ရှေ့ခေတ်ဂရိတို့ရဲ့သမိုင်းဝင်အမွေအနှစ်နေရာတွေရှိတဲ့ အေသင်မြို့တော်အကြောင်း

 38

Pika (NP News) - ဖေဖော်ဝါရီ ၁

အေသင်မြို့သည် ဂရိနိုင်ငံ၏မြို့တော်နှင့် နိုင်ငံ၏အကြီးဆုံး မြို့တစ်မြို့ဖြစ်ပြီး သမိုင်းဝင်နေရာများ၊ ရှေးခေတ် ဂရိတို့၏ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံတို့ ကျန်ရှိနေသည့် အမွေအနှစ်နေရာများကြောင့် နာမည်ကျော်ကြားသည်။ မြေထဲပင်လယ်တွင် အဓိက ကမ်းရိုးတန်းမြို့ပြဧရိယာတစ်ခုဖြစ်သည့် အေသင်မြို့သည် အက်တီကာ ဒေသ၏ မြို့ တော်ဖြစ်ပြီး ဥရောပတိုက်၏ တောင်ဘက်အကျဆုံးမြို့တော်လည်းဖြစ် သည်။ အေသင်မြို့ပြဧရိယာ၏လူဦးရေမှာ (၃ ဒသမ ၆)သန်းကျော်ရှိပြီး ဥရောပသမဂ္ဂတွင် ရှစ်ခုမြောက် အကြီးဆုံး မြို့ပြဧရိယာတစ်ခုလည်းဖြစ်သည်။ အေ သင်မြို့တွင်နေထိုင်သူလူဦးရေမှာ (၆ သိန်း ၄ သောင်းကျော်)ရှိပြီး စုစုပေါင်းဧရိယာအကျယ်အဝန်း မှာ (၃၈ ဒသမ ၉၆)စတုရန်းကီလိုမီတာရှိကြောင်းသိ ရသည်။ အေသင်မြို့သည် ဘီစီ(၁၁)နှင့်(၇)ရာစု နှစ်များကြားတွင် အစောဆုံး လူသားတည်ရှိမှုဖြင့် ၎င်း၏သမိုင်းကြောင်းကို နှစ်ပေါင်း (၃၄၀ဝ) ကျော်ကြာမှတ်တမ်းတင်ထားပြီး ကမ္ဘာ့ရှေးအကျ ဆုံးမြို့များ ထဲမှတစ်မြို့လည်းဖြစ်သည်။ ဂရိဒဏ္ဍာရီအရ အေသင်မြို့ကို ရှေးဂရိပညာရှိ နတ်ဘုရားမ အသီနာက နာမည် ပေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသော်လည်း ခေတ်သစ်ပညာရှင်များက နတ်ဘုရားမအသီနာသည် ၎င်း၏နာမည်ကို အေသင်မြို့ဆီမှယူထား ခြင်းဖြစ်ကြောင်း သဘောတူညီထားကြသည်။ အေသင်မြို့သည် ရှေးခေတ်ဂရိနိုင်ငံတွင် အင်အားအ ကြီးဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ခဲ့ကြောင်းလည်းသိရ သည်။ ထို့ပြင် အေသင်မြို့သည် ဒီမိုကရေစီ၊ အနုပညာ၊ ပညာရေးနှင့် ဒဿနိကဗေဒတို့အတွက် အချက်အချာနေရာတစ်ခုဖြစ်ခဲ့ပြီး အထူးသဖြင့် ရှေးဟောင်းရောမတွင် ဥရောပ တိုက်တစ်တိုက်လုံးမှာ အလွန်ဩဇာရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ခဲ့ကြောင်း လည်းသိရသည်။ အဆိုပါ အကြောင်းအရင်းများ ကြောင့် အေသင်မြို့သည် အနောက်တိုင်းယဉ်ကျေးမှုနှင့် ဒီမိုကရေစီ၏ မွေးရပ်မြေအဖြစ် သတ်မှတ်ခံရ လေ့ရှိကြောင်း သိရသည်။ ခေတ်သစ်ကာလတွင် အေသင်မြို့သည် ဂရိနိုင်ငံ၏ စီးပွားရေး၊ ငွေကြေး၊ စက်မှု၊ ရေကြောင်း၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဘဝများအတွက် အဓိကအချက်အချာကျသော မြို့တော်ကြီးတစ်ခုဖြစ်ခဲ့သည်။ Globalization and World Cities Research Network ၏အဆိုအရ အေသင်မြို့သည် Beta (+) ကမ္ဘာလုံးဆိုင်ရာအဆင့် ရှိသည့် မြို့တစ်မြို့ ဖြစ်ပြီး ဥရောပတိုက်အရှေ့တောင်ပိုင်းတွင် အကြီးဆုံးစီးပွားရေးအချက်အချာနေရာများထဲမှ တစ်ခုလည်းဖြစ်သည်။ အေသင်မြို့တွင် ကြီးမားသောဘဏ္ဍာရေးကဏ္ဍတစ်ခုရှိပြီး ၎င်း၏ဆိပ်ကမ်း Piraeus သည် ဥရောပတွင် ဒုတိယအလုပ် အများဆုံး ခရီးသည်တင်ဆိပ်ကမ်းဖြစ်ပြီး ကမ္ဘာပေါ်တွင်(၁၃)ခုမြောက်အကြီးဆုံး ကွန်တိန်နာဆိပ်ကမ်း တစ်ခုဖြစ် ကြောင်းလည်းသိရသည်။ ထို့ပြင် အေသင် မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ(၃ ဒသမ ၆) သန်းကျော်ရှိပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၂၉၂၈ ဒသမ ၇၁၇)စတုရန်းကီလိုမီတာရှိ ကြောင်းသိရသည်။ ရှေးခေတ်အထိမ်း အမှတ်အဆောက်အအုံများနှင့် အနုပညာလက်ရာများကိုကိုယ်စားပြုသည့် ဂန္ထဝင်ခေတ်၏ အမွေအနှစ်များသည် အေသင်မြို့တွင် လက်ရှိအချိန်အထိ ထင်ရှားနေဆဲဖြစ်ပြီး အကျော်ကြားဆုံးဖြစ်သော Parthenon ဘုရား ကျောင်းသည် အစောပိုင်း အနောက်တိုင်းယဉ် ကျေးမှု၏ အဓိကအထင်ကရနေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရ ကြောင်းသိရသည်။ အေသင်မြို့သည် ရောမ၊ ဘိုင်ဇန်တိုင်းနှင့် အော်တိုမန်အင်ပါယာတို့၏ အထိမ်းအမှတ်နေရာ အများအပြားတည်ရှိသည့် နေရာတစ်ခုဖြစ်ပြီး ၎င်း၏ သမိုင်းဝင် မြို့ပြဗဟိုချက်တွင် ထောင်စုနှစ်များတစ်လျှောက် သမိုင်းတစ်လျှောက်

အဆက်မပြတ်တည်ရှိခဲ့သည့် အစိတ်အပိုင်းများပါရှိကြောင်းလည်းသိရသည်။ အေသင်မြို့သည် ယူနက်စကို ကမ္ဘာ့အမွေ အနှစ်နေရာ နှစ်ခုဖြစ်သည့် Acropolis of Athens သမိုင်းဝင်အထိမ်းအမှတ် နေရာနှင့် အလယ်ခေတ် Daphni ဘုန်းတော်ကြီး ကျောင်းတို့တည်ရှိရာနေရာလည်းဖြစ်သည်။ အေသင် မြို့သည် ကမ္ဘာ့အကြီးဆုံး ဂရိရှေးဟောင်းပစ္စည်းစု ဆောင်းမှုများပါရှိသော အမျိုးသား ရှေးဟောင်းသုတေ သနပြတိုက်၊ Acropolis ပြတိုက်၊ Cycladic Art ပြတိုက်၊ Benaki ပြတိုက်၊ Byzantine နှင့် Chr­istian ပြတိုက်တို့ကဲ့သို့သောပြတိုက်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများစွာ၏ နေအိမ်လည်းဖြစ်သည်။ အေသင်မြို့သည် (၁၈၉၆)ခုနှစ်တွင် ပထမဆုံး ခေတ်သစ်အိုလံပစ်အားကစား ပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့ပြီး (၁၀၈)နှစ်အကြာ (၂၀ဝ၄)ခုနှစ်တွင် နွေရာသီအိုလံပစ်ပြိုင် ပွဲကိုလက်ခံကျင်းပခဲ့ကာ နွေရာသီ အိုလံပစ်ပွဲတော်ကို အကြိမ်ပေါင်းများစွာ လက်ခံကျင်းပခဲ့သည့် မြို့ငါးမြို့ အနက်မှ တစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။

စီးပွားရေး
အေသင်မြို့သည် ဂရိနိုင်ငံ၏ ဘဏ္ဍာရေးမြို့ တော်လည်းဖြစ်သည်။ (၂၀၁၄) ခုနှစ်တွင် ထုတ်ပြန်ခဲ့သောအချက် အလက်များအရ အေသင်မြို့၏ မြို့ပြစီးပွားရေးဧရိယာသည် ဝယ်ယူမှုစွမ်းအားတန်းတူညီမျှမှု(PPP)အရ ဂျီဒီပီ အမေရိကန်ဒေါ်လာ(၁၃၀)ဘီ လျံခန့်ထုတ်လုပ်ပေးခဲ့ပြီး နိုင်ငံတစ်ခုလုံးထုတ်လုပ်မှု၏ ထက်ဝက်နီးပါးခန့်ရှိခဲ့ကြောင်း သိရသည်။ အေသင်မြို့သည် အဆိုပါနှစ်၏ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမြို့ တော်များစာရင်းတွင် အဆင့်(၁၀၂) နေရာ၌ရှိခဲ့ပြီး တစ်ဦးချင်းဂျီဒီပီသည် အမေရိကန်ဒေါ်လာ (၃၂၀ဝဝ) ရှိခဲ့ကြောင်းသိရသည်။ အေသင်မြို့သည် ဥရောပ အရှေ့တောင်ပိုင်းရှိ အဓိကစီးပွားရေးအချက်အချာ နေရာများထဲမှတစ်ခုဖြစ်ပြီး ဒေသတွင်းစီးပွားရေး အင်အားကြီးမြို့ တစ်မြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။ မကြာသေးမီဆယ်စုနှစ်များအတွင်း COSCO ကုမ္ပဏီက ကြီးမားသော ရင်းနှီး မြှုပ်နှံမှုများ လုပ်ဆောင်ခဲ့သည့် Piraeus ဆိပ်ကမ်း၊ Thriasion လွင်ပြင်ရှိ ကုန်တင်စင်တာအသစ် ပြီးစီးမှု၊ အေသင်မြို့တွင်းနှင့် အေသင်ဓာတ်ရထားလိုင်းတိုးချဲ့မှုအပြင် Elliniko မြူနီစီပယ်ရှိ Hellenikon မြို့တော် ပန်းခြံ ပြန်လည် ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားမြို့ပြစီမံကိန်းများသည် လာမည့်နှစ်များအတွက် စီးပွားရေးမှတ်တိုင်များ ဖြစ် ကြောင်းလည်းသိရသည်။ Hellas Sat, Hellenic Aerospace Industry, Mytilineos Holdings, Titan Cement, Hellenic Petroleum, Papadopoulos E.J., Folli Follie, Jumbo S.A., OPAP နှင့် Cosmote ကဲ့သို့သော ထင်ရှားသည့် ဂရိကုမ္ပဏီများ၏ရုံးချုပ်များသည် အေသင်မြို့ပြဧရိ ယာတွင်တည်ရှိကြောင်းသိရသည်။ Ericsson, Sony, Siemens, Motorola, Samsung, Microsoft, Teleper formance, Novartis, Mondelez နှင့် Coca-Cola ကဲ့သို့သော နိုင်ငံစုံ ကုမ္ပဏီများသည် အေသင်မြို့တွင် ၎င်းတို့၏ ဒေသ ဆိုင်ရာသုတေသနနှင့် ဖွံ့ဖြိုးရေးရုံးချုပ်များရှိကြ ကြောင်းသိရသည်။ ဘဏ်လုပ်ငန်းကဏ္ဍကို ဂရိအမျိုး သားဘဏ်၊ Alpha Bank, Eurobank နှင့် Piraeus ဘဏ်တို့ကကိုယ်စားပြုထားပြီး ဂရိဘဏ်သည် အေသင်မြို့လယ်ကောင်တွင်တည်ရှိသည်။ ထို့ပြင် အေသင်စတော့အိတ်ချိန်းသည် ဂရိအစိုးကြွေးမြီ အကျပ်အတည်းနှင့် (၂၀၁၅)ခုနှစ်အတွင်း အရင်းအနှီးထိန်းချုပ်မှုသို့ဆက်လက်လုပ်ဆောင်ရန် ဂရိအစိုးရဆုံးဖြတ် ချက်များ၏ ရိုက်ခတ်မှုဒဏ်များကို ပြင်းထန်စွာခံခဲ့ရကြောင်းလည်းသိရသည်။ ခရီးသွားလုပ်ငန်းသည် ဥရောပ၏ ထိပ်တန်းမြို့ပြခရီးသွားလုပ်ငန်းအတွက် ထိပ်တန်းနေရာတစ်ခုအဖြစ် အေသင်မြို့၏စီးပွား ရေးကိုဦးဆောင်ပံ့ပိုး ပေးသည့် လုပ်ငန်းတစ်ခုဖြစ် သည့်အပြင် ကျွန်းများနှင့် ပြည်မကြီး၏ အခြားအစိတ် အပိုင်းများသို့ အပျော်ခရီးထွက်ရန် တံခါးပေါက် တစ်ခုလည်းဖြစ်ကြောင်းသိရသည်။
အေသင်မြို့သည် ရှေးယခင်တည်းက ခရီးသွား များအတွက် ဆွဲဆောင်ရာနေရာတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။ (၂၀ဝဝ)ပြည့်များတစ်လျှောက်တွင် အေသင်မြို့၏ အခြေခံအဆောက်အအုံနှင့် လူမှုရေးသာ ယာအဆင်ပြေမှုများသည် ပိုမိုတိုးတက်လာခဲ့ကြောင်း လည်းသိရသည်။ ဥရောပသမဂ္ဂ၏အကူအညီဖြင့် ဂရိအစိုးရသည် ခေတ်မီသော Eleftherios Venizelos အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ Athens Metro စနစ် ချဲ့ထွင်ခြင်းနှင့် Attiki Odos အမြန်လမ်းမကြီးအသစ် ကဲ့သို့သော အဓိကအခြေခံ အဆောက်အအုံစီမံကိန်းများကို ရန်ပုံငွေများလည်းထောက်ပံ့ပေးခဲ့သည်။ ပြီးခဲ့ သည့်နှစ်များ အတွင်း အေသင်မြို့သည် ဘားများနှင့် ကော်ဖီဆိုင်အသစ်များကို ‌ပေါင်းထည့်မှု၊ လမ်းဘေး ပန်းချီနှင့်ဂရပ်ဖစ်တီများ တိုးပွားလာမှုနှင့်အတူမြို့၏ ရှေးဟောင်းသုတေသနနေရာများနှင့် ပြတိုက်များအပြင် အခြားခရီးသွား ရွေးချယ်စရာများ ကို ပေါင်းထည့်ခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်းသိရသည်။ ဂရိနိုင်ငံသို့ (၂၀၁၅)ခုနှစ်တွင် လာ ရောက်လည် ပတ်သူ(၂၆ ဒသမ ၅)သန်း၊ (၂၀၁၇)ခုနှစ်တွင် လာရောက်လည် ပတ်သူ (၃၀ ဒသမ ၁)သန်းနှင့် (၂၀၁၈)ခုနှစ်တွင် လာရောက်လည်ပတ်သူ (၃၃)သန်းကျော်ရှိခဲ့ပြီး ဥရောပတိုက်နှင့် တစ်ကမ္ဘာလုံးတွင် လာရောက်လည် ပတ်မှုအများ ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခဲ့ကာ နိုင်ငံဂျီဒီပီ၏ (၁၈)ရာ ခိုင်နှုန်းခန့်ကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေး
အေသင်မြို့သည် ဂရိနိုင်ငံ၏ အဓိက သယ်ယူပို့ဆောင်ရေးအချက်အချာနေရာတစ်ခုဖြစ်သလို ဂရိနိုင်ငံ၏ အကြီးဆုံးလေဆိပ်နှင့် အကြီးဆုံး ဆိပ်ကမ်း ရှိသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် Pira­eus ဆိပ်ကမ်းသည် မြေထဲပင်လယ်တွင် အကြီးဆုံး ကွန်တိန်နာသယ်ယူပို့ဆောင်ရေးဆိပ်ကမ်းဖြစ်ပြီး ဥရောပတိုက်တွင် အကြီးဆုံး ခရီးသည် တင်ဆိပ်ကမ်း လည်းဖြစ်ကြောင်းသိရသည်။ အေသင်မြို့သည် Intercity (Ktel) နှင့် နိုင်ငံတကာ ဘတ်စကားများ အတွက် အဓိကအမျိုးသားရေးအချက်အချာနေရာတစ်ခုဖြစ်သလို ပြည်တွင်းနှင့် နိုင်ငံတကာရထား သယ်ယူပို့ဆောင်ရေး အတွက်လည်း အချက်အချာ ကျသည့်နေရာတစ်ခုဖြစ်သည်။ အများသူငါ သယ်ယူပို့ဆောင်ရေးသည် သယ်ယူ ပို့ဆောင်ရေးနည်း လမ်းမျိုးစုံဖြင့် ဝန်ဆောင်မှုပေးခြင်းနှင့်အတူ ဂရိနိုင်ငံ၏ အကြီးဆုံးသယ်ယူပို့ဆောင် ရေးစနစ်ဖြစ်လာ စေကြောင်းသိရသည်။ ထို့ပြင် အေသင်မြို့အတွက် သယ်ယူပို့ဆောင်ရေးသည် ကြီးမားသောဘတ်စ ကားနှင့် လျှပ်စစ်ဘတ်စကားအုပ်စု၊ Metro ရထား လမ်းစနစ်၊ Suburban မီးရထားဝန်ဆောင်မှုနှင့် ဓာတ်ရထားလိုင်းကွန်ရက်ကို လည်ပတ်လျက်ရှိပြီး မြို့လယ်ကောင်ကို တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက် များနှင့် ချိတ်ဆက်ပေးထားကြောင်းသိရသည်။

Zawgyi Version:
ေရွ႕ေခတ္ဂရိတို႔ရဲ႕သမိုင္းဝင္အေမြအႏွစ္ေနရာေတြရွိတဲ့ ေအသင္ၿမိဳ႕ေတာ္အေၾကာင္း
Pika (NP News) - ေဖေဖာ္ဝါရီ ၁

ေအသင္ၿမိဳ႕သည္ ဂရိႏိုင္ငံ၏ၿမိဳ႕ေတာ္ႏွင့္ ႏိုင္ငံ၏အႀကီးဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး သမိုင္းဝင္ေနရာမ်ား၊ ေရွးေခတ္ ဂရိတို႔၏ ယဥ္ေက်းမႈႏွင့္ ေနထိုင္မႈပုံစံတို႔ က်န္ရွိေနသည့္ အေမြအႏွစ္ေနရာမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ေျမထဲပင္လယ္တြင္ အဓိက ကမ္း႐ိုးတန္းၿမိဳ႕ျပဧရိယာတစ္ခုျဖစ္သည့္ ေအသင္ၿမိဳ႕သည္ အက္တီကာ ေဒသ၏ ၿမိဳ႕ ေတာ္ျဖစ္ၿပီး ဥေရာပတိုက္၏ ေတာင္ဘက္အက်ဆုံးၿမိဳ႕ေတာ္လည္းျဖစ္ သည္။ ေအသင္ၿမိဳ႕ျပဧရိယာ၏လူဦးေရမွာ (၃ ဒသမ ၆)သန္းေက်ာ္ရွိၿပီး ဥေရာပသမဂၢတြင္ ရွစ္ခုေျမာက္ အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခုလည္းျဖစ္သည္။ ေအ သင္ၿမိဳ႕တြင္ေနထိုင္သူလူဦးေရမွာ (၆ သိန္း ၄ ေသာင္းေက်ာ္)ရွိၿပီး စုစုေပါင္းဧရိယာအက်ယ္အဝန္း မွာ (၃၈ ဒသမ ၉၆)စတုရန္းကီလိုမီတာရွိေၾကာင္းသိ ရသည္။ ေအသင္ၿမိဳ႕သည္ ဘီစီ(၁၁)ႏွင့္(၇)ရာစု ႏွစ္မ်ားၾကားတြင္ အေစာဆုံး လူသားတည္ရွိမႈျဖင့္ ၎၏သမိုင္းေၾကာင္းကို ႏွစ္ေပါင္း (၃၄၀ဝ) ေက်ာ္ၾကာမွတ္တမ္းတင္ထားၿပီး ကမာၻ႔ေရွးအက် ဆုံးၿမိဳ႕မ်ား ထဲမွတစ္ၿမိဳ႕လည္းျဖစ္သည္။ ဂရိဒ႑ာရီအရ ေအသင္ၿမိဳ႕ကို ေရွးဂရိပညာရွိ နတ္ဘုရားမ အသီနာက နာမည္ ေပးခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားေသာ္လည္း ေခတ္သစ္ပညာရွင္မ်ားက နတ္ဘုရားမအသီနာသည္ ၎၏နာမည္ကို ေအသင္ၿမိဳ႕ဆီမွယူထား ျခင္းျဖစ္ေၾကာင္း သေဘာတူညီထားၾကသည္။ ေအသင္ၿမိဳ႕သည္ ေရွးေခတ္ဂရိႏိုင္ငံတြင္ အင္အားအ ႀကီးဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းလည္းသိရ သည္။ ထို႔ျပင္ ေအသင္ၿမိဳ႕သည္ ဒီမိုကေရစီ၊ အႏုပညာ၊ ပညာေရးႏွင့္ ဒႆနိကေဗဒတို႔အတြက္ အခ်က္အခ်ာေနရာတစ္ခုျဖစ္ခဲ့ၿပီး အထူးသျဖင့္ ေရွးေဟာင္းေရာမတြင္ ဥေရာပ တိုက္တစ္တိုက္လုံးမွာ အလြန္ဩဇာရွိခဲ့သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္း လည္းသိရသည္။ အဆိုပါ အေၾကာင္းအရင္းမ်ား ေၾကာင့္ ေအသင္ၿမိဳ႕သည္ အေနာက္တိုင္းယဥ္ေက်းမႈႏွင့္ ဒီမိုကေရစီ၏ ေမြးရပ္ေျမအျဖစ္ သတ္မွတ္ခံရ ေလ့ရွိေၾကာင္း သိရသည္။ ေခတ္သစ္ကာလတြင္ ေအသင္ၿမိဳ႕သည္ ဂရိႏိုင္ငံ၏ စီးပြားေရး၊ ေငြေၾကး၊ စက္မႈ၊ ေရေၾကာင္း၊ ႏိုင္ငံေရးႏွင့္ ယဥ္ေက်းမႈဆိုင္ရာ ဘဝမ်ားအတြက္ အဓိကအခ်က္အခ်ာက်ေသာ ၿမိဳ႕ေတာ္ႀကီးတစ္ခုျဖစ္ခဲ့သည္။ Globalization and World Cities Research Network ၏အဆိုအရ ေအသင္ၿမိဳ႕သည္ Beta (+) ကမာၻလုံးဆိုင္ရာအဆင့္ ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ၿပီး ဥေရာပတိုက္အေရွ႕ေတာင္ပိုင္းတြင္ အႀကီးဆုံးစီးပြားေရးအခ်က္အခ်ာေနရာမ်ားထဲမွ တစ္ခုလည္းျဖစ္သည္။ ေအသင္ၿမိဳ႕တြင္ ႀကီးမားေသာဘ႑ာေရးက႑တစ္ခုရွိၿပီး ၎၏ဆိပ္ကမ္း Piraeus သည္ ဥေရာပတြင္ ဒုတိယအလုပ္ အမ်ားဆုံး ခရီးသည္တင္ဆိပ္ကမ္းျဖစ္ၿပီး ကမာၻေပၚတြင္(၁၃)ခုေျမာက္အႀကီးဆုံး ကြန္တိန္နာဆိပ္ကမ္း တစ္ခုျဖစ္ ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ေအသင္ ၿမိဳ႕ျပဧရိယာတြင္ ေနထိုင္သူလူဦးေရမွာ(၃ ဒသမ ၆) သန္းေက်ာ္ရွိၿပီး စုစုေပါင္းဧရိယာ အက်ယ္အဝန္းမွာ (၂၉၂၈ ဒသမ ၇၁၇)စတုရန္းကီလိုမီတာရွိ ေၾကာင္းသိရသည္။ ေရွးေခတ္အထိမ္း အမွတ္အေဆာက္အအုံမ်ားႏွင့္ အႏုပညာလက္ရာမ်ားကိုကိုယ္စားျပဳသည့္ ဂႏၴဝင္ေခတ္၏ အေမြအႏွစ္မ်ားသည္ ေအသင္ၿမိဳ႕တြင္ လက္ရွိအခ်ိန္အထိ ထင္ရွားေနဆဲျဖစ္ၿပီး အေက်ာ္ၾကားဆုံးျဖစ္ေသာ Parthenon ဘုရား ေက်ာင္းသည္ အေစာပိုင္း အေနာက္တိုင္းယဥ္ ေက်းမႈ၏ အဓိကအထင္ကရေနရာတစ္ခုအျဖစ္ သတ္မွတ္ခံထားရ ေၾကာင္းသိရသည္။ ေအသင္ၿမိဳ႕သည္ ေရာမ၊ ဘိုင္ဇန္တိုင္းႏွင့္ ေအာ္တိုမန္အင္ပါယာတို႔၏ အထိမ္းအမွတ္ေနရာ အမ်ားအျပားတည္ရွိသည့္ ေနရာတစ္ခုျဖစ္ၿပီး ၎၏ သမိုင္းဝင္ ၿမိဳ႕ျပဗဟိုခ်က္တြင္ ေထာင္စုႏွစ္မ်ားတစ္ေလွ်ာက္ သမိုင္းတစ္ေလွ်ာက္

အဆက္မျပတ္တည္ရွိခဲ့သည့္ အစိတ္အပိုင္းမ်ားပါရွိေၾကာင္းလည္းသိရသည္။ ေအသင္ၿမိဳ႕သည္ ယူနက္စကို ကမာၻ႔အေမြ အႏွစ္ေနရာ ႏွစ္ခုျဖစ္သည့္ Acropolis of Athens သမိုင္းဝင္အထိမ္းအမွတ္ ေနရာႏွင့္ အလယ္ေခတ္ Daphni ဘုန္းေတာ္ႀကီး ေက်ာင္းတို႔တည္ရွိရာေနရာလည္းျဖစ္သည္။ ေအသင္ ၿမိဳ႕သည္ ကမာၻ႔အႀကီးဆုံး ဂရိေရွးေဟာင္းပစၥည္းစု ေဆာင္းမႈမ်ားပါရွိေသာ အမ်ိဳးသား ေရွးေဟာင္းသုေတ သနျပတိုက္၊ Acropolis ျပတိုက္၊ Cycladic Art ျပတိုက္၊ Benaki ျပတိုက္၊ Byzantine ႏွင့္ Chr­istian ျပတိုက္တို႔ကဲ့သို႔ေသာျပတိုက္မ်ားႏွင့္ ယဥ္ေက်းမႈဆိုင္ရာ အေဆာက္အအုံမ်ားစြာ၏ ေနအိမ္လည္းျဖစ္သည္။ ေအသင္ၿမိဳ႕သည္ (၁၈၉၆)ခုႏွစ္တြင္ ပထမဆုံး ေခတ္သစ္အိုလံပစ္အားကစား ၿပိဳင္ပြဲကို အိမ္ရွင္ အျဖစ္လက္ခံက်င္းပခဲ့ၿပီး (၁၀၈)ႏွစ္အၾကာ (၂၀ဝ၄)ခုႏွစ္တြင္ ေႏြရာသီအိုလံပစ္ၿပိဳင္ ပြဲကိုလက္ခံက်င္းပခဲ့ကာ ေႏြရာသီ အိုလံပစ္ပြဲေတာ္ကို အႀကိမ္ေပါင္းမ်ားစြာ လက္ခံက်င္းပခဲ့သည့္ ၿမိဳ႕ငါးၿမိဳ႕ အနက္မွ တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းသိရသည္။

စီးပြားေရး
ေအသင္ၿမိဳ႕သည္ ဂရိႏိုင္ငံ၏ ဘ႑ာေရးၿမိဳ႕ ေတာ္လည္းျဖစ္သည္။ (၂၀၁၄) ခုႏွစ္တြင္ ထုတ္ျပန္ခဲ့ေသာအခ်က္ အလက္မ်ားအရ ေအသင္ၿမိဳ႕၏ ၿမိဳ႕ျပစီးပြားေရးဧရိယာသည္ ဝယ္ယူမႈစြမ္းအားတန္းတူညီမွ်မႈ(PPP)အရ ဂ်ီဒီပီ အေမရိကန္ေဒၚလာ(၁၃၀)ဘီ လ်ံခန႔္ထုတ္လုပ္ေပးခဲ့ၿပီး ႏိုင္ငံတစ္ခုလုံးထုတ္လုပ္မႈ၏ ထက္ဝက္နီးပါးခန႔္ရွိခဲ့ေၾကာင္း သိရသည္။ ေအသင္ၿမိဳ႕သည္ အဆိုပါႏွစ္၏ ကမာၻလုံးဆိုင္ရာစီးပြားေရးၿမိဳ႕ ေတာ္မ်ားစာရင္းတြင္ အဆင့္(၁၀၂) ေနရာ၌ရွိခဲ့ၿပီး တစ္ဦးခ်င္းဂ်ီဒီပီသည္ အေမရိကန္ေဒၚလာ (၃၂၀ဝဝ) ရွိခဲ့ေၾကာင္းသိရသည္။ ေအသင္ၿမိဳ႕သည္ ဥေရာပ အေရွ႕ေတာင္ပိုင္းရွိ အဓိကစီးပြားေရးအခ်က္အခ်ာ ေနရာမ်ားထဲမွတစ္ခုျဖစ္ၿပီး ေဒသတြင္းစီးပြားေရး အင္အားႀကီးၿမိဳ႕ တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံခဲ့ရသည္။ မၾကာေသးမီဆယ္စုႏွစ္မ်ားအတြင္း COSCO ကုမၸဏီက ႀကီးမားေသာ ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ား လုပ္ေဆာင္ခဲ့သည့္ Piraeus ဆိပ္ကမ္း၊ Thriasion လြင္ျပင္ရွိ ကုန္တင္စင္တာအသစ္ ၿပီးစီးမႈ၊ ေအသင္ၿမိဳ႕တြင္းႏွင့္ ေအသင္ဓာတ္ရထားလိုင္းတိုးခ်ဲ႕မႈအျပင္ Elliniko ျမဴနီစီပယ္ရွိ Hellenikon ၿမိဳ႕ေတာ္ ပန္းၿခံ ျပန္လည္ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အျခားၿမိဳ႕ျပစီမံကိန္းမ်ားသည္ လာမည့္ႏွစ္မ်ားအတြက္ စီးပြားေရးမွတ္တိုင္မ်ား ျဖစ္ ေၾကာင္းလည္းသိရသည္။ Hellas Sat, Hellenic Aerospace Industry, Mytilineos Holdings, Titan Cement, Hellenic Petroleum, Papadopoulos E.J., Folli Follie, Jumbo S.A., OPAP ႏွင့္ Cosmote ကဲ့သို႔ေသာ ထင္ရွားသည့္ ဂရိကုမၸဏီမ်ား၏႐ုံးခ်ဳပ္မ်ားသည္ ေအသင္ၿမိဳ႕ျပဧရိ ယာတြင္တည္ရွိေၾကာင္းသိရသည္။ Ericsson, Sony, Siemens, Motorola, Samsung, Microsoft, Teleper formance, Novartis, Mondelez ႏွင့္ Coca-Cola ကဲ့သို႔ေသာ ႏိုင္ငံစုံ ကုမၸဏီမ်ားသည္ ေအသင္ၿမိဳ႕တြင္ ၎တို႔၏ ေဒသ ဆိုင္ရာသုေတသနႏွင့္ ဖြံ႕ၿဖိဳးေရး႐ုံးခ်ဳပ္မ်ားရွိၾက ေၾကာင္းသိရသည္။ ဘဏ္လုပ္ငန္းက႑ကို ဂရိအမ်ိဳး သားဘဏ္၊ Alpha Bank, Eurobank ႏွင့္ Piraeus ဘဏ္တို႔ကကိုယ္စားျပဳထားၿပီး ဂရိဘဏ္သည္ ေအသင္ၿမိဳ႕လယ္ေကာင္တြင္တည္ရွိသည္။ ထို႔ျပင္ ေအသင္စေတာ့အိတ္ခ်ိန္းသည္ ဂရိအစိုးေႂကြးၿမီ အက်ပ္အတည္းႏွင့္ (၂၀၁၅)ခုႏွစ္အတြင္း အရင္းအႏွီးထိန္းခ်ဳပ္မႈသို႔ဆက္လက္လုပ္ေဆာင္ရန္ ဂရိအစိုးရဆုံးျဖတ္ ခ်က္မ်ား၏ ႐ိုက္ခတ္မႈဒဏ္မ်ားကို ျပင္းထန္စြာခံခဲ့ရေၾကာင္းလည္းသိရသည္။ ခရီးသြားလုပ္ငန္းသည္ ဥေရာပ၏ ထိပ္တန္းၿမိဳ႕ျပခရီးသြားလုပ္ငန္းအတြက္ ထိပ္တန္းေနရာတစ္ခုအျဖစ္ ေအသင္ၿမိဳ႕၏စီးပြား ေရးကိုဦးေဆာင္ပံ့ပိုး ေပးသည့္ လုပ္ငန္းတစ္ခုျဖစ္ သည့္အျပင္ ကြၽန္းမ်ားႏွင့္ ျပည္မႀကီး၏ အျခားအစိတ္ အပိုင္းမ်ားသို႔ အေပ်ာ္ခရီးထြက္ရန္ တံခါးေပါက္ တစ္ခုလည္းျဖစ္ေၾကာင္းသိရသည္။
ေအသင္ၿမိဳ႕သည္ ေရွးယခင္တည္းက ခရီးသြား မ်ားအတြက္ ဆြဲေဆာင္ရာေနရာတစ္ခုျဖစ္ခဲ့ေၾကာင္းသိရသည္။ (၂၀ဝဝ)ျပည့္မ်ားတစ္ေလွ်ာက္တြင္ ေအသင္ၿမိဳ႕၏ အေျခခံအေဆာက္အအုံႏွင့္ လူမႈေရးသာ ယာအဆင္ေျပမႈမ်ားသည္ ပိုမိုတိုးတက္လာခဲ့ေၾကာင္း လည္းသိရသည္။ ဥေရာပသမဂၢ၏အကူအညီျဖင့္ ဂရိအစိုးရသည္ ေခတ္မီေသာ Eleftherios Venizelos အျပည္ျပည္ဆိုင္ရာ ေလဆိပ္၊ Athens Metro စနစ္ ခ်ဲ႕ထြင္ျခင္းႏွင့္ Attiki Odos အျမန္လမ္းမႀကီးအသစ္ ကဲ့သို႔ေသာ အဓိကအေျခခံ အေဆာက္အအုံစီမံကိန္းမ်ားကို ရန္ပုံေငြမ်ားလည္းေထာက္ပံ့ေပးခဲ့သည္။ ၿပီးခဲ့ သည့္ႏွစ္မ်ား အတြင္း ေအသင္ၿမိဳ႕သည္ ဘားမ်ားႏွင့္ ေကာ္ဖီဆိုင္အသစ္မ်ားကို ‌ေပါင္းထည့္မႈ၊ လမ္းေဘး ပန္းခ်ီႏွင့္ဂရပ္ဖစ္တီမ်ား တိုးပြားလာမႈႏွင့္အတူၿမိဳ႕၏ ေရွးေဟာင္းသုေတသနေနရာမ်ားႏွင့္ ျပတိုက္မ်ားအျပင္ အျခားခရီးသြား ေ႐ြးခ်ယ္စရာမ်ား ကို ေပါင္းထည့္ျခင္းျဖင့္ ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာခဲ့ေၾကာင္းသိရသည္။ ဂရိႏိုင္ငံသို႔ (၂၀၁၅)ခုႏွစ္တြင္ လာ ေရာက္လည္ ပတ္သူ(၂၆ ဒသမ ၅)သန္း၊ (၂၀၁၇)ခုႏွစ္တြင္ လာေရာက္လည္ ပတ္သူ (၃၀ ဒသမ ၁)သန္းႏွင့္ (၂၀၁၈)ခုႏွစ္တြင္ လာေရာက္လည္ပတ္သူ (၃၃)သန္းေက်ာ္ရွိခဲ့ၿပီး ဥေရာပတိုက္ႏွင့္ တစ္ကမာၻလုံးတြင္ လာေရာက္လည္ ပတ္မႈအမ်ား ဆုံးႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္ခဲ့ကာ ႏိုင္ငံဂ်ီဒီပီ၏ (၁၈)ရာ ခိုင္ႏႈန္းခန႔္ကို ပံ့ပိုးေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

သယ္ယူပို႔ေဆာင္ေရး
ေအသင္ၿမိဳ႕သည္ ဂရိႏိုင္ငံ၏ အဓိက သယ္ယူပို႔ေဆာင္ေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္သလို ဂရိႏိုင္ငံ၏ အႀကီးဆုံးေလဆိပ္ႏွင့္ အႀကီးဆုံး ဆိပ္ကမ္း ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ထို႔ျပင္ Pira­eus ဆိပ္ကမ္းသည္ ေျမထဲပင္လယ္တြင္ အႀကီးဆုံး ကြန္တိန္နာသယ္ယူပို႔ေဆာင္ေရးဆိပ္ကမ္းျဖစ္ၿပီး ဥေရာပတိုက္တြင္ အႀကီးဆုံး ခရီးသည္ တင္ဆိပ္ကမ္း လည္းျဖစ္ေၾကာင္းသိရသည္။ ေအသင္ၿမိဳ႕သည္ Intercity (Ktel) ႏွင့္ ႏိုင္ငံတကာ ဘတ္စကားမ်ား အတြက္ အဓိကအမ်ိဳးသားေရးအခ်က္အခ်ာေနရာတစ္ခုျဖစ္သလို ျပည္တြင္းႏွင့္ ႏိုင္ငံတကာရထား သယ္ယူပို႔ေဆာင္ေရး အတြက္လည္း အခ်က္အခ်ာ က်သည့္ေနရာတစ္ခုျဖစ္သည္။ အမ်ားသူငါ သယ္ယူပို႔ေဆာင္ေရးသည္ သယ္ယူ ပို႔ေဆာင္ေရးနည္း လမ္းမ်ိဳးစုံျဖင့္ ဝန္ေဆာင္မႈေပးျခင္းႏွင့္အတူ ဂရိႏိုင္ငံ၏ အႀကီးဆုံးသယ္ယူပို႔ေဆာင္ ေရးစနစ္ျဖစ္လာ ေစေၾကာင္းသိရသည္။ ထို႔ျပင္ ေအသင္ၿမိဳ႕အတြက္ သယ္ယူပို႔ေဆာင္ေရးသည္ ႀကီးမားေသာဘတ္စ ကားႏွင့္ လွ်ပ္စစ္ဘတ္စကားအုပ္စု၊ Metro ရထား လမ္းစနစ္၊ Suburban မီးရထားဝန္ေဆာင္မႈႏွင့္ ဓာတ္ရထားလိုင္းကြန္ရက္ကို လည္ပတ္လ်က္ရွိၿပီး ၿမိဳ႕လယ္ေကာင္ကို ေတာင္ပိုင္းဆင္ေျခဖုံးရပ္ကြက္ မ်ားႏွင့္ ခ်ိတ္ဆက္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.