တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအပေါ်မလိုလားသည့် နည်းမျိုးစုံသွေးခွဲမှုများကို အထူးဂရုစိုက်ရန်လို ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

513

နာမူ (NP News) - ဇန်နဝါရီ ၂၆
တရုတ် - မြန်မာ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မလိုလားကြသည့် ပြည်တွင်းပြည်ပအဖွဲ့များက နည်းလမ်းမျိုးစုံသုံး၍ သွေးခွဲနေကြခြင်းကို နှစ်နိုင်ငံတာဝန်ရှိသူများနှင့် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးက အထူး ဂရုစိုက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား သည်။
ယမန်နေ့ (ဇန်နဝါရီလ ၂၅ ရက်) က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၅ခု နှစ်၊ မြွေနှစ် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ နစကဥက္ကဋ္ဌ က နှစ်သစ်ဆုမွန်တောင်းစကားပြောကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် မိမိနိုင်ငံတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်း ဖွံ့ဖြိုးတိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေ သည်ကိုတွေ့ရကြောင်း နစကဥက္ကဋ္ဌကဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို အလေးထား လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နိုင်မည့် အခင်းအကျင်းကို ဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မလိုလားကြသည့် ပြည်တွင်းပြည်ပက အဖွဲ့များအနေဖြင့် နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေကြခြင်းကြောင့် နှစ်နိုင်ငံ၏ တာဝန်ရှိသူများနှင့် နိုင်ငံသူနိုင်ငံသားများ အားလုံးက အထူးဂရုစိုက်ရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ထို့ပြင် တရုတ် - မြန်မာ နှစ်နိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှု ကို ရေကိုသားလို့ အကြားမထင်သလို ဘယ်လိုနည်းလမ်းနှင့် လုပ်ရပ်မျိုးကမှ ပျက်ပြားအောင် လုပ်ဆောင်၍ မရဘူးဆိုသည်ကို သက်သေပြနိုင်ရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံ တရားဝင်သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်တွင် စတင်ထူထောင်ခဲ့ပြီး လာမည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် (၇၅) နှစ် ပြည့်မြောက်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈအေပၚမလိုလားသည့္ နည္းမ်ိဳးစုံေသြးခြဲမႈမ်ားကို အထူးဂ႐ုစိုက္ရန္လို ေၾကာင္း နစကဥကၠ႒ ေျပာၾကား
နာမူ (NP News) - ဇန္နဝါရီ ၂၆
တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံ၏ ခ်စ္ၾကည္ရင္းႏွီးသည့္ ဆက္ဆံေရးကို မလိုလားၾကသည့္ ျပည္တြင္းျပည္ပအဖြဲ႕မ်ားက နည္းလမ္းမ်ိဳးစုံသုံး၍ ေသြးခြဲေနၾကျခင္းကို ႏွစ္ႏိုင္ငံတာဝန္ရွိသူမ်ားႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ား အားလုံးက အထူး ဂ႐ုစိုက္ရန္လိုေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကား သည္။
ယမန္ေန႔ (ဇန္နဝါရီလ ၂၅ ရက္) က ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သုဝဏၰအမ်ိဳးသား အားကစားၿပိဳင္ပြဲ႐ုံ(၁)တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ၂၀၂၅ခု ႏွစ္၊ ေႁမြႏွစ္ တ႐ုတ္႐ိုးရာႏွစ္သစ္ကူးပြဲေတာ္၌ နစကဥကၠ႒ က ႏွစ္သစ္ဆုမြန္ေတာင္းစကားေျပာၾကားရာတြင္ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
တ႐ုတ္ႏိုင္ငံသည္ မိမိႏိုင္ငံတစ္ခုတည္း ဖြံ႕ၿဖိဳးတိုးတက္ေရးထက္ ျမန္မာႏိုင္ငံအပါအဝင္ ေဒသတြင္းႏိုင္ငံမ်ား၊ အျခားေသာကမာၻ႔ႏိုင္ငံမ်ားကိုပါ တစ္ပါတည္း ဖြံ႕ၿဖိဳးတိုးတက္ေစရန္ BRI စီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေန သည္ကိုေတြ႕ရေၾကာင္း နစကဥကၠ႒ကဆိုသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍လည္း ျမန္မာ-တ႐ုတ္ စီးပြားေရးစႀကႍစီမံကိန္းမ်ားကို အေကာင္အထည္ ေဖာ္လ်က္ရွိျခင္းေၾကာင့္ တ႐ုတ္ႏိုင္ငံ၏ အျပန္အလွန္အက်ိဳးရွိေစေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အေလးထား လ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနသည့္ စီမံကိန္းမ်ား အရွိန္အဟုန္ျမႇင့္တင္ ေဆာင္႐ြက္ ႏိုင္မည့္ အခင္းအက်င္းကို ေဖာ္ေဆာင္ၿပီး ျမန္မာႏိုင္ငံက တ႐ုတ္ႏိုင္ငံ၏ ယုံၾကည္စိတ္ခ်ရသည့္ အိမ္နီးခ်င္း မိတ္ေဆြေကာင္းႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။
မိမိတို႔ႏွစ္ႏိုင္ငံ၏ ခ်စ္ၾကည္ရင္းႏွီးသည့္ ဆက္ဆံေရးကို မလိုလားၾကသည့္ ျပည္တြင္းျပည္ပက အဖြဲ႕မ်ားအေနျဖင့္ နည္းလမ္းမ်ိဳးစုံအသုံးျပဳၿပီး ေသြးခြဲေနၾကျခင္းေၾကာင့္ ႏွစ္ႏိုင္ငံ၏ တာဝန္ရွိသူမ်ားႏွင့္ ႏိုင္ငံသူႏိုင္ငံသားမ်ား အားလုံးက အထူးဂ႐ုစိုက္ရန္လိုအပ္ေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။
ထို႔ျပင္ တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံအေနျဖင့္ ေရွးႏွစ္ေပါင္းမ်ားစြာကတည္းက ျဖစ္တည္လာခဲ့သည့္ ခ်စ္ၾကည္ရင္းႏွီးမႈ ကို ေရကိုသားလို႔ အၾကားမထင္သလို ဘယ္လိုနည္းလမ္းႏွင့္ လုပ္ရပ္မ်ိဳးကမွ ပ်က္ျပားေအာင္ လုပ္ေဆာင္၍ မရဘူးဆိုသည္ကို သက္ေသျပႏိုင္ရန္လိုေၾကာင္းလည္း နစကဥကၠ႒က ဆက္လက္ေျပာၾကားသည္။
တ႐ုတ္ - ျမန္မာ ႏွစ္ႏိုင္ငံ တရားဝင္သံတမန္ဆက္ဆံေရးကို ၁၉၅၀ ျပည့္ႏွစ္တြင္ စတင္ထူေထာင္ခဲ့ၿပီး လာမည့္ ၂၀၂၅ ခုႏွစ္၊ ဇြန္လ ၈ ရက္တြင္ (၇၅) ႏွစ္ ျပည့္ေျမာက္ေတာ့မည္ျဖစ္ေၾကာင္းလည္း သိရသည္။