ရုရှားပူတင် နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ကြောင်း ယူကရိန်းသမ္မတ ထုတ်ဖော်ပြောဆို

 268

Pika (NP News) - ဇန်နဝါရီ ၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယူကရိန်းအတွက် လုံလောက်သော လုံခြုံရေးအာမခံချက်များပေးနိုင်မည်ဆိုပါက ရုရှားသမ္မတပူတင် နှင့် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့သည်။
ခါဆွန်၊ ဇာပိုရိုဇီရာ၊ လူဟန့်စ် နှင့် ဒွန်းညက်စ်ဒေသတို့သည် လူထုဆန္ဒခံယူပွဲများ လုပ်ဆောင်ကာ ရုရှား၏ တရားဝင်အစိတ်အပိုင်းများဖြစ်လာခဲ့ပြီးနောက် (၂၀၂၂)ခုနှစ်တွင် ဇီလန်စကီးသည် ပူတင်နှင့်မည်သည့်ဆွေးနွေးပွဲမှ မလုပ်ဆောင်ရန် တားမြစ်ထားသော အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါဥပဒေသည် လက်ရှိအချိန်အထိ အသက်ဝင်နေဆဲဖြစ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရေးဆီဘီဂါက ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ဇန်နဝါရီလ(၂၂)ရက်က Bloomberg သတင်းဌာနနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုအတွင်း ဇီလန်စကီးသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏သဘောထားအမြင် ပြောင်းလဲမှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

ပူတင် နှင့် ဆွေးနွေးမှုများ မလုပ်ဆောင်မီ ယူကရိန်းအတွက် လုံခြုံရေးကတိကဝတ်တစ်ခုကို ဒေါ်နယ်ထရမ့်ထံမှ ရယူလိုသည်ဟု ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။

ဇီလန်စကီးက "တစ်ခုတည်းသောအချက်က လုံခြုံရေးအာမခံချက်က ဘာလဲဆိုတာကို ဆွေးနွေးမှုတွေ မလုပ်ဆောင်ခင်မှာ ရှင်းရှင်းလင်းလင်းနားလည်စေချင်ပါတယ်။ ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တစ်ခုကိုသာ ဒေါ်နယ်ထရမ့်က ကတိပြုနိုင်ခဲ့မယ်ဆိုရင် ဒီသံတမန်လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားမှာပါ” ဟု ပြောခဲ့သည်။

ဇီလန်စကီးအနေဖြင့် ရွေးကောက်ပွဲကျင်းပကာ အနိုင်ရရှိခဲ့ပြီး ၎င်း၏တရားဝင်အာဏာကို ပြန်လည်ရရှိခဲ့မည်ဆိုမှသာ ဆွေးနွေးမှုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပူတင်က ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်ပြောခဲ့ဖူးသည်။
ဇီလန်စကီးသည် ပြီးခဲ့သည့်နှစ်မေလတွင် သမ္မတရာထူးသက်တမ်း တရားဝင်ကုန်ဆုံးသွားသော်လည်း လက်ရှိအချိန်အထိ အာဏာရှိနေဆဲဖြစ်ကြောင်း သိရသည်။ ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲကြောင့် ချမှတ်ထားသည့်စစ်အုပ်ချုပ်ရေးဥပဒေကို ကိုးကားပြီး သမ္မတရွေးကောက်ပွဲကို ဇီလန်စကီးက ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
႐ုရွားပူတင္ ႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ႏိုင္ေၾကာင္း ယူကရိန္းသမၼတ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ဇန္နဝါရီ ၂၅

အေမရိကန္သမၼတေဒၚနယ္ထရမ့္က ယူကရိန္းအတြက္ လုံေလာက္ေသာ လုံၿခဳံေရးအာမခံခ်က္မ်ားေပးႏိုင္မည္ဆိုပါက ႐ုရွားသမၼတပူတင္ ႏွင့္ တိုက္႐ိုက္ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား လုပ္ေဆာင္ႏိုင္ေၾကာင္း ယူကရိန္းသမၼတဇီလန္စကီးက ထုတ္ေဖာ္ေျပာခဲ့သည္။
ခါဆြန္၊ ဇာပို႐ိုဇီရာ၊ လူဟန႔္စ္ ႏွင့္ ဒြန္းညက္စ္ေဒသတို႔သည္ လူထုဆႏၵခံယူပြဲမ်ား လုပ္ေဆာင္ကာ ႐ုရွား၏ တရားဝင္အစိတ္အပိုင္းမ်ားျဖစ္လာခဲ့ၿပီးေနာက္ (၂၀၂၂)ခုႏွစ္တြင္ ဇီလန္စကီးသည္ ပူတင္ႏွင့္မည္သည့္ေဆြးေႏြးပြဲမွ မလုပ္ေဆာင္ရန္ တားျမစ္ထားေသာ အမိန႔္ကိုလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

အဆိုပါဥပေဒသည္ လက္ရွိအခ်ိန္အထိ အသက္ဝင္ေနဆဲျဖစ္ေၾကာင္း ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး အန္ဒေရးဆီဘီဂါက ယခုလအေစာပိုင္းတြင္ ထုတ္ျပန္ခဲ့သည္။ သို႔ေသာ္လည္း ဇန္နဝါရီလ(၂၂)ရက္က Bloomberg သတင္းဌာနႏွင့္ျပဳလုပ္ခဲ့ေသာ အင္တာဗ်ဴးတစ္ခုအတြင္း ဇီလန္စကီးသည္ အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ၎၏သေဘာထားအျမင္ ေျပာင္းလဲမႈမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ပူတင္ ႏွင့္ ေဆြးေႏြးမႈမ်ား မလုပ္ေဆာင္မီ ယူကရိန္းအတြက္ လုံၿခဳံေရးကတိကဝတ္တစ္ခုကို ေဒၚနယ္ထရမ့္ထံမွ ရယူလိုသည္ဟု ဇီလန္စကီးက ထုတ္ေဖာ္ေျပာဆိုခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တစ္ခုအရ သိရသည္။

ဇီလန္စကီးက "တစ္ခုတည္းေသာအခ်က္က လုံၿခဳံေရးအာမခံခ်က္က ဘာလဲဆိုတာကို ေဆြးေႏြးမႈေတြ မလုပ္ေဆာင္ခင္မွာ ရွင္းရွင္းလင္းလင္းနားလည္ေစခ်င္ပါတယ္။ ယူကရိန္းအတြက္ ခိုင္မာတဲ့ လုံၿခဳံေရးအာမခံခ်က္တစ္ခုကိုသာ ေဒၚနယ္ထရမ့္က ကတိျပဳႏိုင္ခဲ့မယ္ဆိုရင္ ဒီသံတမန္လမ္းေၾကာင္းအတိုင္း ဆက္လက္ေလွ်ာက္လွမ္းသြားမွာပါ” ဟု ေျပာခဲ့သည္။

ဇီလန္စကီးအေနျဖင့္ ေ႐ြးေကာက္ပြဲက်င္းပကာ အႏိုင္ရရွိခဲ့ၿပီး ၎၏တရားဝင္အာဏာကို ျပန္လည္ရရွိခဲ့မည္ဆိုမွသာ ေဆြးေႏြးမႈလုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း ပူတင္က ၿပီးခဲ့သည့္ႏွစ္တြင္ ထုတ္ျပန္ေျပာခဲ့ဖူးသည္။
ဇီလန္စကီးသည္ ၿပီးခဲ့သည့္ႏွစ္ေမလတြင္ သမၼတရာထူးသက္တမ္း တရားဝင္ကုန္ဆုံးသြားေသာ္လည္း လက္ရွိအခ်ိန္အထိ အာဏာရွိေနဆဲျဖစ္ေၾကာင္း သိရသည္။ ႐ုရွားႏွင့္ျဖစ္ပြားေနေသာစစ္ပြဲေၾကာင့္ ခ်မွတ္ထားသည့္စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ကိုးကားၿပီး သမၼတေ႐ြးေကာက္ပြဲကို ဇီလန္စကီးက ဖ်က္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.