ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ၌ လာမည့်ငါးနှစ်အတွင်း ရင်ဆိုင်ရမည့်ပြဿနာအကြီးကြီးတစ်ခုရှိနေ

 158

ယွန်း (NP News) - ဇန်နဝါရီ ၃ဝ

ပို့ကုန်ရငွေရှာဖွေပေးနေသည့် ရော်ဘာကဏ္ဍ၌ ဈေးကောင်းမရသောကြောင့် လာမည့်(၅)နှစ်တွင် ကြီးမားသည့် ပြဿနာတစ်ခုကို ရင်ဆိုင်ရနိုင်ဖွယ်ရှိနေကြောင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။
လက်ရှိတွင် ရော်ဘာတင်ပို့သူများအနေဖြင့် ရော်ဘာတစ်တန်လျှင် ငွေကျပ်(၁၈၀ဝ)နှင့် (၁၉၀ဝ)ဝန်းကျင်သာ ရရှိနေပြီး ဈေးကောင်းမရသည့်အတွက် အစေးလှီးလုပ်သားများ၏လုပ်အားခ ရရှိမှုမှာလည်း လျော့နည်းလာခဲ့ရသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် တစ်ရက်လုပ်အားခ ဘတ်(၃၀ဝ)ရရှိနေသည့်အချိန်၌ မြန်မာနိုင်ငံရှိ အစေးလှီးလုပ်သားများ၏ လုပ်အားခမှာ တစ်ရက်လျှင် ငွေကျပ်(၁၅၀ဝဝ)ခန့်သာရရှိကြောင်း သိရသည်။
‘‘လက်ရှိမှာ ဆိုရင် မြန်မာနိုင်ငံမှာ အစေးလှီးလုပ်သားတစ်ယောက်က လုပ်အားခက တစ်ရက်ကို (၁၅၀ဝဝ)ဆိုတာ အလွန့်အလွန် ပေးနိုင်တာ။ တချို့ခြံတွေဆို ကျပ် (၁၁၀ဝဝ) နဲ့ (၁၂၀ဝဝ) အခု ချိန်ထိပေးနေတုန်းပဲ။ ဒါပေမဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ ထိုင်းမှာဆိုရင် ဘတ်(၃၀ဝ)လောက်ကိုပေးနေတာ ဆိုတော့ တော်တော်ကိုကွာနေတာပေါ့။ အဲဒီလောက် ကွာနေတော့ ဒီနိုင်ငံမှာအစေးမလှီး ကြတော့ဘူးလေ။ ကျွန်တော်တို့ခြံတွေမှာ အစေးလှီးကျင့်ပြီးတော့ အကုန်လုံးက ဟိုဘက်ခြံတွေကိုသွားကြတော့ နောက်လာမယ့် (၄၊ ၅၊ ၁၀)နှစ်လောက်မှာ အစိုးရိမ်ဆုံးကိစ္စသည် အစေးလှီးလုပ်သား မရှိတော့မှာကိုပဲ” ဟု ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

ထို့ကြောင့် ‌ရော်ဘာတောင်သူများကို ဈေးကောင်းပေးနိုင်ရေးအတွက် ရော်ဘာကို တရားဝင် တန်းမြှင့် ရော်ဘာ တစ်ခုအနေဖြင့် စနစ်တကျပို့နိုင် ရေးမှာအရေးကြီးကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ထို့ပြင် မြေဩဇာဈေးကြီး မြင့်မှုများအပါအဝင် အလွယ်တကူဝယ်ယူ၍မရခြင်းကြောင့် တောင် သူများအနေဖြင့် မြေဩဇာကိုလည်း အပြည့်အဝ မကျွေးနိုင်တော့သည့်အတွက် ရော်ဘာအစေးရနှုန်း ကျဆင်းခြင်းနှင့်အတူ ရောဂါပိုးဝင်ခြင်းများကိုလည်း ရင်ဆိုင်လာ ရကြောင်း သိရသည်။ ‘‘ဈေးကောင်းမရတော့ ရော်ဘာခြံရှင်တွေကလည်း မြေဩဇာကျွေးတာတို့၊ ပေါင်းရှင်းတာတို့လည်း မလုပ်နိုင်ကြတော့ဘူး။ အဲဒီတော့ အစေးရနှုန်းကကျသွားတယ်။ တောင်သူ တွေအနေနဲ့ကလည်း မြေဩဇာထည့်ဖို့ နေနေသာသာ သူတို့ကိုယ်တိုင်တောင် စားဝတ်နေရေး ခက်ခဲတော့ ရသလောက်ပဲကျွေးနိုင်တော့တယ်။ အခုဆိုရင်ရော် ဘာပင်တွေမှာ ရောဂါပိုးတွေလည်းဝင်လာပြီ။ မုန့်လုံး စက္ကူကပ်သလို ဖြစ်နေတာပေါ့။ ဒီနှစ်ဆိုရင် ရော်ဘာ ကုန်ကြမ်း အရည်အသွေးအထိကို ဆိုးဆိုးရွားရွား ဖြစ်လာပြီ။ အဲဒီတော့ ရော်ဘာထွက်နှုန်းက ကျလာတဲ့အပြင် နောက်ပိုင်းကျရင် ရော်ဘာလည်းလှီးမရ၊ အလုပ်သမားလည်းမရှိ၊ ရော်ဘာခြံတွေလည်းမရှိဆိုတဲ့ အနေအထားမျိုးက ကျွန်တော်ထင်တယ် နောက်(၅)နှစ်မှာရော်ဘာ ကဏ္ဍ၌ ကြီးမားမားဂယက်တစ်ခုတော့ ဖြစ်လာလိမ့်မယ်။ ပို့ကုန်ရငွေလည်း အများကြီးလျော့ သွားနိုင်တယ်။ မလေးရှားမှာက ရော်ဘာမကိုက်လို့ ဆီအုန်း စိုက်ပေးမယ့် ကျွန်တော်တို့က ဆီအုန်းစိုက်လို့မရဘူး”ဟု ၎င်းကဆက်လက်ပြောသည်။
ပြည်တွင်း၌ အစေးလှီးလုပ်သား ရှားပါး လာမှုမှာ ပြီးခဲ့သည့် (၂၀၂၂) နှစ်ကုန်ပိုင်းတွင် ပိုမိုဆိုးရွားလာခြင်းဖြစ်ပြီး ယခင်က လုပ်သား(၂၀ဝ)အသုံးပြုသည့်ခြံတစ်ခြံတွင် လက်ရှိ၌လုပ်သား (၁၀ဝ)ရရှိနိုင်ရေးကိုပင် အလွယ်တကူရှာဖွေ ၍မရကြောင်း သိရသည်။ အဆိုပါပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ဈေးကောင်းရရှိရေးအပြင် မြေဩဇာများကို အလွယ်တကူရရှိနိုင်ရေးသည် အရေးကြီးကြောင်း သိရသည်။ “ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့က ဈေးကောင်းရဖို့ အရေးကြီး တယ်။ ပြီးရင် မြေဩဇာလွယ် လွယ်ကူကူရဖို့ရယ်၊ တောင်သူတွေသုံးနိုင် တဲ့နှုန်းထားနဲ့ မြေဩဇာရဖို့လိုတယ်။ အဓိက မြေဩ ဇာမကျွေးနိုင်တော့တာ မြန်မာနိုင်ငံမှာတော်တော်ကြာနေပြီ။ ရော်ဘာဈေးကနည်းတယ်။ မြေဩဇာဈေးက ကြီးတယ်။ ပြီးရင် အရင်လိုလွယ်လွယ်ကူကူ ဝယ်လို့မရတော့ဘူး။ အဲဒါတွေကတော့ အဓိကပြဿနာပေါ့။ ပြီးရင် ရော်ဘာ နထစသမအနမ တွေရနေတဲ့ ငွေကြေးမူဝါဒက အဓိကကျတယ်” ဟု ရော်ဘာတင်ပို့ သည့်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ ရော်ဘာသည် ပြည်တွင်း၌ မွန်ပြည်နယ်တွင် အများဆုံးထွက်ရှိပြီး ဒုတိယအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးနှင့် တတိယအနေဖြင့် ကရင်ပြည်နယ်တို့မှထွက်ရှိသည့်အပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုး လျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရော်ဘာစိုက်ဧက (၁၆၄၀ဝဝဝ)ဧကရှိရာ နှစ်စဉ် တန်ချိန်(၂)သိန်း ကျော် ထွက်ရှိပြီး ယခု(၂၀၂၄- ၂၀၂၅) ဘဏ္ဍာနှစ်တွင် တန်ချိန် (၃၂၆၀ဝဝ)တင်ပို့ နိုင်ရန်လျာထားကြောင်း သိရသည်။

Zawgyi Version:
ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္ေရးက႑၌ လာမည့္ငါးႏွစ္အတြင္း ရင္ဆိုင္ရမည့္ ျပႆနာ အႀကီးႀကီးတစ္ခုရွိေန
ယြန္း (NP News) - ဇန္နဝါရီ ၃ဝ

ပို႔ကုန္ရေငြရွာေဖြေပးေနသည့္ ေရာ္ဘာက႑၌ ေဈးေကာင္းမရေသာေၾကာင့္ လာမည့္(၅)ႏွစ္တြင္ ႀကီးမားသည့္ ျပႆနာတစ္ခုကို ရင္ဆိုင္ရႏိုင္ဖြယ္ရွိေနေၾကာင္း ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူ အသိုင္းအဝိုင္းထံမွ သိရသည္။
လက္ရွိတြင္ ေရာ္ဘာတင္ပို႔သူမ်ားအေနျဖင့္ ေရာ္ဘာတစ္တန္လွ်င္ ေငြက်ပ္(၁၈၀ဝ)ႏွင့္ (၁၉၀ဝ)ဝန္းက်င္သာ ရရွိေနၿပီး ေဈးေကာင္းမရသည့္အတြက္ အေစးလွီးလုပ္သားမ်ား၏လုပ္အားခ ရရွိမႈမွာလည္း ေလ်ာ့နည္းလာခဲ့ရသည္။
အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္ ထိုင္းႏိုင္ငံတြင္ တစ္ရက္လုပ္အားခ ဘတ္(၃၀ဝ)ရရွိေနသည့္အခ်ိန္၌ ျမန္မာႏိုင္ငံရွိ အေစးလွီးလုပ္သားမ်ား၏ လုပ္အားခမွာ တစ္ရက္လွ်င္ ေငြက်ပ္(၁၅၀ဝဝ)ခန႔္သာရရွိေၾကာင္း သိရသည္။
‘‘လက္ရွိမွာ ဆိုရင္ ျမန္မာႏိုင္ငံမွာ အေစးလွီးလုပ္သားတစ္ေယာက္က လုပ္အားခက တစ္ရက္ကို (၁၅၀ဝဝ)ဆိုတာ အလြန႔္အလြန္ ေပးႏိုင္တာ။ တခ်ိဳ႕ၿခံေတြဆို က်ပ္ (၁၁၀ဝဝ) နဲ႔ (၁၂၀ဝဝ) အခု ခ်ိန္ထိေပးေနတုန္းပဲ။ ဒါေပမဲ့ အိမ္နီးခ်င္း ႏိုင္ငံျဖစ္တဲ့ ထိုင္းမွာဆိုရင္ ဘတ္(၃၀ဝ)ေလာက္ကိုေပးေနတာ ဆိုေတာ့ ေတာ္ေတာ္ကိုကြာေနတာေပါ့။ အဲဒီေလာက္ ကြာေနေတာ့ ဒီႏိုင္ငံမွာအေစးမလွီး ၾကေတာ့ဘူးေလ။ ကြၽန္ေတာ္တို႔ၿခံေတြမွာ အေစးလွီးက်င့္ၿပီးေတာ့ အကုန္လုံးက ဟိုဘက္ၿခံေတြကိုသြားၾကေတာ့ ေနာက္လာမယ့္ (၄၊ ၅၊ ၁၀)ႏွစ္ေလာက္မွာ အစိုးရိမ္ဆုံးကိစၥသည္ အေစးလွီးလုပ္သား မရွိေတာ့မွာကိုပဲ” ဟု ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သည့္လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

ထို႔ေၾကာင့္ ‌ေရာ္ဘာေတာင္သူမ်ားကို ေဈးေကာင္းေပးႏိုင္ေရးအတြက္ ေရာ္ဘာကို တရားဝင္ တန္းျမႇင့္ ေရာ္ဘာ တစ္ခုအေနျဖင့္ စနစ္တက်ပို႔ႏိုင္ ေရးမွာအေရးႀကီးေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။ ထို႔ျပင္ ေျမဩဇာေဈးႀကီး ျမင့္မႈမ်ားအပါအဝင္ အလြယ္တကူဝယ္ယူ၍မရျခင္းေၾကာင့္ ေတာင္ သူမ်ားအေနျဖင့္ ေျမဩဇာကိုလည္း အျပည့္အဝ မေကြၽးႏိုင္ေတာ့သည့္အတြက္ ေရာ္ဘာအေစးရႏႈန္း က်ဆင္းျခင္းႏွင့္အတူ ေရာဂါပိုးဝင္ျခင္းမ်ားကိုလည္း ရင္ဆိုင္လာ ရေၾကာင္း သိရသည္။ ‘‘ေဈးေကာင္းမရေတာ့ ေရာ္ဘာၿခံရွင္ေတြကလည္း ေျမဩဇာေကြၽးတာတို႔၊ ေပါင္းရွင္းတာတို႔လည္း မလုပ္ႏိုင္ၾကေတာ့ဘူး။ အဲဒီေတာ့ အေစးရႏႈန္းကက်သြားတယ္။ ေတာင္သူ ေတြအေနနဲ႔ကလည္း ေျမဩဇာထည့္ဖို႔ ေနေနသာသာ သူတို႔ကိုယ္တိုင္ေတာင္ စားဝတ္ေနေရး ခက္ခဲေတာ့ ရသေလာက္ပဲေကြၽးႏိုင္ေတာ့တယ္။ အခုဆိုရင္ေရာ္ ဘာပင္ေတြမွာ ေရာဂါပိုးေတြလည္းဝင္လာၿပီ။ မုန႔္လုံး စကၠဴကပ္သလို ျဖစ္ေနတာေပါ့။ ဒီႏွစ္ဆိုရင္ ေရာ္ဘာ ကုန္ၾကမ္း အရည္အေသြးအထိကို ဆိုးဆိုး႐ြား႐ြား ျဖစ္လာၿပီ။ အဲဒီေတာ့ ေရာ္ဘာထြက္ႏႈန္းက က်လာတဲ့အျပင္ ေနာက္ပိုင္းက်ရင္ ေရာ္ဘာလည္းလွီးမရ၊ အလုပ္သမားလည္းမရွိ၊ ေရာ္ဘာၿခံေတြလည္းမရွိဆိုတဲ့ အေနအထားမ်ိဳးက ကြၽန္ေတာ္ထင္တယ္ ေနာက္(၅)ႏွစ္မွာေရာ္ဘာ က႑၌ ႀကီးမားမားဂယက္တစ္ခုေတာ့ ျဖစ္လာလိမ့္မယ္။ ပို႔ကုန္ရေငြလည္း အမ်ားႀကီးေလ်ာ့ သြားႏိုင္တယ္။ မေလးရွားမွာက ေရာ္ဘာမကိုက္လို႔ ဆီအုန္း စိုက္ေပးမယ့္ ကြၽန္ေတာ္တို႔က ဆီအုန္းစိုက္လို႔မရဘူး”ဟု ၎ကဆက္လက္ေျပာသည္။
ျပည္တြင္း၌ အေစးလွီးလုပ္သား ရွားပါး လာမႈမွာ ၿပီးခဲ့သည့္ (၂၀၂၂) ႏွစ္ကုန္ပိုင္းတြင္ ပိုမိုဆိုး႐ြားလာျခင္းျဖစ္ၿပီး ယခင္က လုပ္သား(၂၀ဝ)အသုံးျပဳသည့္ၿခံတစ္ၿခံတြင္ လက္ရွိ၌လုပ္သား (၁၀ဝ)ရရွိႏိုင္ေရးကိုပင္ အလြယ္တကူရွာေဖြ ၍မရေၾကာင္း သိရသည္။ အဆိုပါျပႆနာမ်ားကို ေျဖရွင္းႏိုင္ေရးအတြက္ ေဈးေကာင္းရရွိေရးအျပင္ ေျမဩဇာမ်ားကို အလြယ္တကူရရွိႏိုင္ေရးသည္ အေရးႀကီးေၾကာင္း သိရသည္။ “ဒီျပႆနာကိုေျဖရွင္းႏိုင္ဖို႔က ေဈးေကာင္းရဖို႔ အေရးႀကီး တယ္။ ၿပီးရင္ ေျမဩဇာလြယ္ လြယ္ကူကူရဖို႔ရယ္၊ ေတာင္သူေတြသုံးႏိုင္ တဲ့ႏႈန္းထားနဲ႔ ေျမဩဇာရဖို႔လိုတယ္။ အဓိက ေျမဩ ဇာမေကြၽးႏိုင္ေတာ့တာ ျမန္မာႏိုင္ငံမွာေတာ္ေတာ္ၾကာေနၿပီ။ ေရာ္ဘာေဈးကနည္းတယ္။ ေျမဩဇာေဈးက ႀကီးတယ္။ ၿပီးရင္ အရင္လိုလြယ္လြယ္ကူကူ ဝယ္လို႔မရေတာ့ဘူး။ အဲဒါေတြကေတာ့ အဓိကျပႆနာေပါ့။ ၿပီးရင္ ေရာ္ဘာ နထစသမအနမ ေတြရေနတဲ့ ေငြေၾကးမူဝါဒက အဓိကက်တယ္” ဟု ေရာ္ဘာတင္ပို႔ သည့္လုပ္ငန္းရွင္တစ္ဦးကဆိုသည္။ ေရာ္ဘာသည္ ျပည္တြင္း၌ မြန္ျပည္နယ္တြင္ အမ်ားဆုံးထြက္ရွိၿပီး ဒုတိယအေနျဖင့္ တနသၤာရီတိုင္းေဒသႀကီးႏွင့္ တတိယအေနျဖင့္ ကရင္ျပည္နယ္တို႔မွထြက္ရွိသည့္အျပင္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္လည္း စိုက္ပ်ိဳး လ်က္ရွိေၾကာင္းသိရသည္။
လက္ရွိတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေရာ္ဘာစိုက္ဧက (၁၆၄၀ဝဝဝ)ဧကရွိရာ ႏွစ္စဥ္ တန္ခ်ိန္(၂)သိန္း ေက်ာ္ ထြက္ရွိၿပီး ယခု(၂၀၂၄- ၂၀၂၅) ဘ႑ာႏွစ္တြင္ တန္ခ်ိန္ (၃၂၆၀ဝဝ)တင္ပို႔ ႏိုင္ရန္လ်ာထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.