‘‘တိုင်းဖျက် ပြည်ဖျက် လုပ်စားနေကြသူများ’’

 267

NP News - ဇန်နဝါရီ ၃ဝ

‘‘လုပ်စား”ဆိုသောစကားလုံးကို မြန်မာ လူမှုရေးနယ်ပယ်၌ တွင်တွင်ကျယ်ကျယ်အသုံးပြု ပြောဆိုနေကြသည်။ ‘‘လုပ်စား” ဆိုသောစကားလုံး ကိုအဓိပ္ပာယ်ဖွင့်ဆိုရလျှင် အကြောင်းအရာတစ်ခုခု၊ လူပုဂ္ဂိုလ်တစ်ဦးဦးကိုအကြောင်းပြုပြီး ယင်းတို့အဖြစ် အပျက်၊ လူပုဂ္ဂိုလ်များ၏ထင်ရှားကျော်ကြားမှုကိုအသုံးချကာ မိမိ၏အကျိုးစီးပွား၊ ကိုယ်ကျိုးအတ္တ အတွက် သော်လည်းကောင်း၊ မိမိပါဝင်နေသောအဖွဲ့အစည်း ၏အကျိုးစီးပွားအတွက်သော်လည်းကောင်း လုပ်ဆောင် အမြတ်ထုတ်သွားရယူခြင်းဖြစ်သည်။ အသုံးချခံလိုက်ရသူများမှာ ‘‘လုပ်စားခံ”လိုက်ရသူများဖြစ်ပြီး၊ အကျိုးစီးပွားရရှိ အောင်ဆောင်ရွက်လုပ်ကိုင်သွားသူများမှာ ‘‘လုပ်စား”သွားသူများပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် လုပ်စားခံ လိုက်ရသူများမှာ ‘‘ခုတုံးလုပ်”ခံလိုက်ရသူများပင်ဖြစ်သည်။ မြန်မာ့လူအဖွဲ့အစည်းကိုကြည့်လျှင် သိလျက်နှင့် ‘လုပ်စားခံ’ လိုက်ရသူများ၊ ‘ခုတုံးလုပ်ခံ’ လိုက်ရသူများ၊ ပေါ်ပေါ် တင်တင်လုပ်စားသွားသူများကို မမြင်ချင်အဆုံး၊ မကြားချင် အဆုံးရှိနေကြသည်။ လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်၏ကိုယ်ကျိုးအတ္တအတွက် လုပ်စားသွားခြင်းမှာ လုပ်စားခံပုဂ္ဂိုလ် တစ်ဦးအတွက်သာနစ်နာသော်လည်း နိုင်ငံနှင့်သက်ဆိုင်သောအဖွဲ့အစည်းများ၏ အကျိုးစီးပွားအတွက် လုပ်စားနေကြ သည်မှာ တိုင်းပြည်နိုင်ငံအတွက် နစ်နာဆုံးရှုံးမှုများရှိခဲ့ရသည်။

နိုင်ငံရေး လုပ်စားမှု
မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီခေတ်ဦးကာလဟုဆိုရမည့် (၁၉၈၈)ခုနှစ်မှစတင်ကာ နိုင်ငံ ရေးလုပ်စားလာသူ များကို တွေ့ခဲ့ရသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံရိပ်ကိုအ သုံးချကာ ၎င်း၏သမီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလုပ်စားများက ခုတုံးလုပ်အသုံးချခဲ့သည်။ (၁၉၆၂) ခုနှစ်နောက်ပိုင်းမှစတင်ကာ နိုင်ငံရေးကစားကွက်ပျက်သွားသည့် နိုင်ငံရေးဇာတ်ပျက်များ၊ (၁၉၇၄) ခုနှစ်နောက်ပိုင်းပြိုလဲသွားခဲ့သည့် ကွန် မြူနစ်များ နှင့်ဆိုရှယ်လစ်(ဟောင်း) ဇာတ်ပျက်များ၊ (၁၉၆၁)ခုနှစ်ရွေးကောက်ပွဲတွင် တပ်မတော်စည်း ကမ်းဖောက်ဖျက်ခဲ့သဖြင့် တပ်မတော်မှ အရေးယူ ထုတ်ပယ်ခြင်းခံခဲ့ရသော တပ်မတော်အရာရှိဟောင်းများ၊ (၁၉၈၈)ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် တစ်ပါတီအုပ် စိုးခဲ့သည့်စနစ်ကိုပယ်ဖျက်ကာ ပါတီစုံဒီမိုကရေစီအရေးတိုက်ပွဲဝင်တောင်းဆိုခဲ့ကြသော နိုင်ငံရေးအပါးမ ကြွယ်ကြသေးဘဲ ပေါ်ပင်နိုင်ငံရေးလုပ်လာကြသည့် ကျောင်းသားလူငယ်များ စသည်တို့တွင် ခေါင်းဆောင်မဲ့နေကြ သည်။ ဗကပဟောင်းများ၊ နိုင်ငံရေးသမား ဟောင်းများ၊ စစ်ဗိုလ်ဟောင်းများတွင်လည်း တစ်ဖွဲ့ ကိုတစ်ဖွဲ့မယုံကြည် ကြသလို၊ ကျောင်းသားလူငယ်များကလည်း ၎င်းတို့ကို အယုံအကြည်မရှိကြ။
ထို့ပြင် တိုင်းရင်းသားပြည်သူလူထု၏ လောက်လောက်လားလား လေးစားကြည်ညိုနိုင်သည့် ခေါင်းဆောင်များ ကိုလည်းရှာမတွေ့ဖြစ်နေချိန်တွင် တိုင်းပြည်ကလေးစားကြည်ညိုသော ဗိုလ်ချုပ်အောင် ဆန်း၏ပုံရိပ်ကို အသုံးချခဲ့ခြင်း ဖြစ်သည်။ တပ်မတော်သားများကို စည်းရုံးသောအားဖြင့် အရေးအခင်းကာ လတစ်လျှောက်လုံး ဗိုလ်ချုပ်ဖွဲ့စည်းခဲ့ သည့်တပ်မတော်က ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူးဟူသည့် ကြွေးကြော်သံဖြင့် တိုင်းပြည်နိုင်ငံအဝန်း ဗိုလ်ချုပ် အောင်ဆန်း၏ပုံရိပ်ကိုဆွဲတင်ခဲ့ကြသည်။ တစ်ဆက်တည်းပင်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ အရိပ်ကိုခိုပြီး ဗိုလ်ချုပ်အောင် ဆန်း၏သမီးကို နိုင်ငံရေးစင်မြင့်သို့ ဆွဲတင်၍ (၈၈) ခုနှစ် အရေးအခင်းတွင် လုပ်စားခဲ့ကြသည်။ တိုင်းပြည်ကချစ်သော၊ တိုင်းပြည်က လေးစားသော ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးခုတုံး လုပ်သွားခဲ့ကြခြင်းလည်းဖြစ်သည်။
NLD ပါတီ၏ခေါင်းဆောင်သည်လည်း ၎င်း၏ဖခင် ဗိုလ်ချုပ်အောင် ဆန်း၏အရိပ်ဖြင့် ထွန်းတောက်လာခဲ့ သည်။သူ မည်သည်ကိုပဲလုပ်လုပ် သူ၏ဖခင်ကိုချစ်မြတ်နိုးသော ပြည်သူများက စာနာခွင့် လွှတ်ခဲ့ကြသည်။ တော်ရုံတန်ရုံ အမှားများကိုပင်မ မြင်နိုင်အောင်အထိ ဗိုလ်ချုပ်အောင်ဆန်း၏ပုံရိပ်က လွှမ်းမိုးထားခဲ့သည်။ တိုင်းပြည်နိုင်ငံအဝန်း (ရခိုင် ပြည်နယ်မပါ) ဗိုလ်ချုပ်ကြေးရုပ်များစိုက်ထူခဲ့ကြသည်။ ကယားကတော့ ကန့်ကွက်ခဲ့သေးသည်။ မွန်ပြည်နယ်ရှိ မော်လမြိုင်ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးနိုင်ရန်ရေးကြီးခွင့် ကျယ်လုပ်ကာ ပြည်သူ့ လွှတ်တော်အထိ ဆွဲတင်လာပြီး လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် အမည်ပေးခဲ့ရသည်။ (၂၀၂၀) ရွေးကောက်ပွဲအမီ ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ရုံတင်နိုင်ရေးကိုပင် လုပ်ဆောင်ခဲ့သေးသည်။ NLD ပါတီကား ဗိုလ်ချုပ်အောင်ဆန်း၏ပုံရိပ် အောက်တွင် ဗိုလ်ချုပ်၏သမီးကို ပိုင်ပိုင်နိုင်နိုင်အသုံး ချသွားခဲ့ခြင်းဖြစ်သည်။
NLD ပါတီသည် နိုင်ငံတော်အာဏာရရှိခဲ့သည့်ကာလတစ်လျှောက်တွင်လည်း (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုလျှင်လိုသလိုအသုံးချသွားခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ပေါ်ထွန်းလာခဲ့သည့်လွှတ် တော်ကို အကျိုးရှိစွာအသုံးချသွားနိုင်ခဲ့သည်။ တိုင်းရင်းသားပါတီများ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၏အဆိုတင်သွင်းမှုများ၊ ကန့်ကွက်ဆွေးနွေးမှုများကို မအောင်မြင်စေရန် လွှတ်တော်တွင်းရောက် NLD ပါ တီဝင် အမတ်အင်အားအများစုဖြင့် ၎င်းတို့က အသာ စီးရအောင်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့က တရား လေဟန် လွှတ်တော် ကိုခုတုံးလုပ်အသုံးချသွားခြင်း ဖြစ် သည်။
(၂၀၂၀) ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်း ၎င်းတို့စိတ်တိုင်းကျဖွဲ့စည်းတာဝန်ပေးထားခဲ့သော UFC ရွေးကောက် ပွဲကော်မရှင်ကိုအသုံးချကာ ၎င်းတို့အနိုင်မရနိုင်သော မဲဆန္ဒနယ်များတွင် ရွေးကောက် ပွဲမကျင်းပနိုင်ရန်ဆောင် ရွက်ခဲ့ ခြင်း(ရခိုင်နှင့်ရှမ်း)၊ လူဦးရေ(မဲဆန္ဒရှင်စာရင်း)များကို ဖောင်းပွစေရန် လုပ်ဆောင်ခဲ့ခြင်းများရှိခဲ့သည်။ ထို့အတူ ကိုဗစ်-၁၉ ကို ကောင်းစွာအသုံးချကာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုများကိုပြုလုပ်သွားခဲ့သည်။ မဲဆန္ဒပေးရာတွင် လည်း ကြိုတင်မဲမသမာမှုများဖြင့် ၎င်းတို့ပါတီဝင်များ အနိုင်ရရေး လုပ်ဆောင်သွားခဲ့ကြသည်။

INGOs များ၏ လုပ်စားမှု
လုပ်စားမှုများအနက် ပြည်ပအထောက်အပံ့ကိုရယူလှုပ်ရှားနေသော INGOs များ၏လုပ်စား မှုများမှာလည်း အလွန်ကြောက်စရာကောင်းလှသည်။ INGO များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများ ဆိုင်ရာ နိုင်ငံတကာ NGO များ (BINGO, Busi­ness- oriented International) လူထုအခြေပြု လူ့အဖွဲ့အစည်းဆိုင်ရာ NGO များ၊ (CSO, Civil Society Organization)၊ အလှူရှင်များကိုစည်းရုံး ဖွဲ့စည်းထားသော NGO များ( DONGO, Donor Organization) ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ NGO များ(ENGO, Environmental Organi­zation) နည်းပညာအထောက်အကူပြု NGO များ (TANGO,Technical Assistance Organiz­ation)စသည်ဖြင့် အသွင်သွင်အမျိုးမျိုးဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြသည် ကိုတွေ့မြင်နိုင်သည်။ မြန်မာနိုင်ငံတွင်လည်း NGO အမည်ခံ အဖွဲ့အစည်းအသီး သီးသည် မြန်မာနိုင်ငံ၏လူမှုရေး (အလုပ်သမား၊ လယ်သမား၊ အမျိုးသမီးရေးရာ)နယ်ပယ်၊ ပညာရေး နယ်ပယ်၊ မီဒီယာနယ်ပယ်၊ ယုတ်စွအဆုံး လွှတ်တော်ကိုယ်စားလှယ်များ ပညာပေးရေးအဆုံး နယ်ပယ်အသီးသီးတွင်ဝင်ရောက်ရှိနေခဲ့ကြသည်။
ဤအဖွဲ့အစည်းများသည် မည်သည့်နိုင်ငံ အစိုးရများက ဖွဲ့စည်းထားခြင်းမဟုတ်ပေ။ သို့သော် ဤအဖွဲ့အစည်း များသည် အလှူရှင်နိုင်ငံများ၊ လူပုဂ္ဂိုလ်များ၏ အကူအညီအထောက်အပံ့ဖြင့် ရပ်တည်နေကြခြင်းဖြစ်သည်။ INGOs အဖွဲ့များမှာဒေသ နယ်ပယ်စုံတွင် လက်တံရှည်ရှည်ဖြင့် ဝင်ရောက် နေကြခြင်းဖြစ်သည်။ ၎င်းအဖွဲ့များသည် ၎င်းတို့အဖွဲ့ အစည်းများ သက်တမ်းရှည်ကြာစွာရပ်တည်နိုင်ရေးအတွက် အထောက်အပံ့များကိုရယူနေရန်လိုအပ်နေကြသည်။ အထူး သဖြင့် ဤဆိုပါအဖွဲ့အစည်းများသည် လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်အောက်မှ လုပ်ဆောင်နေကြ ခြင်းဖြစ်သည်။ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနိမ့်ကျနေခြင်း စသည်များ ရှိနေသည့် မြန်မာနိုင်ငံကဲ့သို့ မဖွံ့ဖြိုးမတိုးတက်သောနိုင်ငံတစ်နိုင်ငံအဖို့ ၎င်းတို့၏ စားကျက်ကောင်း နေရာတစ်ခုပင်ဖြစ် သည်။ မြန်မာနိုင်ငံအတွင်းပဋိပက္ခတွေပိုကြာလေ ၎င်းတို့အဖွဲ့အစည်းများ လုပ်ကိုင်ကောင်းလေပင်ဖြစ်ရာ INGOs များကလည်း မြန်မာနိုင်ငံ တည်ငြိမ်အေး ချမ်းရေးကိုလိုလားကြသူများ မဟုတ်နိုင်ကြပေ။ မြန်မာနိုင်ငံသည်ပင် INGOs များ၏အသုံးချခံနိုင်ငံတစ် ခုဖြစ်နေလေသည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်၍ ဂျော့ဆိုးရော့စ်လိုပုဂ္ဂိုလ်များကထူ ထောင်ထားသည့် INGOs အဖွဲ့များနှင့် OIS နိုင်ငံများ၊ ကုလသမဂ္ဂလက်အောက်ရှိ အဖွဲ့အစည်းများကလည်း လူသားချင်းစာနာမှု အကြောင်းပြပေးအပ်သော ထောက်ပံ့ငွေများဖြင့်ဖွဲ့စည်းထားသည့် INGOs များကိုအသုံးချ၍ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက် လျက်ရှိနေကြသည်။ မြန်မာနိုင်ငံအရေးကို ဝင်ရောက် စွက်ဖက်လိုသောနိုင်ငံကြီးများကလည်း ထောက်ပံ့ ကြေးပေးရန် လိုလိုလားလားရှိနေကြမည်။ INGOs များကိုအသုံးချ၍ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်းမှာ သိုသိုသိပ်သိပ်လုပ်နိုင်ကိုင်နိုင်လျှင် ဝင်ရောက်စွက်ဖက်ခြင်းကိုမသိနိုင်သောလုပ်ရပ်လည်းဖြစ်သည်။ သို့ဖြစ်လေရာ လူမှုကူညီရေးအဖွဲ့အစည်း အမည်ခံ(INGOs)များကိုအသုံးချကာ ဝိနည်းရှောင်၍အထောက်အပံ့အကူအညီများ ပေးအပ် နေခြင်းဖြစ် ရာ သတိထားအပ်သော အကူအညီများဖြစ်ကြ သည်။

EAOs များနှင့် NUG တို့၏ လုပ်စားမှု
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် NUG-PDF စသည့်အဖွဲ့များကား ရည်မှန်း ချက်ချင်းတူ သည့်အခါ ပူးပေါင်းလိုက်၊ မတူညီသည့်အခါ ခွာပြဲလိုက်ဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ လုပ်စား နေကြခြင်းဖြစ်သည်။ တစ်ခါတစ်ခါ EAO များက လုပ်စားခံဖြစ်လိုက်၊ တစ်ခါတစ် ခါ NUG-PDF များက လုပ်စား ခံဖြစ်လိုက်နှင့်လျင် သူစားတမ်း လုပ်နေကြသည်။ သို့ရာတွင် ၎င်းတို့လုပ် ဆောင်ချက်များကို တွေ့မြင်ရသည့် တူညီချက် တစ်ခုမှာ တိုင်းတစ်ပါးသားများ၏ပေးစာကမ်းစာကို မျှော်ကိုးပြီး ယင်းတို့၏အထောက်အပံ့များဖြင့် ရှင်သန်နေ နိုင်စေရန် ကြိုးစားလုပ်ဆောင်နေကြခြင်းဖြစ်သည်။ ကျွန်စော်နံနေသည့်လုပ်ဆောင်ချက်များလည်းဖြစ်သည်။ အထူးသဖြင့် အမေရိကန်အစိုးရ၏ (၂၀၂၁) ခုနှစ် ဒီဇင်ဘာလ (၂)ရက်တွင်ပြဋ္ဌာန်းခဲ့သော အမျိုးသားကာကွယ်ရေးဥပဒေ (National Defence Aut­horization Act-NDAA)မှစတင်ကာ ယင်းဥပဒေအရခွင့်ပြုပေးခဲ့သည့် ငွေကြေးများကို မျှော်လင့် လုပ်စားနေကြခြင်းဖြစ်သည်။ ထိုငွေများမှာ အရှေ့ဥရောပနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအတွင်း ယင်းတို့နှင့် ပတ်သက်ရာနိုင်ငံများသို့ NGO ထောက်ပံ့ငွေများအသွင်ဖြင့်စီးဝင်နေသည်။ အမေရိကန်နိုင်ငံ၏ထောက်ပံ့ငွေများသည် အစိုးရတစ်ရပ်အနေဖြင့် ပြင်ပအကူအညီများရရှိစေရန်နှင့် မိမိအစိုးရ ၏အကျိုးစီးပွားကို အထောက်အကူဖြစ်စေရန် ကြိုး ကိုင်ထားသော (GONGOs, Government Oper­a­ted Organization)ဖြင့်ပေးထားသော အထောက် အပံ့များလည်းဖြစ်ရာ ဤငွေများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နိုင်သည့် ပြည်ဖျက်စီမံကိန်း အတွက်ဝင်ရောက်လာမည့် NGO ထောက်ပံ့ငွေများပင်ဖြစ်သည်။ ဤစီမံကိန်းဖြင့် (၂၀၂၂) ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း (၁၂၀) ကျော်ရရှိခဲ့ပြီး (၂၀၂၃) ခုနှစ်တွင် သန်း (၅၀)ခွင့်ပြု ပေးခဲ့ကြောင်းသိရသည်။ NUG ကမူ မရှက်မကြောက် ဘဲ ဒေါ်လာသန်း (၅၀ဝ)ကျော်အထိရရှိရေး တောင်းခံခဲ့ကြာင်းလည်း သိရသည်။

ဘင်္ဂါလီအရေးနှင့်လုပ်စားသူ
အထူးသဖြင့် NUG ၏ OIC အထောက် အပံ့ကိုမျှော်ကိုးကာ ဘင်္ဂါလီများကို တိုင်းရင်းသားပေး မည်ဆိုသည့်ကိစ္စ၊ လူမျိုးလိမ်နာမည်ပေးမည်ဆိုသည့် ကိစ္စရပ်များကား တိုင်းပြည်အတွက် အလွန်အန္တရာယ် ရှိသောလုပ်ရပ်များလည်း ဖြစ်သည်။ NUG အနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးအတွက် ဘင်္ဂါလီအရေးကို ရှေ့တန်းတင်လုပ်စားနေခြင်းဖြစ်သည်။ ဆိုရလျှင် NUG သည် တိုင်းပြည်ကိုရောင်းစားနေခြင်းဖြစ်သည်။ NUG သာမဟုတ် OIC နိုင်ငံများသည်လည်းကောင်း၊ ငပွ ကြီး အမေရိကန်နိုင်ငံသည်လည်းကောင်း ဘင်္ဂါလီအရေးရှေ့တန်းတင်ကာ မြန်မာနိုင်ငံကို ကိုလိုနီကျွန်ပြုရေး လုပ်စားနေခြင်းဖြစ်သည်။ EAO များအနေဖြင့်လည်း ဖက်ဒရယ်အရေးကိုအကြောင်းပြု၍ အမေရိ ကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ၏ မြန်မာနိုင် ငံပြိုကွဲရေးအသုံးချခံဖြစ်နေကြသလို လုပ်စားခြင်းခံနေကြရခြင်းဖြစ်သည်။
လုပ်စားခံလိုက်ရသော ကျားဖျန့်တိုက်ဖျက်ရေး
(၂၀၂၃) ခုနှစ်တွင်စတင်ခဲ့သော (၁၀၂၇)စစ်ဆင်ရေးမှာ တရုတ်နိုင်ငံ၏ ကျားဖျန့်လောင်းက စားတိုက် ဖျက်ရေးကို အကြောင်းပြုလာခြင်းဖြစ်သည်။ နယ်စပ်ဒေသရှိသောင်းကျန်းသူများသည် တရုတ်နိုင် ငံ၏ကျောထောက် နောက်ခံပြုမှုဖြင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကိုထိပါးကာ နယ်သိမ်း၊ မြို့သိမ်း တိုက်ပွဲများကိုဖော် ဆောင်ခဲ့ ကြသည်။ နောက်ဆုံး ကျားဖျန့်လောင်းကစားတိုက်ဖျက်ရေးခေါင်းစဉ် ပျောက်သွားကာ တိုင်းရင်းသား ပြည်သူများ အကြိုက် ဖက်ဒရယ်ဒီမိုကရေစီအရေး၊ စစ်အာဏာရှင်တိုက် ဖျက်ရေးခေါင်းစဉ်အောက်သို့ လျှိုဝင်လုပ်စားခဲ့ကြ သည်။ အကျိုးဆက်ကား တိုင်းရင်းသားစည်းလုံးညီ ညွတ်မှု ပြိုကွဲလုနီးပါးဖြစ်လာရကာ ပြည်ထောင်စုပြိုကွဲ မည့်အနေ အထားသို့တိုင် ရောက်ရှိလာခြင်းဖြစ်သည်။ ကျားဖျန့်လောင်းကစား တိုက်ဖျက်ရေးလုပ်ငန်းစဉ် ကားမပြီးသေး။ ဆက်လက်လောင်ကျွမ်းလာမည့် မီးပွားတစ်စဖြစ်နေသေးသည်ကို တွေ့မြင်နေရသည်မှာ တိုင်းပြည်အတွက် စိုးရိမ်စရာ ပင်ဖြစ်သည်။

အသုံးချခံ(လုပ်စားခံ)များ မဖြစ်စေလို
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAO)များသည်လည်းကောင်း၊ NUG-PDF များသည်လည်း ကောင်း၊ အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ၊ OIC နိုင်ငံများအပေါ် မိမိတို့၏အ ကျိုးစီးပွားအတွက် အသုံးချ၍ ရနေသည်ဟု တွေးကောင်းတွေးနေကြမည်။ သို့ရာတွင် အဆိုပါနိုင်ငံကြီးများ၏ မြန်မာနိုင်ငံကို ခေတ်သစ် ကိုလိုနီကျွန်ပြုရေး စီမံကိန်းတွင် မိမိတို့ကိုယ်တိုင်၎င်းတို၏အသုံးချခံများ ဖြစ်နေကြသည်ဆိုခြင်းကို အလေးအနက် သတိထား တွေးမြင်မိကြစေလိုကြောင်း အသိပေးရေးသားလိုက် ရပေသည်။

Zawgyi Version:
‘‘တိုင္းဖ်က္ ျပည္ဖ်က္ လုပ္စားေနၾကသူမ်ား’’
NP News - ဇန္နဝါရီ ၃ဝ

‘‘လုပ္စား”ဆိုေသာစကားလုံးကို ျမန္မာ လူမႈေရးနယ္ပယ္၌ တြင္တြင္က်ယ္က်ယ္အသုံးျပဳ ေျပာဆိုေနၾကသည္။ ‘‘လုပ္စား” ဆိုေသာစကားလုံး ကိုအဓိပၸာယ္ဖြင့္ဆိုရလွ်င္ အေၾကာင္းအရာတစ္ခုခု၊ လူပုဂၢိဳလ္တစ္ဦးဦးကိုအေၾကာင္းျပဳၿပီး ယင္းတို႔အျဖစ္ အပ်က္၊ လူပုဂၢိဳလ္မ်ား၏ထင္ရွားေက်ာ္ၾကားမႈကိုအသုံးခ်ကာ မိမိ၏အက်ိဳးစီးပြား၊ ကိုယ္က်ိဳးအတၱ အတြက္ ေသာ္လည္းေကာင္း၊ မိမိပါဝင္ေနေသာအဖြဲ႕အစည္း ၏အက်ိဳးစီးပြားအတြက္ေသာ္လည္းေကာင္း လုပ္ေဆာင္ အျမတ္ထုတ္သြားရယူျခင္းျဖစ္သည္။ အသုံးခ်ခံလိုက္ရသူမ်ားမွာ ‘‘လုပ္စားခံ”လိုက္ရသူမ်ားျဖစ္ၿပီး၊ အက်ိဳးစီးပြားရရွိ ေအာင္ေဆာင္႐ြက္လုပ္ကိုင္သြားသူမ်ားမွာ ‘‘လုပ္စား”သြားသူမ်ားပင္ျဖစ္သည္။ တစ္နည္းအားျဖင့္ေျပာရလွ်င္ လုပ္စားခံ လိုက္ရသူမ်ားမွာ ‘‘ခုတုံးလုပ္”ခံလိုက္ရသူမ်ားပင္ျဖစ္သည္။ ျမန္မာ့လူအဖြဲ႕အစည္းကိုၾကည့္လွ်င္ သိလ်က္ႏွင့္ ‘လုပ္စားခံ’ လိုက္ရသူမ်ား၊ ‘ခုတုံးလုပ္ခံ’ လိုက္ရသူမ်ား၊ ေပၚေပၚ တင္တင္လုပ္စားသြားသူမ်ားကို မျမင္ခ်င္အဆုံး၊ မၾကားခ်င္ အဆုံးရွိေနၾကသည္။ လူပုဂၢိဳလ္တစ္ဦးတစ္ ေယာက္၏ကိုယ္က်ိဳးအတၱအတြက္ လုပ္စားသြားျခင္းမွာ လုပ္စားခံပုဂၢိဳလ္ တစ္ဦးအတြက္သာနစ္နာေသာ္လည္း ႏိုင္ငံႏွင့္သက္ဆိုင္ေသာအဖြဲ႕အစည္းမ်ား၏ အက်ိဳးစီးပြားအတြက္ လုပ္စားေနၾက သည္မွာ တိုင္းျပည္ႏိုင္ငံအတြက္ နစ္နာဆုံးရႈံးမႈမ်ားရွိခဲ့ရသည္။

ႏိုင္ငံေရး လုပ္စားမႈ
ျမန္မာႏိုင္ငံ၏ ပါတီစုံဒီမိုကေရစီေခတ္ဦးကာလဟုဆိုရမည့္ (၁၉၈၈)ခုႏွစ္မွစတင္ကာ ႏိုင္ငံ ေရးလုပ္စားလာသူ မ်ားကို ေတြ႕ခဲ့ရသည္။ အမ်ိဳးသား ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပုံရိပ္ကိုအ သုံးခ်ကာ ၎၏သမီးျဖစ္ေသာ ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေရးလုပ္စားမ်ားက ခုတုံးလုပ္အသုံးခ်ခဲ့သည္။ (၁၉၆၂) ခုႏွစ္ေနာက္ပိုင္းမွစတင္ကာ ႏိုင္ငံေရးကစားကြက္ပ်က္သြားသည့္ ႏိုင္ငံေရးဇာတ္ပ်က္မ်ား၊ (၁၉၇၄) ခုႏွစ္ေနာက္ပိုင္းၿပိဳလဲသြားခဲ့သည့္ ကြန္ ျမဴနစ္မ်ား ႏွင့္ဆိုရွယ္လစ္(ေဟာင္း) ဇာတ္ပ်က္မ်ား၊ (၁၉၆၁)ခုႏွစ္ေ႐ြးေကာက္ပြဲတြင္ တပ္မေတာ္စည္း ကမ္းေဖာက္ဖ်က္ခဲ့သျဖင့္ တပ္မေတာ္မွ အေရးယူ ထုတ္ပယ္ျခင္းခံခဲ့ရေသာ တပ္မေတာ္အရာရွိေဟာင္းမ်ား၊ (၁၉၈၈)ခုႏွစ္တြင္ျဖစ္ေပၚခဲ့သည့္ တစ္ပါတီအုပ္ စိုးခဲ့သည့္စနစ္ကိုပယ္ဖ်က္ကာ ပါတီစုံဒီမိုကေရစီအေရးတိုက္ပြဲဝင္ေတာင္းဆိုခဲ့ၾကေသာ ႏိုင္ငံေရးအပါးမ ႂကြယ္ၾကေသးဘဲ ေပၚပင္ႏိုင္ငံေရးလုပ္လာၾကသည့္ ေက်ာင္းသားလူငယ္မ်ား စသည္တို႔တြင္ ေခါင္းေဆာင္မဲ့ေနၾက သည္။ ဗကပေဟာင္းမ်ား၊ ႏိုင္ငံေရးသမား ေဟာင္းမ်ား၊ စစ္ဗိုလ္ေဟာင္းမ်ားတြင္လည္း တစ္ဖြဲ႕ ကိုတစ္ဖြဲ႕မယုံၾကည္ ၾကသလို၊ ေက်ာင္းသားလူငယ္မ်ားကလည္း ၎တို႔ကို အယုံအၾကည္မရွိၾက။
ထို႔ျပင္ တိုင္းရင္းသားျပည္သူလူထု၏ ေလာက္ေလာက္လားလား ေလးစားၾကည္ညိဳႏိုင္သည့္ ေခါင္းေဆာင္မ်ား ကိုလည္းရွာမေတြ႕ျဖစ္ေနခ်ိန္တြင္ တိုင္းျပည္ကေလးစားၾကည္ညိဳေသာ ဗိုလ္ခ်ဳပ္ေအာင္ ဆန္း၏ပုံရိပ္ကို အသုံးခ်ခဲ့ျခင္း ျဖစ္သည္။ တပ္မေတာ္သားမ်ားကို စည္း႐ုံးေသာအားျဖင့္ အေရးအခင္းကာ လတစ္ေလွ်ာက္လုံး ဗိုလ္ခ်ဳပ္ဖြဲ႕စည္းခဲ့ သည့္တပ္မေတာ္က ျပည္သူေတြကိုသတ္ဖို႔မဟုတ္ဘူးဟူသည့္ ေႂကြးေၾကာ္သံျဖင့္ တိုင္းျပည္ႏိုင္ငံအဝန္း ဗိုလ္ခ်ဳပ္ ေအာင္ဆန္း၏ပုံရိပ္ကိုဆြဲတင္ခဲ့ၾကသည္။ တစ္ဆက္တည္းပင္မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အရိပ္ကိုခိုၿပီး ဗိုလ္ခ်ဳပ္ေအာင္ ဆန္း၏သမီးကို ႏိုင္ငံေရးစင္ျမင့္သို႔ ဆြဲတင္၍ (၈၈) ခုႏွစ္ အေရးအခင္းတြင္ လုပ္စားခဲ့ၾကသည္။ တိုင္းျပည္ကခ်စ္ေသာ၊ တိုင္းျပည္က ေလးစားေသာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ႏိုင္ငံေရးခုတုံး လုပ္သြားခဲ့ၾကျခင္းလည္းျဖစ္သည္။
NLD ပါတီ၏ေခါင္းေဆာင္သည္လည္း ၎၏ဖခင္ ဗိုလ္ခ်ဳပ္ေအာင္ ဆန္း၏အရိပ္ျဖင့္ ထြန္းေတာက္လာခဲ့ သည္။သူ မည္သည္ကိုပဲလုပ္လုပ္ သူ၏ဖခင္ကိုခ်စ္ျမတ္ႏိုးေသာ ျပည္သူမ်ားက စာနာခြင့္ လႊတ္ခဲ့ၾကသည္။ ေတာ္႐ုံတန္႐ုံ အမွားမ်ားကိုပင္မ ျမင္ႏိုင္ေအာင္အထိ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပုံရိပ္က လႊမ္းမိုးထားခဲ့သည္။ တိုင္းျပည္ႏိုင္ငံအဝန္း (ရခိုင္ ျပည္နယ္မပါ) ဗိုလ္ခ်ဳပ္ေၾကး႐ုပ္မ်ားစိုက္ထူခဲ့ၾကသည္။ ကယားကေတာ့ ကန႔္ကြက္ခဲ့ေသးသည္။ မြန္ျပည္နယ္ရွိ ေမာ္လၿမိဳင္ေခ်ာင္းဆုံတံတားကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားဟုအမည္ေပးႏိုင္ရန္ေရးႀကီးခြင့္ က်ယ္လုပ္ကာ ျပည္သူ႔ လႊတ္ေတာ္အထိ ဆြဲတင္လာၿပီး လႊတ္ေတာ္ဆုံးျဖတ္ခ်က္ျဖင့္ အမည္ေပးခဲ့ရသည္။ (၂၀၂၀) ေ႐ြးေကာက္ပြဲအမီ ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ႐ုပ္ရွင္႐ုံတင္ႏိုင္ေရးကိုပင္ လုပ္ေဆာင္ခဲ့ေသးသည္။ NLD ပါတီကား ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ပုံရိပ္ ေအာက္တြင္ ဗိုလ္ခ်ဳပ္၏သမီးကို ပိုင္ပိုင္ႏိုင္ႏိုင္အသုံး ခ်သြားခဲ့ျခင္းျဖစ္သည္။
NLD ပါတီသည္ ႏိုင္ငံေတာ္အာဏာရရွိခဲ့သည့္ကာလတစ္ေလွ်ာက္တြင္လည္း (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို လိုလွ်င္လိုသလိုအသုံးခ်သြားခဲ့သည္။ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ေပၚထြန္းလာခဲ့သည့္လႊတ္ ေတာ္ကို အက်ိဳးရွိစြာအသုံးခ်သြားႏိုင္ခဲ့သည္။ တိုင္းရင္းသားပါတီမ်ား၊ တပ္မေတာ္သားကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရး ပါတီမ်ား၏အဆိုတင္သြင္းမႈမ်ား၊ ကန႔္ကြက္ေဆြးေႏြးမႈမ်ားကို မေအာင္ျမင္ေစရန္ လႊတ္ေတာ္တြင္းေရာက္ NLD ပါ တီဝင္ အမတ္အင္အားအမ်ားစုျဖင့္ ၎တို႔က အသာ စီးရေအာင္လုပ္ေဆာင္ခဲ့ၾကသည္။ ၎တို႔က တရား ေလဟန္ လႊတ္ေတာ္ ကိုခုတုံးလုပ္အသုံးခ်သြားျခင္း ျဖစ္ သည္။
(၂၀၂၀) ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္လည္း ၎တို႔စိတ္တိုင္းက်ဖြဲ႕စည္းတာဝန္ေပးထားခဲ့ေသာ UFC ေ႐ြးေကာက္ ပြဲေကာ္မရွင္ကိုအသုံးခ်ကာ ၎တို႔အႏိုင္မရႏိုင္ေသာ မဲဆႏၵနယ္မ်ားတြင္ ေ႐ြးေကာက္ ပြဲမက်င္းပႏိုင္ရန္ေဆာင္ ႐ြက္ခဲ့ ျခင္း(ရခိုင္ႏွင့္ရွမ္း)၊ လူဦးေရ(မဲဆႏၵရွင္စာရင္း)မ်ားကို ေဖာင္းပြေစရန္ လုပ္ေဆာင္ခဲ့ျခင္းမ်ားရွိခဲ့သည္။ ထို႔အတူ ကိုဗစ္-၁၉ ကို ေကာင္းစြာအသုံးခ်ကာ ေ႐ြးေကာက္ပြဲ မဲဆြယ္ စည္း႐ုံးမႈမ်ားကိုျပဳလုပ္သြားခဲ့သည္။ မဲဆႏၵေပးရာတြင္ လည္း ႀကိဳတင္မဲမသမာမႈမ်ားျဖင့္ ၎တို႔ပါတီဝင္မ်ား အႏိုင္ရေရး လုပ္ေဆာင္သြားခဲ့ၾကသည္။

INGOs မ်ား၏ လုပ္စားမႈ
လုပ္စားမႈမ်ားအနက္ ျပည္ပအေထာက္အပံ့ကိုရယူလႈပ္ရွားေနေသာ INGOs မ်ား၏လုပ္စား မႈမ်ားမွာလည္း အလြန္ေၾကာက္စရာေကာင္းလွသည္။ INGO မ်ားႏွင့္ပတ္သက္၍ စီးပြားေရးလုပ္ငန္းမ်ား ဆိုင္ရာ ႏိုင္ငံတကာ NGO မ်ား (BINGO, Busi­ness- oriented International) လူထုအေျချပဳ လူ႔အဖြဲ႕အစည္းဆိုင္ရာ NGO မ်ား၊ (CSO, Civil Society Organization)၊ အလႉရွင္မ်ားကိုစည္း႐ုံး ဖြဲ႕စည္းထားေသာ NGO မ်ား( DONGO, Donor Organization) ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဆိုင္ရာ NGO မ်ား(ENGO, Environmental Organi­zation) နည္းပညာအေထာက္အကူျပဳ NGO မ်ား (TANGO,Technical Assistance Organiz­ation)စသည္ျဖင့္ အသြင္သြင္အမ်ိဳးမ်ိဳးျဖင့္ လုပ္ကိုင္ ေဆာင္႐ြက္ေနၾကသည္ ကိုေတြ႕ျမင္ႏိုင္သည္။ ျမန္မာႏိုင္ငံတြင္လည္း NGO အမည္ခံ အဖြဲ႕အစည္းအသီး သီးသည္ ျမန္မာႏိုင္ငံ၏လူမႈေရး (အလုပ္သမား၊ လယ္သမား၊ အမ်ိဳးသမီးေရးရာ)နယ္ပယ္၊ ပညာေရး နယ္ပယ္၊ မီဒီယာနယ္ပယ္၊ ယုတ္စြအဆုံး လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပညာေပးေရးအဆုံး နယ္ပယ္အသီးသီးတြင္ဝင္ေရာက္ရွိေနခဲ့ၾကသည္။
ဤအဖြဲ႕အစည္းမ်ားသည္ မည္သည့္ႏိုင္ငံ အစိုးရမ်ားက ဖြဲ႕စည္းထားျခင္းမဟုတ္ေပ။ သို႔ေသာ္ ဤအဖြဲ႕အစည္း မ်ားသည္ အလႉရွင္ႏိုင္ငံမ်ား၊ လူပုဂၢိဳလ္မ်ား၏ အကူအညီအေထာက္အပံ့ျဖင့္ ရပ္တည္ေနၾကျခင္းျဖစ္သည္။ INGOs အဖြဲ႕မ်ားမွာေဒသ နယ္ပယ္စုံတြင္ လက္တံရွည္ရွည္ျဖင့္ ဝင္ေရာက္ ေနၾကျခင္းျဖစ္သည္။ ၎အဖြဲ႕မ်ားသည္ ၎တို႔အဖြဲ႕ အစည္းမ်ား သက္တမ္းရွည္ၾကာစြာရပ္တည္ႏိုင္ေရးအတြက္ အေထာက္အပံ့မ်ားကိုရယူေနရန္လိုအပ္ေနၾကသည္။ အထူး သျဖင့္ ဤဆိုပါအဖြဲ႕အစည္းမ်ားသည္ လူသားခ်င္းစာနာေထာက္ထားမႈေခါင္းစဥ္ေအာက္မွ လုပ္ေဆာင္ေနၾက ျခင္းျဖစ္သည္။ ေဒသတြင္း လက္နက္ကိုင္ပဋိပကၡမ်ားရွိေနျခင္း၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရးနိမ့္က်ေနျခင္း စသည္မ်ား ရွိေနသည့္ ျမန္မာႏိုင္ငံကဲ့သို႔ မဖြံ႕ၿဖိဳးမတိုးတက္ေသာႏိုင္ငံတစ္ႏိုင္ငံအဖို႔ ၎တို႔၏ စားက်က္ေကာင္း ေနရာတစ္ခုပင္ျဖစ္ သည္။ ျမန္မာႏိုင္ငံအတြင္းပဋိပကၡေတြပိုၾကာေလ ၎တို႔အဖြဲ႕အစည္းမ်ား လုပ္ကိုင္ေကာင္းေလပင္ျဖစ္ရာ INGOs မ်ားကလည္း ျမန္မာႏိုင္ငံ တည္ၿငိမ္ေအး ခ်မ္းေရးကိုလိုလားၾကသူမ်ား မဟုတ္ႏိုင္ၾကေပ။ ျမန္မာႏိုင္ငံသည္ပင္ INGOs မ်ား၏အသုံးခ်ခံႏိုင္ငံတစ္ ခုျဖစ္ေနေလသည္။
ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ားႏွင့္ပတ္သက္၍ ေဂ်ာ့ဆိုးေရာ့စ္လိုပုဂၢိဳလ္မ်ားကထူ ေထာင္ထားသည့္ INGOs အဖြဲ႕မ်ားႏွင့္ OIS ႏိုင္ငံမ်ား၊ ကုလသမဂၢလက္ေအာက္ရွိ အဖြဲ႕အစည္းမ်ားကလည္း လူသားခ်င္းစာနာမႈ အေၾကာင္းျပေပးအပ္ေသာ ေထာက္ပံ့ေငြမ်ားျဖင့္ဖြဲ႕စည္းထားသည့္ INGOs မ်ားကိုအသုံးခ်၍ ျပည္တြင္းေရးကို ဝင္ေရာက္ စြက္ဖက္ လ်က္ရွိေနၾကသည္။ ျမန္မာႏိုင္ငံအေရးကို ဝင္ေရာက္ စြက္ဖက္လိုေသာႏိုင္ငံႀကီးမ်ားကလည္း ေထာက္ပံ့ ေၾကးေပးရန္ လိုလိုလားလားရွိေနၾကမည္။ INGOs မ်ားကိုအသုံးခ်၍ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ ဖက္ျခင္းမွာ သိုသိုသိပ္သိပ္လုပ္ႏိုင္ကိုင္ႏိုင္လွ်င္ ဝင္ေရာက္စြက္ဖက္ျခင္းကိုမသိႏိုင္ေသာလုပ္ရပ္လည္းျဖစ္သည္။ သို႔ျဖစ္ေလရာ လူမႈကူညီေရးအဖြဲ႕အစည္း အမည္ခံ(INGOs)မ်ားကိုအသုံးခ်ကာ ဝိနည္းေရွာင္၍အေထာက္အပံ့အကူအညီမ်ား ေပးအပ္ ေနျခင္းျဖစ္ ရာ သတိထားအပ္ေသာ အကူအညီမ်ားျဖစ္ၾက သည္။

EAOs မ်ားႏွင့္ NUG တို႔၏ လုပ္စားမႈ
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း မ်ားႏွင့္ NUG-PDF စသည့္အဖြဲ႕မ်ားကား ရည္မွန္း ခ်က္ခ်င္းတူ သည့္အခါ ပူးေပါင္းလိုက္၊ မတူညီသည့္အခါ ခြာၿပဲလိုက္ျဖင့္ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ကိုင္းကြၽန္းမွီ၊ ကြၽန္းကိုင္းမွီ လုပ္စား ေနၾကျခင္းျဖစ္သည္။ တစ္ခါတစ္ခါ EAO မ်ားက လုပ္စားခံျဖစ္လိုက္၊ တစ္ခါတစ္ ခါ NUG-PDF မ်ားက လုပ္စား ခံျဖစ္လိုက္ႏွင့္လ်င္ သူစားတမ္း လုပ္ေနၾကသည္။ သို႔ရာတြင္ ၎တို႔လုပ္ ေဆာင္ခ်က္မ်ားကို ေတြ႕ျမင္ရသည့္ တူညီခ်က္ တစ္ခုမွာ တိုင္းတစ္ပါးသားမ်ား၏ေပးစာကမ္းစာကို ေမွ်ာ္ကိုးၿပီး ယင္းတို႔၏အေထာက္အပံ့မ်ားျဖင့္ ရွင္သန္ေန ႏိုင္ေစရန္ ႀကိဳးစားလုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။ ကြၽန္ေစာ္နံေနသည့္လုပ္ေဆာင္ခ်က္မ်ားလည္းျဖစ္သည္။ အထူးသျဖင့္ အေမရိကန္အစိုးရ၏ (၂၀၂၁) ခုႏွစ္ ဒီဇင္ဘာလ (၂)ရက္တြင္ျပ႒ာန္းခဲ့ေသာ အမ်ိဳးသားကာကြယ္ေရးဥပေဒ (National Defence Aut­horization Act-NDAA)မွစတင္ကာ ယင္းဥပေဒအရခြင့္ျပဳေပးခဲ့သည့္ ေငြေၾကးမ်ားကို ေမွ်ာ္လင့္ လုပ္စားေနၾကျခင္းျဖစ္သည္။ ထိုေငြမ်ားမွာ အေရွ႕ဥေရာပႏိုင္ငံမ်ားႏွင့္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအတြင္း ယင္းတို႔ႏွင့္ ပတ္သက္ရာႏိုင္ငံမ်ားသို႔ NGO ေထာက္ပံ့ေငြမ်ားအသြင္ျဖင့္စီးဝင္ေနသည္။ အေမရိကန္ႏိုင္ငံ၏ေထာက္ပံ့ေငြမ်ားသည္ အစိုးရတစ္ရပ္အေနျဖင့္ ျပင္ပအကူအညီမ်ားရရွိေစရန္ႏွင့္ မိမိအစိုးရ ၏အက်ိဳးစီးပြားကို အေထာက္အကူျဖစ္ေစရန္ ႀကိဳး ကိုင္ထားေသာ (GONGOs, Government Oper­a­ted Organization)ျဖင့္ေပးထားေသာ အေထာက္ အပံ့မ်ားလည္းျဖစ္ရာ ဤေငြမ်ားသည္ ျမန္မာႏိုင္ငံ၏ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ႏိုင္သည့္ ျပည္ဖ်က္စီမံကိန္း အတြက္ဝင္ေရာက္လာမည့္ NGO ေထာက္ပံ့ေငြမ်ားပင္ျဖစ္သည္။ ဤစီမံကိန္းျဖင့္ (၂၀၂၂) ခုႏွစ္တြင္ အေမရိကန္ေဒၚလာ သန္း (၁၂၀) ေက်ာ္ရရွိခဲ့ၿပီး (၂၀၂၃) ခုႏွစ္တြင္ သန္း (၅၀)ခြင့္ျပဳ ေပးခဲ့ေၾကာင္းသိရသည္။ NUG ကမူ မရွက္မေၾကာက္ ဘဲ ေဒၚလာသန္း (၅၀ဝ)ေက်ာ္အထိရရွိေရး ေတာင္းခံခဲ့ၾကာင္းလည္း သိရသည္။

ဘဂၤါလီအေရးႏွင့္လုပ္စားသူ
အထူးသျဖင့္ NUG ၏ OIC အေထာက္ အပံ့ကိုေမွ်ာ္ကိုးကာ ဘဂၤါလီမ်ားကို တိုင္းရင္းသားေပး မည္ဆိုသည့္ကိစၥ၊ လူမ်ိဳးလိမ္နာမည္ေပးမည္ဆိုသည့္ ကိစၥရပ္မ်ားကား တိုင္းျပည္အတြက္ အလြန္အႏၲရာယ္ ရွိေသာလုပ္ရပ္မ်ားလည္း ျဖစ္သည္။ NUG အေနျဖင့္ ၎တို႔၏ကိုယ္က်ိဳးအတြက္ ဘဂၤါလီအေရးကို ေရွ႕တန္းတင္လုပ္စားေနျခင္းျဖစ္သည္။ ဆိုရလွ်င္ NUG သည္ တိုင္းျပည္ကိုေရာင္းစားေနျခင္းျဖစ္သည္။ NUG သာမဟုတ္ OIC ႏိုင္ငံမ်ားသည္လည္းေကာင္း၊ ငပြ ႀကီး အေမရိကန္ႏိုင္ငံသည္လည္းေကာင္း ဘဂၤါလီအေရးေရွ႕တန္းတင္ကာ ျမန္မာႏိုင္ငံကို ကိုလိုနီကြၽန္ျပဳေရး လုပ္စားေနျခင္းျဖစ္သည္။ EAO မ်ားအေနျဖင့္လည္း ဖက္ဒရယ္အေရးကိုအေၾကာင္းျပဳ၍ အေမရိ ကန္ႏိုင္ငံအပါအဝင္ အေနာက္ႏိုင္ငံမ်ား၏ ျမန္မာႏိုင္ ငံၿပိဳကြဲေရးအသုံးခ်ခံျဖစ္ေနၾကသလို လုပ္စားျခင္းခံေနၾကရျခင္းျဖစ္သည္။
လုပ္စားခံလိုက္ရေသာ က်ားဖ်န႔္တိုက္ဖ်က္ေရး
(၂၀၂၃) ခုႏွစ္တြင္စတင္ခဲ့ေသာ (၁၀၂၇)စစ္ဆင္ေရးမွာ တ႐ုတ္ႏိုင္ငံ၏ က်ားဖ်န႔္ေလာင္းက စားတိုက္ ဖ်က္ေရးကို အေၾကာင္းျပဳလာျခင္းျဖစ္သည္။ နယ္စပ္ေဒသရွိေသာင္းက်န္းသူမ်ားသည္ တ႐ုတ္ႏိုင္ ငံ၏ေက်ာေထာက္ ေနာက္ခံျပဳမႈျဖင့္ ႏိုင္ငံေတာ္၏အခ်ဳပ္အျခာအာဏာကိုထိပါးကာ နယ္သိမ္း၊ ၿမိဳ႕သိမ္း တိုက္ပြဲမ်ားကိုေဖာ္ ေဆာင္ခဲ့ ၾကသည္။ ေနာက္ဆုံး က်ားဖ်န႔္ေလာင္းကစားတိုက္ဖ်က္ေရးေခါင္းစဥ္ ေပ်ာက္သြားကာ တိုင္းရင္းသား ျပည္သူမ်ား အႀကိဳက္ ဖက္ဒရယ္ဒီမိုကေရစီအေရး၊ စစ္အာဏာရွင္တိုက္ ဖ်က္ေရးေခါင္းစဥ္ေအာက္သို႔ လွ်ိဳဝင္လုပ္စားခဲ့ၾက သည္။ အက်ိဳးဆက္ကား တိုင္းရင္းသားစည္းလုံးညီ ၫြတ္မႈ ၿပိဳကြဲလုနီးပါးျဖစ္လာရကာ ျပည္ေထာင္စုၿပိဳကြဲ မည့္အေန အထားသို႔တိုင္ ေရာက္ရွိလာျခင္းျဖစ္သည္။ က်ားဖ်န႔္ေလာင္းကစား တိုက္ဖ်က္ေရးလုပ္ငန္းစဥ္ ကားမၿပီးေသး။ ဆက္လက္ေလာင္ကြၽမ္းလာမည့္ မီးပြားတစ္စျဖစ္ေနေသးသည္ကို ေတြ႕ျမင္ေနရသည္မွာ တိုင္းျပည္အတြက္ စိုးရိမ္စရာ ပင္ျဖစ္သည္။

အသုံးခ်ခံ(လုပ္စားခံ)မ်ား မျဖစ္ေစလို
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား(EAO)မ်ားသည္လည္းေကာင္း၊ NUG-PDF မ်ားသည္လည္း ေကာင္း၊ အေမရိကန္ႏိုင္ငံအပါအဝင္ အေနာက္ႏိုင္ငံမ်ား၊ OIC ႏိုင္ငံမ်ားအေပၚ မိမိတို႔၏အ က်ိဳးစီးပြားအတြက္ အသုံးခ်၍ ရေနသည္ဟု ေတြးေကာင္းေတြးေနၾကမည္။ သို႔ရာတြင္ အဆိုပါႏိုင္ငံႀကီးမ်ား၏ ျမန္မာႏိုင္ငံကို ေခတ္သစ္ ကိုလိုနီကြၽန္ျပဳေရး စီမံကိန္းတြင္ မိမိတို႔ကိုယ္တိုင္၎တို၏အသုံးခ်ခံမ်ား ျဖစ္ေနၾကသည္ဆိုျခင္းကို အေလးအနက္ သတိထား ေတြးျမင္မိၾကေစလိုေၾကာင္း အသိေပးေရးသားလိုက္ ရေပသည္။

Picture

Aung Aung

31/01/2025 00:08

တစ်ဖက်ပိတ်လျှောက်ပြောနေ မင့်ပထွေးလုပ်လို့ တရုတ်ကျွန်ဖြစ်နေတာ ပထွေးဘော မ,နေတာဘဲပေါ့

Related news

© 2021. All rights reserved.