ရွှေကုက္ကိုလ်မှာ လူ ၁ သိန်းရှိတယ်ဆိုတာ ဖြစ်နိုင်သလား

 4729

လင်းနိုင်(NP News) - ဇန်နဝါရီ ၂၅

ပြီးခဲ့တဲ့ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ လိမ်လည်လှည့်ဖြားခံရပြီး ထိုင်း-မြန်မာ နယ်စပ် မြဝတီအနီးက ရွှေကုက္ကိုလ်မြို့မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတစ်ခုမှာ ရောင်းစားခံခဲ့ ရတယ်ဆိုတဲ့ တရုတ်နိုင်ငံသား သရုပ်ဆောင် Wang Xing ရဲ့ သတင်းဟာ လူမှုကွန်ရက်အွန်လိုင်း အသုံးပြုသူတွေ ကြားမှာ ဟိုးလေးတကျော်ဖြစ်ခဲ့သလို အဲဒီကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံ ကို စွပ်စွဲပြောဆို ဝေဖန်မှုတချို့ရှိလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် ကစလို့ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရက ပူးပေါင်းပြီး ထိထိရောက်ရောက် နှိမ်နင်းဖမ်းဆီးအရေးယူတာတွေ၊ မြန်မာနိုင်ငံအတွင်းက ဖမ်းဆီးရမိတဲ့ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တွေကို တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်း ပေးအပ်တာတွေကိုပြုလုပ်ခဲ့ပါတယ်။
အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေဟာ တရုတ်-မြန်မာနယ်စပ် တလျှောက်က မြို့တွေဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ လောက်ကိုင် အစရှိတဲ့မြို့တွေနဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အနီးက ရွှေကုက္ကိုလ်မြို့မှာ ကျားဖြန့်လုပ်ငန်းတွေကို အများဆုံးလုပ်ကိုင်ကြတယ်လို့လည်း ဝေဖန် ပြောဆိုနေကြပါတယ်။ တချို့ပြောဆိုမှုတွေမှာဆိုရင် ရွှေကုက္ကိုလ်မှာနေတာ လူပေါင်း ၁ သိန်း လောက်ရှိတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါနဲ့ဆက်စပ်ပြီး သေချာပြန် စဉ်းစားကြည့်ရင် လူပေါင်း ၁ သိန်းဆိုတဲ့ အရေအတွက်ဟာ နည်းတဲ့ပမာဏမဟုတ်ပါဘူး။ ဒီလူ ၁ သိန်းအတွက် စားစရိတ်တစ်ခုပဲ တွက်ကြည့်ပါဦး။ ဆန်တစ်အိတ်ကို ၁ ရက် လူဘယ်နှယောက် စားလို့ရမလဲစဉ်းစားကြည့်ပါ။ အကြမ်းဖျဉ်း ဆန်တစ်အိတ်ကို ၁ ရက်စားရင် လူအယောက် ၁၀၀ လောက်စားနိုင်တယ်ပဲထားပါစို့။ အဲဒီတော့ လူ ၁ သိန်း စားဖို့အတွက် တစ်ရက်ကို အကြမ်းဖျဉ်း ဆန်အိတ်ပေါင်း ၁၀၀၀ အိတ် နီးပါးလောက်လိုနေပြီ။ ဆန်အိတ်ပေါင်း ၁၀၀၀ အိတ်ဆိုရင် ပျမ်းမျှ ဆန်တန်ချိန် ၅၀ တန်လောက် ရှိတယ်။ ဒါဟာ တစ်ရက်စားဖို့အတွက်သာဖြစ်ပါတယ်။
ရွှေကုက္ကိုလ်မှာ တကယ်သာ လူပေါင်း ၁ သိန်းရှိတယ်ဆိုရင် အဲဒီလူတွေအတွက်စားဖို့ ဆန်အိတ်အရေအတွက် တစ်ရက်ကို ဆန်တန်ချိန် ၅၀ တန်ခန့်ရှိပြီး ပြည်မထဲကနေ မြဝတီပို့တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်ချေအရှိဆုံးကတော့ ထိုင်းနိုင်ငံကနေ ရဖို့ပဲရှိပါတယ်။ ဒါဟာ စားဖို့အတွက် ဆန်တစ်မျိုးပဲရှိပါသေးတယ်။ အခြား စားသောက်ကုန်တွေ၊ လူသုံးကုန်ပစ္စည်းတွေ မပါသေးဘူး။ ဒီလောက်များပြားလှတဲ့လူအရေအတွက်ရဲ့ နေ့စဉ်ကုန်ကျစရိတ်နဲ့ အသုံးပြုမှုအတွက် လိုအပ်ချက်တွေဘယ်လောက် ရှိမယ်ဆိုတာ စဉ်းစားကြည့်လို့ရပါတယ်။ နောက်ပြီး လူပေါင်း ၁ သိန်း ဆိုတာလည်း တကယ်ရှိမနေပါဘူး။ ရှိနေမယ်ဆိုရင်တောင် ထိုင်းနိုင်ငံဘက်ကဝင်ရောက်လာတဲ့ သူတွေပဲဖြစ်မှာပါ။ အဲဒီတော့ ထိုင်းနိုင်ငံဘက်ကလူတွေပါ ဝင်ရောက်နေထိုင်နေတဲ့နေရာမှာ ရေရှည်ရပ်တည်ဖို့အတွက် စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေဟာလည်း ပြည်မထဲကနေ ရရှိနေတာမျိုးမဟုတ်ဘဲ ထိုင်းနိုင်ငံဘက်ကနေရနေတယ်ဆိုတာ ဖြစ်နိုင်ချေအရှိဆုံးလို့ သုံးသပ်မိပါတယ်။ သူတို့ရပ်တည်ဖို့အတွက် ထိုင်းနိုင်ငံဘက်က ထောက်ပံ့မှုသာမရရှိရင် အဲဒီလောက်များတဲ့ လူအင်အားက ဘယ်လိုမှရပ်တည်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျားဖြန့်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကိုပဲ ဝေဖန် ပြောဆိုနေလို့မရပါဘူး။ နယ်နိမိတ်ဆက်စပ်နေတဲ့ နိုင်ငံတွေအနေနဲ့လည်း ဒီကိစ္စမှာ တာဝန်ရှိပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လက်လှမ်းမီသလောက် ကျားဖြန့်ဂိုဏ်းတွေကို ဖမ်းဆီးရှင်းလင်းပြီး သက်ဆိုင်ရာနိုင်ငံတွေကိုအပ်နှံခဲ့တာအားလုံး အသိပဲဖြစ်ပါတယ်။ အခု ကျားဖြန့်တွေလုပ်ကိုင်နေတဲ့ အများစုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကြီးစိုးတဲ့ ဒေသတွေဖြစ်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေဟာ နယ်စပ်ဒေသတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ကြီးစိုးတဲ့နေရာတွေမှာရှိနေပြီး အဲဒီနယ်မြေတွေမှာ သူတို့အနေနဲ့ သီးခြားရပ်တည်နေဖို့ ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျားဖြန့်ကိစ္စနဲ့ပတ်သက်ရင် မြန်မာနိုင်ငံကိုပဲ လက်ညှိုးထိုးနေလို့မရဘဲ သက်ဆိုင်ရာ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သူတို့ကိုထောက်ပံ့ပေးနေတဲ့ သူတွေအားလုံးမှာလည်း တာဝန်ရှိပါတယ်။ အချုပ်အနေနဲ့ ပြောရရင်မယ်ဆိုရင် သူတို့ပြောနေတဲ့ လူပေါင်း ၁ သိန်း ရှိတယ်ဆိုတာ ဖြစ်နိုင်ချေ မရှိသလို တကယ်တမ်း ရှိနေတယ်ဆိုရင်တောင် ထိုင်းနိုင်ငံဘက်က ဝင်ရောက်လာတဲ့ သူတွေသာ ဖြစ်နိုင်ပြီး အချိန်ကြာကြာရပ်တည်နိုင်ဖို့ စားသောက်ကုန်တွေနဲ့ လူသုံးကုန်ပစ္စည်းတွေဟာလည်း ထိုင်းနိုင်ငံ ဘက်က ရနေတယ်ဆိုတာ ဖြစ်နိုင်ချေအများဆုံးလို့ တွေးတောသုံးသပ်မိပါတယ်။

Zawgyi Version;
ေ႐ႊကုကၠိဳလ္မွာ လူ ၁ သိန္းရွိတယ္ဆိုတာ ျဖစ္ႏိုင္သလား
လင္းႏိုင္(NP News) - ဇန္နဝါရီ ၂၅

ၿပီးခဲ့တဲ့ ၂ဝ၂၅ ခုႏွစ္၊ ဇန္နဝါရီလအတြင္းမွာ လိမ္လည္လွည့္ျဖားခံရၿပီး ထိုင္း-ျမန္မာ နယ္စပ္ ျမဝတီအနီးက ေ႐ႊကုကၠိဳလ္ၿမိဳ႕မွာရွိတဲ့ က်ားျဖန႔္လုပ္ငန္းတစ္ခုမွာ ေရာင္းစားခံခဲ့ ရတယ္ဆိုတဲ့ တ႐ုတ္ႏိုင္ငံသား သ႐ုပ္ေဆာင္ Wang Xing ရဲ႕ သတင္းဟာ လူမႈကြန္ရက္အြန္လိုင္း အသုံးျပဳသူေတြ ၾကားမွာ ဟိုးေလးတေက်ာ္ျဖစ္ခဲ့သလို အဲဒီက်ားျဖန႔္လုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီးလည္း ျမန္မာႏိုင္ငံ ကို စြပ္စြဲေျပာဆို ေဝဖန္မႈတခ်ိဳ႕ရွိလာတာ ေတြ႕ရပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ ၿပီးခဲ့တဲ့ ၂ဝ၂၃ ခုႏွစ္ ကစလို႔ က်ားျဖန႔္လုပ္ငန္းေတြကို တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံအစိုးရက ပူးေပါင္းၿပီး ထိထိေရာက္ေရာက္ ႏွိမ္နင္းဖမ္းဆီးအေရးယူတာေတြ၊ ျမန္မာႏိုင္ငံအတြင္းက ဖမ္းဆီးရမိတဲ့က်ားျဖန႔္လုပ္ငန္းလုပ္ကိုင္သူ ေတြကို တ႐ုတ္ႏိုင္ငံဘက္ကို ျပန္လည္လႊဲေျပာင္း ေပးအပ္တာေတြကိုျပဳလုပ္ခဲ့ပါတယ္။
အြန္လိုင္းလိမ္လည္မႈ က်ားျဖန႔္လုပ္ငန္းလုပ္ကိုင္သူေတြဟာ တ႐ုတ္-ျမန္မာနယ္စပ္ တေလွ်ာက္က ၿမိဳ႕ေတြျဖစ္တဲ့ မူဆယ္၊ တာခ်ီလိတ္၊ ေလာက္ကိုင္ အစရွိတဲ့ၿမိဳ႕ေတြနဲ႔ ထိုင္း-ျမန္မာနယ္စပ္ ျမဝတီၿမိဳ႕ အနီးက ေ႐ႊကုကၠိဳလ္ၿမိဳ႕မွာ က်ားျဖန႔္လုပ္ငန္းေတြကို အမ်ားဆုံးလုပ္ကိုင္ၾကတယ္လို႔လည္း ေဝဖန္ ေျပာဆိုေနၾကပါတယ္။ တခ်ိဳ႕ေျပာဆိုမႈေတြမွာဆိုရင္ ေ႐ႊကုကၠိဳလ္မွာေနတာ လူေပါင္း ၁ သိန္း ေလာက္ရွိတယ္လို႔ ေျပာဆိုေနၾကပါတယ္။ ဒါနဲ႔ဆက္စပ္ၿပီး ေသခ်ာျပန္ စဥ္းစားၾကည့္ရင္ လူေပါင္း ၁ သိန္းဆိုတဲ့ အေရအတြက္ဟာ နည္းတဲ့ပမာဏမဟုတ္ပါဘူး။ ဒီလူ ၁ သိန္းအတြက္ စားစရိတ္တစ္ခုပဲ တြက္ၾကည့္ပါဦး။ ဆန္တစ္အိတ္ကို ၁ ရက္ လူဘယ္ႏွေယာက္ စားလို႔ရမလဲစဥ္းစားၾကည့္ပါ။ အၾကမ္းဖ်ဥ္း ဆန္တစ္အိတ္ကို ၁ ရက္စားရင္ လူအေယာက္ ၁၀၀ ေလာက္စားႏိုင္တယ္ပဲထားပါစို႔။ အဲဒီေတာ့ လူ ၁ သိန္း စားဖို႔အတြက္ တစ္ရက္ကို အၾကမ္းဖ်ဥ္း ဆန္အိတ္ေပါင္း ၁၀၀၀ အိတ္ နီးပါးေလာက္လိုေနၿပီ။ ဆန္အိတ္ေပါင္း ၁၀၀၀ အိတ္ဆိုရင္ ပ်မ္းမွ် ဆန္တန္ခ်ိန္ ၅၀ တန္ေလာက္ ရွိတယ္။ ဒါဟာ တစ္ရက္စားဖို႔အတြက္သာျဖစ္ပါတယ္။
ေ႐ႊကုကၠိဳလ္မွာ တကယ္သာ လူေပါင္း ၁ သိန္းရွိတယ္ဆိုရင္ အဲဒီလူေတြအတြက္စားဖို႔ ဆန္အိတ္အေရအတြက္ တစ္ရက္ကို ဆန္တန္ခ်ိန္ ၅၀ တန္ခန႔္ရွိၿပီး ျပည္မထဲကေန ျမဝတီပို႔တယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ျဖစ္ႏိုင္ေခ်အရွိဆုံးကေတာ့ ထိုင္းႏိုင္ငံကေန ရဖို႔ပဲရွိပါတယ္။ ဒါဟာ စားဖို႔အတြက္ ဆန္တစ္မ်ိဳးပဲရွိပါေသးတယ္။ အျခား စားေသာက္ကုန္ေတြ၊ လူသုံးကုန္ပစၥည္းေတြ မပါေသးဘူး။ ဒီေလာက္မ်ားျပားလွတဲ့လူအေရအတြက္ရဲ႕ ေန႔စဥ္ကုန္က်စရိတ္နဲ႔ အသုံးျပဳမႈအတြက္ လိုအပ္ခ်က္ေတြဘယ္ေလာက္ ရွိမယ္ဆိုတာ စဥ္းစားၾကည့္လို႔ရပါတယ္။ ေနာက္ၿပီး လူေပါင္း ၁ သိန္း ဆိုတာလည္း တကယ္ရွိမေနပါဘူး။ ရွိေနမယ္ဆိုရင္ေတာင္ ထိုင္းႏိုင္ငံဘက္ကဝင္ေရာက္လာတဲ့ သူေတြပဲျဖစ္မွာပါ။ အဲဒီေတာ့ ထိုင္းႏိုင္ငံဘက္ကလူေတြပါ ဝင္ေရာက္ေနထိုင္ေနတဲ့ေနရာမွာ ေရရွည္ရပ္တည္ဖို႔အတြက္ စားေသာက္ကုန္နဲ႔ လူသုံးကုန္ပစၥည္းေတြဟာလည္း ျပည္မထဲကေန ရရွိေနတာမ်ိဳးမဟုတ္ဘဲ ထိုင္းႏိုင္ငံဘက္ကေနရေနတယ္ဆိုတာ ျဖစ္ႏိုင္ေခ်အရွိဆုံးလို႔ သုံးသပ္မိပါတယ္။ သူတို႔ရပ္တည္ဖို႔အတြက္ ထိုင္းႏိုင္ငံဘက္က ေထာက္ပံ့မႈသာမရရွိရင္ အဲဒီေလာက္မ်ားတဲ့ လူအင္အားက ဘယ္လိုမွရပ္တည္ဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ က်ားျဖန႔္နဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံကိုပဲ ေဝဖန္ ေျပာဆိုေနလို႔မရပါဘူး။ နယ္နိမိတ္ဆက္စပ္ေနတဲ့ ႏိုင္ငံေတြအေနနဲ႔လည္း ဒီကိစၥမွာ တာဝန္ရွိပါတယ္။
ျမန္မာႏိုင္ငံအေနနဲ႔ လက္လွမ္းမီသေလာက္ က်ားျဖန႔္ဂိုဏ္းေတြကို ဖမ္းဆီးရွင္းလင္းၿပီး သက္ဆိုင္ရာႏိုင္ငံေတြကိုအပ္ႏွံခဲ့တာအားလုံး အသိပဲျဖစ္ပါတယ္။ အခု က်ားျဖန႔္ေတြလုပ္ကိုင္ေနတဲ့ အမ်ားစုဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြႀကီးစိုးတဲ့ ေဒသေတြျဖစ္ေနတာကိုေတြ႕ရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္က်ားျဖန႔္လုပ္ငန္းလုပ္ကိုင္ေနတဲ့သူေတြဟာ နယ္စပ္ေဒသေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ေတြ ႀကီးစိုးတဲ့ေနရာေတြမွာရွိေနၿပီး အဲဒီနယ္ေျမေတြမွာ သူတို႔အေနနဲ႔ သီးျခားရပ္တည္ေနဖို႔ ဆိုတာ ဘယ္လိုနည္းနဲ႔မွမျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ က်ားျဖန႔္ကိစၥနဲ႔ပတ္သက္ရင္ ျမန္မာႏိုင္ငံကိုပဲ လက္ညႇိဳးထိုးေနလို႔မရဘဲ သက္ဆိုင္ရာ နယ္နိမိတ္ထိစပ္ေနတဲ့ ႏိုင္ငံေတြ၊ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ သူတို႔ကိုေထာက္ပံ့ေပးေနတဲ့ သူေတြအားလုံးမွာလည္း တာဝန္ရွိပါတယ္။ အခ်ဳပ္အေနနဲ႔ ေျပာရရင္မယ္ဆိုရင္ သူတို႔ေျပာေနတဲ့ လူေပါင္း ၁ သိန္း ရွိတယ္ဆိုတာ ျဖစ္ႏိုင္ေခ် မရွိသလို တကယ္တမ္း ရွိေနတယ္ဆိုရင္ေတာင္ ထိုင္းႏိုင္ငံဘက္က ဝင္ေရာက္လာတဲ့ သူေတြသာ ျဖစ္ႏိုင္ၿပီး အခ်ိန္ၾကာၾကာရပ္တည္ႏိုင္ဖို႔ စားေသာက္ကုန္ေတြနဲ႔ လူသုံးကုန္ပစၥည္းေတြဟာလည္း ထိုင္းႏိုင္ငံ ဘက္က ရေနတယ္ဆိုတာ ျဖစ္ႏိုင္ေခ်အမ်ားဆုံးလို႔ ေတြးေတာသုံးသပ္မိပါတယ္။

Related news

© 2021. All rights reserved.