ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရန် NSPNCထံ ဦးကိုကိုကြီးမှ တိုက်တွန်းပြောဆိုခဲ့ခြင်းမရှိဟုဆို

 1113

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၆

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရန် NSPNCထံ ဦးကိုကိုကြီးမှ တိုက်တွန်းပြောဆိုခဲ့ခြင်းမရှိကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးက မီဒီယာများထံ ရှင်းလင်းပြောကြားခဲ့သည်။

“အခုကိစ္စဟာ ကျွန်‌တော်တို့ သဘောတူညီခဲ့တဲ့ (၄၃)ချက်ထဲမှာလည်းမပါဘူး။ နောက်တစ်ခုက အလုပ်အဖွဲ့ကိုယ်စားပြုပြီးတော့ ပြောဆိုခဲ့ခြင်းလည်းမရှိပါဘူး။ နောက်ပြီးတော့ အထွေထွေဆိုတဲ့အခန်းကဏ္ဍကတော့ Mainstreamမဟုတ်ဘူး။ ပင်မရေစီးကြောင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး။ အဲဒီတော့ အထွေထွေဆိုတာကတော့ အားလုံးဆွေးနွေးပြီးတော့ ဘာပြောချင်ကြသေးလဲ။ ဘာဆွေးနွေး ချင်ကြသေးသလဲ။ ကိုယ့်ပါတီအခက်အခဲနဲ့ အခြားသောဒေသဆိုင်ရာ အခက်ခဲတွေကိုပြောဖို့အတွက် အစီစဉ်တစ်ခုထည့်ပေးတာပါ။ အဲဒီမှာကျတော့ ပါတီအားလုံးရဲ့ဆွေးနွေးချက်။ သဘောတူညီချက်မဟုတ်ပဲနဲ့။ ကိုယ့်တစ်ပါတီချင်းအလိုက် သူတို့ သဘောထားဆန္ဒကို သူတို့ပြောကြတာရှိပါတယ်”ဟု ဦးကိုကိုကြီးက ပြောသည်။

ဦးကိုကိုကြီးက ယနေ့(ဇန်နဝါရီလ ၂၆ရက်)နံနက် ၁၀နာရီတွင် ပုဇွန်တောင်မြို့နယ်ရှိ ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်)၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရန်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ထံအကြံပြုရာတွင် အထွေထွေကဏ္ဍ၌ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့မှ အကြံပြုတိုက်တွန်း ပြောဆိုခဲ့ခြင်းလည်း မရှိခဲ့ကြောင်း ပါ၀င်သည့်အခြားပါတီ တစ်ခုမှ ပြောဆိုဆွေးနွေးခြင်းသာဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

“နိုင်ငံရေးပါတီတွေဆိုတဲ့အခါမှာ နောက်ခံ Backgroundအသီးသီးကနေလာတာ။ တစ်ချို့လူတွေဆိုရင် ကျွန်တော်ရိုးရိုးသားသား ပြော တာ။ ကျွန်တော် မသိဘူး။ ပါတီမှတ်ပုံတင်လို့ ကျွန်တော်တို့ စားပွဲဝိုင်းထိုင်ကြမှာပဲ ကျွန်တော်မြင်ဖူးတာ အဲဒီတော့ နောက်ခံအသီးသီး ကနေ လာတဲ့ အခါကျတော့ တစ်ဦးတစ်ဖွဲ့ကိစ္စသည် နိုင်ငံရေးပါတီအဖွဲ့နဲ့မသက်ဆိုင်သလို NSPNCနဲ့ သဘောတူညီချက်လည်း မဟုတ် ဘူး။ အဲဒါကြောင့် အခုပြည်ပမီဒီယာတွေမှာတက်လာတဲ့ကိစ္စသည် (၂)ဖက်သဘောတူညီချက်မဟုတ်ဘူး။ နောက်တစ်ခုက နိုင်ငံရေးပါတီ အလုပ်အဖွဲ့ကိုယ်စား ပြောဆိုခြင်းမျိုးလည်းမရှိဘူး”ဟု ၎င်းကဆက်ပြောသည်။

ဦးကိုကိုကြီးအနေဖြင့် ပင်မဆွေးနွေးပွဲများအပြီး အထွေထွေဆွေးနွေးမှုကဏ္ဍ၌ မြန်မာနိုင်ငံ၏ လက်တလော ဖြစ်ပေါ်နေသည့် အရေးကြီး သည့် အကြောင်းများဖြစ်သော စားသုံးဆီ၊ စက်သုံးဆီကိစ္စများအပြင် ရှားပါးပြတ်လပ်ဈေးတက်နေသည့် ကျန်းမာရေးဆိုင်ရာ ဆေးဝါး များကိစ္စ ကိုသာ အပြုသဘောဆောင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

NSPNCနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့၏ဆွေးနွေးပွဲကို ပြီးခဲ့သည့်ဇန်နဝါရီလ ၂၃ရက်နှင့် ၂၄ရက်တို့တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် NSPNCမှ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များအပါအဝင် နိုင်ငံရေးပါတီများ အစုအဖွဲ့မှ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အေရအတြက္တိုးျမႇင့္ေခၚယူရန္ NSPNCထံ ဦးကိုကိုႀကီးမွ တိုက္တြန္းေျပာဆိုခဲ့ျခင္းမရွိဟုဆို

သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၆

ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အေရအတြက္တိုးျမႇင့္ေခၚယူရန္ NSPNCထံ ဦးကိုကိုႀကီးမွ တိုက္တြန္းေျပာဆိုခဲ့ျခင္းမရွိေၾကာင္း ျပည္သူ႔ပါတီဥကၠ႒ဦးကိုကိုႀကီးက မီဒီယာမ်ားထံ ရွင္းလင္းေျပာၾက‌ေားခဲ့သည္။

“အခုကိစၥဟာ ကြၽန္‌ေတာ္တို႔ သေဘာတူညီခဲ့တဲ့ (၄၃)ခ်က္ထဲမွာလည္းမပါဘူး။ ေနာက္တစ္ခုက အလုပ္အဖြဲ႕ကိုယ္စားျပဳၿပီးေတာ့ ေျပာဆိုခဲ့ျခင္းလည္းမရွိပါဘူး။ ေနာက္ၿပီးေတာ့ အေထြေထြဆိုတဲ့အခန္းက႑ကေတာ့ Mainstreamမဟုတ္ဘူး။ ပင္မေရစီးေၾကာင္းက ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရး။ အဲဒီေတာ့ အေထြေထြဆိုတာကေတာ့ အားလုံးေဆြးေႏြးၿပီးေတာ့ ဘာေျပာခ်င္ၾကေသးလဲ။ ဘာေဆြးေႏြး ခ်င္ၾကေသးသလဲ။ ကိုယ့္ပါတီအခက္အခဲနဲ႔ အျခားေသာေဒသဆိုင္ရာ အခက္ခဲေတြကိုေျပာဖို႔အတြက္ အစီစဥ္တစ္ခုထည့္ေပးတာပါ။ အဲဒီမွာက်ေတာ့ ပါတီအားလုံးရဲ႕ေဆြးေႏြးခ်က္။ သေဘာတူညီခ်က္မဟုတ္ပဲနဲ႔။ ကိုယ့္တစ္ပါတီခ်င္းအလိုက္ သူတို႔ သေဘာထားဆႏၵကို သူတို႔ေျပာၾကတာရွိပါတယ္”ဟု ဦးကိုကိုႀကီးက ေျပာသည္။

ဦးကိုကိုႀကီးက ယေန႔(ဇန္နဝါရီလ ၂၆ရက္)နံနက္ ၁၀နာရီတြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ ျပည္သူ႔ပါတီ(ဗဟိုဌာနခ်ဳပ္)၌ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အေရအတြက္တိုးျမႇင့္ေခၚယူရန္ကိစၥႏွင့္ပတ္သက္၍ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ(NSPNC)ထံအႀကံျပဳရာတြင္ အေထြေထြက႑၌ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕၏ အလုပ္အဖြဲ႕မွ အႀကံျပဳတိုက္တြန္း ေျပာဆိုခဲ့ျခင္းလည္း မရွိခဲ့ေၾကာင္း ပါ၀င္သည့္အျခားပါတီ တစ္ခုမွ ေျပာဆိုေဆြးေႏြးျခင္းသာျဖစ္ေၾကာင္း ဦးကိုကိုႀကီးက ဆိုသည္။

“ႏိုင္ငံေရးပါတီေတြဆိုတဲ့အခါမွာ ေနာက္ခံ Backgroundအသီးသီးကေနလာတာ။ တစ္ခ်ိဳ႕လူေတြဆိုရင္ ကြၽန္ေတာ္႐ိုး႐ိုးသားသား ေျပာ တာ။ ကြၽန္ေတာ္ မသိဘူး။ ပါတီမွတ္ပုံတင္လို႔ ကြၽန္ေတာ္တို႔ စားပြဲဝိုင္းထိုင္ၾကမွာပဲ ကြၽန္ေတာ္ျမင္ဖူးတာ အဲဒီေတာ့ ေနာက္ခံအသီးသီး ကေန လာတဲ့ အခါက်ေတာ့ တစ္ဦးတစ္ဖြဲ႕ကိစၥသည္ ႏိုင္ငံေရးပါတီအဖြဲ႕နဲ႔မသက္ဆိုင္သလို NSPNCနဲ႔ သေဘာတူညီခ်က္လည္း မဟုတ္ ဘူး။ အဲဒါေၾကာင့္ အခုျပည္ပမီဒီယာေတြမွာတက္လာတဲ့ကိစၥသည္ (၂)ဖက္သေဘာတူညီခ်က္မဟုတ္ဘူး။ ေနာက္တစ္ခုက ႏိုင္ငံေရးပါတီ အလုပ္အဖြဲ႕ကိုယ္စား ေျပာဆိုျခင္းမ်ိဳးလည္းမရွိဘူး”ဟု ၎ကဆက္ေျပာသည္။

ဦးကိုကိုႀကီးအေနျဖင့္ ပင္မေဆြးေႏြးပြဲမ်ားအၿပီး အေထြေထြေဆြးေႏြးမႈက႑၌ ျမန္မာႏိုင္ငံ၏ လက္တေလာ ျဖစ္ေပၚေနသည့္ အေရးႀကီး သည့္ အေၾကာင္းမ်ားျဖစ္ေသာ စားသုံးဆီ၊ စက္သုံးဆီကိစၥမ်ားအျပင္ ရွားပါးျပတ္လပ္ေဈးတက္ေနသည့္ က်န္းမာေရးဆိုင္ရာ ေဆးဝါး မ်ားကိစၥ ကိုသာ အျပဳသေဘာေဆာင္ ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း ၎ကဆိုသည္။

NSPNCႏွင့္ ႏိုင္ငံေရးပါတီမ်ားအစုအဖြဲ႕၏ အလုပ္အဖြဲ႕တို႔၏ေဆြးေႏြးပြဲကို ၿပီးခဲ့သည့္ဇန္နဝါရီလ ၂၃ရက္ႏွင့္ ၂၄ရက္တို႔တြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုဌာန၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါေဆြးေႏြးပြဲတြင္ NSPNCမွ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္မႈ ညႇိႏႈိင္းေရးေကာ္မတီဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ႏွင့္ ညႇိႏႈိင္းေရးေကာ္မတီဝင္မ်ားအပါအဝင္ ႏိုင္ငံေရးပါတီမ်ား အစုအဖြဲ႕မွ အလုပ္အဖြဲ႕ေခါင္းေဆာင္ ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးႏွင့္ အလုပ္အဖြဲ႕ကိုယ္စားလွယ္မ်ား တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.