ရာဂီမုန်တိုင်းဖြစ်ပြီးနောက် အင်းလေးဒေသအတွင်း သောက်သုံးရေလိုအပ်မှုများစွာ ရှိနေ
288
ချယ်ရီ(NP News)-ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်၊ စက်တင်ဘာလမှ စတင်ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်း အရှိန်ကြောင့် အင်းလေးဒေသတွင် လနှင့်ချီသည့် ရေလွှမ်းမိုးမှုများဖြစ်ပြီးနောက် သောက်သုံးရေလိုအပ်မှုများစွာ ရှိနေကြောင်း သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
“ပထမက ရေတွေကြီးတယ်မလား။ ရေတွေကြီးတော့ ကျွန်တော်တို့ ဒီမှာလှူဒါန်းရေးတွေ တောက်လျှောက်လုပ်တယ်။ အဲဒီလိုနဲ့ တောင်ပို့ကြီးကျေးရွာက ရွာခံတစ်ဦးနဲ့တွေ့ပြီးတော့ နောက်ပိုင်းဘာတွေလုပ်ပေးလဲဆိုတော့ အိမ်လေးတွေ၊ဘာလေးတွေ၊ ထရံလေးတွေ ပြင်ပေးတယ်။ ရေကြီးတာ လချီသွားတော့ ထရံတွေဆွေးကုန်လို့ ထရံတွေလဲပေးတယ်။ လုပ်ပေးရင်ကနေပြီးတော့ သူတို့မှာက ဘာအခက်ခဲဖြစ်နေလဲဆိုတော့ သောက်သုံးရေအခက်ခဲဖြစ်နေတယ်။ အဲဒီလို သောက်သုံးရေအခက်ခဲဖြစ်နေတာကို တွေ့တော့ ကျွန်တော်တို့က စိတ်ကူးပေါက်ပြီးတော့ အခုလိုစက်ရေတွင်းလေးတွေ တူးပေးဖြစ်တာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
ထို့နောက် သောက်သုံးရေလိုအပ်သော ကျေးရွာများမှ မိမိတို့တတ်နိုင်သမျှနှင့် ရွာ(၂)ရွာတွင် စက်ရေတွင်း (၄)တွင်း တူးဖော်လုပ်ဆောင်ပေးနေကြောင်း ၎င်းက ဆိုသည်။
“တောင်ပို့ကြီးကျေးရွာမှာ (၂)တွင်း တူးပြီးသွားပြီ။ နောက် (၁)တွင်းတူးဖို့လည်း ရှိသေးတယ်ပေါ့နော်။ ပြီးတော့ နန်းပန်ကနေလည်း အကူအညီတောင်းလာတာပေါ့နော်။ သူတို့မှာလည်း သောက်ရေက အင်မတန်ကို ရှားပါးတယ်ပေါ့။ အဲဒါနဲ့ ကျွန်တော်တို့က ဆက်လုပ်ပေးဖြစ်နေတာပေါ့။ အခြားထူးခြားဖြစ်စဉ်မျိုးနဲ့ လုပ်ပေးနေတာ မဟုတ်ဘူး။ ကျွန်တော်တို့က သာမန်ပဲ သောက်သုံးရေမရရှိတဲ့အတွက် သောက်သုံးရေမရရှိသေးတဲ့ နေရာလေးတွေကို ရေမြင်ပြီးတော့ ရေမသောက်ရတဲ့ဘဝတွေ လျော့အောင်ဆိုပြီး ရေတွင်းလေးတွေ လိုက်တူးပေးနေတာပါ”ဟု ၎င်းက ပြောသည်။
ထိုသို့လုပ်ဆောင်ရာတွင် အင်းလေးဒေသသည် ရေအိုင်ဒေသဖြစ်သောကြောင့် ခက်ခဲမှုများလည်း ရှိနေကြောင်း ၎င်းက ရှင်းပြသည်။
“ဒီတစ်ခေါက်က ရေအရမ်းနက်တော့ ကျွန်တော်တို့ ဖောင်ဒေးရှင်း ချလို့မရဘူး။ အဲဒီတော့ ရေစင်နဲ့လုပ်ရတယ်။ ရေစင်ကို အဲဒီရေထဲမှာပဲ ဆောက်ပြီးတော့ ကျွန်တော်တို့က အဲဒီအပေါ်မှာ သံရေတိုင်ကီကို အတွင်းထဲကို ကွန်ကရစ်လောင်းပြီးတော့ အမာခံရအောင်၊ ရေရှည်ခံအောင် လုပ်ပေးတာပါ။ အခု လုပ်ပေးတဲ့ သောက်သုံးရေကPHက (5.6)လောက်ရတယ်။ ကျွန်တော်တို့ တိုင်းကြည့်ပြီးသွားပြီ။ သောက်သုံးလို့ရတဲ့အဆင့်ထိ ရှိပါတယ်ဗျ “ဟု ၎င်းက ရှင်းပြသည်။
ရေတွင်းတစ်တွင်းကို ကျပ်သိန်းတစ်ရာနှုန်းဖြင့် မိမိတို့တတ်နိုင်သမျှ ကူညီတူးဖော်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ရေတွင်းအတွက် ကုန်ကျစရိတ်ကတော့ တစ်တွင်းကို (၈၇)သိန်းလောက် ကုန်တယ်အစ်မ။ သွားတာလာတာ၊ စားတာ၊ ခရီးစရိတ်နဲ့ပေါင်းလိုက်ရင်တော့ သိန်းတစ်ရာလောက်တော့ ကုန်တယ်။ တစ်တွင်းကို သိန်းတစ်ရာဆိုပြီးတော့ ကျွန်တော်တို့က သတ်မှတ်ပြီးတော့ လုပ်ပေးနေတာပေါ့။ အခုဆို သိန်းလေးရာဘယ်ကတော့မလဲ။ စက်လှေတစ်စီးပါသေးတယ်။ ကျွန်တော်တို့ အိမ်တစ်လုံးဆောက်နေသေးတယ်” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် အင်းလေးဒေသရှိတွင် သောက်သုံးရေလိုအပ်ချက်မှာ အဓိက ဖြစ်နေပြီး သောက်သုံးရေလိုအပ်မှုများမှာ ရွာတိုင်းနီးပါးပင်ဖြစ်နေကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
ရာဂီမုန္တိုင္းျဖစ္ၿပီးေနာက္ အင္းေလးေဒသအတြင္း ေသာက္သုံးေရလိုအပ္မႈမ်ားစြာ ရွိေန
ခ်ယ္ရီ(NP News)-ဇန္နဝါရီ ၂၅
ျမန္မာႏိုင္ငံအတြင္း ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္၊ စက္တင္ဘာလမွ စတင္ျဖစ္ပြားခဲ့ေသာ ရာဂီမုန္တိုင္း အရွိန္ေၾကာင့္ အင္းေလးေဒသတြင္ လႏွင့္ခ်ီသည့္ ေရလႊမ္းမိုးမႈမ်ားျဖစ္ၿပီးေနာက္ ေသာက္သုံးေရလိုအပ္မႈမ်ားစြာ ရွိေနေၾကာင္း သစၥာမ႑ိဳင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
“ပထမက ေရေတြႀကီးတယ္မလား။ ေရေတြႀကီးေတာ့ ကြၽန္ေတာ္တို႔ ဒီမွာလႉဒါန္းေရးေတြ ေတာက္ေလွ်ာက္လုပ္တယ္။ အဲဒီလိုနဲ႔ ေတာင္ပို႔ႀကီးေက်း႐ြာက ႐ြာခံတစ္ဦးနဲ႔ေတြ႕ၿပီးေတာ့ ေနာက္ပိုင္းဘာေတြလုပ္ေပးလဲဆိုေတာ့ အိမ္ေလးေတြ၊ဘာေလးေတြ၊ ထရံေလးေတြ ျပင္ေပးတယ္။ ေရႀကီးတာ လခ်ီသြားေတာ့ ထရံေတြေဆြးကုန္လို႔ ထရံေတြလဲေပးတယ္။ လုပ္ေပးရင္ကေနၿပီးေတာ့ သူတို႔မွာက ဘာအခက္ခဲျဖစ္ေနလဲဆိုေတာ့ ေသာက္သုံးေရအခက္ခဲျဖစ္ေနတယ္။ အဲဒီလို ေသာက္သုံးေရအခက္ခဲျဖစ္ေနတာကို ေတြ႕ေတာ့ ကြၽန္ေတာ္တို႔က စိတ္ကူးေပါက္ၿပီးေတာ့ အခုလိုစက္ေရတြင္းေလးေတြ တူးေပးျဖစ္တာေပါ့” ဟု အထက္ပါ တာဝန္ရွိသူက ရွင္းျပသည္။
ထို႔ေနာက္ ေသာက္သုံးေရလိုအပ္ေသာ ေက်း႐ြာမ်ားမွ မိမိတို႔တတ္ႏိုင္သမွ်ႏွင့္ ႐ြာ(၂)႐ြာတြင္ စက္ေရတြင္း (၄)တြင္း တူးေဖာ္လုပ္ေဆာင္ေပးေနေၾကာင္း ၎က ဆိုသည္။
“ေတာင္ပို႔ႀကီးေက်း႐ြာမွာ (၂)တြင္း တူးၿပီးသြားၿပီ။ ေနာက္ (၁)တြင္းတူးဖို႔လည္း ရွိေသးတယ္ေပါ့ေနာ္။ ၿပီးေတာ့ နန္းပန္ကေနလည္း အကူအညီေတာင္းလာတာေပါ့ေနာ္။ သူတို႔မွာလည္း ေသာက္ေရက အင္မတန္ကို ရွားပါးတယ္ေပါ့။ အဲဒါနဲ႔ ကြၽန္ေတာ္တို႔က ဆက္လုပ္ေပးျဖစ္ေနတာေပါ့။ အျခားထူးျခားျဖစ္စဥ္မ်ိဳးနဲ႔ လုပ္ေပးေနတာ မဟုတ္ဘူး။ ကြၽန္ေတာ္တို႔က သာမန္ပဲ ေသာက္သုံးေရမရရွိတဲ့အတြက္ ေသာက္သုံးေရမရရွိေသးတဲ့ ေနရာေလးေတြကို ေရျမင္ၿပီးေတာ့ ေရမေသာက္ရတဲ့ဘဝေတြ ေလ်ာ့ေအာင္ဆိုၿပီး ေရတြင္းေလးေတြ လိုက္တူးေပးေနတာပါ”ဟု ၎က ေျပာသည္။
ထိုသို႔လုပ္ေဆာင္ရာတြင္ အင္းေလးေဒသသည္ ေရအိုင္ေဒသျဖစ္ေသာေၾကာင့္ ခက္ခဲမႈမ်ားလည္း ရွိေနေၾကာင္း ၎က ရွင္းျပသည္။
“ဒီတစ္ေခါက္က ေရအရမ္းနက္ေတာ့ ကြၽန္ေတာ္တို႔ ေဖာင္ေဒးရွင္း ခ်လို႔မရဘူး။ အဲဒီေတာ့ ေရစင္နဲ႔လုပ္ရတယ္။ ေရစင္ကို အဲဒီေရထဲမွာပဲ ေဆာက္ၿပီးေတာ့ ကြၽန္ေတာ္တို႔က အဲဒီအေပၚမွာ သံေရတိုင္ကီကို အတြင္းထဲကို ကြန္ကရစ္ေလာင္းၿပီးေတာ့ အမာခံရေအာင္၊ ေရရွည္ခံေအာင္ လုပ္ေပးတာပါ။ အခု လုပ္ေပးတဲ့ ေသာက္သုံးေရကPHက (5.6)ေလာက္ရတယ္။ ကြၽန္ေတာ္တို႔ တိုင္းၾကည့္ၿပီးသြားၿပီ။ ေသာက္သုံးလို႔ရတဲ့အဆင့္ထိ ရွိပါတယ္ဗ် “ဟု ၎က ရွင္းျပသည္။
ေရတြင္းတစ္တြင္းကို က်ပ္သိန္းတစ္ရာႏႈန္းျဖင့္ မိမိတို႔တတ္ႏိုင္သမွ် ကူညီတူးေဖာ္ေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“ေရတြင္းအတြက္ ကုန္က်စရိတ္ကေတာ့ တစ္တြင္းကို (၈၇)သိန္းေလာက္ ကုန္တယ္အစ္မ။ သြားတာလာတာ၊ စားတာ၊ ခရီးစရိတ္နဲ႔ေပါင္းလိုက္ရင္ေတာ့ သိန္းတစ္ရာေလာက္ေတာ့ ကုန္တယ္။ တစ္တြင္းကို သိန္းတစ္ရာဆိုၿပီးေတာ့ ကြၽန္ေတာ္တို႔က သတ္မွတ္ၿပီးေတာ့ လုပ္ေပးေနတာေပါ့။ အခုဆို သိန္းေလးရာဘယ္ကေတာ့မလဲ။ စက္ေလွတစ္စီးပါေသးတယ္။ ကြၽန္ေတာ္တို႔ အိမ္တစ္လုံးေဆာက္ေနေသးတယ္” ဟု ၎က ဆိုသည္။
ထို႔ေၾကာင့္ အင္းေလးေဒသရွိတြင္ ေသာက္သုံးေရလိုအပ္ခ်က္မွာ အဓိက ျဖစ္ေနၿပီး ေသာက္သုံးေရလိုအပ္မႈမ်ားမွာ ႐ြာတိုင္းနီးပါးပင္ျဖစ္ေနေၾကာင္း အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။