အိန္ဒိယနဲ့တရုတ်ကြား တိုက်ရိုက်လေကြောင်းဝန်ဆောင်မှုတွေ ပြန်လည်စတင်ဖို့ သဘောတူ
201
Pika (NP News) - ဇန်နဝါရီ ၂၈
အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ အချိန်(၅)နှစ်နီးပါးအကြာမှာ နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်း ဝန်ဆောင်မှုတွေပြန်လည်စတင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ(၂၇)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
(၂၀၂၀)ခုနှစ်က အငြင်းပွားနယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့မှုနဲ့အတူ နှစ်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်ခဲ့ပြီးနောက် ယခုလိုသဘောတူညီမှုတွေ ပြန်လည်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အိန္ဒိယထိပ်တန်းသံတမန်နဲ့ တရုတ်ထိပ်တန်းသံတမန်တို့ကြား တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့အပြီး နှစ်နိုင်ငံကြားပျံသန်းမှုဆိုင်ရာ မူဘောင်တစ်ရပ်ကို လာမယ့်ရက်ပိုင်းမှာကျင်းပမယ့် အစည်းအဝေးအတွင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။(၂၀၂၀)ခုနှစ်က နှစ်နိုင်ငံကြားနယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုတွေမြင့်တက်ခဲ့မှုနဲ့အတူ တိုက်ရိုက်လေကြောင်းဝန်ဆောင်မှုတွေကို ရပ်ဆိုင်းခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ရုရှားနိုင်ငံမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ကြား တွေ့ဆုံမှုအပါအဝင် အဆင့်မြင့်အစည်းအဝေးများစွာကို လုပ်ဆောင်ခဲ့မှုနဲ့အတူ နှစ်နိုင်ငံကြားဆက်ဆံရေးက ပြီးခဲ့တဲ့အချိန်လေးလအတွင်း ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် နှစ်နိုင်ငံစလုံးဟာ တူညီတဲ့ဦးတည်ချက်နဲ့ လက်တွဲလုပ်ဆောင်သင့်ပြီး ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေကို ရှာဖွေကာ အပြန်အလှန်နားလည်မှုပေးဖို့ ကတိပြုသင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Vikram Misri ကို ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
အိႏၵိယနဲ႔တ႐ုတ္ၾကား တိုက္႐ိုက္ေလေၾကာင္းဝန္ေဆာင္မႈေတြ ျပန္လည္စတင္ဖို႔ သေဘာတူ
Pika (NP News) - ဇန္နဝါရီ ၂၈
အိႏၵိယနဲ႔တ႐ုတ္ႏိုင္ငံတို႔ဟာ အခ်ိန္(၅)ႏွစ္နီးပါးအၾကာမွာ ႏွစ္ႏိုင္ငံၾကား တိုက္႐ိုက္ေလေၾကာင္း ဝန္ေဆာင္မႈေတြျပန္လည္စတင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇန္နဝါရီလ(၂၇)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
(၂၀၂၀)ခုႏွစ္က အျငင္းပြားနယ္စပ္မွာ တိုက္ပြဲေတြျဖစ္ပြားခဲ့မႈနဲ႔အတူ ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြျမင့္တက္ခဲ့ၿပီးေနာက္ ယခုလိုသေဘာတူညီမႈေတြ ျပန္လည္ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ အိႏၵိယထိပ္တန္းသံတမန္နဲ႔ တ႐ုတ္ထိပ္တန္းသံတမန္တို႔ၾကား ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့အၿပီး ႏွစ္ႏိုင္ငံၾကားပ်ံသန္းမႈဆိုင္ရာ မူေဘာင္တစ္ရပ္ကို လာမယ့္ရက္ပိုင္းမွာက်င္းပမယ့္ အစည္းအေဝးအတြင္း ေဆြးေႏြးသြားမွာျဖစ္တယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။(၂၀၂၀)ခုႏွစ္က ႏွစ္ႏိုင္ငံၾကားနယ္စပ္မွာ တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီးေနာက္ တင္းမာမႈေတြျမင့္တက္ခဲ့မႈနဲ႔အတူ တိုက္႐ိုက္ေလေၾကာင္းဝန္ေဆာင္မႈေတြကို ရပ္ဆိုင္းခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလက ႐ုရွားႏိုင္ငံမွာ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီတို႔ၾကား ေတြ႕ဆုံမႈအပါအဝင္ အဆင့္ျမင့္အစည္းအေဝးမ်ားစြာကို လုပ္ေဆာင္ခဲ့မႈနဲ႔အတူ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရးက ၿပီးခဲ့တဲ့အခ်ိန္ေလးလအတြင္း ျပန္လည္တိုးတက္ေကာင္းမြန္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ႏွစ္ႏိုင္ငံစလုံးဟာ တူညီတဲ့ဦးတည္ခ်က္နဲ႔ လက္တြဲလုပ္ေဆာင္သင့္ၿပီး ပိုမိုခိုင္မာတဲ့ အစီအစဥ္ေတြကို ရွာေဖြကာ အျပန္အလွန္နားလည္မႈေပးဖို႔ ကတိျပဳသင့္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယီက အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Vikram Misri ကို ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။