ကိုဗစ်ဒုတိယလှိုင်းမှစ၍ မိသားစုနှင့် ကွဲကွာခဲ့ရသော အမျိုးသားလူနာတစ်ဦးမှာ (၆)နှစ်ခန့်အကြာတွင် စေတနာရှင်များ၏အကူအညီဖြင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့

 861

စော (NP News) - ဇန်နဝါရီ ၃၁

ကိုဗစ်ဒုတိယလှိုင်းမှစ၍ မိသားစုနှင့်ကွဲကွာခဲ့ရသော အမျိုးသားလူနာတစ်ဦးမှာ (၆)နှစ်ခန့်အကြာတွင် စေတနာရှင်များ၏ အကူအညီဖြင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြောင်း လူမှုကရုဏာရှင်(နေပြည်တော်)အသင်းထံမှသိရသည်။
အဆိုပါအမျိုးသားမှာ အသက် (၃၅)နှစ်ခန့်အရွယ်ရှိသူဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၉ခုနှစ်ခန့်က ဆေးကုသရန်အတွက် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ၎င်း၏မိသားစုဝင်သည် ဝန်ထမ်းများဖြစ်သောကြောင့် အနီးကပ် မစောင့်ရှောက်နိုင်သဖြင့် လူနာစောင့်ငှားထားခဲ့ကြောင်း သိရသည်။
ဆေးကုသမှု ခံယူနေစဉ် ကိုဗစ်ဒုတိယလှိုင်းဖြစ်လာခဲ့ရာ မိသားစုဝင်များမှာ တာဝန်ကျရာနေရာသို့ ထွက်ခွာခဲ့ရသည့် အပြင် လူနာစောင့်ကလည်း ဆေးရုံတွင် လူနာကိုထားခဲ့သောကြောင့် ဆရာဝန်၊ သူနာပြုများက ဆက်လက်ဆေးဝါး ကုသပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆေးရုံမှတစ်ဆင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ငွေတောင်တောရဓမ္မရိပ်သာဆရာတော် ဦးဥူးသုဇာထံ လူနာကို အပ်နှံပေးခဲ့သဖြင့် ဆရာတော်ကလည်း လိုအပ်ချက်မရှိစေရန် ပြုစုစောင့်ရှောက်ပေးခဲ့ရာ လူနာ၏မှတ်ဥာဏ် အခြေအနေကြောင့် မိသားစုနှင့်ဆက်သွယ်ရန် အခက်အခဲရှိခဲ့ကြောင်း သိရသည်။
ထိုသို့ပြုစုစောင့်ရှောက်ထားစဉ် လူနာကိုသိရှိသူ တစ်ဦးနှင့်တွေ့ဆုံရာမှ မိသားစုကိုဆက်သွယ်ရန် ကွင်းဆက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူကို ခင်ဗျားမိသားစုတွေ အခုချိန်ထိရှိသေးတယ်။ အဲဒီတော့မပြန်ဘူးလားပြောတော့ ပြန်ချင်တဲ့စိတ်ဖြစ်ပေါ်လာလို့ ကျွန်တော်တို့က သွားရောက်ပြီးတော့ ကူညီပို့ဆောင်ပေးတာပါ” ဟု လူမှုကရုဏာရှင်(နေပြည်တော်)အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါလူမှုကူညီရေးအသင်းမှ လူနာအား မိသားစုနှင့်ပြန်လည်တွေ့ဆုံစေရန်အတွက် ဇန်နဝါရီလ (၂၇)ရက်က လူနာ မိသားစုရှိသည့်လိပ်စာအတိုင်း သွားရောက်ပို့ဆောင်ခဲ့ရာ မိသားစုဝင်များသည် ၎င်းလိပ်စာတွင်မနေတော့ဘဲ ပြောင်းရွှေ့ သွားသဖြင့် အနီးအနားပတ်ဝန်းကျင်၌ နှစ်နာရီကျော်ကြာအောင် ရှာဖွေပေးခဲ့ရကြောင်း သိရသည်။
“ကျွန်တော်တို့ခက်ခက်ခဲခဲရှာဖွေခဲ့ရသေးတယ်။ သူတို့သွားတဲ့အချိန်မှာ သူတို့မိသားစုက အဲဒီမှာ မရှိတော့ဘူး။ မနေတော့ဘူးဆိုတော့ ကျွန်တော်လည်းသွားပြီပေါ့။ သူကိုကြည့်တော့လည်း ကားပေါ်မှာ။ လုံးဝ စိတ်မကောင်းဖြစ်မိ တယ်။ သူကလည်း ငိုယိုပြီးတော့ ကျွန်တော်လည်းဘယ်လိုလုပ်ရမလဲပေါ့။ သူက ခြေထောက်တွေလည်း မသန်ဘူး။ စကားပြောတဲ့နေရာမှာလည်း နည်းနည်းလေးတယ်။ အာရုံကြောလည်းအားနည်းတယ်။ ကျွန်တော်လည်း လိုက်စုံစမ်း ကြည့်လိုက်‌တော့ ရန်ကုန်မှာပဲတွေ့တာပဲ။ လှည်းကူးထဲမှာပဲ။ အဲဒီတော့ သူမိသားစုကို လိုက်ရှာလိုက်ရှာ တော်တော်ကြီး ကို ရှာရတယ်။ နှစ်နာရီသုံးနာရီလောက်ရှာပြီးမှ မရတော့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံကိုဝင်ပြီးတော့မှ အိမ်ငှားတွေ ရှိလား။ သူမိဘနာမည်တွေကတော့ ဒီလိုဒီလိုတော့ပြောတယ်။ အဲဒီမှာသွားပြီးတော့ သိရတာ။ အဲဒီမှာ သူအမေ ရောက်လာတော့ အုပ်ချုပ်ရေးရုံးခန်းထဲကို ဝင်ပြီးတော့မှ ကျွန်‌တော်တို့ကလည်း အစ်မသားလို့တော့ အစ်မနဲ့လည်း နာမည်တူတယ်။ တစ်ချက်လောက်ကြည့်ကြည့်ပါဦး။ ကျွန်တော်တို့ရပ်ထားတဲ့ကားနားကို သွားတော့မှ လုံးဝအသည်း အသန်ကြီးရှိုက်ကြီးတငင်ငို တော်တော်လေးလည်း ဝမ်းနည်းရတယ်။ ပီတိလည်းဖြစ်ရတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် လူနာ၏မိသားစုဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်တွင် အိမ်ငှားနေထိုင်နေသည်မှာ မကြာသေးကြောင်း နှင့် ၎င်းကိုလည်း မိသားစုက ပြန်လည်ခေါ်ယူစောင့် ရှောက်ထားကြောင်း ၎င်းက ဆိုသည်။
အဆိုပါလူနာ၏မိသားစုဝင်က ၎င်းအားဆေးရုံတွင် ပစ်ထားခဲ့ခြင်းမဟုတ်ကြောင်း၊ ပြန်လည်လာရောက်ရှာဖွေခဲ့ကြောင်း၊ ရဲစခန်းတွင်လည်း အမှုဖွင့်တိုင်တန်းခဲ့ကြောင်းနှင့် ရှာမတွေ့သည့်အဆုံး ကိုဗစ်ကြောင့် သေဆုံးပြီဟု မှတ်ယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Zawgyi Version:
ကိုဗစ္ဒုတိယလႈိင္းမွစ၍ မိသားစုႏွင့္ ကြဲကြာခဲ့ရေသာ အမ်ိဳးသားလူနာတစ္ဦးမွာ (၆)ႏွစ္ခန႔္အၾကာတြင္ ေစတနာရွင္မ်ား၏ အကူအညီျဖင့္ ျပန္လည္ဆုံဆည္းႏိုင္ခဲ့
ေစာ (NP News) - ဇန္နဝါရီ ၃၁

ကိုဗစ္ဒုတိယလႈိင္းမွစ၍ မိသားစုႏွင့္ကြဲကြာခဲ့ရေသာ အမ်ိဳးသားလူနာတစ္ဦးမွာ (၆)ႏွစ္ခန႔္အၾကာတြင္ ေစတနာရွင္မ်ား၏ အကူအညီျဖင့္ ျပန္လည္ဆုံဆည္းႏိုင္ခဲ့ေၾကာင္း လူမႈက႐ုဏာရွင္(ေနျပည္ေတာ္)အသင္းထံမွသိရသည္။
အဆိုပါအမ်ိဳးသားမွာ အသက္ (၃၅)ႏွစ္ခန႔္အ႐ြယ္ရွိသူျဖစ္ကာ ၿပီးခဲ့သည့္ ၂၀၁၉ခုႏွစ္ခန႔္က ေဆးကုသရန္အတြက္ ေနျပည္ေတာ္ကုတင္ (၁၀၀၀)ေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး ၎၏မိသားစုဝင္သည္ ဝန္ထမ္းမ်ားျဖစ္ေသာေၾကာင့္ အနီးကပ္ မေစာင့္ေရွာက္ႏိုင္သျဖင့္ လူနာေစာင့္ငွားထားခဲ့ေၾကာင္း သိရသည္။
ေဆးကုသမႈ ခံယူေနစဥ္ ကိုဗစ္ဒုတိယလႈိင္းျဖစ္လာခဲ့ရာ မိသားစုဝင္မ်ားမွာ တာဝန္က်ရာေနရာသို႔ ထြက္ခြာခဲ့ရသည့္ အျပင္ လူနာေစာင့္ကလည္း ေဆး႐ုံတြင္ လူနာကိုထားခဲ့ေသာေၾကာင့္ ဆရာဝန္၊ သူနာျပဳမ်ားက ဆက္လက္ေဆးဝါး ကုသေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေဆး႐ုံမွတစ္ဆင့္ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ ေငြေတာင္ေတာရဓမၼရိပ္သာဆရာေတာ္ ဦးဥဴးသုဇာထံ လူနာကို အပ္ႏွံေပးခဲ့သျဖင့္ ဆရာေတာ္ကလည္း လိုအပ္ခ်က္မရွိေစရန္ ျပဳစုေစာင့္ေရွာက္ေပးခဲ့ရာ လူနာ၏မွတ္ဥာဏ္ အေျခအေနေၾကာင့္ မိသားစုႏွင့္ဆက္သြယ္ရန္ အခက္အခဲရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျပဳစုေစာင့္ေရွာက္ထားစဥ္ လူနာကိုသိရွိသူ တစ္ဦးႏွင့္ေတြ႕ဆုံရာမွ မိသားစုကိုဆက္သြယ္ရန္ ကြင္းဆက္ရရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“သူကို ခင္ဗ်ားမိသားစုေတြ အခုခ်ိန္ထိရွိေသးတယ္။ အဲဒီေတာ့မျပန္ဘူးလားေျပာေတာ့ ျပန္ခ်င္တဲ့စိတ္ျဖစ္ေပၚလာလို႔ ကြၽန္ေတာ္တို႔က သြားေရာက္ၿပီးေတာ့ ကူညီပို႔ေဆာင္ေပးတာပါ” ဟု လူမႈက႐ုဏာရွင္(ေနျပည္ေတာ္)အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါလူမႈကူညီေရးအသင္းမွ လူနာအား မိသားစုႏွင့္ျပန္လည္ေတြ႕ဆုံေစရန္အတြက္ ဇန္နဝါရီလ (၂၇)ရက္က လူနာ မိသားစုရွိသည့္လိပ္စာအတိုင္း သြားေရာက္ပို႔ေဆာင္ခဲ့ရာ မိသားစုဝင္မ်ားသည္ ၎လိပ္စာတြင္မေနေတာ့ဘဲ ေျပာင္းေ႐ႊ႕ သြားသျဖင့္ အနီးအနားပတ္ဝန္းက်င္၌ ႏွစ္နာရီေက်ာ္ၾကာေအာင္ ရွာေဖြေပးခဲ့ရေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ခက္ခက္ခဲခဲရွာေဖြခဲ့ရေသးတယ္။ သူတို႔သြားတဲ့အခ်ိန္မွာ သူတို႔မိသားစုက အဲဒီမွာ မရွိေတာ့ဘူး။ မေနေတာ့ဘူးဆိုေတာ့ ကြၽန္ေတာ္လည္းသြားၿပီေပါ့။ သူကိုၾကည့္ေတာ့လည္း ကားေပၚမွာ။ လုံးဝ စိတ္မေကာင္းျဖစ္မိ တယ္။ သူကလည္း ငိုယိုၿပီးေတာ့ ကြၽန္ေတာ္လည္းဘယ္လိုလုပ္ရမလဲေပါ့။ သူက ေျခေထာက္ေတြလည္း မသန္ဘူး။ စကားေျပာတဲ့ေနရာမွာလည္း နည္းနည္းေလးတယ္။ အာ႐ုံေၾကာလည္းအားနည္းတယ္။ ကြၽန္ေတာ္လည္း လိုက္စုံစမ္း ၾကည့္လိုက္‌ေတာ့ ရန္ကုန္မွာပဲေတြ႕တာပဲ။ လွည္းကူးထဲမွာပဲ။ အဲဒီေတာ့ သူမိသားစုကို လိုက္ရွာလိုက္ရွာ ေတာ္ေတာ္ႀကီး ကို ရွာရတယ္။ ႏွစ္နာရီသုံးနာရီေလာက္ရွာၿပီးမွ မရေတာ့မွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံကိုဝင္ၿပီးေတာ့မွ အိမ္ငွားေတြ ရွိလား။ သူမိဘနာမည္ေတြကေတာ့ ဒီလိုဒီလိုေတာ့ေျပာတယ္။ အဲဒီမွာသြားၿပီးေတာ့ သိရတာ။ အဲဒီမွာ သူအေမ ေရာက္လာေတာ့ အုပ္ခ်ဳပ္ေရး႐ုံးခန္းထဲကို ဝင္ၿပီးေတာ့မွ ကြၽန္‌ေတာ္တို႔ကလည္း အစ္မသားလို႔ေတာ့ အစ္မနဲ႔လည္း နာမည္တူတယ္။ တစ္ခ်က္ေလာက္ၾကည့္ၾကည့္ပါဦး။ ကြၽန္ေတာ္တို႔ရပ္ထားတဲ့ကားနားကို သြားေတာ့မွ လုံးဝအသည္း အသန္ႀကီးရႈိက္ႀကီးတငင္ငို ေတာ္ေတာ္ေလးလည္း ဝမ္းနည္းရတယ္။ ပီတိလည္းျဖစ္ရတယ္” ဟု ၎က ဆက္လက္ ေျပာသည္။
လက္ရွိတြင္ လူနာ၏မိသားစုဝင္မ်ားသည္ ရန္ကုန္တိုင္းေဒသႀကီး၊လွည္းကူးၿမိဳ႕နယ္တြင္ အိမ္ငွားေနထိုင္ေနသည္မွာ မၾကာေသးေၾကာင္း ႏွင့္ ၎ကိုလည္း မိသားစုက ျပန္လည္ေခၚယူေစာင့္ ေရွာက္ထားေၾကာင္း ၎က ဆိုသည္။
အဆိုပါလူနာ၏မိသားစုဝင္က ၎အားေဆး႐ုံတြင္ ပစ္ထားခဲ့ျခင္းမဟုတ္ေၾကာင္း၊ ျပန္လည္လာေရာက္ရွာေဖြခဲ့ေၾကာင္း၊ ရဲစခန္းတြင္လည္း အမႈဖြင့္တိုင္တန္းခဲ့ေၾကာင္းႏွင့္ ရွာမေတြ႕သည့္အဆုံး ကိုဗစ္ေၾကာင့္ ေသဆုံးၿပီဟု မွတ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.