODDATELIER Entertainment အေဂျင်စီ၏ အဆိုအရ ဂျင်းနီ၏ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် “Ruby” သည် လာမည့်မတ်လ(၇)ရက်တွင် ထွက်ရှိလာလိမ့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအယ်လ်ဘမ်တွင် (၂၀၂၄)ခုနှစ် အောက်တိုဘာလက ထွက်ရှိခဲ့သော 'Mantra' သီချင်း အပါအဝင် စုစုပေါင်း သီချင်း(၁၅)ပုဒ် ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။ Ruby အယ်လ်ဘမ်သည် Childish Gambino၊ Doechii၊ Dominic Fike၊ Dua Lipa၊ FKJ နှင့် Kali Uchis ကဲ့သို့သော ကမ္ဘာကျော်အနုပညာရှင်များနှင့် ပူးပေါင်းထားပြီး ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်များကို ဆွဲဆောင်မှုများလုပ်ဆောင်နိုင်မည့် အယ်လ်ဘမ်တစ်ခုဖြစ်ကြောင်း ပြောဆိုမှုများ လည်း ရှိသည်။ ဂျင်းနီသည် Mantra သီချင်းဖြင့် အမေရိကန်၊ ဘရာဇီး၊ စင်ကာပူ၊ ဖိလစ်ပိုင် နှင့် မက္ကဆီကိုတို့ အပါအဝင် နိုင်ငံနှင့်ဒေသ(၄၇)ခုရှိ iTunes ထိပ်တန်းသီချင်းများ ဇယားတွင် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး အောင်မြင်မှုများကို တက်လက်ဆွတ်ခူးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် Mantra သီချင်းသည် Billboard Hot 100 ဇယားတွင် သီတင်းပတ်(၂)ပတ်ဆက်တိုက် ပါဝင်ခဲ့ပြီး ဂျင်းနီသည် အမေရိကန် iTunes Top Songs ဇယားတွင် နံပါတ်တစ်နေရာကို ရယူနိုင်သည့် ပထမဆုံး K-pop အမျိုးသမီး တစ်ကိုယ်တော်အနုပညာရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ််များသည် Ruby အယ်လ်ဘမ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး ဂျင်းနီက ၎င်း၏ အနုပညာနှင့်ပတ်သက်သောစွမ်းဆောင်ရည်များကို မည်ကဲ့သို့ ထပ်မံထုတ်ဖော်ပြသသွားမလဲဆိုသည်ကို မျှော်လင့် စောင့်ဆိုင်းနေကြကြောင်းလည်း သိရသည်။

ပထမဆုံးတစ္ကိုယ္ေတာ္အယ္လ္ဘမ္ ထြက္ရွိလာေတာ့မည့္ Blackpink အဖြဲ႕ဝင္ဂ်င္းနီ
Pika (NP News) - ဇန္နဝါရီ ၂၂

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသမီးအဆိာေတာ္အဖြဲ႕ Blackpink ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္းနီသည္ ၎၏ ပထမဆုံးတစ္ကိုယ္ေတာ္အယ္လ္ဘမ္ “Ruby” ထြက္ရွိလာမည့္အေၾကာင္းကို တရားဝင္ေၾကညာလိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။ ODDATELIER Entertainment ေအဂ်င္စီ၏ အဆိုအရ ဂ်င္းနီ၏ ပထမဆုံး တစ္ကိုယ္ေတာ္အယ္လ္ဘမ္ “Ruby” သည္ လာမည့္မတ္လ(၇)ရက္တြင္ ထြက္ရွိလာလိမ့္မည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါအယ္လ္ဘမ္တြင္ (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာလက ထြက္ရွိခဲ့ေသာ 'Mantra' သီခ်င္း အပါအဝင္ စုစုေပါင္း သီခ်င္း(၁၅)ပုဒ္ ပါဝင္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ Ruby အယ္လ္ဘမ္သည္ Childish Gambino၊ Doechii၊ Dominic Fike၊ Dua Lipa၊ FKJ ႏွင့္ Kali Uchis ကဲ့သို႔ေသာ ကမာၻေက်ာ္အႏုပညာရွင္မ်ားႏွင့္ ပူးေပါင္းထားၿပီး ကမာၻတစ္ဝွမ္းရွိ ပရိသတ္မ်ားကို ဆြဲေဆာင္မႈမ်ားလုပ္ေဆာင္ႏိုင္မည့္ အယ္လ္ဘမ္တစ္ခုျဖစ္ေၾကာင္း ေျပာဆိုမႈမ်ား လည္း ရွိသည္။ ဂ်င္းနီသည္ Mantra သီခ်င္းျဖင့္ အေမရိကန္၊ ဘရာဇီး၊ စင္ကာပူ၊ ဖိလစ္ပိုင္ ႏွင့္ မကၠဆီကိုတို႔ အပါအဝင္ ႏိုင္ငံႏွင့္ေဒသ(၄၇)ခုရွိ iTunes ထိပ္တန္းသီခ်င္းမ်ား ဇယားတြင္ ထိပ္ဆုံးေနရာကို ရယူႏိုင္ခဲ့ၿပီး ေအာင္ျမင္မႈမ်ားကို တက္လက္ဆြတ္ခူးလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ Mantra သီခ်င္းသည္ Billboard Hot 100 ဇယားတြင္ သီတင္းပတ္(၂)ပတ္ဆက္တိုက္ ပါဝင္ခဲ့ၿပီး ဂ်င္းနီသည္ အေမရိကန္ iTunes Top Songs ဇယားတြင္ နံပါတ္တစ္ေနရာကို ရယူႏိုင္သည့္ ပထမဆုံး K-pop အမ်ိဳးသမီး တစ္ကိုယ္ေတာ္အႏုပညာရွင္ ျဖစ္လာခဲ့ေၾကာင္း သိရသည္။
ကမာၻတစ္ဝွမ္းရွိ ပရိသတ္္မ်ားသည္ Ruby အယ္လ္ဘမ္အတြက္ ရင္ခုန္စိတ္လႈပ္ရွားေနၾကၿပီး ဂ်င္းနီက ၎၏ အႏုပညာႏွင့္ပတ္သက္ေသာစြမ္းေဆာင္ရည္မ်ားကို မည္ကဲ့သို႔ ထပ္မံထုတ္ေဖာ္ျပသသြားမလဲဆိုသည္ကို ေမွ်ာ္လင့္ ေစာင့္ဆိုင္းေနၾကေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.