ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို စုံစမ်းစစ်ဆေးမယ်လို့ ကုလသမဂ္ဂ ပြော

 729

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၄

ကုလသမဂ္ဂအဖွဲ့ရဲ့အကြီးတန်းအရာရှိတစ်ဦးကရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီတွေအပေါ် AA အဖွဲ့ကအနိုင်ကျင့်ခဲ့ တယ်လို့ စွပ်စွဲချက်တွေရှိခဲ့ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို စုံစမ်းစစ်ဆေးသွားဖွယ်ရှိတယ်လို့ အတည်ပြုခဲ့ပါ တယ်။ ကုလသမဂ္ဂလူအခွင့်အရေးကောင်စီက မြန်မာနိုင်ငံအတွက် တည်ထောင်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMM အဖွဲ့အကြီးအကဲ နီကိုလပ် ခွန်ဂျန်က "လူမျိုး၊ ဘာသာ၊ တိုင်းရင်းသားနဲ့ပတ်သက်ပြီး ခွဲခြားဆက်ဆံခံရတာ၊အနိုင်ကျင့်ခံရတာတွေနဲ့ပတ်သက်ပြီး ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ သက်သေအချက်လက်တွေ စုဆောင်းဖို့ ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါကြောင့် ရခိုင် တပ်မတော် AA နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေဟာ ကြီးလေးတဲ့ရာဇဝတ်မှုတွေ ကျူးလွန်မှုရှိ/မရှိဆိုတာကို စုံစမ်း သက်သေပြနိုင်အောင် အဓိကထား လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ကုလသမဂ္ဂအဖွဲ့ဟာ AA အဖွဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အပါအဝင် စွပ်စွဲခံရတဲ့ ရာဇဝတ်မှု တွေနဲ့ပတ်သက်ပြီး သတင်းအချက်လက်တွေပေးဖို့ တောင်းဆိုထားတယ်လို့ IIMM အဖွဲ့အကြီးအကဲ နီကိုလပ်ခွန်ဂျန်က ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ အကြီးအကဲက " ကျွန်တော်တို့ဟာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်လက်တွေ၊ အထောက်အထားတွေ အပါအဝင် တုံ့ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ AA အဖွဲ့ထံကနေ တုံ့ပြန်မှုတွေ လက်ခံမရရှိသေးဘူး။ အဲဒီအတွက်လည်း ကျွန်တော်တို့ဟာ AA အဖွဲ့ရဲ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်။ ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ပိုမိုရယူနိုင်အောင် AA အဖွဲ့ကို တောင်းဆိုမှုတွေကို ထပ်မံလုပ်ဆောင်သွားမယ်။ ကျွန်တော်တို့အဖွဲ့ဟာ ဆိုးရွားတဲ့နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီး သက်သေအထောက် အထား၊ အချက်လက်တွေစုဆောင်းနေတာကို မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့လက်နက်ကိုင်တိုက်ပွဲတွေမှာ ပါဝင်တဲ့ အဖွဲ့အစည်းအားလုံးကို သိစေလိုတယ်။ အဲဒီကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် တစ်နေ့မှာ တရားမျှတမှု၊ အမှန်တရားရအောင် ပြန်လုပ်သွားမယ်။ မြန်မာနိုင်ငံမှာ အခြားလက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တဲ့ ရာဇဝတ်မှု တွေနဲ့ပတ်သက်ပြီး သက်သေတွေရရှိထားတယ်။ အဲဒီသက်သေအချက်လက်တွေဟာ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ထဲ ရောက်ရှိလာခဲ့တယ်။ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စံနှုန်းအရည်အသွေး ကိုက်ညီမယ်ဆိုရင် တတ်နိုင်သမျှသတင်းအချက်လက်တွေကို စုဆောင်းသွားမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။

Zawgyi Version;
ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကို စုံစမ္းစစ္ေဆးမယ္လို႔ ကုလသမဂၢ ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၄

ကုလသမဂၢအဖြဲ႕ရဲ႕အႀကီးတန္းအရာရွိတစ္ဦးကရခိုင္ျပည္နယ္အတြင္းရွိ ဘဂၤါလီေတြအေပၚ AA အဖြဲ႕ကအႏိုင္က်င့္ခဲ့ တယ္လို႔ စြပ္စြဲခ်က္ေတြရွိခဲ့ၿပီး ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကို စုံစမ္းစစ္ေဆးသြားဖြယ္ရွိတယ္လို႔ အတည္ျပဳခဲ့ပါ တယ္။ ကုလသမဂၢလူအခြင့္အေရးေကာင္စီက ျမန္မာႏိုင္ငံအတြက္ တည္ေထာင္ထားတဲ့ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာစုံစမ္းစစ္ေဆးမႈယႏၲရား IIMM အဖြဲ႕အႀကီးအကဲ နီကိုလပ္ ခြန္ဂ်န္က "လူမ်ိဳး၊ ဘာသာ၊ တိုင္းရင္းသားနဲ႔ပတ္သက္ၿပီး ခြဲျခားဆက္ဆံခံရတာ၊အႏိုင္က်င့္ခံရတာေတြနဲ႔ပတ္သက္ၿပီး က်ဴးလြန္မႈေတြကို စုံစမ္းစစ္ေဆးဖို႔၊ သက္ေသအခ်က္လက္ေတြ စုေဆာင္းဖို႔ ကြၽန္ေတာ္တို႔မွာ လုပ္ပိုင္ခြင့္ရွိပါတယ္။ ဒါေၾကာင့္ ရခိုင္ တပ္မေတာ္ AA နဲ႔ အျခားလက္နက္ကိုင္အဖြဲ႕ေတြဟာ ႀကီးေလးတဲ့ရာဇဝတ္မႈေတြ က်ဴးလြန္မႈရွိ/မရွိဆိုတာကို စုံစမ္း သက္ေသျပႏိုင္ေအာင္ အဓိကထား လုပ္ေဆာင္ရမယ္" လို႔ ေျပာပါတယ္။
လက္ရွိအခ်ိန္မွာ ကုလသမဂၢအဖြဲ႕ဟာ AA အဖြဲ႕ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြ အပါအဝင္ စြပ္စြဲခံရတဲ့ ရာဇဝတ္မႈ ေတြနဲ႔ပတ္သက္ၿပီး သတင္းအခ်က္လက္ေတြေပးဖို႔ ေတာင္းဆိုထားတယ္လို႔ IIMM အဖြဲ႕အႀကီးအကဲ နီကိုလပ္ခြန္ဂ်န္က ေျပာပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာလြတ္လပ္ေသာစုံစမ္းစစ္ေဆးမႈယႏၲရားအဖြဲ႕ အႀကီးအကဲက " ကြၽန္ေတာ္တို႔ဟာ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကို ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တယ္ဆိုတဲ့ စြပ္စြဲမႈေတြနဲ႔ ပတ္သက္ၿပီး သတင္းအခ်က္လက္ေတြ၊ အေထာက္အထားေတြ အပါအဝင္ တုံ႔ျပန္ေပးဖို႔ ေတာင္းဆိုထားပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ AA အဖြဲ႕ထံကေန တုံ႔ျပန္မႈေတြ လက္ခံမရရွိေသးဘူး။ အဲဒီအတြက္လည္း ကြၽန္ေတာ္တို႔ဟာ AA အဖြဲ႕ရဲ႕တုံ႔ျပန္မႈကို ေစာင့္ဆိုင္းေနတယ္။ ရာဇဝတ္မႈေတြက်ဴးလြန္ခဲ့တယ္ဆိုတဲ့စြပ္စြဲမႈေတြနဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္ေတြကို ပိုမိုရယူႏိုင္ေအာင္ AA အဖြဲ႕ကို ေတာင္းဆိုမႈေတြကို ထပ္မံလုပ္ေဆာင္သြားမယ္။ ကြၽန္ေတာ္တို႔အဖြဲ႕ဟာ ဆိုး႐ြားတဲ့ႏိုင္ငံတကာရာဇဝတ္မႈေတြ က်ဴးလြန္မႈေတြနဲ႔ပတ္သက္ၿပီး သက္ေသအေထာက္ အထား၊ အခ်က္လက္ေတြစုေဆာင္းေနတာကို ျမန္မာႏိုင္ငံမွာျဖစ္ပြားေနတဲ့လက္နက္ကိုင္တိုက္ပြဲေတြမွာ ပါဝင္တဲ့ အဖြဲ႕အစည္းအားလုံးကို သိေစလိုတယ္။ အဲဒီက်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈအတြက္ တစ္ေန႔မွာ တရားမွ်တမႈ၊ အမွန္တရားရေအာင္ ျပန္လုပ္သြားမယ္။ ျမန္မာႏိုင္ငံမွာ အျခားလက္နက္ကိုင္အဖြဲ႕ေတြက က်ဴးလြန္တဲ့ ရာဇဝတ္မႈ ေတြနဲ႔ပတ္သက္ၿပီး သက္ေသေတြရရွိထားတယ္။ အဲဒီသက္ေသအခ်က္လက္ေတြဟာ ကြၽန္ေတာ္တို႔ လုပ္ပိုင္ခြင့္ထဲ ေရာက္ရွိလာခဲ့တယ္။ ႏိုင္ငံတကာရာဇဝတ္မႈေတြ က်ဴးလြန္တယ္ဆိုတဲ့ စံႏႈန္းအရည္အေသြး ကိုက္ညီမယ္ဆိုရင္ တတ္ႏိုင္သမွ်သတင္းအခ်က္လက္ေတြကို စုေဆာင္းသြားမွာျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.