TNLAထိန်းချုပ်ထားသည့် ကျောက်မဲမြို့ ရှိ ONE LOVE ဟိုတယ်အနီး ဗုံးကြဲခံရ

359

(NP News)-ဇန်နဝါရီ ၂၇
TNLAထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျောက်မဲမြို့ ရှိ ONE LOVEဟိုတယ်အနီး ဗုံးကြဲခံရကြောင်း ဒေသခံများထံမှ သိသည်။
ယနေ့( ဇန်နဝါရီ ၂၇ ရက်) နေ့လယ် ၁ နာရီခွဲဝန်းကျင်အချိန်ခန့်က ကျောက်မဲမြို့၊ ONE LOVEဟိုတယ်အနီးရှိ TNLA လက်နက်ကိုင် အဖွဲ့များ ခိုအောင်းရာနေရာများသို့ တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မြို့တော်ခန်းမအနီးပေါ့နော်။ မြို့တော်ခန်းမနဲ့ ONE LOVE ဟိုတယ်နားပေါ့။ အဲဒီနားကို ကြဲလိုက်တာ။ အတိအကျကိုေထိတာ”ဟု ဒေသခံအမျိုးသားတစ်ဦးက NP Newsကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက် ဒေသခံတစ်ဦး၏ပြောပြချက်အရ TNLAလက်နက်ကိုင်အဖွဲ့ဝင် (၂)ဦးသေဆုံးကာ (၅)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်မှာလည်း ကျောက်မဲ ပြည်သူ့ဆေးရုံ ဗုံးကြဲခံရပြီး TNLAလက်နက်ကိုင် အဖွဲ့ဝင် များအပါဝင် PDFလက်နက်ကိုင်အချို့ ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
“အဲဒီနေရာတွေက သူတို့(TNLA)ရုံးစိုက်တဲ့နေရာတွေပေါ့။ ကြဲချင်တာက မြို့တော်ခန်းမကိုကြဲချင်တာထင်တယ်။ ဒါပေမယ့် အဲဒီအနီးနား လေးကို ကျတဲ့သဘောရှိတာပေါ့။ ပထမ ဆေးရုံကို ကြဲတုန်းကလည်းတော်တော်ထိထားတယ်။ ဆေးရုံမှာ အားလုံးပေါင်း(၄)ယောက် သေတယ်။ PDF၊ TNLAဒဏ်ရာရ လူနာတွေလည်းပါသွားတယ်။ နောက်ချိုကဒဏ်ရာရတဲ့ PDFတွေကို ကုပေးနေတာလို့ သတင်းရတာ။ ဒါပေမယ့် ဘယ်နေ့ထိမလဲ ထိမလဲနဲ့ အသံမထွက် တာပဲ ရှိတာ”ဟု အဆိုပါ ဒေသခံက ပြောသည်။
TNLAထိန္းခ်ဳပ္ထားသည့္ ေက်ာက္မဲၿမိဳ႕ ရွိ ONE LOVE ဟိုတယ္အနီး ဗုံးႀကဲခံရ
(NP News)-ဇန္နဝါရီ ၂၇
TNLAထိန္းခ်ဳပ္ထားသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေက်ာက္မဲၿမိဳ႕ ရွိ ONE LOVEဟိုတယ္အနီး ဗုံးႀကဲခံရေၾကာင္း ေဒသခံမ်ားထံမွ သိသည္။
ယေန႔( ဇန္နဝါရီ ၂၇ ရက္) ေန႔လယ္ ၁ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ေက်ာက္မဲၿမိဳ႕၊ ONE LOVEဟိုတယ္အနီးရွိ TNLA လက္နက္ကိုင္ အဖြဲ႕မ်ား ခိုေအာင္းရာေနရာမ်ားသို႔ တပ္မေတာ္က ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“ၿမိဳ႕ေတာ္ခန္းမအနီးေပါ့ေနာ္။ ၿမိဳ႕ေတာ္ခန္းမနဲ႔ ONE LOVE ဟိုတယ္နားေပါ့။ အဲဒီနားကို ႀကဲလိုက္တာ။ အတိအက်ကိုေထိတာ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP Newsကိုေျပာသည္။
အဆိုပါ တိုက္ခိုက္မႈႏွင့္ပတ္သက္ ေဒသခံတစ္ဦး၏ေျပာျပခ်က္အရ TNLAလက္နက္ကိုင္အဖြဲ႕ဝင္ (၂)ဦးေသဆုံးကာ (၅)ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၅ ရက္၊ မြန္းလြဲ ၁ နာရီခြဲဝန္းက်င္မွာလည္း ေက်ာက္မဲ ျပည္သူ႔ေဆး႐ုံ ဗုံးႀကဲခံရၿပီး TNLAလက္နက္ကိုင္ အဖြဲ႕ဝင္ မ်ားအပါဝင္ PDFလက္နက္ကိုင္အခ်ိဳ႕ ထိခိုက္ေသဆုံးခဲ့ေၾကာင္း သိရသည္။
“အဲဒီေနရာေတြက သူတို႔(TNLA)႐ုံးစိုက္တဲ့ေနရာေတြေပါ့။ ႀကဲခ်င္တာက ၿမိဳ႕ေတာ္ခန္းမကိုႀကဲခ်င္တာထင္တယ္။ ဒါေပမယ့္ အဲဒီအနီးနား ေလးကို က်တဲ့သေဘာရွိတာေပါ့။ ပထမ ေဆး႐ုံကို ႀကဲတုန္းကလည္းေတာ္ေတာ္ထိထားတယ္။ ေဆး႐ုံမွာ အားလုံးေပါင္း(၄)ေယာက္ ေသတယ္။ PDF၊ TNLAဒဏ္ရာရ လူနာေတြလည္းပါသြားတယ္။ ေနာက္ခ်ိဳကဒဏ္ရာရတဲ့ PDFေတြကို ကုေပးေနတာလို႔ သတင္းရတာ။ ဒါေပမယ့္ ဘယ္ေန႔ထိမလဲ ထိမလဲနဲ႔ အသံမထြက္ တာပဲ ရွိတာ”ဟု အဆိုပါ ေဒသခံက ေျပာသည္။