အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲတော်မှာ လူနင်းမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံး

 413

Pika (NP News) - ဇန်နဝါရီ ၂၉

အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲတော်မှာ လူနင်းမှုတွေဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၅)ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါတယ်။

လူအသေအပျောက်များတဲ့ လူနင်းမှုတွေဟာ အိန္ဒိယဘာသာရေးပွဲတော်တွေရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထူးခြားတဲ့အချက်တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ သီတင်းပတ်(၆)ပတ် ကြာ ကျင်းပမယ့် ပွဲတော်ဟာ ဟိန္ဒူဘာသာရေးပြက္ခဒိန်မှာ အကြီးမားဆုံး မှတ်တိုင်တစ်ခုဖြစ်ပြီး လူသန်းပေါင်းများစွာ ပါဝင်နိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဆရာဝန်တစ်ဦးက"ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲတော်မှာ လူနင်းမှုတွေဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိတော့ လူ(၁၅)ဦးသေဆုံးထားပါတယ်။”လို့ပြောဆိုထားပါတယ်။

ဒါ့ပြင် ကယ်ဆယ်‌ရေးအဖွဲ့တွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘာသာရေးပွဲတော်အတွင်းကနေ သယ်ယူဖို့နဲ့ ပြန့်ကြဲနေတဲ့ အင်္ကျီတွေ၊ ဖိနပ်တွေနဲ့ အခြားပစ္စည်းတွေကို ရှင်းလင်းဖို့အတွက် ဘုရားဖူးခရီးသည်တွေနဲ့အတူ လက်တွဲလုပ်ဆောင်နေတာကိုလည်း အွန်လိုင်းမှာတင်ထားတဲ့ ဓါတ်ပုံတွေအရ သိရပါတယ်။ ရဲတပ်ဖွဲ့တွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို စောင်တွေနဲ့ပတ်ပြီး ဘာသာရေးပွဲတော်ဧရိယာအတွင်းကနေ သယ်ယူသွားခဲ့တာကိုလည်း အဲဒီဓါတ်ပုံတွေမှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါ့ပြင် ဒါဇင်နဲ့ချီတဲ့လူပေါင်းများစွာဟာ မတော် တဆမှုဖြစ်ပွားရာနေရာကနေ (၁)ကီလိုမီတာအကွာ‌လောက်မှာ တည်ဆောက်ထားတဲ့ ယာယီဆေးရုံတဲကြီးတစ်ခုရဲ့ အပြင်ဘက်မှာ ထိုင်နေကြပြီး သေဆုံး/ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ၎င်းတို့ဆွေမျိုးတွေရဲ့ သတင်းတွေကို စောင့်ဆိုင်းနေကြတယ်လို့လည်း သိရပါတယ်။

zawgyi version
အိႏၵိယႏိုင္ငံက ကမာၻ႔အႀကီးဆုံးဘာသာေရးပြဲေတာ္မွာ လူနင္းမႈေတြျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၅)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂၉

အိႏၵိယႏိုင္ငံမွာက်င္းပတဲ့ ကမာၻ႔အႀကီးဆုံးဘာသာေရးပြဲေတာ္မွာ လူနင္းမႈေတြျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၅)ဦးေသဆုံးခဲ့ၿပီး အျခားလူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ဆရာဝန္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

လူအေသအေပ်ာက္မ်ားတဲ့ လူနင္းမႈေတြဟာ အိႏၵိယဘာသာေရးပြဲေတာ္ေတြရဲ႕ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ထူးျခားတဲ့အခ်က္တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ သီတင္းပတ္(၆)ပတ္ ၾကာ က်င္းပမယ့္ ပြဲေတာ္ဟာ ဟိႏၵဴဘာသာေရးျပကၡဒိန္မွာ အႀကီးမားဆုံး မွတ္တိုင္တစ္ခုျဖစ္ၿပီး လူသန္းေပါင္းမ်ားစြာ ပါဝင္ႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ဆရာဝန္တစ္ဦးက"ကမာၻ႔အႀကီးဆုံးဘာသာေရးပြဲေတာ္မွာ လူနင္းမႈေတြျဖစ္ပြားခဲ့ၿပီး လက္ရွိအခ်ိန္အထိေတာ့ လူ(၁၅)ဦးေသဆုံးထားပါတယ္။”လို႔ေျပာဆိုထားပါတယ္။

ဒါ့ျပင္ ကယ္ဆယ္‌ေရးအဖြဲ႕ေတြဟာ ေသဆုံးသူေတြရဲ႕ ႐ုပ္အေလာင္းေတြကို ဘာသာေရးပြဲေတာ္အတြင္းကေန သယ္ယူဖို႔နဲ႔ ျပန႔္ႀကဲေနတဲ့ အက်ႌေတြ၊ ဖိနပ္ေတြနဲ႔ အျခားပစၥည္းေတြကို ရွင္းလင္းဖို႔အတြက္ ဘုရားဖူးခရီးသည္ေတြနဲ႔အတူ လက္တြဲလုပ္ေဆာင္ေနတာကိုလည္း အြန္လိုင္းမွာတင္ထားတဲ့ ဓါတ္ပုံေတြအရ သိရပါတယ္။ ရဲတပ္ဖြဲ႕ေတြဟာ ေသဆုံးသူေတြရဲ႕ ႐ုပ္အေလာင္းေတြကို ေစာင္ေတြနဲ႔ပတ္ၿပီး ဘာသာေရးပြဲေတာ္ဧရိယာအတြင္းကေန သယ္ယူသြားခဲ့တာကိုလည္း အဲဒီဓါတ္ပုံေတြမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါ့ျပင္ ဒါဇင္နဲ႔ခ်ီတဲ့လူေပါင္းမ်ားစြာဟာ မေတာ္ တဆမႈျဖစ္ပြားရာေနရာကေန (၁)ကီလိုမီတာအကြာ‌ေလာက္မွာ တည္ေဆာက္ထားတဲ့ ယာယီေဆး႐ုံတဲႀကီးတစ္ခုရဲ႕ အျပင္ဘက္မွာ ထိုင္ေနၾကၿပီး ေသဆုံး/ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ ၎တို႔ေဆြမ်ိဳးေတြရဲ႕ သတင္းေတြကို ေစာင့္ဆိုင္းေနၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.