အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံကြား ကျန်းမာရေးနဲ့ လုံခြုံရေး အပါအဝင် ကျယ်ပြန်တဲ့သဘောတူညီချက်တွေကို လက်မှတ်ရေးထိုး

290

Pika (NP News) - ဇန်နဝါရီ ၂၆
အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ယဉ်ကျေးမှု၊ ကျန်းမာရေး၊ ရေကြောင်း၊ လုံခြုံရေး နဲ့ ဒစ်ဂျစ်တယ်ကဏ္ဍတွေ ပါဝင်တဲ့ ကျယ်ပြန့်တဲ့သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုနဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့တက်ရောက်ခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ အိန္ဒိယနဲ့ ၎င်းရဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်သွားမှာဖြစ်ပြီး ရေရှည်မှာ ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးသွားလို့ ပရာဘိုဝိုဆူဘီယန်တိုက ပြောကြားခဲ့ပါတယ်။ ပရာဘိုဝိုဆူဘီယန်တိုက “နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအဆင့်ကို အရှိန်မြှင့်တင်လိုတဲ့ ဘုံအကျိုးစီးပွားရဲ့အဓိကကျတဲ့ကဏ္ဍများစွာ ကို ကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် BRICS အဖွဲ့ဝင်နိုင်ငံဖြစ်လာရေး လုပ်ငန်းစဉ်တစ်လျှောက် အင်ဒိုနီးရှားအား ပံ့ပိုးကူညီမှုအတွက် အိန္ဒိယနိုင်ငံ ကို ကျေးဇူးတင်ကြောင်းနဲ့ BRICS အဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်ရေးနဲ့ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အတွက် အကျိုးရှိလိမ့်မယ်လို့ ပရာဘိုဝိုဆူဘီယန်တိုကပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနဲ့ အိန္ဒိယနိုင်ငံကြား နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေ တိုးတက်ကောင်းမွန်ရေးတို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့ မိုဒီကပြောကြားခဲ့ပါတယ်။ မိုဒီက “ပင်လယ်ရေကြောင်း လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ အကြမ်းဖက်မှုတုံ့ပြန်ရေးနဲ့ အစွန်းရောက်မှုလျှော့ချရေးစတဲ့ကိစ္စတွေမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားနဲ႔ အိႏၵိယႏိုင္ငံၾကား က်န္းမာေရးနဲ႔ လုံၿခဳံေရး အပါအဝင္ က်ယ္ျပန္တဲ့သေဘာတူညီခ်က္ေတြကို လက္မွတ္ေရးထိုး
Pika (NP News) - ဇန္နဝါရီ ၂၆
အင္ဒိုနီးရွားႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံတို႔ဟာ ယဥ္ေက်းမႈ၊ က်န္းမာေရး၊ ေရေၾကာင္း၊ လုံၿခဳံေရး နဲ႔ ဒစ္ဂ်စ္တယ္က႑ေတြ ပါဝင္တဲ့ က်ယ္ျပန႔္တဲ့သေဘာတူညီခ်က္တစ္ခုကို လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။ လက္မွတ္ေရးထိုးပြဲ အခမ္းအနားကို အင္ဒိုနီးရွားသမၼတ ပရာဘိုဝိုဆူဘီယန္တိုနဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီတို႔တက္ေရာက္ခဲ့ၾကတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
အင္ဒိုနီးရွားအစိုးရဟာ အိႏၵိယနဲ႔ ၎ရဲ႕စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈကို အရွိန္ျမႇင့္တင္သြားမွာျဖစ္ၿပီး ေရရွည္မွာ ပူးေပါင္းေဆာင္႐ြက္မႈကို ဦးစားေပးသြားလို႔ ပရာဘိုဝိုဆူဘီယန္တိုက ေျပာၾကားခဲ့ပါတယ္။ ပရာဘိုဝိုဆူဘီယန္တိုက “ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈအဆင့္ကို အရွိန္ျမႇင့္တင္လိုတဲ့ ဘုံအက်ိဳးစီးပြားရဲ႕အဓိကက်တဲ့က႑မ်ားစြာ ကို ကြၽန္ေတာ္တို႔ေဆြးေႏြးခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ BRICS အဖြဲ႕ဝင္ႏိုင္ငံျဖစ္လာေရး လုပ္ငန္းစဥ္တစ္ေလွ်ာက္ အင္ဒိုနီးရွားအား ပံ့ပိုးကူညီမႈအတြက္ အိႏၵိယႏိုင္ငံ ကို ေက်းဇူးတင္ေၾကာင္းနဲ႔ BRICS အဖြဲ႕ဟာ ကမာၻလုံးဆိုင္ရာတည္ၿငိမ္ေရးနဲ႔ေဒသတြင္း ပူးေပါင္းေဆာင္႐ြက္မႈ အတြက္ အက်ိဳးရွိလိမ့္မယ္လို႔ ပရာဘိုဝိုဆူဘီယန္တိုကေျပာၾကားခဲ့ပါတယ္။ အင္ဒိုနီးရွားနဲ႔ အိႏၵိယႏိုင္ငံၾကား ႏွစ္ႏိုင္ငံကာကြယ္ေရးဆိုင္ရာထုတ္လုပ္မႈနဲ႔ ေထာက္ပံ့ေရးကြင္းဆက္ေတြ တိုးတက္ေကာင္းမြန္ေရးတို႔အတြက္ အတူတကြ လက္တြဲလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ မိုဒီကေျပာၾကားခဲ့ပါတယ္။ မိုဒီက “ပင္လယ္ေရေၾကာင္း လုံၿခဳံေရး၊ ဆိုက္ဘာလုံၿခဳံေရး၊ အၾကမ္းဖက္မႈတုံ႔ျပန္ေရးနဲ႔ အစြန္းေရာက္မႈေလွ်ာ့ခ်ေရးစတဲ့ကိစၥေတြမွာလည္း ပူးေပါင္းေဆာင္႐ြက္မႈေတြ လုပ္ေဆာင္ဖို႔ ကြၽန္ေတာ္တို႔ ဆုံးျဖတ္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။