မြောက်ကိုရီးယားနိုင်ငံက မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်

 197

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၇

မြောက်ကိုရီးယားနိုင်ငံဟာ ဇန်နဝါရီ ၂၅ ရက်က မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA က ဒီဇင်ဘာ ၂၆ ရက်မှာ အတည်ပြုဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ရေအောက်ကနေ မြေပြင်ကို ပစ်လွှတ်နိုင်တဲ့ခရုဇ်ဒုံးကျည်ကို စမ်းသပ်ခဲ့တာဖြစ်ပြီး အဲဒီဒုံးကျည်ဟာ အကွာအဝေး ၁၅၀၀ ကီလိုမီတာကို ပျံသန်းခဲ့ကာ ပစ်မှတ်ကိုမထိမှန်ခင် စက္ကန့် ၇၅၀၇ စက္ကန့်ကနေ ၇၅၁၁ စက္ကန့်အတွင်း ပျံသန်းနိုင်ခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့အချုပ်အခြာ အဏာပိုင်ဆိုင်မှုကို ငြင်းဆန်နေမယ်ကာလပတ်လုံး၊ အမေရိကန်ကို တုံ့ပြန်ဖို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြားမဟာမိတ်ဖြစ်တည်မှု၊ စစ်ရေး ပူးတွဲလေ့ကျင့်မှုတွေကိုဝေဖန်ပြစ်တင်ခဲ့ပြီး အဲဒီလေ့ကျင့်မှုတွေက ဒေသအတွင်းတင်းမာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိ တယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန် နဲ့ မြောက်ကိုရီးယားနိုင်ငံကြား တင်းမာမှုတွေဖြစ်ခဲ့ရပြီး အမေရိကန်သမ္မတအသစ်ဒေါ်နယ်ထရမ့် လက်ထက်မှာ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာမလားဆိုတာ စိတ်ဝင်စားနေပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပထမ အကြိမ်တာဝန်ယူချိန်တုန်းက မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က ၎င်းတို့ဟာ စစ်ရေးအင်အား ပိုမိုတောင့်တင်းစေဖို့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးက မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံကာကွယ်ရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မှာဖြစ်ပြီး ဒုံးကျည်စမ်းသပ်မှုက အစိတ်အပိုင်းအဖြစ် ပါဝင်တယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလ အစောပိုင်းတုန်းကလည်း မြောက်ကိုရီးယားနိုင်ငံဟာ အသံထက်မြန်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က “မြောက်ကိုရီးယားနိုင်ငံဟာ စစ်ရေးနဲ့ပတ်သက်ပြီး ကြီးမားတဲ့ အားထုတ် ကြိုးပမ်းမှုတွေကို လုပ်ဆောင်နေမယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကာကွယ်ရေးတု့ိအတွက် အနာဂတ်မှာ မြောက်ကိုရီးယားနိုင်ငံကို ပိုမိုဖွံ့ဖြိုးပြီးအင်အားတောင့်တင်းတဲ့အဖွဲ့စည်းဖြစ်အောင်လုပ်ဆောင်မယ်" လို့ ပြောပါ တယ်။

Zawgyi Version:
ေျမာက္ကိုရီးယားႏိုင္ငံက မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးက်ည္ကို ေအာင္ျမင္စြာစမ္းသပ္ပစ္လႊတ္

ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၇

ေျမာက္ကိုရီးယားႏိုင္ငံဟာ ဇန္နဝါရီ ၂၅ ရက္က မဟာဗ်ဴဟာေျမာက္ ခ႐ုဇ္ဒုံးက်ည္ကို စမ္းသပ္ပစ္လႊတ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားႏိုင္ငံပိုင္သတင္းဌာန KCNA က ဒီဇင္ဘာ ၂၆ ရက္မွာ အတည္ျပဳေဖာ္ျပခဲ့ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ေရေအာက္ကေန ေျမျပင္ကို ပစ္လႊတ္ႏိုင္တဲ့ခ႐ုဇ္ဒုံးက်ည္ကို စမ္းသပ္ခဲ့တာျဖစ္ၿပီး အဲဒီဒုံးက်ည္ဟာ အကြာအေဝး ၁၅၀၀ ကီလိုမီတာကို ပ်ံသန္းခဲ့ကာ ပစ္မွတ္ကိုမထိမွန္ခင္ စကၠန႔္ ၇၅၀၇ စကၠန႔္ကေန ၇၅၁၁ စကၠန႔္အတြင္း ပ်ံသန္းႏိုင္ခဲ့တယ္လို႔ KCNA သတင္းဌာနက ေဖာ္ျပထားပါတယ္။
ေျမာက္ကိုရီးယား ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အေမရိကန္ႏိုင္ငံဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕အခ်ဳပ္အျခာ အဏာပိုင္ဆိုင္မႈကို ျငင္းဆန္ေနမယ္ကာလပတ္လုံး၊ အေမရိကန္ကို တုံ႔ျပန္ဖို႔ ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ႏိုင္ငံၾကားမဟာမိတ္ျဖစ္တည္မႈ၊ စစ္ေရး ပူးတြဲေလ့က်င့္မႈေတြကိုေဝဖန္ျပစ္တင္ခဲ့ၿပီး အဲဒီေလ့က်င့္မႈေတြက ေဒသအတြင္းတင္းမာမႈေတြ ပိုမိုျဖစ္လာဖြယ္ရွိ တယ္လို႔ ဆိုပါတယ္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္လက္ထက္မွာ အေမရိကန္ နဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကား တင္းမာမႈေတြျဖစ္ခဲ့ရၿပီး အေမရိကန္သမၼတအသစ္ေဒၚနယ္ထရမ့္ လက္ထက္မွာ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားႏိုင္ငံၾကား ဆက္ဆံေရး ပိုမိုေကာင္းမြန္လာမလားဆိုတာ စိတ္ဝင္စားေနပါတယ္။ ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္ ပထမ အႀကိမ္တာဝန္ယူခ်ိန္တုန္းက ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ဆက္ဆံေရးပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္က ၎တို႔ဟာ စစ္ေရးအင္အား ပိုမိုေတာင့္တင္းေစဖို႔ လုပ္ေဆာင္သြားမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။
ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္႐ုံးက ေျမာက္ကိုရီးယားႏိုင္ငံဟာ ဒုံးက်ည္ေတြ စမ္းသပ္ပစ္ခတ္ခဲ့တယ္လို႔ အတည္ျပဳထားပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ႏိုင္ငံကာကြယ္ေရးစြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ေအာင္ လုပ္ေဆာင္မွာျဖစ္ၿပီး ဒုံးက်ည္စမ္းသပ္မႈက အစိတ္အပိုင္းအျဖစ္ ပါဝင္တယ္လို႔ ဆိုပါတယ္။ ဇန္နဝါရီလ အေစာပိုင္းတုန္းကလည္း ေျမာက္ကိုရီးယားႏိုင္ငံဟာ အသံထက္ျမန္တဲ့ တာလတ္ပစ္ ပဲ့ထိန္းဒုံးက်ည္ကို ေအာင္ျမင္စြာစမ္းသပ္ႏိုင္ခဲ့ၿပီး ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ကိုယ္တိုင္ ႀကီးၾကပ္ခဲ့တယ္လို႔ ဆိုပါတယ္။
ေျမာက္ကိုရီးယားေခါင္းေဆာင္က “ေျမာက္ကိုရီးယားႏိုင္ငံဟာ စစ္ေရးနဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ အားထုတ္ ႀကိဳးပမ္းမႈေတြကို လုပ္ေဆာင္ေနမယ္။ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ ကာကြယ္ေရးတု႔ိအတြက္ အနာဂတ္မွာ ေျမာက္ကိုရီးယားႏိုင္ငံကို ပိုမိုဖြံ႕ၿဖိဳးၿပီးအင္အားေတာင့္တင္းတဲ့အဖြဲ႕စည္းျဖစ္ေအာင္လုပ္ေဆာင္မယ္" လို႔ ေျပာပါ တယ္။

Related news

© 2021. All rights reserved.