မြန်မာ နှင့် အိန္ဒိယမှ ဆန်တန်ချိန် ၄၀,၀၀၀ ခန့် သင်္ဘော ၂ စီးဖြင့် ရောက်ရှိလာဟု ဘင်္ဂလားဒေ့ရှ် ဆို
99
Htay Oung (NP News) - ဖေဖော်ဝါရီ ၁
မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့မှတင်သွင်းခဲ့တဲ့ ဆန်တန်ချိန် ၃၆,၀၀၀ တင် သင်္ဘောနှစ်စင်းဟာ ယမန်နေ့ညပိုင်းမှာ စစ်တကောင်းဆိပ်ကမ်းကို ရောက်ရှိလာတယ်လို့ နယူးဒေလီအခြေစိုက် “ဘစ်ဇင်းနက်စ်အင်ဆိုက်ဒါး” ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှာ ရေးသားခဲ့ပါတယ်။
ယနေ့ (ဇန်နဝါရီလ ၂၉ ရက်) ဆိပ်ကမ်းကို ဆိုက်ကပ်တဲ့ သင်္ဘောများအနက် အဲဒီသင်္ဘောတစ်စင်းကို စတင် ကုန်ချ ရန် ရှိကြောင်း၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၂,၀၀၀ တင်ဆောင်လာတဲ့ MV ATN Victory သင်္ဘောဟာ ယမန်နေ့ ည ၁၁ နာရီ ၁၅ မိနစ်မှာ ဆိပ်ကမ်းပြင်ပကျောက်ချစခန်းကို ရောက်ရှိလာပြီး ရပ်နားထားခဲ့ကြောင်း၊ ဒီနေ့ဆိုက်ကပ်မှာ အဲဒီသင်္ဘောဖြစ်တယ်လို့ သင်္ဘောနှစ်စင်းအတွက် ကိုယ်စားလှယ်နဲ့ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသူ “ဆဲဗင်းဆီး ရှစ်ပင်းလိုင်း ကုမ္ပဏီ” အမှုဆောင်အရာရှိချုပ်က ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှ ဆန်ချော ဆန်တန်ချိန် ၁,၀၅,၀၀၀ တင်သွင်းရန် (G2G) နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက်အရ ပဉ္စမအကြိမ်မြောက် တင်ပို့မှုဖြစ်တယ် လို့ ဆိုပါတယ်။
အလားတူ (ကာလကတ္တား) “ဟဲလ်ဒီးယား” ဆိပ်ကမ်းမှ ပြုတ်ဆန်ချိန် ၁၄,၀၀၀ တင်ဆောင်လာတဲ့ အိန္ဒိယနိုင်ငံ “MV BMC Pandora “ သင်္ဘောဟာ ဆိပ်ကမ်း အပြင်ဘက် ကျောက်ချရပ်နားစခန်းသို့ ယမန်နေ့ ည ၇ နာရီ ၁၅ မိနစ်မှာ ရောက်ရှိလာခဲ့ပါတယ်။ (ကျန်းမာရေးနှင့် အကောက်ခွန်) စာရွက်စာတမ်းရှင်းလင်းပြီးနောက် အဲဒီသင်္ဘော လည်း မကြာမီ ဆိပ်ခံတံတားမှာ ဆိုက်ကပ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောပါတယ်။ လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းက မြန်မာနိုင်ငံမှ ဆန်ချော တန်ချိန် ၂၂,၀၀၀ ကို လက်ခံရရှိခဲ့ပါတယ်။
မကြာသေးခင် ရန်ကုန်မှ တက္ကနဖ်သို့ ခုတ်မောင်းလာတဲ့ ကုန်တင်သင်္ဘော ၃ စင်းကို ဇန်နဝါရီ ၁၆ ရက် နတ်မြစ် ကမ်း နိုင်ခေါင်ဒီယာဒေသအနီးမှာ အာရက္ခတပ်တော် AA က စစ်ဆေးမှုများ ပြုလုပ်ရန် အကြောင်းပြပြီး ဖမ်းဆီး ခဲ့ပါ တယ်။ တားဆီးခဲ့တဲ့ သင်္ဘော ၃-စီးဟာ ဘင်္ဂလားဒေ့ရှ် ကုန်သည်ကြီး ၃-ဦးတို့က မြန်မာနိုင်ငံမှ တင်သွင်း လာတဲ့ ဆားစိမ်-သနပ်အမျိုးမျိုး၊ ငါးခြောက်၊ ကွမ်းသီးနဲ့ ဆန်အိတ်ပေါင်း ၅၀,၀၀၀ ခန့်တင်ဆောင်လာကြောင်း၊ အဲ့ဒီကုန်ပစ္စည်းများအပေါ် AA က ကုန်သွယ်ရေး ဝေစုတောင်းခံကြောင်း သိရှိရပါတယ်။ ၄-ရက် ကြာမြင့်ပြီး နောက် ၂၀ ရက်မှာ သင်္ဘောနှစ်စင်း ပြန်လည်လွတ်မြောက်လာပေမယ့် ကျန်သင်္ဘောဟာ မြန်မာစစ်တပ်အရာရှိများနဲ့ အခိုင်အမာ အဆက်အသွယ်ရှိတဲ့ ဦးကျောက်တောင်ရဲ့သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေကြောင်း အကြောင်းပြချက် နဲ့ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ရန်ကုန်မှ ထွက်ခွာလာတဲ့ ပုဂ္ဂလိကကုန်သည်များ ပစ္စည်းတင် သင်္ဘော စီး က နတ်မြစ်ဝမှာ AA က ဖမ်းဆီးတာ ဇန်နဝါရီ ၁၆-ရက်နေ့ုဖြစ်ပါတယ်။ ၁-စီးကျန် ၂-စီးကို ပြန်လွှတ်ပေးခဲ့တာ ဇန်နဝါရီ ၂၀-ရက်နေ့ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်အစိုးရချင်းရောင်းဝယ်တဲ့ ဆန် တန်ချိန် ၂၂၀၀၀ သင်္ဘောက စစ်တကောင်းဆိပ်ကမ်းကို ရောက်ရှိလာတာ AA က ကုန်သည်များသင်္ဘော ၃ စီးကို တက္ကနဖ်အဝင်မှာ ဖမ်းဆီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ပဲ ဖြစ်ပါတယ်။
အဲဒီအတောအတွင်း အာရေဗျပင်လယ် ဆိုမာလီကမ်းခြေအနီးမှာ အိန္ဒိယလေကြောင်းချီ ကွန်မန်ဒိုများက ပင်လယ်ဓါးပြနှိမ်နင်းရေး ဆောင်ရွက်ခဲ့ကြောင်း ဇန်နဝါရီ ၂၅-ရက်နေ့မှာ နယူးဒေလီကာကွယ်ရေး ဝန်ကြီး ဋ္ဌာနက သတင်းထုတ်ပြန် တယ်လို့ “NDTV” ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်မှာ ရေးသားခဲ့ပါတယ်။
ဆိုမာလီကမ်းရိုးတန်းအနီး ကုန်သွယ်ရေကြောင်း သင်္ဘော ၂ စီးမှ ဝန်ထမ်း ၁၇ ဦးကို MARCOs အိန္ဒိယရေတပ် လေကြောင်းချီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင် ၁၈-ဦးတို့က ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ် ၁၆၊ ၂၀၂၄ ရက် C-17 စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် အနိမ့်ပျံ ၁၀-နာရီကြာ သယ်ဆောင်သွားတဲ့ အထူး ကွန်မန် ဒိုတပ်စုကို ပစ်မှတ်အနီး (CRRC) အမြန်ရာဘာဘုတ် ၂-အုပ်စုခွဲ၍ ချပေးခဲ့ကြောင်း၊ အလင်းရောင်အား နည်းနေ ချိန် ၄-နာရီ ကြာ စစ်ရေးဆောင်ရွက်မှုမှာ ရည်မှန်းချက် အောင်မြင်ကြောင်း၊ အိန္ဒိယကမ်းခြေမှ မိုင် ၁၄၅၀ ကွာ ဝေးပြီး အလွန် အန္တရာယ်များတဲ့ စစ်ဆင်ရေးမှာ အိန္ဒိယရေတပ်နဲ့ မြေပြင်ဝေဟင် ထိရောက်သော ပေါင်းစပ်ညှိနှိုင်းမှုမှာ ရဲဝံ့စွာတာဝန်ထမ်းဆောင်ခဲ့ကြသူ MARCOs ကွန်မန်ဒိုများအား ဂုဏ်ပြုတဲ့အနေနဲ့ အသေးစိတ် သတင်းထုတ်ပြန်ရ ခြင်းဖြစ်တယ်လို့ NDTV က ဆက်လက် ရေးသားပါတယ်။
(အိန္ဒိယ လေကြောင်းချီ အထူးကွန်မန်ဒိုများရဲ့ပင်လယ်ဓါးပြနှိမ်နင်းမှုမစ်ရှင်မှာ ၂၀၂၄-ခုနှစ် မတ်လကတည်း က ဖြစ်ပါတယ်။ ၁၀-လအကြာ ယခုနှစ် ဇန်နဝါရီ လကုန်ရောက်မှ ဘာ့ကြောင့် လူသိရှင်ကြား သတင်းထုတ်ပြန် ရသည် ကို ကျွန်တော်မသိပါ။ အာရေဗျပင်လယ် ဆိုမာလီပင်လယ်ဓါးပြနှိမ်နင်းရေးမှာ အိန္ဒိယရေတပ်က နာမည် သတင်း မွှေးပျံ့နေသည်မှာ အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ။ သတင်းဘာသာပြန်သူ)
Zawgyi Version:
ျမန္မာ ႏွင့္ အိႏၵိယမွ ဆန္တန္ခ်ိန္ ၄၀,၀၀၀ ခန႔္ သေဘၤာ ၂ စီးျဖင့္ ေရာက္ရွိလာဟု ဘဂၤလားေဒ့ရွ္ ဆို
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁
ျမန္မာနဲ႔ အိႏၵိယႏိုင္ငံတို႔မွတင္သြင္းခဲ့တဲ့ ဆန္တန္ခ်ိန္ ၃၆,၀၀၀ တင္ သေဘၤာႏွစ္စင္းဟာ ယမန္ေန႔ညပိုင္းမွာ စစ္တေကာင္းဆိပ္ကမ္းကို ေရာက္ရွိလာတယ္လို႔ နယူးေဒလီအေျခစိုက္ “ဘစ္ဇင္းနက္စ္အင္ဆိုက္ဒါး” ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၂၉ ရက္မွာ ေရးသားခဲ့ပါတယ္။
ယေန႔ (ဇန္နဝါရီလ ၂၉ ရက္) ဆိပ္ကမ္းကို ဆိုက္ကပ္တဲ့ သေဘၤာမ်ားအနက္ အဲဒီသေဘၤာတစ္စင္းကို စတင္ ကုန္ခ် ရန္ ရွိေၾကာင္း၊ ျမန္မာႏိုင္ငံမွ ဆန္တန္ခ်ိန္ ၂၂,၀၀၀ တင္ေဆာင္လာတဲ့ MV ATN Victory သေဘၤာဟာ ယမန္ေန႔ ည ၁၁ နာရီ ၁၅ မိနစ္မွာ ဆိပ္ကမ္းျပင္ပေက်ာက္ခ်စခန္းကို ေရာက္ရွိလာၿပီး ရပ္နားထားခဲ့ေၾကာင္း၊ ဒီေန႔ဆိုက္ကပ္မွာ အဲဒီသေဘၤာျဖစ္တယ္လို႔ သေဘၤာႏွစ္စင္းအတြက္ ကိုယ္စားလွယ္နဲ႔ ေထာက္ပံ့ပို႔ေဆာင္ေရး ဝန္ေဆာင္မႈေပးသူ “ဆဲဗင္းဆီး ရွစ္ပင္းလိုင္း ကုမၸဏီ” အမႈေဆာင္အရာရွိခ်ဳပ္က ရွင္းျပပါတယ္။ ျမန္မာႏိုင္ငံမွ ဆန္ေခ်ာ ဆန္တန္ခ်ိန္ ၁,၀၅,၀၀၀ တင္သြင္းရန္ (G2G) ႏွစ္ႏိုင္ငံအစိုးရခ်င္း သေဘာတူညီခ်က္အရ ပၪၥမအႀကိမ္ေျမာက္ တင္ပို႔မႈျဖစ္တယ္ လို႔ ဆိုပါတယ္။
အလားတူ (ကာလကတၱား) “ဟဲလ္ဒီးယား” ဆိပ္ကမ္းမွ ျပဳတ္ဆန္ခ်ိန္ ၁၄,၀၀၀ တင္ေဆာင္လာတဲ့ အိႏၵိယႏိုင္ငံ “MV BMC Pandora “ သေဘၤာဟာ ဆိပ္ကမ္း အျပင္ဘက္ ေက်ာက္ခ်ရပ္နားစခန္းသို႔ ယမန္ေန႔ ည ၇ နာရီ ၁၅ မိနစ္မွာ ေရာက္ရွိလာခဲ့ပါတယ္။ (က်န္းမာေရးႏွင့္ အေကာက္ခြန္) စာ႐ြက္စာတမ္းရွင္းလင္းၿပီးေနာက္ အဲဒီသေဘၤာ လည္း မၾကာမီ ဆိပ္ခံတံတားမွာ ဆိုက္ကပ္မည္ျဖစ္ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာပါတယ္။ လြန္ခဲ့တဲ့ ဇန္နဝါရီ ၁၆ ရက္ နံနက္ပိုင္းတုန္းကလည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ စစ္တေကာင္းဆိပ္ကမ္းက ျမန္မာႏိုင္ငံမွ ဆန္ေခ်ာ တန္ခ်ိန္ ၂၂,၀၀၀ ကို လက္ခံရရွိခဲ့ပါတယ္။
မၾကာေသးခင္ ရန္ကုန္မွ တကၠနဖ္သို႔ ခုတ္ေမာင္းလာတဲ့ ကုန္တင္သေဘၤာ ၃ စင္းကို ဇန္နဝါရီ ၁၆ ရက္ နတ္ျမစ္ ကမ္း ႏိုင္ေခါင္ဒီယာေဒသအနီးမွာ အာရကၡတပ္ေတာ္ AA က စစ္ေဆးမႈမ်ား ျပဳလုပ္ရန္ အေၾကာင္းျပၿပီး ဖမ္းဆီး ခဲ့ပါ တယ္။ တားဆီးခဲ့တဲ့ သေဘၤာ ၃-စီးဟာ ဘဂၤလားေဒ့ရွ္ ကုန္သည္ႀကီး ၃-ဦးတို႔က ျမန္မာႏိုင္ငံမွ တင္သြင္း လာတဲ့ ဆားစိမ္-သနပ္အမ်ိဳးမ်ိဳး၊ ငါးေျခာက္၊ ကြမ္းသီးနဲ႔ ဆန္အိတ္ေပါင္း ၅၀,၀၀၀ ခန႔္တင္ေဆာင္လာေၾကာင္း၊ အဲ့ဒီကုန္ပစၥည္းမ်ားအေပၚ AA က ကုန္သြယ္ေရး ေဝစုေတာင္းခံေၾကာင္း သိရွိရပါတယ္။ ၄-ရက္ ၾကာျမင့္ၿပီး ေနာက္ ၂၀ ရက္မွာ သေဘၤာႏွစ္စင္း ျပန္လည္လြတ္ေျမာက္လာေပမယ့္ က်န္သေဘၤာဟာ ျမန္မာစစ္တပ္အရာရွိမ်ားနဲ႔ အခိုင္အမာ အဆက္အသြယ္ရွိတဲ့ ဦးေက်ာက္ေတာင္ရဲ႕ၾသဇာလႊမ္းမိုးမႈေအာက္မွာ ရွိေနေၾကာင္း အေၾကာင္းျပခ်က္ နဲ႔ဆက္လက္ထိန္းသိမ္းထားခဲ့ပါတယ္။ ရန္ကုန္မွ ထြက္ခြာလာတဲ့ ပုဂၢလိကကုန္သည္မ်ား ပစၥည္းတင္ သေဘၤာ စီး က နတ္ျမစ္ဝမွာ AA က ဖမ္းဆီးတာ ဇန္နဝါရီ ၁၆-ရက္ေန႔ုျဖစ္ပါတယ္။ ၁-စီးက်န္ ၂-စီးကို ျပန္လႊတ္ေပးခဲ့တာ ဇန္နဝါရီ ၂၀-ရက္ေန႔ျဖစ္ပါတယ္။ ျမန္မာ-ဘဂၤလားေဒ့ရွ္အစိုးရခ်င္းေရာင္းဝယ္တဲ့ ဆန္ တန္ခ်ိန္ ၂၂၀၀၀ သေဘၤာက စစ္တေကာင္းဆိပ္ကမ္းကို ေရာက္ရွိလာတာ AA က ကုန္သည္မ်ားသေဘၤာ ၃ စီးကို တကၠနဖ္အဝင္မွာ ဖမ္းဆီးခဲ့တဲ့ ဇန္နဝါရီ ၁၆ ရက္ပဲ ျဖစ္ပါတယ္။
အဲဒီအေတာအတြင္း အာေရဗ်ပင္လယ္ ဆိုမာလီကမ္းေျခအနီးမွာ အိႏၵိယေလေၾကာင္းခ်ီ ကြန္မန္ဒိုမ်ားက ပင္လယ္ဓါးျပႏွိမ္နင္းေရး ေဆာင္႐ြက္ခဲ့ေၾကာင္း ဇန္နဝါရီ ၂၅-ရက္ေန႔မွာ နယူးေဒလီကာကြယ္ေရး ဝန္ႀကီး ႒ာနက သတင္းထုတ္ျပန္ တယ္လို႔ “NDTV” ၂ဝ၂၅ ခုႏွစ္ ဇန္နဝါရီလ ၃ဝ ရက္မွာ ေရးသားခဲ့ပါတယ္။
ဆိုမာလီကမ္း႐ိုးတန္းအနီး ကုန္သြယ္ေရေၾကာင္း သေဘၤာ ၂ စီးမွ ဝန္ထမ္း ၁၇ ဦးကို MARCOs အိႏၵိယေရတပ္ ေလေၾကာင္းခ်ီ အထူးတိုက္ခိုက္ေရးတပ္ဖြဲ႕ဝင္ ၁၈-ဦးတို႔က ကယ္ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မတ္ ၁၆၊ ၂၀၂၄ ရက္ C-17 စစ္သုံးသယ္ယူပို႔ေဆာင္ေရးေလယာဥ္ျဖင့္ အနိမ့္ပ်ံ ၁၀-နာရီၾကာ သယ္ေဆာင္သြားတဲ့ အထူး ကြန္မန္ ဒိုတပ္စုကို ပစ္မွတ္အနီး (CRRC) အျမန္ရာဘာဘုတ္ ၂-အုပ္စုခြဲ၍ ခ်ေပးခဲ့ေၾကာင္း၊ အလင္းေရာင္အား နည္းေန ခ်ိန္ ၄-နာရီ ၾကာ စစ္ေရးေဆာင္႐ြက္မႈမွာ ရည္မွန္းခ်က္ ေအာင္ျမင္ေၾကာင္း၊ အိႏၵိယကမ္းေျခမွ မိုင္ ၁၄၅၀ ကြာ ေဝးၿပီး အလြန္ အႏၲရာယ္မ်ားတဲ့ စစ္ဆင္ေရးမွာ အိႏၵိယေရတပ္နဲ႔ ေျမျပင္ေဝဟင္ ထိေရာက္ေသာ ေပါင္းစပ္ညႇိႏႈိင္းမႈမွာ ရဲဝံ့စြာတာဝန္ထမ္းေဆာင္ခဲ့ၾကသူ MARCOs ကြန္မန္ဒိုမ်ားအား ဂုဏ္ျပဳတဲ့အေနနဲ႔ အေသးစိတ္ သတင္းထုတ္ျပန္ရ ျခင္းျဖစ္တယ္လို႔ NDTV က ဆက္လက္ ေရးသားပါတယ္။
(အိႏၵိယ ေလေၾကာင္းခ်ီ အထူးကြန္မန္ဒိုမ်ားရဲ႕ပင္လယ္ဓါးျပႏွိမ္နင္းမႈမစ္ရွင္မွာ ၂၀၂၄-ခုႏွစ္ မတ္လကတည္း က ျဖစ္ပါတယ္။ ၁၀-လအၾကာ ယခုႏွစ္ ဇန္နဝါရီ လကုန္ေရာက္မွ ဘာ့ေၾကာင့္ လူသိရွင္ၾကား သတင္းထုတ္ျပန္ ရသည္ ကို ကြၽန္ေတာ္မသိပါ။ အာေရဗ်ပင္လယ္ ဆိုမာလီပင္လယ္ဓါးျပႏွိမ္နင္းေရးမွာ အိႏၵိယေရတပ္က နာမည္ သတင္း ေမႊးပ်ံ႕ေနသည္မွာ အႀကိမ္ႀကိမ္ရွိခဲ့ပါတယ္။ ။ သတင္းဘာသာျပန္သူ)