ဂါဇာစစ်ပွဲကို ရပ်တန့်နိုင်မှသာ ‌ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရလိမ့်မယ်လို့ ပြင်သစ်သမ္မတပြော

 155

Pika(NP News)စက်တင်ဘာ ၂၅
ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ အစ္စရေး-ဟားမက်စစ်ပွဲကို ရပ်တန့်နိုင်မှသာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ရလိမ့်မယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ထုတ်‌ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေမှာ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်မယ့်သူက ဒေါ်နယ်ထရမ့်တစ်ဦးတည်းသာဖြစ်တယ်လို့လည်း မက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မက်ခရွန်က”ငြိမ်းချမ်းရေးလိုချင်တယ်၊အစ္စရေး-ဟားမက်စစ်ပွဲကို ဖြေရှင်းလိုတယ်လို့ ပြောဆိုပြီး စည်းရုံးနေတဲ့ ဒေါ်နယ်ထရမ့်ကို ကျွန်တော်တွေ့ခဲ့ပါတယ်။အစ္စရေး-ဟားမက်စစ်ပွဲကို ရပ်တန့်နိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနိုဘယ်ဆုက ဒေါ်နယ်ထရမ့်အတွက်ပဲဖြစ်ပါလိမ့်မယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အစ္စရေး ဂါဇာကမ်းမြောင်ဒေသအပေါ် ထိုးစစ်ဆင်မှုတွေ ရပ်တန့်မှသာ ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဓါးစာခံတွေကို ပြန်လွှတ်ပေးလိမ့်မယ်လို့လည်း မက်ခရွန်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုကြဖို့ နိုင်ငံတွေအားလုံးကို ဆော်ဒီအာရေးဗျအစိုးရက တိုက်တွန်းခဲ့ပြီးနောက် တစ်ရက်အကြာမှာ မက်ခရွန်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာ နိုင်ငံအများအပြားဟာ ပါလက်စတိုင်းနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာစစ္ပြဲကို ရပ္တန႔္ႏိုင္မွသာ ‌ေဒၚနယ္ထရမ့္က ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ရလိမ့္မယ္လို႔ ျပင္သစ္သမၼတေျပာ
Pika(NP News)စက္တင္ဘာ ၂၅
ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့ အစၥေရး-ဟားမက္စစ္ပြဲကို ရပ္တန႔္ႏိုင္မွသာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ရလိမ့္မယ္လို႔ ျပင္သစ္သမၼတမက္ခ႐ြန္က ထုတ္‌ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ လက္ရွိျဖစ္ပြားေနတဲ့အေျခအေနေတြမွာ တစ္စုံတစ္ခုကို လုပ္ေဆာင္ႏိုင္မယ့္သူက ေဒၚနယ္ထရမ့္တစ္ဦးတည္းသာျဖစ္တယ္လို႔လည္း မက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။မက္ခ႐ြန္က”ၿငိမ္းခ်မ္းေရးလိုခ်င္တယ္၊အစၥေရး-ဟားမက္စစ္ပြဲကို ေျဖရွင္းလိုတယ္လို႔ ေျပာဆိုၿပီး စည္း႐ုံးေနတဲ့ ေဒၚနယ္ထရမ့္ကို ကြၽန္ေတာ္ေတြ႕ခဲ့ပါတယ္။အစၥေရး-ဟားမက္စစ္ပြဲကို ရပ္တန႔္ႏိုင္မယ္ဆိုရင္ေတာ့ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုက ေဒၚနယ္ထရမ့္အတြက္ပဲျဖစ္ပါလိမ့္မယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အစၥေရး ဂါဇာကမ္းေျမာင္ေဒသအေပၚ ထိုးစစ္ဆင္မႈေတြ ရပ္တန႔္မွသာ ဟားမက္လက္နက္ကိုင္အဖြဲ႕က ၎တို႔ဖမ္းဆီးထိန္းသိမ္းထားတဲ့ ဓါးစာခံေတြကို ျပန္လႊတ္ေပးလိမ့္မယ္လို႔လည္း မက္ခ႐ြန္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ပါလက္စတိုင္းႏိုင္ငံအျဖစ္ အသိအမွတ္ျပဳၾကဖို႔ ႏိုင္ငံေတြအားလုံးကို ေဆာ္ဒီအာေရးဗ်အစိုးရက တိုက္တြန္းခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ မက္ခ႐ြန္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႏိုင္ငံအမ်ားအျပားဟာ ပါလက္စတိုင္းႏိုင္ငံအျဖစ္ တရားဝင္အသိအမွတ္ျပဳမႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.