အမြတ် ၇ ရာခိုင်နှုန်း ထည့်ပေါင်းပြီး ရွှေဈေး သတ်မှတ်
6020
NP News ဖေဖေါ်ဝါရီ ၁ရက်
ပြည်တွင်းရွှေဈေးနှုန်း သတ်မှတ်ရာတွင် အမြတ် ၇ ရာခိုင်နှုန်း ထည့်သွင်းတွက်ချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) သိရသည်။
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းအပေါ် မူတည်နေပြီး ကမ္ဘာ့ရွှေတစ်အောင်စလျှင် ဗဟိုဘဏ်ထုတ်ပြန်သော AD လိုင်စင်ရဘဏ်များ၏ ငွေလဲနှုန်းဖြင့် မြှောက်ကာ ၁.၉၀၄၇ နှင့်စားပြီး တွက်ချက်ထုတ်ပြန်ထားကြောင်းသိရသည်။
“လောလောဆယ် အမြတ် ၇ ရာခိုင်နှုန်း ပေါင်းထည့်ပြီးတော့ နေ့စဉ်ဈေးကို ဖွင့်နေခြင်းပဲ ဖြစ်ပါတယ်။အရင်ကလို ၈.၈၇၅နဲ့စားတာမဟုတ်ပါဘူး ။ ”ဟု YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲမှာ ပြောကြားခဲ့သည်။
လက်ရှိကာလအကူးအပြောင်းအတွင်း လေပတ်ကားပြုလုပ်ကာ ရွှေဖိုးမပေးခြင်း၊ ရွှေမအပ်ခြင်း စသည့် လိမ်လည်မှုများကို ဌာနဆိုင်ရာတွေမှတဆင့် ဖမ်းဆီးပြီး စစ်ဆေးအရေးယူမှုများ ဆောင်ရွက်နေကြောင်းသိရသည်။
လက်ရှိတွင် YGEA အနေဖြင့် ရွှေဓာတ်ခွဲခန်း ဖွင့်လှစ်ရန် နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်နေပြီး နိုင်ငံတကာအသိအမှတ်ပြုအဖွဲ့များမှ လာရောက်စစ်ဆေးရန်ရှိကြောင်းသိရသည်။
မြန်မာ့ရွှေကို နိုင်ငံတကာသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် Exchange နှင့် Logistic ကုမ္ပဏီ ၁၄ ခုခန့်ဖြင့် ချိတ်ဆက်ထားပြီး ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယနဲ့ ဥရောပနိုင်ငံများမှ စိတ်ဝင်စားမှု ရှိကြောင်းသိရသည်။
ဖေဖေါ်ဝါရီ လ ၁ရက်နေ့ ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) သည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၇၉၈ ဈေးသို့ တက်ရိပ်ပြချိန်၌ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီမှ သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားလျှင် ဈေးနှုန်း ၅,၄၅၀,၀၀၀ ကျပ်ဟု သတ်မှတ်ထုတ်ပြန်ထားသည်။
အျမတ္ ၇ ရာခိုင္ႏႈန္း ထည့္ေပါင္းၿပီး ေ႐ႊေဈး သတ္မွတ္
NP News ေဖေဖၚဝါရီ ၁ရက္
ျပည္တြင္းေ႐ႊေဈးႏႈန္း သတ္မွတ္ရာတြင္ အျမတ္ ၇ ရာခိုင္ႏႈန္း ထည့္သြင္းတြက္ခ်က္ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) သိရသည္။
ျပည္တြင္းေ႐ႊေဈးကြက္သည္ ကမာၻ႔ေဈးႏွင့္ အေမရိကန္ေဒၚလာေငြလဲႏႈန္းအေပၚ မူတည္ေနၿပီး ကမာၻ႔ေ႐ႊတစ္ေအာင္စလွ်င္ ဗဟိုဘဏ္ထုတ္ျပန္ေသာ AD လိုင္စင္ရဘဏ္မ်ား၏ ေငြလဲႏႈန္းျဖင့္ ေျမႇာက္ကာ ၁.၉၀၄၇ ႏွင့္စားၿပီး တြက္ခ်က္ထုတ္ျပန္ထားေၾကာင္းသိရသည္။
“ေလာေလာဆယ္ အျမတ္ ၇ ရာခိုင္ႏႈန္း ေပါင္းထည့္ၿပီးေတာ့ ေန႔စဥ္ေဈးကို ဖြင့္ေနျခင္းပဲ ျဖစ္ပါတယ္။အရင္ကလို ၈.၈၇၅နဲ႔စားတာမဟုတ္ပါဘူး ။ ”ဟု YGEA ဥကၠ႒ ဦးမ်ိဳးျမင့္က ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မႈကိုေငြေၾကးေထာက္ပံ့မႈ တိုက္ဖ်က္ေရးဆိုင္ရာ အသိပညာေပးသင္တန္းဖြင့္ပြဲမွာ ေျပာၾကားခဲ့သည္။
လက္ရွိကာလအကူးအေျပာင္းအတြင္း ေလပတ္ကားျပဳလုပ္ကာ ေ႐ႊဖိုးမေပးျခင္း၊ ေ႐ႊမအပ္ျခင္း စသည့္ လိမ္လည္မႈမ်ားကို ဌာနဆိုင္ရာေတြမွတဆင့္ ဖမ္းဆီးၿပီး စစ္ေဆးအေရးယူမႈမ်ား ေဆာင္႐ြက္ေနေၾကာင္းသိရသည္။
လက္ရွိတြင္ YGEA အေနျဖင့္ ေ႐ႊဓာတ္ခြဲခန္း ဖြင့္လွစ္ရန္ ႏိုင္ငံတကာအသိအမွတ္ျပဳ ISO လက္မွတ္ရရွိေရးအတြက္ ေဆာင္႐ြက္ေနၿပီး ႏိုင္ငံတကာအသိအမွတ္ျပဳအဖြဲ႕မ်ားမွ လာေရာက္စစ္ေဆးရန္ရွိေၾကာင္းသိရသည္။
ျမန္မာ့ေ႐ႊကို ႏိုင္ငံတကာသို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ Exchange ႏွင့္ Logistic ကုမၸဏီ ၁၄ ခုခန႔္ျဖင့္ ခ်ိတ္ဆက္ထားၿပီး ထိုင္း၊ စင္ကာပူ၊ တ႐ုတ္၊ အေမရိကန္၊ အိႏၵိယနဲ႔ ဥေရာပႏိုင္ငံမ်ားမွ စိတ္ဝင္စားမႈ ရွိေၾကာင္းသိရသည္။
ေဖေဖၚဝါရီ လ ၁ရက္ေန႔ ကမာၻ႔ေ႐ႊေဈးႏႈန္း (Spot Gold) သည္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၂၇၉၈ ေဈးသို႔ တက္ရိပ္ျပခ်ိန္၌ ဓာတ္သတၱဳ (ေ႐ႊ) ရည္ၫႊန္းေဈးေကာ္မတီမွ သိပ္သည္းဆ ၁၉.၂၅ ဂရမ္/ကုဗစင္တီမီတာ အထက္ရွိတဲ့ စံခ်ိန္မီေ႐ႊတစ္က်ပ္သားလွ်င္ ေဈးႏႈန္း ၅,၄၅၀,၀၀၀ က်ပ္ဟု သတ္မွတ္ထုတ္ျပန္ထားသည္။