ရခိုင်လက်နက်ကိုင်အဖွဲ AA ကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ လူအခွင့်ရေးအဖွဲ့တစ်ခုကလည်း တောင်းဆို

494

ဂျန်ဇက် (NP News) - ဇန်နဝါရီလ ၂၄
နိုင်ငံတကာ လူအခွင့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ဖော်တီဖိုင်းရိုက် Fortify Right အဖွဲ့ကလည်း နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကို ရခိုင်လက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့စစ်သုံပန်းတွေကို သတ်ခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက ပေါက်ကြားခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ AA အဖွဲ့ဝင်တွေဟာ နစကတပ်ဖွဲ့ဝင်တွေကိုညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့တယ်လို့ Fortify Right အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဖော်တီဖိုင်း ရိုက် Fortify Right အဖွဲ့က နိုင်ငံတကာရာဇဝတ်တရားရုံး ICC အနေနဲ့ ရခိုင်ပြည်နယ်အတွင်းရှိ AA တပ်ဖွဲ့ဝင်များရဲ့ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ ဇန်နဝါရီလ ၂၃ ရက်မှာ တိုက်တွန်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက ထပ်မံပေါက်ကြားလာတဲ့ ရုပ်သံဖိုင်ထဲမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင်တွေ နဲ့ အရပ်ဝတ်တွေဟာ ဖမ်းဆီးခံထားရသူနှစ်ဦးကို သတ်တာမျိုးလုပ်ဆောင်ခဲ့တယ်လို့ Fortify Right အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံ နဲ့ ဆွတ်ဇာလန်နိုင်ငံမှာ မှတ်ပုံတင်ထားပြီး အရှေ့တောင်အာရှအခြေစိုက် လွတ်လပ်တဲ့ လူအခွင့်အရေးအဖွဲ့စည်းတစ်ခုဖြစ်တဲ့ Fortify Right အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ ဧဂျက်ဇ် မင်းခန့်က "အရပ်သားတွေ (သို့မဟုတ်) ဖမ်းဆီးထားတဲ့ ရန်သူတပ်သားတွေကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်တာက စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဖမ်းဆီးထားတဲ့ ရန်သူတပ်သားတွေကို ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျနီဗာကွန်ဗန်းရှင်းရဲ့ကာကွယ်စောင့်ရှောက်မှုတွေ ပေးကာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေကို တရားစွဲဆိုသင့်ပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် Fortify Right အဖွဲ့အနေနဲ့ ပေါက်ကြားခဲ့တဲ့ ရုပ်သံဗွီယိုမှတ်တမ်းနှစ်ခုကို ိစစ်လေ့လာခဲ့ရာ စစ်မှန်မှုရှိတယ်လို့ ယုံကြည်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ၂ မိနစ်နဲ့ ၅၂ စက်ကန့် ကြာမြင့်တဲ့ ပထမရုပ်သံဗွီယို ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က အွန်လိုင်းအပေါ်မှာ မြင့်တွေ့ခဲ့ရပြီး မတူညီတဲ့ ကင်မရာမှ ရိုက်ကူးထားတဲ့ အလားတူဖြစ်ရပ်ရဲ့ဒုတိယရုပ်သံဗွီယိုဟာ သုံးမိနစ်နဲ့ စက္ကန့် ၂၀ ကြာမြင့်တယ်လို့ Fortify Right အဖွဲ့က ဆိုပါတယ်။
အဲဒီရုပ်သံဖိုင်ထဲမှာ အမျိုးသား ၈ ဦးပါဝင်ပြီး တစ်ဦးက ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ စစ်ဝတ်စုံ အပြည့်ဝတ်ဆင်ထားကာ အခြား AA တပ်ဖွဲ့ဝင် သုံးဦးက စစ်ဝတ်စစ်သားအချို့ဝတ်ဆင်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အခြား AA တပ်ဖွဲ့ဝင် များက အရပ်သားဝတ်စုံတွေ ဝတ်ဆင်ထားပြီး ဓါးရှည်များ အပါအဝင်စစ်ဘက်ဆိုင်ရာ လက်နက်များကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ အဲဒီ ရုပ်သံဖိုင်ထဲမှာကြားနေရတဲ့စကားတွေဟာ ရခိုင်ဘာသာစကားဖြစ်ပြီး မြေပြင်ပေါ်ရှိလူနှစ်ဦးရဲ့မျက်နှာ၊ကျောကုန်း၊ ဦးခေါင်းတို့ကိုအနည်းဆုံး ၁၂ ချက်ကန်ကြောက်ခဲ့တယ်လို့ Fortify Right အဖွဲ့က ဆိုပါတယ်။ ရုပ်သံဖိုင်မှတ်တမ်းတွေအရ ရခိုင်လက်နက်ကိုင် AA အဖွဲ့ရဲ့ ကွပ်ကဲမှုဆိုင်ရာတာဝန်ယူမှုကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ Fortify Right အဖွဲ့က ဆိုပါတယ်။
Fortify Right အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ ဧဂျက်ဇ် မင်းခန့်က "ပြစ်မှုကျူးလွန်နေသူတွေဟာ စစ်ရာဇဝတ်မှုကို ပေါ့ပေါ့ပါးပါး ကျူးလွှန်နေတာကို မှတ်တမ်းတင်ရိုက်ကူးထားပြီး သူတို့ကိုယ်တိုင်လက်ခံနေတာတွေ့ရတယ်။ ဒါဟာ AA တပ်ဖွဲ့ဝင် များအတွင်း နက်နဲ ၊ အကျည်းတန်တဲ့ အပြစ်တွေ ကျူးလွန်ပမယ့် အပြစ်ပေးခံရခြင်းက ကင်းလွတ်နေတဲ့ အစဉ်အလာတစ်ခုကို ပြသလိုက်တာဖြစ်တယ်" လို့ ပြောပါတယ်။
Zawgyi Version:
ရခိုင္လက္နက္ကိုင္အဖြဲ AA ကို စုံစမ္းစစ္ေဆးဖို႔ ႏိုင္ငံတကာ လူအခြင့္ေရးအဖြဲ႕တစ္ခုကလည္း ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီလ ၂၄
ႏိုင္ငံတကာ လူအခြင့္ေရးအဖြဲ႕တစ္ခုျဖစ္တဲ့ ေဖာ္တီဖိုင္း႐ိုက္ Fortify Right အဖြဲ႕ကလည္း ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC ကို ရခိုင္လက္နက္ကိုင္အဖြဲ႕ဝင္ေတြရဲ႕စစ္သုံပန္းေတြကို သတ္ခဲ့တာနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးဖို႔ ထပ္မံတိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။
မၾကာေသးမီက ေပါက္ၾကားခဲ့တဲ့ ႐ုပ္သံဗြီဒီယိုဖိုင္ထဲမွာ AA အဖြဲ႕ဝင္ေတြဟာ နစကတပ္ဖြဲ႕ဝင္ေတြကိုညႇင္းပန္းႏွိပ္စက္ကာ သတ္ျဖတ္တာေတြလုပ္ေဆာင္ခဲ့တယ္လို႔ Fortify Right အဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။
ေဖာ္တီဖိုင္း ႐ိုက္ Fortify Right အဖြဲ႕က ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC အေနနဲ႔ ရခိုင္ျပည္နယ္အတြင္းရွိ AA တပ္ဖြဲ႕ဝင္မ်ားရဲ႕က်ဴးလြန္တဲ့ရာဇဝတ္မႈေတြကို စုံစမ္းစစ္ေဆးသင့္တယ္လို႔ ဇန္နဝါရီလ ၂၃ ရက္မွာ တိုက္တြန္းေတာင္းဆိုခဲ့တာျဖစ္ပါတယ္။ မၾကာေသးမီက ထပ္မံေပါက္ၾကားလာတဲ့ ႐ုပ္သံဖိုင္ထဲမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ဝင္ေတြ နဲ႔ အရပ္ဝတ္ေတြဟာ ဖမ္းဆီးခံထားရသူႏွစ္ဦးကို သတ္တာမ်ိဳးလုပ္ေဆာင္ခဲ့တယ္လို႔ Fortify Right အဖြဲ႕ရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။
အေမရိကန္ႏိုင္ငံ နဲ႔ ဆြတ္ဇာလန္ႏိုင္ငံမွာ မွတ္ပုံတင္ထားၿပီး အေရွ႕ေတာင္အာရွအေျခစိုက္ လြတ္လပ္တဲ့ လူအခြင့္အေရးအဖြဲ႕စည္းတစ္ခုျဖစ္တဲ့ Fortify Right အဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးေရးတာဝန္ခံတစ္ဦးျဖစ္တဲ့ ဧဂ်က္ဇ္ မင္းခန႔္က "အရပ္သားေတြ (သို႔မဟုတ္) ဖမ္းဆီးထားတဲ့ ရန္သူတပ္သားေတြကို ညႇင္းပန္းႏွိပ္စက္ၿပီး သတ္ျဖတ္တာက စစ္ရာဇဝတ္မႈေျမာက္ပါတယ္။ ဖမ္းဆီးထားတဲ့ ရန္သူတပ္သားေတြကို ဂုဏ္သိကၡာရွိရွိ ဆက္ဆံသင့္ၿပီး ဂ်နီဗာကြန္ဗန္းရွင္းရဲ႕ကာကြယ္ေစာင့္ေရွာက္မႈေတြ ေပးကာ စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့သူေတြကို တရားစြဲဆိုသင့္ပါတယ္" လို႔ ေျပာပါတယ္။
ဒါ့အျပင္ Fortify Right အဖြဲ႕အေနနဲ႔ ေပါက္ၾကားခဲ့တဲ့ ႐ုပ္သံဗြီယိုမွတ္တမ္းႏွစ္ခုကို ိစစ္ေလ့လာခဲ့ရာ စစ္မွန္မႈရွိတယ္လို႔ ယုံၾကည္တယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။ ၂ မိနစ္နဲ႔ ၅၂ စက္ကန႔္ ၾကာျမင့္တဲ့ ပထမ႐ုပ္သံဗြီယို ကို ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္က အြန္လိုင္းအေပၚမွာ ျမင့္ေတြ႕ခဲ့ရၿပီး မတူညီတဲ့ ကင္မရာမွ ႐ိုက္ကူးထားတဲ့ အလားတူျဖစ္ရပ္ရဲ႕ဒုတိယ႐ုပ္သံဗြီယိုဟာ သုံးမိနစ္နဲ႔ စကၠန႔္ ၂၀ ၾကာျမင့္တယ္လို႔ Fortify Right အဖြဲ႕က ဆိုပါတယ္။
အဲဒီ႐ုပ္သံဖိုင္ထဲမွာ အမ်ိဳးသား ၈ ဦးပါဝင္ၿပီး တစ္ဦးက ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ရဲ႕ စစ္ဝတ္စုံ အျပည့္ဝတ္ဆင္ထားကာ အျခား AA တပ္ဖြဲ႕ဝင္ သုံးဦးက စစ္ဝတ္စစ္သားအခ်ိဳ႕ဝတ္ဆင္ထားတယ္လို႔ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အျခား AA တပ္ဖြဲ႕ဝင္ မ်ားက အရပ္သားဝတ္စုံေတြ ဝတ္ဆင္ထားၿပီး ဓါးရွည္မ်ား အပါအဝင္စစ္ဘက္ဆိုင္ရာ လက္နက္မ်ားကိုင္ေဆာင္ထားတယ္လို႔ ဆိုပါတယ္။ အဲဒီ ႐ုပ္သံဖိုင္ထဲမွာၾကားေနရတဲ့စကားေတြဟာ ရခိုင္ဘာသာစကားျဖစ္ၿပီး ေျမျပင္ေပၚရွိလူႏွစ္ဦးရဲ႕မ်က္ႏွာ၊ေက်ာကုန္း၊ ဦးေခါင္းတို႔ကိုအနည္းဆုံး ၁၂ ခ်က္ကန္ေၾကာက္ခဲ့တယ္လို႔ Fortify Right အဖြဲ႕က ဆိုပါတယ္။ ႐ုပ္သံဖိုင္မွတ္တမ္းေတြအရ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ရဲ႕ ကြပ္ကဲမႈဆိုင္ရာတာဝန္ယူမႈကို ေမးခြန္းထုတ္စရာ ျဖစ္လာတယ္လို႔ Fortify Right အဖြဲ႕က ဆိုပါတယ္။
Fortify Right အဖြဲ႕ရဲ႕ စုံစမ္းစစ္ေဆးေရးတာဝန္ခံတစ္ဦးျဖစ္တဲ့ ဧဂ်က္ဇ္ မင္းခန႔္က "ျပစ္မႈက်ဴးလြန္ေနသူေတြဟာ စစ္ရာဇဝတ္မႈကို ေပါ့ေပါ့ပါးပါး က်ဴးလႊန္ေနတာကို မွတ္တမ္းတင္႐ိုက္ကူးထားၿပီး သူတို႔ကိုယ္တိုင္လက္ခံေနတာေတြ႕ရတယ္။ ဒါဟာ AA တပ္ဖြဲ႕ဝင္ မ်ားအတြင္း နက္နဲ ၊ အက်ည္းတန္တဲ့ အျပစ္ေတြ က်ဴးလြန္ပမယ့္ အျပစ္ေပးခံရျခင္းက ကင္းလြတ္ေနတဲ့ အစဥ္အလာတစ္ခုကို ျပသလိုက္တာျဖစ္တယ္" လို႔ ေျပာပါတယ္။