အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်း (Mindless Society)
87
လင်းမြတ် (NP News) - ဇန်နဝါရီ ၃၁
အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းဆိုသည်မှာ ပုံမှန်အားဖြင့် လူသိများသောအကြောင်းအရာမဟုတ် သော်လည်း လူမှုအဖွဲ့အစည်းအသိုင်းဝိုင်းများ၏အတိတ်၊ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက်မူ သေရေးရှင်ရေး မက အရေးကြီးသော သတိပြုစရာ အကျင့်စရိုက်တစ်ခု ဖြစ်သည်။ အဆင်အခြင်မဲ့လူ့အဖွဲ့အစည်း ဆို သည်မှာ သာမန်အားဖြင့် အကြောင်းအရာတစ်ခုအပေါ် ကြားနာ၊ တုံ့ပြန်၊ သုံးနှုန်းရာတွင် သုံးသပ်မှု မရှိ သလောက် အားနည်းခြင်းနှင့် သုံးသပ်ချက်များသည်လည်း တည်ငြိမ်သော စိတ်ဝင်စားမှုနှင့်အတူ ထပ် ဆင့် မေးခွန်းများ Óဏ်သုံးဆင့်ထုတ်ကာ စုံစမ်းချင့်ချိန်နိုင်မှု အားနည်းသော/မရှိသော လူ့အသိုင်းအဝိုင်း ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထိုသို့သောလူ့အဖွဲ့အစည်းမှလူများသည် ပျော်ရွှင်စိတ်အေး/စိတ်ချမှုများ ဖြင့်သာ နေ့စဉ်ဘဝ ကို ပုံမှန် လုပ်ဆောင် ဖြတ်သန်းကာ ဖြစ်ပေါ်လာသော အကြောင်းအရာအခြေအနေ များအပေါ် ထပ်ဆင့် တွေးခေါ်ခြင်း မေးခွန်းဆင့်ကဲထုတ်ခြင်း သင်ခန်းစာယူ ဉာဏ်နှင့်ယှဉ် သင်ယူမှုများ မရှိသလောက်အား နည်းကြသည်ကိုတွေ့ရှိကြရမည်ဖြစ်သည်။ ထိုကဲ့သို့ အဆင်အခြင်မဲ့သော လူမှုအဖွဲ့ အစည်းများတွင် အောက်ပါအင်္ဂါရပ်များပါဝင်သည်ကို လေ့လာတွေ့ ရှိရမည်ဖြစ်သည်။
၁။ သဘောထားကိုက်ညီမှု (Conformity)။
လူတွေဟာ ပုံမှန်အလေ့အထ၊ ယုံကြည်မှုကိုသာ ဆုပ်ကိုင်ထားခြင်းနှင့် မိမိမျှော်လင့်ထားသည့် အတိုင်း ဖြစ်ပေါ်ပြောဆိုမှုကိုသာအလေးထားတတ်ပြီး သဘောထားကိုက်ညီမှုကိုသာ ဦးစားပေး အဆင် အခြင် အမေးအမြန်းမရှိ ဆက်ဆံယုံကြည် ပေါင်းသင်းတတ်ကြခြင်း။
၂။ ဆင်ခြင်တွေးခေါ်မှုအားနည်းခြင်း (Lack of Critical Thinking)။
လူတို့သည် သတင်းအချက်အလက်များအပေါ်တွင် ကွဲပြားသောအမြင်များရှိနိုင်ကြောင်း အချိန် ပေး စဉ်းစားဆင်ခြင်ကာတွေးခေါ်ခြင်းမရှိဘဲ လက်ခံယုံကြည်တတ်ခြင်း။
၃။ လေးနက်မှုမရှိ ပေါ့ပျက်ခြင်း(Superficiality)။
များသောအားဖြင့် လူများသည် လူပုဂ္ဂိုလ် (သို့မဟုတ်) လူမှုရေးဆိုင်ရာကိစ္စရပ်များတွင် အပေါ် ယံအမြင်နှင့် ဖြစ်လေ့ဖြစ်ထများကိုသာ ဦးစားပေး ခံစားတွေးခေါ်တတ်ကြပြီး အကြောင်းအရာ အရင်းခံ ကိုမူ စဉ်းစားဖော်ထုတ်ရန် စိတ်မဝင်စားဘဲ ဝန်လေးတတ်ကြ သည့်အပြင် ပစ္စည်းဝယ်ယူမှု၊ လူပုဂ္ဂိုလ်ဆိုင်ရာ လေးစားကြည်ညိုမှုများအထိပါ အဆင်အခြင်မဲ့ ပေါ့ပျက်ဉာဏ်နည်းတတ်ကြခြင်း။
၄။ များများထုတ်၊ များများသုံး ဝါဒ(Consum- erism)။
လူများသည် ပစ္စည်းဝယ်ယူခြင်းမှအစ လက်ဝတ်ရတနာ၊ အိမ်၊ ခြံ၊ မြေ၊ ကား စသည်အထိပါ လို အပ်ခြင်းမလိုအပ်ခြင်း၊ အချိန်ကာလ ယခုနှင့် အနာဂတ်ဈေးကွက်များနှင့် သင့်တော်မှုများ ရှိ/မရှိကို ခံစားသိခြင်း မရှိဘဲ အဆင်အခြင်မဲ့ စိတ်ကြိုက် ပိုမိုလိုချင်ခြင်း၊ သာလွန်လိုခြင်း၊ စိတ်ကိုသာအခြေခံ ရှေ့တန်းတင်ဝယ်ယူတတ်ကြခြင်း။
၅။ အမှန်တရား/အရှိပကတိတရားနှင့် အဆက်ပြတ်ခြင်း(Disconnection from Reality)။
ထိုသို့သော လူ့အသိုင်းအဝိုင်းသည် လောက၏နက်နဲသောအကြောင်းအရာများ၊ မသိမဖြစ် သိရှိရမည့် ခါးသီးသော ပကတိအရှိတရားများကို လက်ခံနား လည်ခြင်း၊ ဆက်သွယ်ရှာဖွေမေးမြန်း အဖြေရှာခြင်း မရှိဘဲ စိတ်ခံစားမှုနှင့် ဖြစ်ချင်လိုမှုကိုသာ မျက်စိမှိတ် ရည်ညွှန်းလုပ်ဆောင်တတ်ခြင်း။ ထို့ပြင် အမှန်တရားအတွက် လက်တွဲခေါ်လိုသူများကိုပင် အတ္တကြီး ပြင်း ထန်ပုတ်ခတ်တတ်ကြပြီး မိမိ မှားမှန်းသိနေလျှင်ပင် သဘောထားတူသူများနှင့်သာ ဇွတ်မှိတ် မိတ်ဖွဲ့စုစည်း နေလိုတတ်ကြခြင်း။
အဆင်အခြင်မဲ့ လူ့အဖွဲ့အစည်းမှသည် အဆင်အခြင် မဲ့နိုင်ငံအဖြစ် (Mindless Society to Mindless Nations)
အဆင်အခြင်မဲ့ အတွေးအခေါ် ကြီးစိုးယုံကြည်ထားသောလူ့အဖွဲ့အစည်း (Mindless Society) ၏ အတွေးအခေါ်များသည် နိုင်ငံတစ်ဝန်း အများစုသော လူ့အဖွဲ့အစည်းများကိုပါ ကျယ်ပြန့်စွာလွှမ်းမိုးလာ ပါက အဆင်အခြင်မဲ့သော နိုင်ငံ/လူမျိုး (Mindless Nations)အဆင့်သို့ ရောက်ရှိလာနိုင်သည်။ အဆင် ခြင်မဲ့သောလူမျိုးများသည် ဖြစ်ပေါ်ကြားမြင်ရသောအကြောင်းအရာတိုင်းကို မိမိစိတ်ကူးတစ်ခုတည်း နှင့်သာ လက်ခံ၊ ကြည့်မြင်၊ နားလည် ထောက်ခံတတ်ကြရာက တစ်ဆင့် ရိုးရာလက္ခဏာအဖြစ်ယဉ်ပါး လာကာ နိုင်ငံဖြစ်တည်မှု၏ အဓိကကျသော နိုင်ငံရေး၊ နိုင်ငံလုံး လွှမ်းခြုံသောလူမှုအရေးများအထိပါ သက်ရောက်လာလေ့ရှိတတ်သည်။ တွေ့ရှိလေ့လာနိုင်သော လူအဖွဲ့အစည်း၊ လူမျိုး၊ နိုင်ငံများ၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ အာဏာရှင်ဆန်သော အစိုးရစနစ် (Authori- tarian Regimes)။
သဘောထားကျဉ်းမြောင်းသော၊ ဉာဏ်နှင့် ယှဉ်ဆင်ခြင်တွေးခေါ်တတ်ခြင်းများကို ကန့်သတ် သော၊ သဘောထားကွဲလွဲမှု အတွေးအမြင်များအပေါ် နှိမ်နင်းတတ်သော၊ ခေါင်းဆောင်မှုအမိန့်တစ်ခု အောက်တွင် အမေးအမြန်းမရှိ သဘောတူလက်ခံရတတ်သည့်အလေ့အထရှိသော အစိုးရစနစ်များ အောက်တွင် ဆယ်စုနှစ်များစွာ ရှင်သန်နေထိုင်ခဲ့ရသူများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံများ။
၂။ ဝယ်ယူခြင်းကိုအခြေခံသော စီးပွားရေး (Consumer-Driven Economies)။
ဆယ်စုနှစ်ပေါင်းများစွာ ထုတ်ကုန်တင်ပို့ကုန် မရှိဘဲ သွင်းကုန်သာရှိသော စီးပွားရေးစနစ်ရှိသည့် နိုင်ငံ ပညာအသားပေးချိန်ဆခြင်းနှင့် တရားမျှသော လိုချင်စိတ်ကိုအခြေမခံ လိုချင်တာကိုဖန်တီးရန် အစားဝယ်လိုက်ရင်ရကြောင်းသာ လိုက်လျောညီထွေ ဖြစ်သလိုတွေးတတ်သော လူ့အဖွဲ့အစည်း။
၃။ ကမ္ဘာတစ်ဝန်းလုံးနှင့် ယဉ်ကျေးမှုအမျိုးမျိုး (Globalization and Cultural Homogenization)။ မိမိနိုင်ငံပြင်ပ ကမ္ဘာတစ်ဝန်းမှ အတွေးအခေါ်များ၊ အနောက်တိုင်းယဉ်ကျေးမှု၊ လူနေမှုနှင့် ဓလေ့ ထုံးစံများ ကူးစက်ပျံ့နှံ့လွယ် လက်ခံလွယ်သော လူ့ အဖွဲ့အစည်းများသည် မိမိနိုင်ငံ့ ပကတိ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ၏ တန်ဖိုးကို မရေရာ ဝေဝါးသွားစေခြင်း (uniformity of values)အထိ ဘေးထွက်ဆိုးကျိုးအဖြစ် ဦးတည်လာနိုင်သည်။ ထို့ ပြင် လူမျိုးလိုက်ပါ နိုင်ငံအဝန်း မိမိနိုင်ငံအတွင်းက တိုင်းရင်းသားများအကြား ဗဟုဝါဒ မတူကွဲပြားမှုများ နှင့် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကို ယုံကြည်မှု ကျဆင်း အမုန်းပွားလာနိုင်ခြင်းနှင့်အတူ အတွေးအခေါ်အဖြစ် အမြစ်တွယ်လာသော လူ့အဖွဲ့အစည်း။
၄။ လူမှုကွန်ရက်ကို အခြေခံလွှမ်းမိုးမှု (Social Media Influence)။
နေ့စဉ် လူမှုကွန်ရက်နှင့် ဒီဂျစ်တယ်နည်းပညာ များမှတစ်ဆင့်ရရှိသော သတင်းအချက်အလက် နှင့် အတွေးအခေါ်ဖြစ်ရပ်များအပေါ်သာ ပင်မအသိပညာ နေ့စဉ်အသိဖြစ်ကြောင်း အတွေးအခေါ်အယူ အဆ မြင်များကို ပုံသွင်းခံရပြီး ခက်ခဲရှုပ်ထွေးသော အဖြစ်အပျက်ပြဿနာများကို ဖြေရှင်းရာတွင်ပင် လူချင်းတွေ့ဆုံ ယုံကြည်မှုတည်ဆောက်ဆွေးနွေးခြင်းဓလေ့ လျော့ပါးပျောက်ပျက်နေသော လူ့အဖွဲ့အစည်း။
လူမှုအဖွဲ့အစည်းနှင့် အတွေးအခေါ်များကို လေ့ လာသော ကမ္ဘာ့ပညာရှင်ကြီးအများစုကတော့ အဆင် ခြင်မဲ့ လူ့အဖွဲ့အစည်း (Mindless Society) ဟူသောအတွေးအခေါ်သည် လူ့အဖွဲ့အစည်းများ၊ လူ မျိုးစုများ၊ နိုင်ငံများအတွက်မကောင်းကြောင်း အကျိုး မရှိကြောင်း ထောက်ခံရေးသား သုတေသနပြု ခဲ့ကြသည်။
အဆင်ခြင်မဲ့ လူ့အဖွဲ့အစည်းအတွက် ဖြစ်နိုင်ခြေရှိသော ဖြေရှင်းနည်းများ
၁။ ပညာရေး (Education)။
ဓမ္မဓိဋ္ဌာန်ကျကျတွေးခေါ်တတ်ခြင်းနှင့် ထိုးဖောက် တွေးမြင် စဉ်စားတွေးခေါ်တတ်ခြင်းဓလေ့ကို လူမှုအဖွဲ့အစည်းများအကြား မြှင့်တင်ပေးရန်။ အကြောင်းအရာများကို တည်ငြိမ်စွာ ချဉ်းကပ်တတ်စေ ခြင်း၊ မေးခွန်းများမေးခြင်း၊ အချက်အလက်များကို ဆက်လက်ရှာဖွေ ကိုးကားတတ်စေခြင်း၊ လွတ်လပ်စွာ တွေးခေါ်တတ်စေခြင်းများသည် သာလွန်သော ဆင်ခြင်တုံတရားရှိစေခြင်းနှင့် လူသားတို့အကြား တွေ့ ဆုံ ဆွေးနွေး စာနာနားလည် အဖြေရှာတတ်ခြင်း အလေ့အထများကို ရင့်သန်တိုးပွားလာစေပါမည်။
၂။ မီဒီယာ သဘောတရား အလေ့အထများကို နားလည်ခြင်း(Media Literacy)။
လူများကို မီဒီယာ၏သဘောတရားများ၊ အားနည်းချက်၊ အားသာချက်များ၊ ဘေးထွက်ဆိုး ကျိုးများ၊ အသုံးချနိုင်စွမ်းများကို ပိုမိုသိရှိနားလည်လာစေရန် အစီအမံများဆောင်ရွက်ရမည်။
၃။ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးခြင်း (Politi- cal Engagement)။
ပြည်သူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများအကြား နိုင်ငံရေး ပူးပေါင်းပါဝင်နိုင်စေခြင်း အခွင့်အလမ်းနှင့် အတွေးအမြင်များ စုစည်းနားလည်ပြီး အတူတကွ ဆုံးဖြတ်တတ်ကြသောဓလေ့ကို အသားကျလာအောင် တိုက်တွန်းကျင့်သုံးကာ ပြည်သူသာ လျှင် နောက်ဆုံး၌ နိုင်ငံ၏အနာဂတ်ကို အဆုံး အဖြတ်ပေးနိုင်သူဖြစ်သည်ကို ပြည်သူများအကြား ဂုဏ်ယူတတ်ကာ ယုံကြည်နားလည်လာစေရန်မှသည် ဒီမိုကရေစီစံထားသောလူ့အဖွဲ့အစည်းတစ်ခုအထိ ဦးတည်လာစေရန်။
၄။ ယဉ်ကျေးမှုဆိုင်ရာ လိုက်လျောညီထွေရှိခြင်း (Cultural Diversity)။
နိုင်ငံ၏သင်္ကေတ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ လူမျိုးစုတစ်စုချင်းစီတိုင်း၏ ဖြစ်တည်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ၊ အတွေးအခေါ်၊ တန်ဖိုးများကို လူမျိုးစုများအကြား ဖလှယ်ခြင်းမှသည် သိရှိနာလည်လေးစား စာနာတတ်စေပြီး လိုက်လျောညီထွေ အတွေးအခေါ်မြင့်သော လူမှုအဖွဲ့အစည်းဆိုင်ရာ ဓလေ့ကောင်းများတည် ဆောက်ရန်။
အချုပ်အားဖြင့်ဆိုရလျှင် အဆင်အခြင်မဲ့လူ့ အဖွဲ့အစည်း (Mindless Society) မှလူများသည် ပညာစိတ်မြင့်မားကြီးမြတ်မှု အားနည်းခြင်း၊ အဓိပ္ပာယ်ကို နက်နဲစွာနားလည်နိုင်စွမ်း အားနည်းခြင်း၊ ပြဿနာများကိုဖြေရှင်းနိုင်ရန် ချဉ်းကပ်မှုမေးခွန်းများ ဆင့်ကဲမထုတ်တတ်ခြင်း စသော အတွေးအခေါ် ဆိုင်ရာ အားနည်းခြင်းများရှိတတ်ကြသည်။ အဆင်အခြင်မဲ့ လူမျိုး/နိုင်ငံ (Mindless Nations)များတွင်မူ အစိုးရမှစပြီး အင်အားစုများ၊ လူများသည် ရှိထားပြီး သားနည်းပညာများအပေါ် လိုသည်ထက် မှီခိုလွန် ခြင်း၊ မတူကွဲပြားအောင် တီထွင်လိုစိတ်အားနည်းခြင်း၊ သာလွန်ကောင်းမွန် ပြောင်မြောက်ခြင်းထက် အလုပ်ပြီးစီးရုံမျှနှင့် တင်းတိမ်တတ်ခြင်း၊ သမားရိုးကျများ ဖြစ်စဉ်အပေါ် ဆန့်ကျင်မှုများမရှိဘဲ အစဉ် အလာအတိုင်းသာ လိုက်နာစီစဉ်လုပ်ကိုင်မြဲလုပ်ကိုင်တတ်ကြခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှု လုံးဝ ကင်းမဲ့ကာ ခေါင်းဆောင်သူတစ်ဦးတစ်ယောက်၏ ဆုံးဖြတ်မှုတစ်ခုတည်း၏အောက်တွင် အရာရာကို လိုက်ပါဆောင်ရွက်တတ်ခြင်းအလေ့အထများသာ ကြီးစိုးသောနိုင်ငံ ကိုဆိုလိုသည်။
zawgyi version
အဆင္အျခင္မဲ့ လူ႔အဖြဲ႕အစည္း (Mindless Society)
လင္းျမတ္ (NP News) - ဇန္နဝါရီ ၃၁
အဆင္အျခင္မဲ့ လူ႔အဖြဲ႕အစည္းဆိုသည္မွာ ပုံမွန္အားျဖင့္ လူသိမ်ားေသာအေၾကာင္းအရာမဟုတ္ ေသာ္လည္း လူမႈအဖြဲ႕အစည္းအသိုင္းဝိုင္းမ်ား၏အတိတ္၊ ပစၥဳပၸန္ႏွင့္အနာဂတ္အတြက္မူ ေသေရးရွင္ေရး မက အေရးႀကီးေသာ သတိျပဳစရာ အက်င့္စ႐ိုက္တစ္ခု ျဖစ္သည္။ အဆင္အျခင္မဲ့လူ႔အဖြဲ႕အစည္း ဆို သည္မွာ သာမန္အားျဖင့္ အေၾကာင္းအရာတစ္ခုအေပၚ ၾကားနာ၊ တုံ႔ျပန္၊ သုံးႏႈန္းရာတြင္ သုံးသပ္မႈ မရွိ သေလာက္ အားနည္းျခင္းႏွင့္ သုံးသပ္ခ်က္မ်ားသည္လည္း တည္ၿငိမ္ေသာ စိတ္ဝင္စားမႈႏွင့္အတူ ထပ္ ဆင့္ ေမးခြန္းမ်ား Óဏ္သုံးဆင့္ထုတ္ကာ စုံစမ္းခ်င့္ခ်ိန္ႏိုင္မႈ အားနည္းေသာ/မရွိေသာ လူ႔အသိုင္းအဝိုင္း ကို ရည္ၫႊန္းျခင္း ျဖစ္သည္။ ထိုသို႔ေသာလူ႔အဖြဲ႕အစည္းမွလူမ်ားသည္ ေပ်ာ္႐ႊင္စိတ္ေအး/စိတ္ခ်မႈမ်ား ျဖင့္သာ ေန႔စဥ္ဘဝ ကို ပုံမွန္ လုပ္ေဆာင္ ျဖတ္သန္းကာ ျဖစ္ေပၚလာေသာ အေၾကာင္းအရာအေျခအေန မ်ားအေပၚ ထပ္ဆင့္ ေတြးေခၚျခင္း ေမးခြန္းဆင့္ကဲထုတ္ျခင္း သင္ခန္းစာယူ ဉာဏ္ႏွင့္ယွဥ္ သင္ယူမႈမ်ား မရွိသေလာက္အား နည္းၾကသည္ကိုေတြ႕ရွိၾကရမည္ျဖစ္သည္။ ထိုကဲ့သို႔ အဆင္အျခင္မဲ့ေသာ လူမႈအဖြဲ႕ အစည္းမ်ားတြင္ ေအာက္ပါအဂၤါရပ္မ်ားပါဝင္သည္ကို ေလ့လာေတြ႕ ရွိရမည္ျဖစ္သည္။
၁။ သေဘာထားကိုက္ညီမႈ (Conformity)။
လူေတြဟာ ပုံမွန္အေလ့အထ၊ ယုံၾကည္မႈကိုသာ ဆုပ္ကိုင္ထားျခင္းႏွင့္ မိမိေမွ်ာ္လင့္ထားသည့္ အတိုင္း ျဖစ္ေပၚေျပာဆိုမႈကိုသာအေလးထားတတ္ၿပီး သေဘာထားကိုက္ညီမႈကိုသာ ဦးစားေပး အဆင္ အျခင္ အေမးအျမန္းမရွိ ဆက္ဆံယုံၾကည္ ေပါင္းသင္းတတ္ၾကျခင္း။
၂။ ဆင္ျခင္ေတြးေခၚမႈအားနည္းျခင္း (Lack of Critical Thinking)။
လူတို႔သည္ သတင္းအခ်က္အလက္မ်ားအေပၚတြင္ ကြဲျပားေသာအျမင္မ်ားရွိႏိုင္ေၾကာင္း အခ်ိန္ ေပး စဥ္းစားဆင္ျခင္ကာေတြးေခၚျခင္းမရွိဘဲ လက္ခံယုံၾကည္တတ္ျခင္း။
၃။ ေလးနက္မႈမရွိ ေပါ့ပ်က္ျခင္း(Superficiality)။
မ်ားေသာအားျဖင့္ လူမ်ားသည္ လူပုဂၢိဳလ္ (သို႔မဟုတ္) လူမႈေရးဆိုင္ရာကိစၥရပ္မ်ားတြင္ အေပၚ ယံအျမင္ႏွင့္ ျဖစ္ေလ့ျဖစ္ထမ်ားကိုသာ ဦးစားေပး ခံစားေတြးေခၚတတ္ၾကၿပီး အေၾကာင္းအရာ အရင္းခံ ကိုမူ စဥ္းစားေဖာ္ထုတ္ရန္ စိတ္မဝင္စားဘဲ ဝန္ေလးတတ္ၾက သည့္အျပင္ ပစၥည္းဝယ္ယူမႈ၊ လူပုဂၢိဳလ္ဆိုင္ရာ ေလးစားၾကည္ညိဳမႈမ်ားအထိပါ အဆင္အျခင္မဲ့ ေပါ့ပ်က္ဉာဏ္နည္းတတ္ၾကျခင္း။
၄။ မ်ားမ်ားထုတ္၊ မ်ားမ်ားသုံး ဝါဒ(Consum- erism)။
လူမ်ားသည္ ပစၥည္းဝယ္ယူျခင္းမွအစ လက္ဝတ္ရတနာ၊ အိမ္၊ ၿခံ၊ ေျမ၊ ကား စသည္အထိပါ လို အပ္ျခင္းမလိုအပ္ျခင္း၊ အခ်ိန္ကာလ ယခုႏွင့္ အနာဂတ္ေဈးကြက္မ်ားႏွင့္ သင့္ေတာ္မႈမ်ား ရွိ/မရွိကို ခံစားသိျခင္း မရွိဘဲ အဆင္အျခင္မဲ့ စိတ္ႀကိဳက္ ပိုမိုလိုခ်င္ျခင္း၊ သာလြန္လိုျခင္း၊ စိတ္ကိုသာအေျခခံ ေရွ႕တန္းတင္ဝယ္ယူတတ္ၾကျခင္း။
၅။ အမွန္တရား/အရွိပကတိတရားႏွင့္ အဆက္ျပတ္ျခင္း(Disconnection from Reality)။
ထိုသို႔ေသာ လူ႔အသိုင္းအဝိုင္းသည္ ေလာက၏နက္နဲေသာအေၾကာင္းအရာမ်ား၊ မသိမျဖစ္ သိရွိရမည့္ ခါးသီးေသာ ပကတိအရွိတရားမ်ားကို လက္ခံနား လည္ျခင္း၊ ဆက္သြယ္ရွာေဖြေမးျမန္း အေျဖရွာျခင္း မရွိဘဲ စိတ္ခံစားမႈႏွင့္ ျဖစ္ခ်င္လိုမႈကိုသာ မ်က္စိမွိတ္ ရည္ၫႊန္းလုပ္ေဆာင္တတ္ျခင္း။ ထို႔ျပင္ အမွန္တရားအတြက္ လက္တြဲေခၚလိုသူမ်ားကိုပင္ အတၱႀကီး ျပင္း ထန္ပုတ္ခတ္တတ္ၾကၿပီး မိမိ မွားမွန္းသိေနလွ်င္ပင္ သေဘာထားတူသူမ်ားႏွင့္သာ ဇြတ္မွိတ္ မိတ္ဖြဲ႕စုစည္း ေနလိုတတ္ၾကျခင္း။
အဆင္အျခင္မဲ့ လူ႔အဖြဲ႕အစည္းမွသည္ အဆင္အျခင္ မဲ့ႏိုင္ငံအျဖစ္ (Mindless Society to Mindless Nations)
အဆင္အျခင္မဲ့ အေတြးအေခၚ ႀကီးစိုးယုံၾကည္ထားေသာလူ႔အဖြဲ႕အစည္း (Mindless Society) ၏ အေတြးအေခၚမ်ားသည္ ႏိုင္ငံတစ္ဝန္း အမ်ားစုေသာ လူ႔အဖြဲ႕အစည္းမ်ားကိုပါ က်ယ္ျပန႔္စြာလႊမ္းမိုးလာ ပါက အဆင္အျခင္မဲ့ေသာ ႏိုင္ငံ/လူမ်ိဳး (Mindless Nations)အဆင့္သို႔ ေရာက္ရွိလာႏိုင္သည္။ အဆင္ ျခင္မဲ့ေသာလူမ်ိဳးမ်ားသည္ ျဖစ္ေပၚၾကားျမင္ရေသာအေၾကာင္းအရာတိုင္းကို မိမိစိတ္ကူးတစ္ခုတည္း ႏွင့္သာ လက္ခံ၊ ၾကည့္ျမင္၊ နားလည္ ေထာက္ခံတတ္ၾကရာက တစ္ဆင့္ ႐ိုးရာလကၡဏာအျဖစ္ယဥ္ပါး လာကာ ႏိုင္ငံျဖစ္တည္မႈ၏ အဓိကက်ေသာ ႏိုင္ငံေရး၊ ႏိုင္ငံလုံး လႊမ္းၿခဳံေသာလူမႈအေရးမ်ားအထိပါ သက္ေရာက္လာေလ့ရွိတတ္သည္။ ေတြ႕ရွိေလ့လာႏိုင္ေသာ လူအဖြဲ႕အစည္း၊ လူမ်ိဳး၊ ႏိုင္ငံမ်ား၏ လကၡဏာမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။
၁။ အာဏာရွင္ဆန္ေသာ အစိုးရစနစ္ (Authori- tarian Regimes)။
သေဘာထားက်ဥ္းေျမာင္းေသာ၊ ဉာဏ္ႏွင့္ ယွဥ္ဆင္ျခင္ေတြးေခၚတတ္ျခင္းမ်ားကို ကန႔္သတ္ ေသာ၊ သေဘာထားကြဲလြဲမႈ အေတြးအျမင္မ်ားအေပၚ ႏွိမ္နင္းတတ္ေသာ၊ ေခါင္းေဆာင္မႈအမိန႔္တစ္ခု ေအာက္တြင္ အေမးအျမန္းမရွိ သေဘာတူလက္ခံရတတ္သည့္အေလ့အထရွိေသာ အစိုးရစနစ္မ်ား ေအာက္တြင္ ဆယ္စုႏွစ္မ်ားစြာ ရွင္သန္ေနထိုင္ခဲ့ရသူမ်ား၊ လူ႔အဖြဲ႕အစည္းႏွင့္ ႏိုင္ငံမ်ား။
၂။ ဝယ္ယူျခင္းကိုအေျခခံေသာ စီးပြားေရး (Consumer-Driven Economies)။
ဆယ္စုႏွစ္ေပါင္းမ်ားစြာ ထုတ္ကုန္တင္ပို႔ကုန္ မရွိဘဲ သြင္းကုန္သာရွိေသာ စီးပြားေရးစနစ္ရွိသည့္ ႏိုင္ငံ ပညာအသားေပးခ်ိန္ဆျခင္းႏွင့္ တရားမွ်ေသာ လိုခ်င္စိတ္ကိုအေျခမခံ လိုခ်င္တာကိုဖန္တီးရန္ အစားဝယ္လိုက္ရင္ရေၾကာင္းသာ လိုက္ေလ်ာညီေထြ ျဖစ္သလိုေတြးတတ္ေသာ လူ႔အဖြဲ႕အစည္း။
၃။ ကမာၻတစ္ဝန္းလုံးႏွင့္ ယဥ္ေက်းမႈအမ်ိဳးမ်ိဳး (Globalization and Cultural Homogenization)။ မိမိႏိုင္ငံျပင္ပ ကမာၻတစ္ဝန္းမွ အေတြးအေခၚမ်ား၊ အေနာက္တိုင္းယဥ္ေက်းမႈ၊ လူေနမႈႏွင့္ ဓေလ့ ထုံးစံမ်ား ကူးစက္ပ်ံ႕ႏွံ႔လြယ္ လက္ခံလြယ္ေသာ လူ႔ အဖြဲ႕အစည္းမ်ားသည္ မိမိႏိုင္ငံ့ ပကတိ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္း အစဥ္အလာမ်ား၏ တန္ဖိုးကို မေရရာ ေဝဝါးသြားေစျခင္း (uniformity of values)အထိ ေဘးထြက္ဆိုးက်ိဳးအျဖစ္ ဦးတည္လာႏိုင္သည္။ ထို႔ ျပင္ လူမ်ိဳးလိုက္ပါ ႏိုင္ငံအဝန္း မိမိႏိုင္ငံအတြင္းက တိုင္းရင္းသားမ်ားအၾကား ဗဟုဝါဒ မတူကြဲျပားမႈမ်ား ႏွင့္ ၿငိမ္းခ်မ္းစြာယွဥ္တြဲေနထိုင္ျခင္းကို ယုံၾကည္မႈ က်ဆင္း အမုန္းပြားလာႏိုင္ျခင္းႏွင့္အတူ အေတြးအေခၚအျဖစ္ အျမစ္တြယ္လာေသာ လူ႔အဖြဲ႕အစည္း။
၄။ လူမႈကြန္ရက္ကို အေျခခံလႊမ္းမိုးမႈ (Social Media Influence)။
ေန႔စဥ္ လူမႈကြန္ရက္ႏွင့္ ဒီဂ်စ္တယ္နည္းပညာ မ်ားမွတစ္ဆင့္ရရွိေသာ သတင္းအခ်က္အလက္ ႏွင့္ အေတြးအေခၚျဖစ္ရပ္မ်ားအေပၚသာ ပင္မအသိပညာ ေန႔စဥ္အသိျဖစ္ေၾကာင္း အေတြးအေခၚအယူ အဆ ျမင္မ်ားကို ပုံသြင္းခံရၿပီး ခက္ခဲရႈပ္ေထြးေသာ အျဖစ္အပ်က္ျပႆနာမ်ားကို ေျဖရွင္းရာတြင္ပင္ လူခ်င္းေတြ႕ဆုံ ယုံၾကည္မႈတည္ေဆာက္ေဆြးေႏြးျခင္းဓေလ့ ေလ်ာ့ပါးေပ်ာက္ပ်က္ေနေသာ လူ႔အဖြဲ႕အစည္း။
လူမႈအဖြဲ႕အစည္းႏွင့္ အေတြးအေခၚမ်ားကို ေလ့ လာေသာ ကမာၻ႔ပညာရွင္ႀကီးအမ်ားစုကေတာ့ အဆင္ ျခင္မဲ့ လူ႔အဖြဲ႕အစည္း (Mindless Society) ဟူေသာအေတြးအေခၚသည္ လူ႔အဖြဲ႕အစည္းမ်ား၊ လူ မ်ိဳးစုမ်ား၊ ႏိုင္ငံမ်ားအတြက္မေကာင္းေၾကာင္း အက်ိဳး မရွိေၾကာင္း ေထာက္ခံေရးသား သုေတသနျပဳ ခဲ့ၾကသည္။
အဆင္ျခင္မဲ့ လူ႔အဖြဲ႕အစည္းအတြက္ ျဖစ္ႏိုင္ေျခရွိေသာ ေျဖရွင္းနည္းမ်ား
၁။ ပညာေရး (Education)။
ဓမၼဓိ႒ာန္က်က်ေတြးေခၚတတ္ျခင္းႏွင့္ ထိုးေဖာက္ ေတြးျမင္ စဥ္စားေတြးေခၚတတ္ျခင္းဓေလ့ကို လူမႈအဖြဲ႕အစည္းမ်ားအၾကား ျမႇင့္တင္ေပးရန္။ အေၾကာင္းအရာမ်ားကို တည္ၿငိမ္စြာ ခ်ဥ္းကပ္တတ္ေစ ျခင္း၊ ေမးခြန္းမ်ားေမးျခင္း၊ အခ်က္အလက္မ်ားကို ဆက္လက္ရွာေဖြ ကိုးကားတတ္ေစျခင္း၊ လြတ္လပ္စြာ ေတြးေခၚတတ္ေစျခင္းမ်ားသည္ သာလြန္ေသာ ဆင္ျခင္တုံတရားရွိေစျခင္းႏွင့္ လူသားတို႔အၾကား ေတြ႕ ဆုံ ေဆြးေႏြး စာနာနားလည္ အေျဖရွာတတ္ျခင္း အေလ့အထမ်ားကို ရင့္သန္တိုးပြားလာေစပါမည္။
၂။ မီဒီယာ သေဘာတရား အေလ့အထမ်ားကို နားလည္ျခင္း(Media Literacy)။
လူမ်ားကို မီဒီယာ၏သေဘာတရားမ်ား၊ အားနည္းခ်က္၊ အားသာခ်က္မ်ား၊ ေဘးထြက္ဆိုး က်ိဳးမ်ား၊ အသုံးခ်ႏိုင္စြမ္းမ်ားကို ပိုမိုသိရွိနားလည္လာေစရန္ အစီအမံမ်ားေဆာင္႐ြက္ရမည္။
၃။ ႏိုင္ငံေရးဆိုင္ရာ ေတြ႕ဆုံေဆြးေႏြးျခင္း (Politi- cal Engagement)။
ျပည္သူ႔အဖြဲ႕အစည္းမ်ားႏွင့္ ႏိုင္ငံေရးအင္အားစုမ်ားအၾကား ႏိုင္ငံေရး ပူးေပါင္းပါဝင္ႏိုင္ေစျခင္း အခြင့္အလမ္းႏွင့္ အေတြးအျမင္မ်ား စုစည္းနားလည္ၿပီး အတူတကြ ဆုံးျဖတ္တတ္ၾကေသာဓေလ့ကို အသားက်လာေအာင္ တိုက္တြန္းက်င့္သုံးကာ ျပည္သူသာ လွ်င္ ေနာက္ဆုံး၌ ႏိုင္ငံ၏အနာဂတ္ကို အဆုံး အျဖတ္ေပးႏိုင္သူျဖစ္သည္ကို ျပည္သူမ်ားအၾကား ဂုဏ္ယူတတ္ကာ ယုံၾကည္နားလည္လာေစရန္မွသည္ ဒီမိုကေရစီစံထားေသာလူ႔အဖြဲ႕အစည္းတစ္ခုအထိ ဦးတည္လာေစရန္။
၄။ ယဥ္ေက်းမႈဆိုင္ရာ လိုက္ေလ်ာညီေထြရွိျခင္း (Cultural Diversity)။
ႏိုင္ငံ၏သေကၤတ ယဥ္ေက်းမႈ၊ ဓေလ့ထုံးတမ္း၊ အစဥ္အလာ၊ လူမ်ိဳးစုတစ္စုခ်င္းစီတိုင္း၏ ျဖစ္တည္မႈ၊ ဘာသာစကား၊ ယဥ္ေက်းမႈ ဓေလ့ထုံးတမ္း အစဥ္အလာ၊ အေတြးအေခၚ၊ တန္ဖိုးမ်ားကို လူမ်ိဳးစုမ်ားအၾကား ဖလွယ္ျခင္းမွသည္ သိရွိနာလည္ေလးစား စာနာတတ္ေစၿပီး လိုက္ေလ်ာညီေထြ အေတြးအေခၚျမင့္ေသာ လူမႈအဖြဲ႕အစည္းဆိုင္ရာ ဓေလ့ေကာင္းမ်ားတည္ ေဆာက္ရန္။
အခ်ဳပ္အားျဖင့္ဆိုရလွ်င္ အဆင္အျခင္မဲ့လူ႔ အဖြဲ႕အစည္း (Mindless Society) မွလူမ်ားသည္ ပညာစိတ္ျမင့္မားႀကီးျမတ္မႈ အားနည္းျခင္း၊ အဓိပၸာယ္ကို နက္နဲစြာနားလည္ႏိုင္စြမ္း အားနည္းျခင္း၊ ျပႆနာမ်ားကိုေျဖရွင္းႏိုင္ရန္ ခ်ဥ္းကပ္မႈေမးခြန္းမ်ား ဆင့္ကဲမထုတ္တတ္ျခင္း စေသာ အေတြးအေခၚ ဆိုင္ရာ အားနည္းျခင္းမ်ားရွိတတ္ၾကသည္။ အဆင္အျခင္မဲ့ လူမ်ိဳး/ႏိုင္ငံ (Mindless Nations)မ်ားတြင္မူ အစိုးရမွစၿပီး အင္အားစုမ်ား၊ လူမ်ားသည္ ရွိထားၿပီး သားနည္းပညာမ်ားအေပၚ လိုသည္ထက္ မွီခိုလြန္ ျခင္း၊ မတူကြဲျပားေအာင္ တီထြင္လိုစိတ္အားနည္းျခင္း၊ သာလြန္ေကာင္းမြန္ ေျပာင္ေျမာက္ျခင္းထက္ အလုပ္ၿပီးစီး႐ုံမွ်ႏွင့္ တင္းတိမ္တတ္ျခင္း၊ သမား႐ိုးက်မ်ား ျဖစ္စဥ္အေပၚ ဆန႔္က်င္မႈမ်ားမရွိဘဲ အစဥ္ အလာအတိုင္းသာ လိုက္နာစီစဥ္လုပ္ကိုင္ၿမဲလုပ္ကိုင္တတ္ၾကျခင္း၊ မိမိကိုယ္ကိုယ္ ယုံၾကည္မႈ လုံးဝ ကင္းမဲ့ကာ ေခါင္းေဆာင္သူတစ္ဦးတစ္ေယာက္၏ ဆုံးျဖတ္မႈတစ္ခုတည္း၏ေအာက္တြင္ အရာရာကို လိုက္ပါေဆာင္႐ြက္တတ္ျခင္းအေလ့အထမ်ားသာ ႀကီးစိုးေသာႏိုင္ငံ ကိုဆိုလိုသည္။